Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ron Funches
7.3
Under the Boardwalk (2023)
Under the Boardwalk (2023)~ IMDb - 7.3/10, Rotten Tomatoes - 90% ~ဒီကာတွန်းရုပ်ရှင်ကို Captain Underpants နဲ့ Turbo တို့ရဲ့ ဒါရိုက်တာ David Soren က ရိုက်ထားတာပါ။ အဲဒီနှစ်ကားကို တော်တော်များများလည်း သိကြမှာပါ။ ဒီအန်နီမေးရှင်းက ဒေးဗစ်ဆိုရန်ရဲ့ နောက်ဆုံးထွက် အန်နီမေးရှင်းပါပဲ။ အပေါ်ကကားတွေကိုကြည့်ဖူးတဲ့သူဆိုရင် သူ့ကားတွေ ကောင်းမကောင်းသိကြမှာပါပဲ။ အခုအန်နီမေးရှင်းကတော့ ရှေ့က သူ့ကားတွေအားလုံးထက် ဝေဖန်ရေးသမားတွေ အမြင်မှာ သာလွန်နေပါတယ်။ ထုတ်ထားတာကလည်း ပါရာမောင့်အန်နီမေးရှင်းက ထုတ်ထားတာပါ။ဇာတ်ကတော့ ရိုမီရို ဂျူးလိယက်ကို ဂဏန်းတွေနဲ့ ခင်းထားသလိုလိုပါပဲ။ ဒါကိုမှ သီချင်းတွေနဲ့ဆိုတော့ West Side Story ကာတွန်း ဂဏန်းဗားရှင်းလိုလိုပေါ့။ အဲဒီနောက် ကာတွန်းဆိုတာ ကလေးတွေကြည့်တာလို့ အကြမ်းဖျဉ်းသတ်မှတ်ထားကြတဲ့အတိုင်း ကလေးတွေအတွက် အခွံထဲကထွက်ပြီး လောကကြီးကို ရင်ဆိုင်ရဲဖို့ ...
movie
Under the Boardwalk (2023)
2023
80 for Brady (2023)
80 for Brady (2023)ဒီကားမှာတော့ 12 Angry Men ထဲက ဂန္ထဝင်မင်းသားကြီး ဟင်နရီဖွန်ဒါရဲ့သမီး ဂျိန်းဖွန်ဒါ၊ ရီတာမော်ရီနို၊ ဆယ်လီဖီးဒ်၊ လီလီတွမ်လင် စသဖြင့် ၇၀တန်းမင်းသမီးကြီးလေးယောက် အပြိုင်သရုပ်ဆောင်ထားပါတယ်။ ထူးတာက ဒီလေးယောက်လုံးက တကယ့် ဂန္ထဝင်တွေပါ။ ဂျိန်းဖွန်ဒါဆို အော်စကာ၂ဆု၊ BAFTA ၂ဆု၊ Golden Globe ၇ဆု၊ Emmy ဆု၊ ရွှေခြင်္သေ့ဆုအပြင် ကိန်းကပါ Honorary Award တွေရထားတာပါ။ မော်ရီနိုကတော့ ဟောလိဝုဒ်ရွှေခေတ်လက်ကျန်မင်းသမီးကြီးတစ်ယောက်ဖြစ်ပြီး Triple Crown of Acting လို့ ခေါ်တဲ့ ဂရမ်မီ၊ အော်စကာနဲ့ တိုနီဆု သုံးခုလုံးရထားတဲ့ မင်းသမီးအနည်းအကျဉ်းထဲက တစ်ယောက်ပါ။ တော်တော်နည်းပါတယ်။ ရုပ်ရှင်သမိုင်းတစ်လျှောက်လုံးမှ ၁၀ယောက်မပြည့်ပါဘူး။ Sally Field ကတော့ ဖောရပ်ဂန့်ရဲ့အမေနေရာကသိကြမှာပါ။ သူလည်း အကယ်ဒမီ ၂ဆု၊ ရွှေကမ္ဘာလုံး ...
movie
80 for Brady (2023)
2023
6.9
The One and Only Ivan (2020)
IMDb 6.9/10 Rotten Tomatoes 71% ရရှိထားတဲ့ Disney ဇာတ်ကားအသစ်လေးပါ။ကလေးရော လူကြီးရော အကြိုက်တွေ့မယ့်ကားပါ။ကလေးတွေကြည့်ပြီး စံထားစရာ ဇာတ်ကောင်တွေ စကားတွေ အများကြီးပါ,ပါတယ်။Silverback မျောက်ဝံကြီး Ivan ဟာ သူနေ,နေရတဲ့Markရဲ့ပြပွဲရုံထဲက ဘဝကို ငြီးငွေ့နေသူပါ။Markရဲ့ တိရစ္ဆာန်ပြပွဲ အဖွဲ့မှာ Stella ဆိုတဲ့ ဆင်အိုမကြီးတစ်ကောင်လည်း ရှိတယ်။Stella က Ivan မိတ်ဆွေတွေထဲမှာ သက်တမ်းအရင့်ဆုံးနဲ့ အမျှော်အမြင်အရှိဆုံးသူပေါ့။Markက ပြပွဲ အရှုံးပေါ်နေချိန် ပွဲကြည့်သူများလာဖို့Ruby ဆိုတဲ့ ဆင်ပေါက်လေးကို တင်ဆက်ပြသဖို့ ဝယ်ယူခဲ့တယ်။Ruby လေးကို သူ့လို ကျဉ်းကျပ်တဲ့ ဘဝမှာ မနေစေလိုတဲ့Stella ဟာ Ivan ကို ကတိတစ်ခုနဲ့အတူ အကူအညီတောင်းခဲ့တယ်။Ivan က ...
