Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rosamund Pike
7.2
Hostiles (2017)
Hostiles (2017)IMDb Rating (7.2) / Rotten Tomatoes (70%)အခုတစ်ခါမှာတော့ ကမ္ဘာကျော်မင်းသားကြီး Christian Bale ရဲ့ Western Film တစ်ကားတင်ဆက်ပေးပါမယ်။Western ဇာတ်ကားအမျိုးအစားကိုတော့ မြန်မာမှာ ကောင်းဘွိုင်ဇာတ်ကားအမျိုးအစားအဖြစ် လူသိများပါတယ်။ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Scott Copper ကရိုက်ကူးထားပါတယ်။ခေါင်းဆောင်မင်းသားကတော့ American Psycho, The Machinist, Batman Trilogy ဇာတ်ကားတွေနဲ့အတူနာမည်ကျော်ကြားလာတဲ့ မင်းသား Christian Bale ဖြစ်ပြီးတော့ဇာတ်ဆောင်မင်းသမီးနေရာမှာ 2002 ခုနှစ်ထွက် James Bond ဇာတ်ကားတစ်ကားဖြစ်တဲ့ Die Another Day မှာ Bond Girl အဖြစ်သရုပ်ဆောင်ခဲ့ပြီးတော့ နာမည်ကျော်ဇာတ်ကားတစ်ကားဖြစ်တဲ့ Gone Girl မှာခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသမီးချောကြီး Rosamund Pike ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအရတော့ ဂျိုးဘလော့ကာဟာစစ်တပ်မှာ ကပ္ပတိန်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့သူတစ်ဦးဖြစ်ပြီးတော့အင်ဒီယန်းတွေကို လွန်စွာမုန်းတီးသူဖြစ်ပါတယ်။တစ်နေ့မှာ သူ့ရဲ့ရဲဘော်ရဲဘက်တွေကို သတ်ဖြတ်ခဲ့တဲ့ သူမုန်းတီးရတဲ့ ...
movie
Hostiles (2017)
2017
4K HEVC
7.0
The World’s End (2013)
ကဲ Three Flavours Cornetto Trilogy ထဲက နောက်တစ်ကားလာပါပြီ.... Cornetto Trilogy ဆိုတာကတော့ ဒါရိုက်တာ Edgar Wright ရိုက်ကူးပြီး မင်းသား Simon Pegg နဲ့ Nick Frost တို့အတွဲပါဝင်တဲ့ Shaun of The Dead (2004), Hot Fuzz (2007) နဲ့ The World’s End (2013) ဇာတ်ကားတွေပဲဖြစ်ပါတယ်။Trilogy ဆိုပေမယ့်တစ်ကားနဲ့တစ်ကားဆက်စပ်မှုတော့မရှိဘဲ အတည်ပေါက်ကြီးသရော်ထားတဲ့ရုပ်ရှင်အမျိုးအစားအဖြစ်သာ တူညီမှုရှိပါတယ်။The World’s End (2013) ရုပ်ရှင်မှာတော့ Simon Pegg နဲ့ Nick Frost တို့အပြင် Martin Freeman , Rosamund Pike တို့လိုနာမည်ကျော်သရုပ်ဆောင်တွေပါအားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...သူငယ်ချင်း ၅ ယောက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ က ...
