Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Roshan Mathew
7.8
Paradise (2024)
Paradise (2024)ကောင်းကင်ဘုံခရီးIMDb-8.1/10ငါးနှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ် သီရိလင်္ကာကို ခရီးထွက်လာကြတဲ့ အိန္ဒိယကချစ်သူစုံတွဲရာမ ၊ ရာဝဏဇာတ်တော်လာ စာပေတွေသမိုင်းတွေနဲ့ အေးချမ်းတဲ့ရာသီဥတု စိမ်းစိုတဲ့ပတ်ဝန်းကျင်တွေကြား ချစ်သူနှစ်ယောက်ရဲ့အချစ်တွေနဲ့ အရာရာဟာလှပနေခဲ့တယ်အချိုပေါ်သကာလောင်းသလို သူတို့အနှစ်နှစ်အလလက ကြိုးစားလာတဲ့အရာတစ်ခုကလည်း အကောင်အထည်ပေါ်အောင်မြင်လာတယ် သူတို့ရဲ့ရိုက်ကူးထုတ်လုပ်ရေးအတွက် Netflix ကနေ တရားဝင်ထောက်ပံ့ကြေးရလိုက်တာပဲဆန္ဒပြပွဲတွေ မတည်မငြိမ်တွေဖြစ်နေတဲ့အရပ်မှာ ခရီးစဉ်အဆုံးထိအေးချမ်းပျော်ရွှင်နိုင်မလားလက်တွေ့ခရီးရော ဘဝခရီးရောမှာ ကောင်းကင်ဘုံလို အိပ်မက်တွေပြည့်ဝပျော်ရွှင်ဖို့ ထင်သလောက်လွယ်ကူနေမလား ဘယ်လိုအနှောင့်အယှက်တွေကြား ရင်ဆိုင်ရုန်းကန်ရဦးမလဲအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ် File size… 1.8GB / 794MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ V ~ Alex ~ ToMo
movie
Paradise (2024)
2023
5.6
Dhoomam (2023)
Dhoomam (2023) "မှတ်ဉာဏ် မီးခိုးငွေ့များ"အတိတ်က မွှေးခဲ့တဲ့မီးက ပစ္စုပ္ပန်အထိ လိုက်ပါပြီး မီးခိုးငွေ့တွေ တရိပ်ရိပ်လောင်နေတုန်းပဲ အတိတ်စာမျက်နှာရဲ့ ဘယ်နေရာမှာ ဘာတွေ မှားခဲ့လဲ အခုခံစားနေရတဲ့ အကျိုးဆက်တွေက ဘာကြောင့်လဲ ဆိုတာတောင် မသိရတဲ့ အခြေအနေ...CM ပရိသတ်ကြီး ရုံးပိတ်ရက်မှာ အနားယူဖို့ ဇာတ်အိမ်ခိုင်ခိုင်နဲ့ Malayalam စကားပြော mystery/thriller ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ အာဗီဆိုတဲ့ စီးကရက်ကုမ္ပဏီတစ်ခုက မားကတ်တင်းမန်နေဂျာနဲ့ သူ့ရဲ့ ဇနီးသည်ဖြစ်သူ ဒီယာ တို့က ညဖက် ကားမောင်းနေတုန်း မတော်တဆမှုတစ်ခု ကြုံရပါတယ် ဇာတ်လမ်းကို အတိတ်ဖြစ်ရပ် ကာလအပိုင်းအခြားနဲ့ လက်ရှိဖြစ်နေတဲ့ timeline ကို တစ်လှည့်စီ ရိုက်ကူးပြထားပါတယ် အတိတ်နဲ့ ပစ္စုပ္ပန်တို့ရဲ့ ဇာတ်ကြောင်းနှစ်ခုဟာ ဘယ်လိုမှ မသက်ဆိုင်အောင် ကွာခြားနေပြီး ဒါကပဲ ဒီဇာတ်ကားမှာ ပရိသတ်အနေနဲ့ ဘာဆက်ဖြစ်မလဲ ခန့်မှန်းချင်စိတ်ပေါ်လာအောင် ဆွဲဆောင်ထားနိုင်တဲ့ အချက်ပါအာဗီက လက်ရှိပစ္စုပ္ပန်မှာ အတိတ်မေ့နေပြီးတော့ သူလုပ်ခဲ့တဲ့အရာနဲ့ လက်ရှိသူ့မိန်းမနဲ့ သူတို့နှစ်ယောက်ဖြစ်နေတဲ့ ပြဿနာကို ဆက်စပ်မရဖြစ်နေပါတယ်အတိတ်ဖြစ်ရပ်မှာတော့ သူ့မိန်းမဖြစ်သူနဲ့ ...
