Channel Myanmar

Rosamund Kwan

Once Upon a Time in China III (1993) 7.3
Once Upon a Time in China III (1993)  ဒီဇာတ်လမ်းအဆက်လေးမှာတော့ ဝမ်ဖေးဟုန်ဟာ ဒေါ်လေးရီနဲ့အတူ အဖေဖြစ်သူရဲ့ ဆေးဝါးလုပ်ငန်းကိုလည်း ကြည့်ရင်း အဖေနဲ့လည်း တွေ့ချင်တဲ့အတွက် ကန်တုံကို ပြန်ခဲ့ပါတယ်။ သူပြန်ရောက်တဲ့အခါမှာတော့ ရုရှားတွေက တရုတ်ပြည်ကို ရောက်ရှိနေပြီး ဘုရင်မကြီးက တရုတ်ပြည်ဟာ တိုင်းတပါသားတွေကို မလိုအပ်ကြောင်းနှင့် စစ်အင်အားကို တစ်ဖက်လှည်နဲ့ ပြသချင်တဲ့အတွက် ခြင်္သေ့ဘုရင်ပြိုင်ပွဲကို ကျင်းပဖို့ စေခိုင်းထားပါတယ်။ရုရှားသံတမန်တွေကလည်း အကြံအစည်နဲ့လာတာဖြစ်ပြီး တစ်ဖက်မှာလည်း တိုင်ပေဆီလုပ်ငန်းပိုင်ရှင်တဖြစ်လည်း တိုင်ပေဂိုဏ်းခေါင်းဆောင်ဖြစ်သူ ကျူထန်ပါးက တခြားအဖွဲ့အစည်းတွေ ခြင်္သေ့ဘုရင် ပြိုင်ပွဲမှာ ဝင်မပြိုင်နိုင်အောင် အစွမ်းကုန်ဖျက်လိုဖျက်ဆီး လုပ်နေပါတော့တယ်။ ဒီတော့ ရုရှားနှင့် တိုင်ပေဂိုဏ်းကြားထဲမှာ ဘယ်လိုဆက်နွယ်မှုတွေရှိနေလဲ၊ ရုရှားတွေရဲ့ အကြံအစည်ကရော ဘယ်လောက်တောင် အန္တရာယ်များလဲဆိုတာကို ဝမ်ဖေးဟုန်တစ်ယောက် မိသားစု တပည့်တပန်းတွေနဲ့အတူ ရှာဖွေ ဖော်ထုတ် တားဆီးသွားမှာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(3.2 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:53:00 Genre... Action, Adventure, Biography Subtitle….Myanmar Subtitle ...
movie

Once Upon a Time in China III (1993)