movie
The World’s End (2013)
2013
4K HEVC
5.2
Doom (2005)
ထိတ်လန့်သည်းဖို ရုပ်ရှင်ကြိုက်သူတွေ အတွက် တင်ပေးလိုက်ပါတယ်ဇတ်လမ်း ပုံစံကတော့ မာ့စ် ဂြိုလ် ပေါ်မှ UAC ကော်ပိုရေးရှင်း ရဲ့ သိပ္ပံစမ်းသပ်ခန်းကနေစတင်လာတာ ဖြစ်ပါတယ်... ဒေါက်တာ ကားမတ်စ် ဦးဆောင်သော လျို့ဝှတ်သုတေသနအဖွဲ့ဟာ အလွန်ဆိုးဝါးတဲ့ Virus တစ်ခုကိုဖန်တီးမိပြီးထို Virus ထိမိသော လူတိုင်းသည် အသိစိတ်ကင်းမဲ့သောမကောင်းဆိုးဝါးများ ဖြစ်ကြကုန်သည် ထို့ကြောင့် ဒေါက်တာ ကားမတ်စ်အပါအဝင် ဆရာဝန်အဖွဲ့ အားလုံး သေဆုံးခဲ့ရပါတယ်... သို့သော် ဒေါက်တာ ကားမတ်စ် မသေခင် အခိုက်အတန့်တွင်အဆင့်ငါး လုံခြုံရေး ကျိုးပေါက်မှုအဖြစ် သတင်းပေးပို့နိုင်ခဲ့ပါတယ်ထိုသတင်းကို ရရှိခဲ့သူတွေကတော့ မရိန်းတပ်ဖွဲ့ အထူးစစ်ဆင်ရေး မှ ဖြစ်ပါတယ်..ထို့ကြောင့် ဗိုလ်ကြီး ဆာ့ဂ် နဲ့ အထူးတပ်ဖွဲ့များဟာပိတ်မိနေသော UAC ဝန်ထမ်းများကို ကယ်ဆယ်ရန်မာ့စ်ဂြိုလ်ပေါ်မှလျို့ဝှတ်သုတေသန စခန်း သို့ သွားရောက်ကြပါတယ်... သူတို့ ထင်ထားသလို သာမန် အဆင့်မဟုတ်ပဲ အသက်ဆုံးရှုံးနိုင်ဖို့လက်တကမ်းသာ လိုသော စစ်ဆင်ရေး ဟုသူတို့ သိရှိခဲ့ချိန်မှာတော့အင်မတန်နောက်ကျသွားပါတော့တယ်... ဒီ ...
movie
Doom (2005)
2005
4K HEVC
7.5
Saltburn (2023)
Saltburn (2023)~ IMDb - 7.5/10, RT - 72%, Meta - 60% ~ပွဲဦးထွက်အနေနဲ့ Promising Young Woman (2020) ကို ဇာတ်ညွှန်းရေး ဒါရိုက်တာလုပ်ရိုက်ပြီး ပွဲဦးထွက်ကားနဲ့တင် Academy Award for Best Original Screenplay ဆုရသွားတဲ့ Emerald Fennell ထပ်ရိုက်လိုက်တဲ့ ရုပ်ရှင်ပေါ့။ ပွဲဦးထွက်ကားမှာလည်း ဇာတ်ညွှန်းရေးပြီး အော်စကာရထားသလို ဒီဒုတိယကားမှာလည်း သူ့ဘာသာဇာတ်ညွှန်းရေးပြီး ရိုက်ထားပြန်တာပါပဲ။ သုံးထားတဲ့ သရုပ်ဆောင်တွေကလည်း အော်စကာဆန်ခါတင် ဝင်ခဲ့တဲ့သူတွေအများသားပါ။ The Banshees of Inisherin နဲ့ မနှစ်က ဆန်ခါတင်ဝင်ခဲ့တဲ့ Barry Keoghan, ဖန်နဲလ်ရိုက်ခဲ့တဲ့ Promising Young Woman နဲ့ပဲ ဆန်ခါတင်ဝင်ခဲ့တဲ့ Carey Mulligan, Gone Girl ...