movie
The One and Only Ivan (2020)
7.3
Trolls World Tour (2020)
Trolls ဆိုတဲ့ ကာတွန်းရုပ်ရှင်လေးကို မှတ်မိကြသေးလားမသိဘူး။ သီချင်းလေးတွေ လှလှပပလေးနဲ့ ဇာတ်လမ်းကောင်းကောင်းလေးလေ။ အခု အဲဒီ Trolls ရဲ့ အဆက်လာပါပြီ။ ဒီတစ်ခါတော့ မှင်စာလေးတွေရဲ့ ကမ္ဘာကြီးကို ချဲ့ပြလိုက်ပါပြီ။ ပေါ့ပီ နဲ့ ဘရန့်ချ်တို့ဟာ သူတို့နေထိုင်တဲ့ မှင်စာမျိုးနွယ်စုဟာ ကမ္ဘာကြီးတစ်ခုလိုထင်ထားပေမယ့် မဟုတ်ခဲ့ပါဘူး။ အခြားသောမှင်စာ မျိုးနွယ်လေးတွေ ရှိပါသေးတယ်။ အဲဒီမျိုးနွယ်တွေက တကယ်တော့ ဂီတအမျိုးအစားအပေါ် အကြိုက်မတူကြလို့ ရှေးရှေးတုန်းက လမ်းခွဲခဲ့ကြတဲ့ မျိုးနွယ်တွေပါပဲ။ ဟာ့ဒ်ရော့ခ်၊ ကလက်စစ်ကယ်၊ တက်ခ်နို၊ ကန်းထရီး၊ ဖန့်ခ်၊ ပေါ့ပ် ဆိုပြီး ၆ ခု ကွဲနေကြတာပါ။ ပေါ့ပီတို့ကတော့ ပေါ့ပ် မျိုးနွယ်စုပါပဲ။ ဟာ့ဒ်ရော့ခ် မျိုးနွယ်စုရဲ့ ဘုရင်မ ဘာ့ဘ်က မျိုးနွယ်အားလုံးကို အနိုင်ယူပြီး မှင်စာအားလုံးကို ရော့ခ် ဂီတတစ်ခုတည်းအောက်မှာ အုပ်ချုပ်ဖို့ ကြိုးစားလာတဲ့အခါ ပေါ့ပီ နဲ့ ဘရန့်ချ်တို့ စွန့်စားခန်းတွေ ထပ်ဖွင့်ပြီး ဘာ့ဘ်ကို တားဖို့ ကြိုးစားရပါတော့တယ်။ ဇာတ်လမ်းဖတ်မိတာနဲ့ ဒီတစ်ခါ ဂီတအစုံ နားထောင်ရတော့မယ်ဆိုတာကို ကြိုသိမှာပါ။ ဇတ်လမ်းကလည်း အတော်ကောင်းတာမို့ အားရပါးရ ကြည့်ပြီး အပန်းဖြေလို့ ရပါပြီ။ Little Neo က ဘာသာပြန်ပေးထားပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်။
movie
Trolls World Tour (2020)
6.2
Jexi (2019)
ဇာတ်လမ်းအကျဉ်းကတော့ ဖေးလ်က သူငယ်ချင်းမရှိ ချစ်သူမရှိနဲ့ ပျော်စရာမကောင်းတဲ့ဘဝမှာ နေထိုင်တဲ့သူတစ်ယောက်ပါပြီးတော့သူဟာ ဖုန်းသုံးစွဲရတာအလွန် နှစ်သက်တဲ့သူပေါ့တနေ့မှာ ဖုန်းလဲဖို့ကြုံလာတော့ ဖေးလ် တစ်ယောက် ဖုန်းအသစ်မှာပါတဲ့ AI assistant,Jexiနဲ့တွေ့ပါတော့တယ်jexi ဟာလူတွေရဲ့ဘဝ ကိုပိုမိုတိုးတက်ကောင်းမွန်အောင်လုပ်ဖို့ ဖန်တီးထားတဲ့smart ph AIတခုဖြစ်ပြီးJexi ရဲ့အကူအညီနဲ့ ဖေးလ် ဟာ တကယ့်ဘဝမှာသာယာလာပြီးတော့ ဖုန်းမလိုတော့တဲ့ အခြေအနေ တခုကို ရောက်သွားချိန်မှာJexi ကလည်းဖေးလ်ကိုသံယောဇဉ်တွေ တွယ်ပြီး သူ့အနားပဲ ရှိနေစေချင်တော့တဲ့အခါမှာ ဘလိုတွေဆက်ဖြစ်လာမလဲ ဆိုတာကိုတော့.........ဟာသဆန်ဆန်ရိုက်ကူးထားပြီး ဒီဘက်ခေတ် ဖုန်းAI တွေရဲ့အရေးပါပုံ အသုံးဝင်ပုံတွေနဲ့AI တွေက လူတွေထင်ထားတာထက် ပိုမိုပြီး သာလွန်ကောင်းမွန်နေတဲ့အခါလူတွေရဲ့ဘဝအပေါ်လွှမ်းမိုးချုပ်ကိုင်လာနိုင်တာတွေကိုအကောင်းဆုံးပုံဖော်ပြီးရိုက်ကူးတင်ပြထားတာပဲဖြစ်ပါတယ်။Ps>18+ အသုံးအနှုန်းများပါဝင်တာကို အသိပေးပါရစေခင်ဗျာ.... File Size : ( 791 MB , 287 MB )Quality : WEB-DL 720pRunning Time : 1 hr 24minFormat : Mp4 ...
movie
Jexi (2019)