Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rohini Hattangadi
5.6
The Family Star (2024)
The Family Star (2024) ( ချစ်ခြင်းဖြင့်မုန်းစေ) အသစ်စက်စက် ထွက်ရှိလာပြီး IMDb 5.5/10 ရရှိထားပြီး မင်းသားဗီဂျေးအငယ်နဲ့အတူ အကြည့်တွေစူးရှလှပတဲ့မင်းသမီးလေးမရူနာထာကူးရ်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဘောလိဝုဒ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဒီကားလေးမှာဆိုရင်တော့ ဂိုဗာဒါဟာ ပါလေရာပါတဲ့ ပွကြီးပါ။ အမေ၊ အစ်ကိုတွေ၊ မရီးတွေရဲ့ အရေးမှန်သမျှကို ခေါင်းပေါ်တင်ထားရတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပါပဲ။ကိုယ့်အတွက် အိမ်ထောင်ရေးဆိုတာကို မစဉ်းစားနိုင်လောက်အောင် အလုပ်တွေလုပ်၊ အိမ်မှာ လောက်ငှပြည့်စုံဖို့အရေး ငွေကို တစ်ပြားက နှစ်ပြားခွာတဲ့ လူပျိုကြီးပါပေါ့။အင်ဒူကတော့ ချမ်းသာတဲ့သူဌေးမလေးဖြစ်ပြီး ဂိုဗာဒါနဲ့ အိမ်အငှားကိစ္စတစ်ခုကတဆင့်သိပြီး ကြိုက်သွားကြပါတော့တယ်။ ဒါပေမဲ့ ကံကြမ္မာအလှည့်အပြောင်းက နှစ်ယောက်ကြားဝင်လာတဲ့အခါမှာတော့ အချင်းချင်းအထင်တွေလွဲမုန်းတီးပြီး ကလဲ့စားချေမယ်တွေပါ ဖြစ်ကုန်တော့တာပါပဲ။ချစ်ခြင်းနဲ့မုန်းတဲ့အမုန်းတရားမှာ ဘာကအနိုင်ရသွားမလဲ။ သူတို့ကြားက နားလည်မှုတွေလွဲခဲ့ရတဲ့ ဖြစ်ရပ်ကရောဘာဖြစ်မလဲ။ ဂိုဗာဒါတစ်ယောက် အိမ်တွင်းရေးအရှုပ်တော်ပုံတွေကနေရော ရုန်းထွက်နိုင်သွားမလား....။ အညွှန်းနဲ့ဘာသာပြန်ကတော့ CM BOLLYWOOD TEAM ကပဲဖြစိပါတယ်ရှင်။ File size…2.56GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM BOLLYWOOD ...
movie
The Family Star (2024)
2024
8.2
Baipan Bhari Deva (2023)
Baipan Bhaari Deva (2023) "မိန်းမသားတို့ ဘဝ"IMDb 8.2 ရထားပြီး ဘတ်ဂျက် ၅ ကုဋေသာ အကုန်ကျခံရိုက်ကူးထားပေမဲ့ ရုံတင်ငွေ ၉၂ ကုဋေအထိ (အမြတ် ၁၈ ဆ) ပြန်လည်ရရှိခဲ့ပြီး ထင်မထားပဲ ပေါက်ခဲ့တဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗြိတိန် ရုပ်ရှင်ဆုပေးပွဲ BAFTA မှာ ၁၉၈၂ က ဂန္ဒီရုပ်ရှင်နဲ့ အကောင်းဆုံးဇာတ်ပို့မင်းသမီးဆု ရရှိခဲ့ဖူးတဲ့ တစ်ဦးတည်းသော အိန္ဒိယမင်းသမီး Rohini Hattangadi ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းလေးကတော့ ညီအစ်မခြောက်ယောက်ရဲ့ အခက်အခဲကိုယ်စီနဲ့ သူတို့ရဲ့ ဘဝနေထိုင်မှုတို့ကို ဟာသလေးနှောပြီး တင်ဆက်ထားတာပါ စိတ်ဓာတ်ကျနေတဲ့ ဂျာရာ၊ ယောကျာ်းက အမြဲတမ်းတစ်ခုပြီးတစ်ခု ခိုင်းတာခံရတဲ့ ချာရူ၊ သမီးဖြစ်သူက ယောက္ခမကို အမေထက် ပိုဂရုစိုက်အလေးပေးနေလို့ စိတ်အားငယ်နေတဲ့ မိခင်တစ်ယောက်ဖြစ်သူ ရှာရှီ၊ အိမ်ထောင်ရေးပြဿနာကို ရင်ဆိုင်နေရတဲ့ ပါလာဗီနဲ့ ချွေးမကိုအလေးမထားတဲ့ ယောက္ခထီးကို ပိုင်ဆိုင်ထားသူ ဆာဒါနား တို့ရဲ့ ဘဝအခက်အခဲတွေ မိန်းမသားတို့ဘဝရဲ့ ကြမ်းတမ်းမှုတွေကို ...