movie
Dhoomam (2023)
2023
8.6
Valatty (2023)
Valatty (2023)"အာဝု တို့ရဲ့ ချစ်ပုံပြင်"IMDb 8.6လောလောလတ်လတ် ဒစ်ဂျစ်တယ် ဗားရှင်း Disney+ Hotstar မှာ ထွက်ရှိလာတဲ့ Malayalam စကားပြော ရုပ်ရှင်ဟာ အထူးပြုလုပ်ချက် VFX လုံးဝမပါပဲ ခွေးအစစ်တွေနဲ့ရိုက်ထားတဲ့ ပထမဆုံး အိန္ဒိယ ခွေးရုပ်ရှင်ပါခွေးလေးတွေက နောက်ခံစကားတော့ ပြောတာပေါ့ခင်ဗျာ...ခွေးလေးတွေရဲ့ point-of-view သဘောနဲ့ ရိုက်ထားတဲ့ ဒီ adventure-comedy romance ကားလေးဟာဆိုရင် IMDb rating လည်းမြင့်သလို ဝေဖန်ရေးဆရာတွေကလည်း ရုပ်ရှင်ရဲ့ ဆန်းသစ်ဖန်တီးနိုင်မှုကို ချီးကျူးခြင်း ခံထားရပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ရွိုင်းဆိုတဲ့ ခရစ်ယာန်သခင်ရဲ့ ခွေးထီးလေး "တွန်မီ"က ခြေမွေးလက်မွေးမီးမလောင်ပဲ အချစ်ခံထားရတဲ့ ခွေးလေးဖြစ်ပြီးသားစပ်ဖို့လာကြတဲ့ ခွေးမလေးတွေကိုလည်း သခင်က မျိုးရိုးမကောင်းလို့ဆိုပြီး ဇွတ်တွေ ငြင်းလွှတ်ရတဲ့အထိ ဂရုစိုက်ခံရပါတယ်တစ်ဖက်အိမ်မှာလည်း အထက်ပုဂ္ဂိုလ် ဘရာမင် မိသားစုက မျိုးနဲ့ရိုးနဲ့ "အာမလူ" ဆိုတဲ့ ခွေးမချောလေးတစ်ကောင် ရှိနေပါတယ်ကိုကြက်ဖကြီးရဲ့ အကူအညီနဲ့ သူတို့နှစ်ကောင် ဆုံစည်းခဲ့ရပြီး ခွေးငယ်သဘာဝ ချစ်ကြိုက်မိကြပါတယ် ဒါပေမယ့်လည်း မျိုးရိုးဘာသာမတူကြတဲ့နှစ်ဖက်မိသားစုက ကန့်ကွက်တာကြောင့် ...