1993
Once Upon a Time in China II (1992) 7.3
Once Upon a Time in China II (1992)  ဒီတစ်ခေါက် ဇာတ်လမ်းလေးမှာတော့ ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေက တရုတ်ပြည်နဲ့ နိုင်ငံရေးရာ ဆက်ဆံချင်ပြီး ခေတ်စနစ်နဲ့အညီ တိုးတက်စေချင်တဲ့အတွက် တရုတ်ကို ရောက်လာကြပြီး တရုတ်အာဏာပိုင်တွေကလည်း အသာတကြည်လက်ခံဆွေးနွေးကြပါတယ်။လက်မခံနိုင်တာကတော့ ဗုဒ္ဓလမ်းစဉ်လို့ နာမည်ခံပြီး နတ်ဘုရားတွေ မှော်လမ်းစဉ်တွေ ကျင့်ကြံမှုတွေနဲ့ လူတွေကို အယုံသွင်းထားတဲ့ ကြာပန်းဖြူဂိုဏ်းဖြစ်ပြီး ဒီဂိုဏ်းဟာ လူပေါင်းများစွာကို ဂိုဏ်းထဲကို အကြောင်းအမျိုးမျိုးနဲ့ ဆွဲဆောင်သွပ်သွင်းပြီး နိုင်ငံခြားသားတွေကို တိုင်းပြည်ကို ဖျက်ဆီးမဲ့ နတ်ဆိုးအနွယ်ဝင်တွေလို့ အယုံသွင်းကာ သုတ်သင်သတ်ဖြတ်ကြပါတော့တယ်။ဒီအချိန်မှာ မတရားမှုကို လက်သင့်မခံနိုင်တဲ့ ဖြောင့်မတ်မှန်ကန်တဲ့ ကျွန်တော်တို့ ကွန်ဖူးပညာရှင် ဝမ်ဖေးဟုန်က ဒီအစွန်းရောက်ဂိုဏ်းရဲ့ လူမဆန်တဲ့သတ်ဖြတ်မှုတွေကို ဘယ်လိုတားဆီးမလဲ သူတို့သွပ်သွင်းထားတဲ့ အယူမှားတွေကို ဘယ်လိုဖြေဖျောက်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ဒီကားထဲမှာတော့ ဂျက်လီအပြင် အိုင်ပီမန်းဆရာကြီး ဒွန်နီယန် ပါ ပါဝင်အားဖြည့်ပေးထားပါတယ်..... File size…(2.3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:53:00 Genre... Action, Adventure, Biography Subtitle….Myanmar Subtitle ...
movie

Once Upon a Time in China II (1992)

1992
Once Upon a Time in China I (1991) 7.2
Once Upon a Time in China I (1991)  ဒီဇတ်လမ်းကတော့ အများရင်းနှီးပြီးသား ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ရာဇဝင်မှာ ကျော်ကြားလှတဲ့ မဟုတ်မခံစိတ်ရှိသူ သနားတက်သူ ကြင်နာတက်သူ သဘောကောင်းလွန်းသူ သိုင်းအကျော်အမော် ဒေါက်တာ ဝမ်ဖေးဟုန် အကြောင်း ရိုက်ကူးထားသော ရုပ်ရှင်ကားဖြစ်ပြီး ကွန်ဖူးမင်းသားကြီး ဂျက်လီ မှ သရုပ်ဆောင်ရိုက်ကူးပေးထားပါတယ်...အင်္ဂလိပ်လက် ကျရောက်နေပြီး လူတွေက စိတ်ဓါတ်ပျက်ပြား အကျင့်တွေ ဖောက်ပြား နိုင်ငံခြားကို အထင်ကြီးစိတ်ဝင် ကိုယ့် လူမျိုးအချင်းချင်း အနိုင်ကျင့် ဗိုလ်ကျ တောကြောင် လက်ခမောင်း ခက်တာတွေ က အစ စိတ်ထဲ မဟုတ်မခံစိတ် ဝင်ရောက်လာအောင် ရိုက်ပြထားခဲ့ပြီး ရင်သက်ရှုမောဖွယ် သိုင်းကွက် များကို လဲ မြင်တွေ့ရမှာဖြစ်ပါတယ် ကြာမြင့်ချိန် ၂ နာရီကျော်တာမို့ မိသားစု နှင့် ကြည့်ရှုအပန်းပြေနိုင်သော ရုပ်ရှင်ကားကောင်းအဖြစ် ညွှန်းဆိုလိုက်ပါရစေ.... File size…(3.3 GB)/(2.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:14:00 Genre... Action, ...
movie

Once Upon a Time in China I (1991)