movie
Saltburn (2023)
2023
4K HEVC
7.0
Jack Reacher (2012)
Jack Reacher (2012)IMdb Rating (7.0)လူတစ်ယောက် Van ကားတစ်စီးစီးပြီး ကားပါကင်ထဲကိုဝင်လာတယ်. တစ်ဖက်မြစ်ကမ်းကိုမြင်ရတဲ့နေရာနားမှာကားကိုရပ်တယ်.ပြီးတော့ သူ့ရဲ့ Rifle ကို ပြင်ဆင်ပြီး မြစ်တစ်ဖက်ကမ်းကိုချိန်တယ်.စိတ်ကိုတည်ငြိမ်အောင်အသက်ကို၀၀ရှူပြီး သူ့ရဲ့ပစ်မှတ်တွေကို rifle နဲ့သေချာချိန်နေတယ်.သူ့ရဲ့ပစ်မှတ်တွေက အခြားမြစ်တစ်ဖက်ကမ်းပေါ်မှာ ပုံမှန်အတိုင်းလမ်းသွားလမ်းလာလုပ်နေတဲ့လူတွေ.စက္ကန့်ဝက်လောက်ချိန်ပြီးတဲ့အခါမှာ သူစပစ်တယ်.လူပေါင်းငါးယောက်သေတယ်.ပစ်မှတ်တွေကိုပစ်ပြီးတဲ့အခါ ထွက်ပြေးသွားတယ်.မကြာခင်ပဲရဲတွေမှူခင်းဖြစ်တဲ့နေရာကိုရောက်လာတယ်.သဲလွန်စတွေလိုက်ရှာတဲ့အခါ ကားပါကင်ဝင်ကြေးအတွက် လူသတ်သမားရှင်းခဲ့တဲ့အကြွေစေ့ကနေ လူသတ်သမားရဲ့လက်ဗွေရာကိုရရှိခဲ့တယ်.လက်ဗွေရာကိုစစ်ဆေးကြည့်တဲ့အခါ လူသတ်သမားဟာ အမေရိကန်စစ်တပ်မှာ sniper အဖြစ်စစ်မှုထမ်းခဲ့တဲ့ James Barrဖြစ်နေကြောင်းသိရတယ်. ရဲတွေ James Barr ရဲ့အိမ်ကို ဝင်စီးတဲ့အခါ Barr ကိုအိပ်ယာပေါ်မှာအိပ်နေရင်းတွေ့တယ်. Barr ကိုဖမ်းပြီး သီးသန့်ခန်းထဲမှာစစ်ဆေးတဲ့အခါ ဘာတစ်ခွန်းမှပြန်မပြောဘဲ Jack Reacher လို့သာရေးပေးတယ်.အဲ့တော့ ရဲတွေက Jack Reacher အကြောင်းကိုစုံစမ်းရတာပေါ့ .Jack Reacher ဆိုတဲ့လူဟာ credit card မရှိ e-mail မရှိ.အိမ်လိပ်စာအတိအကျမရှိတဲ့လူ သူက သရဲလိုပဲ. နှစ်နှစ်လောက်ပျောက်နေတဲ့လူ. အမေရိကန်စစ်တပ်မှာ ...
movie
Jack Reacher (2012)
2012
4K HEVC
8.1
Gone Girl (2014)
IMDb Rating 8.1 / Rotten Tomatoes (88%)ဒီရုပ်ရှင်ကားကို ကြိုုက်လည်းကြိုက်မိသလို မုန်းလည်းမုန်းမိတယ်.. စိတ်ထဲကျေနပ်မိသလို ဘဝင်လည်းမကျမိပါ။ သဘောကျမိသလို စိတ်ပျက်မိတာတွေရော။ ဘယ်လိုစကားလုံးနဲ့ဖော်ပြရမလဲမသိပါ။ တစ်လုံးတည်းဆိုရရင်တော့ Frustration ဆိုတာဒီဇာတ်ကားကြည့်ပြီးဖြစ်လာတဲ့ခံစားချက်ပါ။ ဒေါသလားဆိုတော့ အခြေခံကဒေါသပါ။ ဒါပေမဲ့ ဆန့်ကျင်ဘက်နှစ်မျိုးတခါတည်း ခံစားရတဲ့ ဒေါသပါ။ ရုပ်ရှင်ပြီးလို့သာ အဆုံးသတ်သွားတယ်။ open ending နဲ့ကိုယ်စဉ်းစားချင်တာတွေ စဉ်းစားနိုင်အောင်ဖွင့်သွားတုန်းပဲ။ဒါ့ကြောင့်လည်း ပိုပိုပြီး စဉ်းစားမိပြန်ရော.. စဥ်းစားမိတော့ ညများတောင်အိပ်မပျော်နိုင်။ Amazing Amy ... ပဟေဠိ လူသားအေမီ၊ သတ်ပစ်ချင်လောက်အောင်မုန်းစရာကောင်းသာအေမီ၊ ဆောက်တည်ရာမရသော အေမီ၊ သနားစရာကောင်းသောအေမီ၊ ကြောက်စရာကောင်းသော အေမီ၊ ဇာတ်လမ်းအစက ပြဿနာကြီး သို့မဟုတ် အရှုပ်တော်ပုံအစတစ်ခုဖြစ်သလို အဖြစ်အပျက်တစ်ခုရဲ့အဆုံးသတ်ပါ။ ဒါပေမဲ့ သာမာန်နံနက်ခင်းတစ်ခုပါပဲ။ Nick Dunne ဆိုတဲ့လူတစ်ယောက် အိမ်ရှေ့ကို အမှိုက်ပုံးထုတ်တယ်။သာမာန်အိမ်ရှင်ထီးတစ်ယောက်လုပ်ရမဲ့အလုပ်လုပ်တယ်။ ပြီးတော့ မြို့ထဲက သူ့ညီမနဲ့ သူနဲ့အတူတူဖွင့်ထားတဲ့ The bar ဆိုတဲ့ဘားကိုသွားတယ်။ ညီမနဲ့စကားစမြည်ပြောတယ်။ ...