movie
Valatty (2023)
2023
6.4
Neelavelicham (2023)
Neelavelicham (2023) IMDb 6.5ဟောင်းနွမ်းပြီး ချုံနွယ်ပိတ်ပေါင်းတွေနဲ့ လျှောက်လမ်းကိုတောင် ဖုံးအုပ်နေတဲ့ ခြံကြီးတစ်ခြံ... ဒီခြံကြီးထဲမှာ နွယ်တွေရစ်ပတ်နေတဲ့အိမ်အိုကြီးနဲ့ ရေတွင်းပျက်တစ်လုံး...ညဘက်အမှောင်ထဲကြည့်လိုက်မိရင် သရဲကြီးတစ်ကောင် ငုတ်တုတ်ထိုင်နေသလိုမျိုး ချောက်ချားဖွယ်အတိပေါ့ အဲဒီမြိုထဲကလူတွေဆို ဒီခြံရှေ့ နေ့ခင်းကြောင်တောင်တောင် ဖြတ်မသွားရဲလောက်အောင် အခြောက်အလှန့်ကလည်း ကြမ်းမှကြမ်း..ဒီအိမ်ကြီးမှာ ဇာတ်လမ်းကလည်းရှိခဲ့တာကိုး အချစ်ကို ဆုံးရှုးခဲ့ရလို ခြံပိုင်ရှင်သမီးလေးတစ်ယောက် ရေတွင်းထဲခုန်ချပြီး အစိမ်းသေသေခဲ့ရတယ် အဲဒီနောက်ပိုင်း ယောကျာ်းတွေကို မုန်းတီးပြီး သရဲအနေနဲ့ ခြံကိုလည်း စောင့်ရှောက် တွေ့သမျှလူတိုင်းလည်း ခြောက်လှန့်တယ်လို ဆိုကြတယ်ဒီခြံကို မအူမလည်နဲ့ ငှားမိသွားတာက စာရေးဆရာပေါက်စ ..ဈေးကလည်းအတော်တန်တော့ ၂လစာငွေချေပြီး ငှားလိုက်မိတယ် သူဒီခြံထဲကို ပြောင်းလာတာပါလိုမိတ်ဆက်လိုက်တိုင်း လူတွေက ကြောက်လန့်ကုန်ကြတယ် ဒီလိုနဲ့ သူတစ်စတစ်စတွေ့တွေ့လာရတဲ့ ချောက်ခြားမှုတွေ...ခြံကလည်းထပ်ငှားဖိုရာ ပိုက်ဆံမရှိလေတော့ ဒီခြံထဲက မမြင်ရတဲ့ အစိမ်းသေနဲ့သူဘယ်လိုနှစ်ပါးသွားမလဲ...ဇာတ်လမ်းက မပေါ့သွားမဲ့ဇာတ်လမ်းဖြစ်တာမို သရဲကားကြိုက်ပရိတ်သတ်တွေအတွက် ဇာတ်ကားကောင်းတစ်ကားပါပဲရှင် (အညွှန်းကိုတော့ Yunni မှရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni,Khin နဲ့ BpL တိုပဲဖြစ်ပါတယ်) File ...
movie
Neelavelicham (2023)
2023
6.4
Cobra (2022)
ဒီတစ်ခေါက်မှာတော့ IMDB 6.5 နဲ့ ခါးကုန်းမင်းသား၊ ကြပ်မပြည့်တဲ့မင်းသားအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Vikram လို နာမည်ကြီးမင်းသားဟောင်းကြီးတွေပါဝင်သရုပ်ဆောင်ထားတဲ့ Cobra လို့အမည်ရတဲ့ Crime,Actionအမျိုးအစားရုပ်ရှင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။လူတစ်ယောက်ဟာ သင်္ချာနည်းတွေနဲ့ ပြစ်မှုကျူးလွန်နိုင်လား? ဟုတ်ကဲ့ ဒီကားမှာတော့ မာသီဆိုတဲ့လူဟာ သင်္ချာသဘောတရားတွေနဲ့ ပြစ်မှုကျူးလွန်ပါတယ်သူပြစ်မှုကျူးလွန်ပုံကတော့ ကမ္ဘာတစ်ဝှမ်းက ရာထူးကြီး အရေးကြီးပုဂ္ဂိုလ်တွေကိုမှ နိုင်ငံရေးသမားတွေကိုမှ လုပ်ကြံသတ်ဖြတ်တာ ဖြစ်ပါတယ်ဒါကို အပြည်ပြည်ဆိုင်ရာ ရဲအရာရှိက သင်္ချာပါရမီရှင် ကောင်မလေးတစ်ယောက်ရဲ့ အကူအညီနဲ့ သူ့ကို အမိဖမ်းမှာပဲ ဖြစ်ပါတယ်သူ့ရဲ့ သင်္ချာအတွက်အချက် ဗျူဟာတွေနဲ့ ပြစ်မှုဘယ်လိုကျူးလွန်တာလဲ။ သူကတကယ်ရေ ာတရားခံအစစ်မှဟုတ်ရဲ့လား။ ဘယ်လို အရှုပ်အထွေးတွေပါဝင်ပါတ်သက်နေမလဲ။ဘာကြောင့် နိုင်ငံတကာက အရေးကြီးပုဂ္ဂိုလ်တွေကိုမှ လုပ်ကြံရတာလဲဆိုတာ ဒီကားလေးထဲမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်လို့ အခုလိုပဲ တင်ဆက်ပေးလိုက်ရပါတယ်နော် File size…7GB /3.2GB / 1.5GB Quality…4k HEVC / 1080p True WEB DL / 720p Format…mp4 Duration….3h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & HM & OeliuJ & Lwin ...