1991
The Millionaires’ Express ( 1986 ) 6.9
The Millionaires’ Express ( 1986 ) ဒီဇာတ်ကားလေးကတော့ အက်ရှင်ဇာတ်ကားကောင်းတွေကို ကြိုက်နှစ်သက်တတ်တဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ old but gold ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ -တရုတ်ပြည်သူ့သမ္ပတနိုင်ငံအစောပိုင်းကာလအချိန်မှာဇာတ်လမ်းလေးကို အစပြုထားပါတယ် ။Ching Fong Tin က ရုရှားစစ်သားတွေဆီကနေ ကုန်ပစ္စည်းတွေခိုးယူဖို့ကြိုးစားပြီးတော့ ပစ္စည်းတွေရတော့ ထွက်ပြေးဖို့လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ရုရှားစစ်သားတွေဆီမှာဖမ်းမိသွားပြီး ပြက်ရယ်အပြုခံခဲ့ရပါတယ် ။‌Ching Fong Tin ကအဲဒီလိုအဖမ်းပြန်ခံရပြီး ခက်ခက်ခဲခဲနဲ့ရုရှားစစ်သားတွေလက်ထဲကနေ ပြန်လွတ်ခဲ့ပြီး ထပ်ထွက်ပြေးခဲ့ပေမဲ့ ကံဆိုးစွာနဲ့ ထပ်ပြီး Fook loi ‌ဆီမှာ အဖမ်းခံခဲ့ရပါတယ် ။နောက်ဆုံးသူခက်ခက်ခဲခဲကြိုးစားပြီးတော့မှမွေးရပ်မြေကိုပြန်ရောက်ရှိလာပါတော့တယ် ။ ဒါပေမဲ့ အလွဲလေးတွေဖြစ်လာပြီး Fong Tin တစ်ယောက် အေးအေးချမ်းချမ်းမနေရဘဲ သူ့နောက်လိုက်လာတဲ့ Fook Loi နဲ့ပြန်တွေ့ပြီး ထပ်ပြေးရပြန်‌ပါတော့တယ် ။အဲဒီအချိန် မြို့ထဲကိုလည်း ဓားပြအုပ်စုတစ်စုရောက်လာပြီး မြို့ထဲကပြည်သူတွေကို ဓားစာခံအဖြစ်ခေါ်ပြီး ခရီးသည်တွေကိုပါ ဖမ်းစီးထားပြီးပြဿနာတွေရှာတော့ Fong Tin တစ်ယောက် ကိုယ်လွတ်ရုန်းလို့ရပါရဲ့နဲ့မရုန်းနိုင်ဘဲ မြို့ကပြည်သူတွေကိုကယ်ဖို့ ကြိုးစားပုံလေးတွေကို ဟာသလေးတွေနှောပြီး ရိုက်ကူးထားတာဖြစ်လို့ အဆုံးထိကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ Quality : Bluray 1080p , 720p  ( HEVC ) Format : mp4 Genres ...
movie

The Millionaires’ Express ( 1986 )

Dr. Wai in the Scripture with No Words (1996) 5.7
Dr. Wai in the Scripture with No Words (1996) \ \Dr. Wai in the Scripture with No Words ( 1996 )ဂျက်လီရဲ့ အင်ဒီယာနာဂျုန်းလိုလိုကားပါ။ မှတ်မိချင်မှ မှတ်မိမှာပေမဲ့ စက်ရုပ်နွားကြီးနောက် ဂျက်လီပြေးလိုက်ချတဲ့ အခန်းကိုတော့ ငယ်ငယ်က ဖြစ်ဖြစ် ကြည့်ဖူးလောက်ကြမှာပါ။ အဲဒီကားပါပဲ။ ဂျက်လီအပြင် ဟောင်ကောင်ရဲ့ အလှတရားတွေထဲ အပါအဝင်ဖြစ်တဲ့ ဂျက်လီနဲ့တွဲအရိုက်များတဲ့ Rosamund Kwan နဲ့ ashes of time , Fallen angels နဲ့ New Police Storyထဲက မင်းသမီး charlie yeung လည်းပါပါတယ်။ နောက်ဆုံးနဲ့ ဒီကားကို ကျွန်တော်ကြည့်ဖြစ်သွားတဲ့အကြောင်းရင်းဖြစ်တဲ့သူကတော့ ဟောင်ကောင်မှာပဲ ကားအလန်းစားတွေ ဆက်တိုက်အရိုက်များခဲ့တဲ့ ဂျပန်ထိုင်ဝမ်သွေးနှော Takeshi Kaneshiroပါပဲ။ cast တွေနဲ့တင် ဒီကားက တော်တော်တန်နေပါပြီ။ဇာတ်လမ်းကတော့ အင်ဒီယာနာဂျုန်းဆန်ဆန်ဘဲက အင်ဒီယာနာဂျုန်းထဲကလို ...
movie