movie
Gone Girl (2014)
4K HEVC
6.3
Johnny English Reborn (2011)
IMDb Rating (6.3)ဒါကတော့ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Mr.Bean ရဲ့ Johnny English အဆက်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...ပထမဇာတ်ကားမှာတုန်းက ဘုရင်မကြီးရဲ့သူရဖူကိုကာကွယ်နိုင်ခဲ့တဲ့ ဂျွန်နီဟာ သမ္မတ လုံခြုံရေးတာဝန်တစ်ခုမှာ မအောင်မြင်ခဲ့လို့ အထုတ်ခံခဲ့ရပြီး Batman လို တိဘက်က ဘုန်းတော်ကြီးတွေဆီမှာ ပညာဆည်းပူးရင်း ဇာတ်မြုတ်နေခဲ့ပါတယ်။တစ်နေ့မှာတော့ MI-7 ဟာ သူပါမှကိုရတော့မယ့် စစ်ဆင်ရေးတစ်ခုပေါ်ပေါက်လာချိန်မှာ ဂျွန်နီကို ပြန်လည်ခေါ်ယူပါတော့တယ်။ ဒီခါမှာတော့ Johnny English ရဲ့ ရင်သက်ရှုမောဖွယ် စွန့်စားခံတွေ ပြန်လည်စတင်ပါတော့တယ်။ဂျွန်နီဟာ အမြဲတမ်းတလွဲတွေလုပ်ပေမယ့် သူ့ရဲ့ဖြူစင်သောအမှားတွေနဲ့ အင်္ဂလန်ပြည်ကို ဘယ်လိုထပ်မံကယ်တင်ဦးမလဲဆိုတာ...။Johnny English ဇာတ်ကား ၃ ကားရှိပြီး ၃ ကားလုံးကို ဒီမှာ https://channelmyanmar.to/?s=Johnny+English ကြည့်လို့ရပါတယ်။ File size… (1.6 GB) / (800 MB) Quality…BluRay 1080p HEVC /720p Format…mkv/mp4 Duration….01:41:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie
Johnny English Reborn (2011)
1080p HEVC
7.3
Radioactive (2019)
ထက်မြက်တဲ့ မိန်းမ အစစ်ရဲ့ ဘဝဇာတ်ကြောင်းလေးကို ကြည့်လိုက်ရအောင်။ မယ်ရီယာ ကျူရီ (သို့) မဒမ်ကျူရီ လို့ သိကြတဲ့ သိပ္ပံပညာရှင် အမျိုးသမီးရဲ့ အကြောင်း ဖြစ်ပါတယ်။ ကမ္ဘာ့ပထမဆုံး နိုဘယ်ဆုရ အမျိုးသမီး၊ ကမ္ဘာ့ပထမဆုံး ပြင်သစ် အမျိုးသမီးပါမောက္ခ ဖြစ်ပြီး ကျူရီ မိသားစုဟာ နိုဘယ်ဆု ၅ ဆုရရှိခဲ့တဲ့မိသားစုလည်း ဖြစ်ပါတယ်။ မဒမ် ကျူရီ တွေ့ခဲ့တာကတော့ Radioactivity ဆိုတဲ့ ဓာတ်သတ္တိကြွမှု အကြောင်းပါပဲ။ ဒီအရာဟာကမ္ဘာကြီးကို ပြောင်းလဲစေခဲ့ပြီး သိပ္ပံပညာ တစ်ခေတ်ဆန်းစေခဲ့တာပါ။ ဓာတ်မှန်တွေ၊ ကင်ဆာကုထုံးတွေ စသဖြင့် အသုံးဝင်တာတွေ အများကြီး တိုးတက်လာခဲ့ပါတယ်။ ပထမ ကမ္ဘာစစ်အတွင်းမှာ ပြင်သစ်နိုင်ငံအတွက် သူ့ရဲ့ နိုဘယ်ဆုက ရွှေတွေကို အရည်ကြိုပြီး သုံးပစ်ဖို့ လှူခဲ့ပေမယ့် ပြင်သစ်အစိုးရက ငြင်းပယ်ခဲ့ရပါတယ်။ ဒါပေမယ့် မဒမ်ကျူရီက စစ်မြေပြင်တစ်လျှောက်မှာ ဓာတ်မှန်ပါတဲ့ ကားပေါင်းများစွာကိုဦးစီးပြီး လူတစ်သန်းကျော်အထိ ဓာတ်မှန်ရိုက်ပေးခဲ့ လိုအပ်တဲ့ အကူအညီတွေပေးခဲ့ပါတယ်။ ဒါပေမယ့် ရေဒီယိုသတ္တိကြွမှုကို တွေ့ခဲ့တဲ့ပညာရှင်ပီပီ ဓာတ်ရောင်ခြည်သင့်ပြီး Aplastic Anemia သွေးအားနည်းရောဂါနဲ့ သေဆုံးခဲ့ရတာပါ။ ဒီရုပ်ရှင်မှာတော့ ပိုလန်ကနေ ပြင်သစ်ကို ပြောင်းလာကာစ သိပ္ပံပညာရှင်ဘဝ အောက်ခြေကနေ သူ့ရဲ့ အအောင်မြင်ဆုံးအချိန်တွေ၊ ကျဆုံးတဲ့အချိန်တွေ၊ အဆုံးသတ်ချိန်ထိ ပြသထားတာကို ...
movie
Radioactive (2019)
2019
6.5
The Informer (2019)
ဒီကားကတော့ မူးယစ်အရောင်းအဝယ်ခေါင်းဆောင်ကိုဖမ်းဖို့အကွက်ချရာကFBIနဲ့NYPDရဲ့အရှုပ်ထဲမှာပိတ်မိသွားတဲ့ထောင်ထွက်လူသတ်သမားရဲ့အကြောင်းကိုရိုက်ကူးထားတာပါကိုစလိုဆိုတဲ့သူဟာလူသတ်မှုနဲ့ထောင်နှစ်နှစ်ဆယ်ကျနေပေမယ့်FBIကသူ့ကိုထောင်ကနေထုတ်ပေးပြီးဘိန်းအရောင်းအဝယ်ခေါင်းဆောင်ကြီးကိုဖမ်းဖို့သူလျှိုအဖြစ်စေလွှတ်ပါတော့တယ်ဒါပေမယ့်လည်းသူသူလျှိုအဖြစ်လုပ်နေတုန်းမှာပဲNYPDရဲတွေဘက်ကလည်း သူလျှိုတစ်ယောက်လွှတ်ရင်းအဲဒီရဲအသတ်ခံလိုက်ရတာနဲ့ပဲ ကိုစလိုတစ်ယောက်အမှုပတ်ပါတော့တယ်သူ့ကိုဘိန်းခေါင်းဆောင်ကသူနေခဲ့တဲ့ထောင်ထဲပြန်ပို့ပြီးဘိန်းအရောင်းအဝယ်တွေလုပ်ခိုင်းလိုက်တယ်အဲဒါကိုFBIကလည်း မကူညီပဲထောင်ထဲထိသွားခိုင်းပြီးအဲဒါတွေဖြန့်ဖြူးတဲ့လူတွေကိုပါထပ်ရှာခိုင်းတော့တယ်တစ်ဖက်မှာလည်း NYPDဘက်ကသူတို့ရဲအသတ်ခံလိုက်ရတာနဲ့ပတ်သက်ပြီးကိုစလိုနောက်ကိုလိုက်နေတဲ့အချိန်ဖြစ်နေတယ်ကိုစလိုတစ်ယောက်ထောင်ထဲပြန်ဝင်ခဲ့ရပြီးFBIခိုင်းသလိုလုပ်ပေးခဲ့ပေမယ့်FBIဘက်က ကတိပေးထါးတဲ့အတိုင်းကိုစလိုကိုထောင်ကပြန်ထုတ်မပေးတဲ့အခါကိုစလိုတစ်ယောက်ထောင်ထဲကလူမိုက်တွေရောNYPDဘက်ကလွှတ်တဲ့လူတွေရောတစ်ဖက်မှာလည်းမိန်းမနဲ့ကလေးကိုတွေ့ရဖို့ ထောင်ကနေထွက်ဖို့ရောဘယ်လိုတွေရင်ဆိုင်မလဲဆိုတာကိုကြည့်ရမယ့်တကယ့်ဇာတ်ကားကောင်းတစ်ကားပါIMDb6.5ရထားတဲ့အပြင် ဇာတ်ကားကလည်းတစ်ကားလုံးဇာတ်ရှိန်ကျမသွားတဲ့တကယ့်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် File Size : ( 1 GB , 391 MB )Quality : WEB-DL 720pRunning Time : 1 hr 53 minFormat : Mp4Genre : Crime , DramaSubtitle : Myanmar Subtitle (Hard Sub)Translated ...
