Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ryuya Wakaba
6.2
Masked Hearts (2023)
Masked Hearts ( 2023 ) ==================== ဒီဂျပန်ကားက ကြည့်ရတာတော့ အရမ်းသွက်ချင်မှသွက်မှာပေမဲ့ ကြည့်ရင်းနဲ့ ဇာတ်ရည်လာတဲ့အချိန် အရသာတော်တော်လေးပေါ်လာမယ့် ရုပ်ရှင်မျိုးပါပဲ။ ဇာတ်လမ်းကတော့ ဒါရိုက်တာပေါက်စမလေးတစ်ယောက်ရဲ့ ရုပ်ရှင်လောကက အခက်အခဲတွေနဲ့ စထားတယ်။ သူ့ရဲ့ရုပ်ရှင်အပေါ် ရှုမြင်ပုံတွေ ဘာတွေနဲ့ စတယ်။ ဒါက စီးပွားရေးသမားတွေအတွက် အံမကိုက်တာလား သူ့ကိုအသုံးချလိုက်တာလားတော့မသိပေမဲ့ သူစဉ်းစားထားတဲ့ဇာတ်ကို သူရိုက်ခွင့်မရလိုက်ရဘူး။ ဒီလိုနဲ့ သူက အိပ်မက်တွေကို လက်လျှော့ထားတဲ့လူတစ်ယောက်နဲ့တွေ့တယ်။ သူတို့နှစ်ယောက်အတူတူ ဒါရိုက်တာမရဲ့ဇာတ်လမ်းအတိုင်းပဲ ကိုယ်ထူကိုယ်ထရိုက်ဖို့လုပ်ကြတယ်။ ဒီလိုလုပ်ရင်း သူ့ဇာတ်လမ်းကို သူ့ဘာသာတောင် နားမလည်ခဲ့တဲ့အချက်တွေကို ဒါရိုက်တာမလေးက နားလည်လာတယ်။ သူ့အပြစ်တင်ချင်ခဲ့သမျှတွေက သူထင်သလိုမဟုတ်နေတာကိုလည်းး နားလည်လာတယ်။ဇာတ်က အေးအေးလေးပေမဲ့ အဲဒီအေးအေးလေးကိုမှ စိတ်ဝင်စားစရာလည်းကောင်းသလို ကြာလေ ထိလေဖြစ်လာအောင် ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ ဂျပန်ရုပ်ရှင်တွေထုံးစံအတိုင်း သူ့ရဲ့လေးပင်တဲ့တန်ပိုကို စိတ်ရှည်နိုင်တဲ့ သူ့ပရိသတ်တွေနဲ့ပဲ ပိုကီးကိုက်ပါလိမ့်မယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_(1.9GB)/(900MB) Quality_Blu-Ray 1080p ...
movie
Masked Hearts (2023)
It’s All My Fault (2022)
It’s All My Fault (2022)ယုတ ဆိုတဲ့ ကောင်လေးက ငယ်စဉ်တည်းက မိဘမဲ့စောင့်ရှောက်ရေးဂေဟာမှာ နေလာရတဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ အမေရင်းရှိပေမဲ့ မတွေ့ခဲ့ရတာကြာပြီဖြစ်ပြီး သူအလယ်တန်းကျောင်းရောက်ရင် သူ့အမေနဲ့တွေ့ခွင့်ရနိုင်တယ်လို့ ဆရာမတွေကပြောဖူးတာကြောင့် အဲဒီနေ့ကိုပဲ စောင့်နေခဲ့တဲ့ကလေးပါ။တစ်နေ့မှာ သူ့အမေကိုဆက်သွယ်လို့ရမယ့်နည်းကို တိတ်တဆိတ် စုံစမ်းပြီး ဂေဟာကနေ ထွက်ပြေးခဲ့ပါတယ်။ ဘယ်မှမသွားဖူးတဲ့ ယုတက အမေရှိတဲ့နေရာထိရောက်အောင် လာခဲ့ပြီး သူ့အမေကလည်း သူ့ကို တွေ့တွေ့ချင်းမှာတော့ ပျော်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဂေဟာဆရာမက သူတို့အိမ်တံခါးဝကို လာခေါက်တဲ့အချိန်မှာ ယုတရဲ့ အပျော်တွေအားလုံး အငွေ့ပျံသွားရပါတယ်။ သူအရမ်းတွေ့ချင်ခဲ့တဲ့အမေက သူ့ကိုမလိုချင်မှန်းသိလိုက်ရချိန်မှာ ထပ်ပြီးထွက်ပြေးခဲ့ပါတယ်။ ဒီလိုနဲ့ ထရပ်ကားအပျက်ပေါ်မှာ အိမ်လိုလုပ်ပြီးနေတဲ့ ဂျွန်နီဆိုတဲ့ ဦးလေးကြီးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ ဂျွန်နီကလည်း အမေဖြစ်သူရှိတဲ့မြို့ကို ပြန်ဖို့ ထရပ်ကားစုတ်ကြီးကို ပြင်ဖို့ကြိုးစားနေတာမှန်း သိလိုက်ရတဲ့အခါ မိခင်မေတ္တာကို ငတ်မွတ်နေတဲ့ယုတက ဂျွန်နီကိုကူပြီး ပိုက်ဆံရှာပေးဖို့ကြိုးစားပါတယ်။သူအရင်ကမလုပ်ဖူးတဲ့ စက်ဘီးခိုးတာတွေ ကလိမ်ကျတဲ့အလုပ်တွေကိုပါ ကူညီပေးရင်း ...
movie
It’s All My Fault (2022)
2022
6.0
Remain In Twilight (2021)
Remain in twilight (2021)J drama ပရိသတ်တွေနဲ့မစိမ်းတဲ့ main leadတွေ အများကြီးပါဝင်ရိုက်ကူးထားတဲ့ သူငယ်ချင်းသံယောဇဉ်နဲ့ပတ်သက်တဲ့ ရုပ်ရှင်ပါ။ ဇာတ်လမ်းထဲမှာတော့ အထက်တန်းကျောင်းတည်းက အတူတူပေါင်းပြီး ဗရုတ်ကျလာခဲ့တဲ့ သူငယ်ချင်း၆ယောက်ရှိပါတယ်။သူတို့က ကျောင်းကပွဲနေ့မှာ လန်ကွတ်တီအနီတွေဝတ်ပြီး ကြယ်မိုးရွာတာကိုတားတဲ့အကကိုတက်ကကြတဲ့အထိ ဗရုတ်သုတ်ခနိုင်တဲ့ ငချွတ်တွေပါ။ ညီအစ်ကိုလိုရင်းနှီးခဲ့ကြတဲ့သူတို့၆ယောက်ရဲ့သံယောဇဉ်က ဘယ်တော့မှမပျက်နိုင်ကြဘူးလို့ ယုံကြည်ခဲ့ကြပါတယ်။ကျောင်းပြီးတဲ့နောက် ၅နှစ်အကြာမှာ သူတို့သူငယ်ချင်းရဲ့မင်္ဂလာပွဲအတွက်ပြန်ဆုံဖို့ဖြစ်လာပါတယ်။ ဒီပွဲမှာလည်း အရင်လိုလန်ကွတ်တီဝတ်ပြိီးကကြဖို့စီစဉ်ထားတာပါ။ အဖွဲ့တောင့်ခဲ့တဲ့သူငယ်ချင်းတစ်စုဟာ အရင်နှစ်များလိုပဲ ဆက်လက်ရှိနေမယ်လို့ယုံကြည်ခဲ့ကြတာကြောင့် အရှိတရားကိုပါလက်မခံနိုင်ကြတဲ့အထိပါပဲ။ တချို့သောလူတွေက ဘေးမှာမရှိတော့ပေမဲ့ သူတို့နဲ့အတူရှိခဲ့ဖူးတဲ့ ဆည်းဆာချိန်တွေကတော့ အရင်အတိုင်းဆက်ရှိပြီး လှပနေကြ သတိရနေရဦးမှာပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File Size__(1.9GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:36:00 Type__Comedy, Drama, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt
movie
Remain In Twilight (2021)
6.2
AWAKE (2020)
Awake (2020)၂၀၂၀ ခုနှစ်ကထွက်ရှိလာထားတဲ့ ဂျပန်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဂိမ်းတွေ၊ပရိုဂရမ်တွေနဲ့ အဓိကဇာတ်ကောင်ကိုပဲဦးတည်ရိုက်ကူးထားတာကြောင့် ဇာတ်ကားရဲ့ Genre ကိုတော့အတိအကျမသတ်မှတ်နိုင်ပေမယ့် စိတ်ဝင်စားစရာကောင်းတာကတော့ အသေအချာပါပဲ။ဇာတ်လမ်းအကျဉ်းကိုပြောရရင် Shogi ကစားနည်းမှာတစ်ဖက်ကမ်းခတ်ကျွမ်းကျင်ဖို့အိပ်မက်တစ်ခုရှိနေတဲ့ Eiichi ဆိုတဲ့လူငယ်တစ်ယောက်ဟာ ဂျပန် Shogi အသင်းအဖွဲ့ရဲ့အတတ်သင် ကျောင်းမှာ သွားရောက်လေ့ကျင့်နေခဲ့ပါတယ်။ Shogi ဆိုတာကတော့ဂျပန်ရိုးရာစစ်တုရင်ကစားနည်းတစ်မျိုးပါ။ သူအမြဲကြိုးစားသင်ယူနေပေမယ့်လည်းကျောင်းရဲ့ဆရာတစ်ဆူဖြစ်နေတဲ့ Riku ဆိုတဲ့ကစားသမားကိုတော့ ဘယ်လိုမှမယှဥ်နိုင်ခဲ့ပါဘူး။ဒီလိုနဲ့ Eiichi တစ်ယောက်စိတ်ကုန်လာပြီး သူ့ရဲ့ Shogi ကစားသမားဖြစ်ချင်တဲ့အိပ်မက်ကလည်းတဖြည်းဖြည်းဝေဝါးလာခဲ့ပါတော့တယ်။အဲဒီနောက် သူဟာတက္ကသိုလ်တစ်ခုကိုဝင်လျှောက်ပြီး သာမန်ဘဝနဲ့နေဖို့ဆုံးဖြတ်လိုက်ပေမယ့်သူ့ဘဝတစ်လျှောက်လုံးနီးပါး Shogi အပေါ်မှာပဲစိတ်နှစ်ထားခဲ့တာကြောင့် ပေါင်းသင်းဆက်ဆံမှုလည်းအားနည်းတဲ့အတွက်မိတ်ဆွေအပေါင်းအသင်းတွေမရှိလာခဲ့ပါဘူး။ တစ်နေ့မှာတော့ Eiichi တစ်ယောက် မထင်မှတ်ပဲ AI ကိုအခြေခံထားတဲ့ Shogi ကွန်ပျူတာပရိုဂရမ်တစ်ခုကိုတွေ့ရှိခဲ့ပြီး အဲဒီပရိုဂရမ်ဟာသူထင်ထားတာထက်ကိုအဆင့်မြင့်နေခဲ့ပါတယ်။ အဲဒီကနေစပြီးတော့ Eiichi လည်းကွန်ပျူတာပရိုဂရမ်တွေ အထူးသဖြင့်Shogi နဲ့ပတ်သက်တဲ့ဂိမ်းတွေကို စိတ်ဝင်စားလာပါတော့တယ်။ အဲဒါကြောင့် AI လေ့လာရေးအဖွဲ့ကိုရောက်သွားပြီးစီနီယာကျောင်းသား Isono နဲ့ဆုံခဲ့ပါတယ်။ Isono ဆီကနေ AI ပရိုဂရမ်တွေအ ...
movie
AWAKE (2020)