movie
Cobra (2022)
2022
4K HEVC Web-DL
6.7
Darlings (2022)
Darlings (2022) ဂန်ဂူးဘိုင် ဇာတ်ကောင်နဲ့ ဒီနှစ်ကြမ်းထားတဲ့ မမ အာလီယား ဘတ်ရဲ့ ဇာတ်ကား အသစ်လေးပါ။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ...Badru ဆိုတဲ့ ကောင်မလေးတစ်ယောက်က သူ့ချစ်သူနဲ့ လက်ထပ်လိုက်တယ်။ သူ့ယောကျ်ားက အရက်မူးပြီဆို သွေးဆိုးပြီ။ သူ့ကို အကြောင်းမရှိ အကြောင်း ရိုက်တာပဲ။ အမူးပြေပြီဆိုရင်တော့ ဒါလင် ဒါလင်လို့ ခေါ်ပြီး အသေချော့ရော ...Badru ကလည်း ဒါ သူ့ယောကျ်ားအပြစ် မဟုတ်ဘူး။ အရက်ဖြတ်ရင် ရပြီဆိုပြီး သည်းခံတယ်။ခုခေတ် မိန်းကလေးတွေရဲ့ ထုံးစံအတိုင်း Badru တစ်ယောက် ကိုယ်ချစ်ရတဲ့သူကို ကောင်းလာအောင် ပြုပြင်ပေးနိုင်ဖို့ အသေအလဲကြိုးစားရင်းကနေမှ ဘာတွများ ဆက်ဖြစ်လာမလဲ?ဒီဘက်ခေတ်နဲ့ လျော်ညီစွာ ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပြီး ဇာတ်ရှိန်အတင်အချတွေနဲ့ ပရိသတ်တွေကို အဆုံးထိ ဆွဲခေါ်သွားပေးဦးမဲ့ နောက်ထပ် အိန္ဒိယ ဒရမ်မာ အလန်းစားလေး တစ်ကားတာမို့ ကြည့်ရှုခံစားလိုက်ကြပါဦး ခင်ဗျာ။File Size : ...