movie
The Informer (2019)
6.9
A Private War(2018)
A Private War(2018)IMDB 6.8,,,,,Rotten ..... 89ဒီဇာတ်ကားကတော့ အမျိုးသမီး သတင်းထောက်တစ်ယောက်ဖြစ်တဲ့ Marie Colvin အကြောင်းကိုရိုက်ကူးထားတာပါ........သူမဟာ အများအတွက်အကျိုးရှိစေမယ့် သတင်းမှန်တစ်ခုတင်ပြဖို့အတွက်ဆိုဘာမဆို ရင်ဆိုင်ရဲတဲ့ အာဂသတ္တိခဲသတင်းထောက်တစ်ဦးပါ...အချိန်မရွေးအသက်ပျောက်သွားနိုင်တဲ့ စစ်တလင်းတွေကြား သတင်းယူဖို့ ဝန်မလေးသလိုဒီသတင်းကိုတင်ပြဖို့အရေးလည်း လက်မတွန့်တတ်သူတစ်ယောက်ပါ...သူမရဲ့ ရဲဝံမှုတွေနဲ့ အများအကျိုးပြုဆောင်ရွက်ချက်တွေကြောင့် ဂုဏ်ပြုဆုများစွာရရှိခဲ့သလိုသတင်းသမားတွေရဲ့ စံပြအမျိုးသမီးလည်းဖြစ်ခဲ့ပါတယ်..ဒါ့ကြောင့် ဒီဇာတ်ကားကိုပြန်လည်ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်...ဒီဇာတ်ကားဟာလည်း ဆု(၂)ဆုနဲ့ အခြားဆု(၇)ဆုအတွက်ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်..ကိုင်း Marie Colvin တစ်ယောက် ဘယ်လိုပြုမူလှုပ်ရှားလဲ..စစ်ပွဲကြားကိုအသက်စွန့်ပြီးဘယ်လို သတင်းယူလဲ....ကိုင်း စစ်အတွင်း ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးကိုကြည့်ရှုချင်တဲ့သူတွေအတွက်ကားကောငး်တစ်ကားပါ....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Myo ပဲဖြစ်ပါတယ်...File Size : (1GB) and (326 MB) Quality : Blu-Ray 720p Format…mp4 Duration…01:50:00 Genre : Biography, Drama, War Subtitle : Myanmar Subtitle (Hard Sub) Translated by May Myo Encoded by Phyo Pyae
movie
A Private War(2018)
2018
6.5
Beirut (2018)
၂၁ပက်လက်လိုချင်တဲ့ ဘရိုများ Beirut နဲ့မိတ်ဆက်ပေးပါမယ်။အရှေ့အလည်ပိုင်းကအရှုပ်အထွေးတွေကြားထဲမှာ ဇာတ်အိမ်တည်ပြီးရိုက်ထားတဲ့ဇာတ်လမ်းအေးအေးလေးနဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်ကားမို့ အဲဒီ၂၁ပက်လက် ကွီးတွေကြိုက်တတ်တဲ့ကားမျိုးပါလို့ :P၂၀၁၈ ကမှထွက်ထားတဲ့ Espionge thriller ဇာတ်ကားလေးပါ။Negotiator လို့ UK မှာတော့နာမည်ကြီးပါတယ်တဲ့။IMDB Rating 6.5 နဲ့ Rotten Tomatoes 77% ပဲရရှိထားတာ ရသင့်တာထက်နည်းတယ်လို့ထင်မိပါတယ်။ဒီဇာတ်ကားလေးက အရှေ့အလည်ပိုင်းဒေသ Lebanon က Beirut မြို့မှာ နေတဲ့သံတမာန်ရေးရာမှာဆရာတစ်ဆူဖြစ်တဲ့ Mason Skiles