Dr. Wai in the Scripture with No Words (1996)

Tricky Brains (1991) 7.1
Tricky Brains (1991) ​IMDb Rating (7.1) ထိ ရရှိထားတဲ့ စတီဖင်ချောင်ရဲ့ နာမည်ကြီးဇာတ်ကားတစ်ကားပါပဲ။ စတီဖင်ချောင်အပြင် မင်းသား Andy Lau.. မင်းသမီး Rosamund Kwan နဲ့ အခြားသော နာမည်ကြီးဇာတ်ရံများလဲပါဝင်ထားပါတယ်။ဒီဇာတ်ကားထဲမှာ စတီဖင်ချောင်က လူလိမ်ဝိဇ္ဇာ... လိမ်တဲ့နေရာမှာ လျပ်တပြက်ရော အစီအစဉ်တကျရော အကုန်ပိုင်နိုင်တဲ့ စွယ်စုံရလူလိမ်... ဘယ်သူ့မျက်နှာမှ မထောက်ဘဲ ပိုက်ဆံမျက်နှာတစ်ခုပဲကြည့်တတ်တဲ့ တကယ့်လူ... အဲ့...အန်ဒီလျူကျတော့ ရိုးသားကြိုးစားတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦး... ရိုးအ,လွန်းလို့ ကောင်မလေးကတောင် ရေလာမြောင်းပေးပြရတဲ့လူ... စတီဖင်ချောင်လိုလူလိမ်ဝိဇ္ဇာနဲ့ အန်ဒီလျူလိုလူရိုးလေးတို့ လျှို့ဝှက်ကိစ္စတစ်ခုနဲ့ ထိပ်တိုက်တွေ့ကြတဲ့အခါ.......။ဇာတ်ကားက အတော်ပဲရယ်ရပါတယ်...စတီဖင်ချောင်တစ်ယောက်ထဲနဲ့ကို အကွက်ပြည့်နေတာပါပဲ။ စတီဖင်ချောင်ရဲ့မျက်ခွက်ပြောင်ပုံနဲ့ ဒီဇာတ်လမ်းတစ်သားတည်းကျကြောင်းကို အောက်မှာ အစမ်းရှုပါ။တခြားတစ်ယောက်နဲ့ သူ့ကောင်မလေးစေ့စပ်သွားလို့ အသည်းကွဲနေတဲ့ အန်ဒီလျူတစ်ယောက် အရက်သောက်ရင်းညည်းတယ်။ "မိန်းမ​တွေက အ​ရေးမပါပါဘူးကွာ..." ဒါကို စတီဖင်ချောင်ကတော့လက်မခံပါဘူး..ဒီလိုပြန်ချေပပါတယ်။ "အ​ရေးပါတယ်​ကွ....သူ့ကိုလက်ထပ်ပြီးရင် မင်းနှိပ်စက်လို့ရပြီ.... ပြီးရင် သူ့ကို အပျော်မယ်လုပ်ခိုင်းပြီး ရောင်းစားလိုက်လဲရတယ်... ​တခြားလူဆီတော့ မပေးလိုက်နဲ့" တဲ့။ :Pဗရုတ်သုတ်ခ စတီဖင်ချောက်တစ်ယောက် ဘယ်လိုတွေ ပြသနာရှာပြီး အဲ့ပြသနာတွေကို သူပဲ ဘယ်လိုဖြေရှင်းသွားမယ်ဆိုတာ..ကြည့်ရှုလိုက်ပါနော်။File Size…(850 MB) and (450 MB) Quality…BluRay Rip ...
movie

Tricky Brains (1991)

1991