movie
Darlings (2022)
2022
7.6
The Elder One (2019)
The Elder One (2019)================IMDb Rating - 7.6/10#Unicodeဒီဇာတ်ကားလေးကတော့ အိန္ဒိယနိုင်ငံက လိင်တူချစ်သူတွေရဲ့ ပြဿနာနဲ့ ကျွန်းက ထွက်သွားတဲ့အကိုဖြစ်သူကို ရှာဖွေတဲ့ ယောက်ျားလျှာကောင်မလေးတစ်ယောက်ရဲ့ ကြုံတွေ့ရတဲ့ ပြဿနာတွေကို မီးမောင်းထိုးပြထားတဲ့ ကားလေးပါ။ ကလေးမလေးဟာ ယောက်ျားလို ဝတ်ဆင်ပြီး ယောက်ျားလိုနေပင်မဲ့ ပတ်ဝန်းကျင်ရဲ့ လက်မခံနိုင်မှု့တွေကြောင့် မြို့ပေါ်တက်သွားတဲ့ အကိုကို သွားရှာရင်းကလေးရောင်းစားတဲ့ ဂိုဏ်းနဲ့တွေ့ပြီး ရောင်းစားခံရတော့မဲ့ စဲစဲ သူ့အကိုကို ပြန်တွေ့ပြီး မောင်နှမတွေပြန်လည်ဆုံစည်းသွားတဲ့ ကားလေးပါ။ ဇာတ်လမ်းလေးဟာ ရိုးရှင်းပေမဲ့ အိန္ဒိယနိုင်ငံရဲ့ လူနေမှု့ဘဝတွေကလေးရောင်းဂိုဏ်းတွေရဲ့ အင်အားကြီးမားပုံနဲ့ ပျက်စီးနေတဲ့ ရဲတွေရဲ့ ကျင့်ဝတ်တွေကို ဒါရိုက်တာကအဓိကထား ရိုက်ကူးထားတာဖြစ်ပါတယ်။တကယ်ကို ကြည့်သင့်တဲ့ ပညာပေး ကားလေးပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Thinzar Lwin ပဲဖြစ်ပါတယ်။)#Zawgyiဒီဇာတ်ကားလေးကတော့ အိန္ဒိယနိုင်ငံက လိင်တူချစ်သူတွေရဲ့ ပြဿနာနဲ့ ကျွန်းက ထွက်သွားတဲ့အကိုဖြစ်သူကို ရှာဖွေတဲ့ ယောက်ျားလျှာကောင်မလေးတစ်ယောက်ရဲ့ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ...
movie
The Elder One (2019)
2019
6.0
Choked: Paisa Bolta Hai(2020) ဒီဇာတ်ကားနာမည်ရဲ့အဓိပ္ပါယ်ကတော့ "ပိုက်ဆံကစကားပြောတယ်"လို့အဓိပ္ပါယ်ရပါတယ်။ဆူရှာန်ဆိုတဲ့သူဟာဘာအလုပ်အကိုင်မှမမြဲဘဲဝေလေလေဖြစ်နေပါတယ်။တစ်အိမ်လုံးအတွက်ပိုက်ဆံရှာတာ၊အိမ်သန့်ရှင်းရေး၊အချက်အပြုတ်အားလုံးကိုသူ့မိန်းမစရီသာကပဲဦးစီးနေရပါတယ်။စရီသာဟာဘဏ်ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး လစာ ၂၀၀၀-၃၀၀၀ရပေမယ့်လည်းသူတို့တို့တစ်လတစ်လအသုံးစရိတ်တွေများလွန်းတာကြောင့်ငွေကြေးအခက်အခဲကြုံနေရပါတယ်။မိသားစုအတွက် အပူတွေအားလုံးဟာ မိန်းမဖြစ်တဲ့ စရီသာ ခေါင်းပေါ်ပဲရောက်နေလေတော့နေ့စဉ် တခြားဝင်ငွေရမဲ့လမ်းကို အြမဲရှာဖွေနေလေ့ရှိတယ်....ဒီလိုနဲ့တစ်နေ့မှာတော့ သူမဟာ သီးခြားဝင်ငွေရမယ့်လမ်းကြောင်းလေးတစ်ခုတွေ့ထားတယ်...ဒီလမ်းကြောင်းဟာ သူမငယ်စဉ်က မက်ခဲ့တဲ့အိပ်မက်တစ်ခုဖြစ်ခဲ့ပြီးမျှော်လင့်ထားသလို အောင်မြင်နိုင်မလား...မိသားစုတွေရဲ့အခက်အခဲတွေကိုဖြေရှင်းနိုင်မလားဆိုတာ...ဘယ်လိုပြဿနာမျိုးတွေထပ်ကြုံရမလဲ....သူမငယ်စဉ်က မက်ခဲ့တဲ့အိပ်မက်ကရော ဘာဖြစ်မလဲ...India ကားကောင်းကြိုက်သူတို့ ခံစားကြည့်ပါဉီး...ဘာသာပြန်ကသူတော့ Thaik Sanပဲဖြစ်ပါတယ်။File Size : (900 MB) and (466 MB) Quality : WEB-DL 720p Format…mp4 Duration…01:54:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie
Choked: Paisa Bolta Hai(2020)