တစ်ယောက် နာမည်ကြီးရာဇဝတ်ကောင်တစ်ယောက်ရဲ့ ညီကိုမွေးစားထားမိပါတယ်။အဲဒီကလေးကို သူ့အစ်ကိုပြန်လာခေါ်တဲ့အချိန်မှာတော့ သူ့ရဲ့ကမ္ဘာတစ်ခုဖြစ်တဲ့သူ့ချစ်ဇနီးကိုဆုံးရှုံးခဲ့ရပါတယ်။ဘဝကိုအမိမြေပြန်ပြီး အဓိပ္ပါယ်မရှိဖြတ်သန်းနေရင်း Beirut မှာအရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Cal Riley တစ်ယောက်ပြန်ပေးဆွဲခံရတာနဲ့ပတ်သက်ပြီးညှိုနှိုင်းပေးဖို့ ပြန်လာရတဲ့အချိန်မှာတော့...ဖြစ်နေတဲ့စစ်ပွဲတွေသူငယ်ချင်းကို အန္တရယ်ကင်းကင်းကယ်ထုတ်နိုင်မှာလားသူကိုယ်တိုင်ရောအန္တရယ်ကင်းမှာလား လုပ်ဖော်ကိုင်ဖက်တွေကရောယုံကြည်ရရဲ့လားအရှုပ်အထွေးတွေလှည့်ကွက်တွေနဲ့တင်ဆက်ထားတာကို ဇာတ်ကားမှာပဲကြည့်ရအောင်ဗျာ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ) File Size : (850 MB) and (380 MB) Quality : WEBRip 720p Running Time : 1hr ...
movie
Beirut (2018)
2018
5.8
7 Days in Entebbe (2018)
ဒီဇာတ်ကားလေးကတော့လူတိုင်းသိကြတဲ့ ယနေ့အထိပါလက်စတိုင်းနဲ့အစ္စရေးနိုင်ငံကြားကမပြေလည်မှုကြောင့်ဖြစ်ပေါ်လာတဲ့၁၉၇၆ခုနှစ်မှလေယာဉ်ပြန်ပေးဆွဲမှုတစ်ခုကိုရိုက်ကူးပြထားသည့်ဇာတ်ကားလေးဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်ကားလေးဖြစ်သလို rating နည်းပေမယ့်စိတ်ဝင်စားစရာကောင်းပါတယ်။ ၁၉၇၆ခုနှစ်တွင် Tel Aviv မှ Paris သို့သွားမည့် Air France လေကြောင်းလိုင်းမှလေယာဉ်တစ်စီးကို ပါလက်စတိုင်းလွတ်မြောက်ရေးတပ်ဖွဲ့မှပြန်ပေးဆွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဓားစာခံပေါင်း ၂၃၉ယောက်ထိန်းချုပ်ဖမ်းဆီးခံခဲ့ရပြီး အဆိုပါဖြစ်ရပ်တွင်ယူဂန်ဒါနိုင်ငံရဲ့အာဏာရှင် Amen ပါပါဝင်နေပါတယ်။အဆိုပါခေတ်ကာလ အစ္စရေးနဲ့ပါလက်စတိုင်းကြားဆက်ဆံရေးတင်းမာမှုတွေ၊ နိုင်ငံတကာဆက်ဆံရေးတွေ၊ အစ္စရေးနဲ့ပါလက်စတိုင်းပြဿနာကိုအခြားသောနိုင်ငံတွေရဲ့သဘောထားတွေ၊ နိုင်ငံရေးပေါ်လစီတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ဖြစ်ရပ်မှန် Crime/History ဇာတ်ကားတစ်ကားဖြစ်တာကြောင့်စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားလေးပါ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ) File Size : (850 MB) and (380 MB) Quality : WEB-DL 720p Running Time : 1hr 47min Format : Mp4 Genre : Crime, Drama, History Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.H264.AC3-EVO Translated by Thura Zarni Aung Encoded by Thanhtike Zaw
movie
7 Days in Entebbe (2018)
2018
7.8
Pride & Prejudice (2005)
Pride and Prejudice(2005) IMDb.....7.8,,,,,Rotten ...86% ဒီဇာတ်လမ်းလေးကမသိတဲ့သူမရှိလောက်ပါဘူး Drama အချစ်ဇာတ်လမ်းအေးအေးလေးတစ်ပုဒ်ဖြစ်ပေမယ့် စိတ်ဝင်စားစရာလေးပါ... ၁၈၁၃ခုနှစ်တုန်းက Jane Austen ရေးသားခဲ့တဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပြီးတော့ ပြဌာန်းစာအုပ်တွေမှာလည်း ဖော်ပြခြင်းခံရတဲ့ နာမည်ကျော်ဝတ္ထုလေးက 2010 ခုနှစ်မှာ ဒါရိုက်တာ Joe Wright က ဇာတ်လမ်းအဖြစ်အသက်သွင်းခဲ့တဲ့ဇာတ်ကားလေးပါ.. ဇာတ်လမ်းလေးက ၁၈ရာစုနှောင်းပိုင်းဂျော်ဂျီယန် အင်္ဂလန်ခေတ် တစ်နည်းအားဖြင့်ပြောရရင် အတန်းစားခွဲတဲ့ခေတ်ပေါ့ ..အဲ့ခေတ်မှာအခြေတည်ထားပါတယ်... သာမန်လူတန်းစားဖြစ်ကြတဲ့ Bennet မိသားစုက သမီးတွေချည်းပဲ၅ယောက်မွေးထားတော့ သူတို့အမေရဲ့ဘဝမှာတစ်ခုတည်းသောမျှော်မှန်းချက်က သူ့သမီးတွေကိုလူချမ်းသာယောက်ျားတွေနဲ့ အိမ်ထောင်ပြုခိုင်းဖို့ပဲပေါ့.. အဓိကဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ Elizabeth (Keira Knightly) ကညီအစ်မတွေတည်းမှာ ခပ်သွက်သွက်နဲ့ စိတ်ထဲရှိရာထုတ်ပြောရဲတဲ့ မိန်းကလေးပေါ့.. တစ်နေ့မှာသူတို့မြို့ကို အထက်တန်းလွှာထဲက လူပျိုလူလွတ်၂ယောက်ကရောက်လာတော့ သူ့သမီးတွေ အဆင်ပြေရေးအတွက် Bennet မိခင်ကြီးပျာယာတွေခတ်ပြီပေါ့... ဖြစ်ချင်တော့တော်ရုံသဘောမကျတတ်တဲ့ Elizabeth တစ်ယောက် မာနကြီးတဲ့ Mr.Darcy(Matthew Macfadyen) ဆိုတဲ့ အထက်တန်းလွှာလူပျိုတစ်ယောက်ကိုသဘောကျမိသွားတယ်ပေါ့ .. ဒီကားဟာ အဓိကနဲ့သာမညအပေါ်စဉ်းစားဆင်ခြင်နိုင်စွမ်းကိုအလေးပေးထားပါတယ်.. .ရည်ရွယ်ချက်ကောင်းသလို ဇာတ်လမ်းထဲက ဒိုင်ယာလော့တွေကလည်း ပြောင်မြောက်ပါတယ်.. ..ပေးချင်တဲ့ Message လေးတွေကလည်း လှပလွန်းတော့ ခံစားကြည့်လိုက်ပါဦးလို့. .အော်စကာ (၄)ဆုဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆုပေါင်း (၁၃)ခုလည်းရရှိခဲ့ပါတယ်...အညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ် JtheKoala ဖြစ်ပါတယ်... File Size : (855 MB) Quality : ...
movie
Pride & Prejudice (2005)
2005