movie
Baipan Bhari Deva (2023)
2023
6.6
Jalsa (2022)
Jalsa 2022IMDb 6.3ဒီတစ်ခေါက်မှာတော့ Drama/ Thriller movie ဖြစ်တဲ့ Jalsa ကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဥ်းချုပ်ကတော့ ကားတိုက်ပြေးမှုကိုဖော်ထုတ်မယ့် ဇာတ်ကားတစ်ကားပါညဉ့်နက်ကားမောင်းရင်းအိပ်ငိုက်လာတဲ့ မာယာတစ်ယောက်သူ့အိမ်ဖော်ရဲ့သမီးဖြစ်သူကိုဝင်တိုက်မိခဲ့ပေမယ့် တာဝန်မယူဘဲထွက်ပြေးခဲ့ပါတယ် ဒါကို မာယာတိုက်ပြေးတယ်မှန်းမသိဘဲမာယာတို့ကုမ္ပဏီမှာအလုပ်သင်အဖြစ်လုပ်နေတဲ့ တက်သစ်စဂျာနစ်လစ်မလေးကလိုက်လံစုံစမ်းနေခဲ့ပါတယ်ဇာတ်လမ်းကထင်သလောက်တော့ရိုးရှင်းမနေပါဘူး ငွေသုံးနိုင်ရင်အနိုင်ရနေတဲ့ခေတ်ကြီးမှာအမှန်တရားကအနိုင်ရနိုင်ပါ့မလား ဒီအမှုကရောဘာတွေဆက်ဖြစ်သွားမလဲဆိုတာစိတ်ဝင်တစားကြည့်ရှုနိုင်ရန်တင်ဆက်ပေးလိုက်ရပါတယ်ရှင်(အညွှန်းကို Yunniမှရေးသားပေးထားပါတယ်) File size…1.5GB / 700MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Poe & Yunni & Honey
movie
Jalsa (2022)
2022
8.0
Gandhi (1982)
Gandhi (1982)============IMDb Rating - 8.0/10ခေတ်သစ် Civil Disobidence အယူအဆကို ဖန်တီးဖော်ထုတ်ခဲ့တာကတော့ အိန္ဒိယလွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီ လို့ဆိုပါတယ်။၊Civil Disobedience Movementရဲ့ သက်ရောက်မှုကို သိပ်အယုံအကြည်မရှိတဲ့လူတွေ ရှိကောင်းရှိပါလိမ့်မယ်။ဂန္ဒီလုပ်ခဲ့တဲ့ CDMရဲ့ သက်ရောက်မှုဟာ တစ်စတစ်စနဲ့ ဗြိတိသျှတို့ရဲ့ ကြီးမားလှတဲ့ အင်ပါယာကြီးကိုတောင် အတော်လေး အထိနာစေခဲ့ပါတယ်။ သူရဲ့ဝါဒကတော့ ရှင်းပါတယ်။ အကြမ်းမဖက်ဘူး မပူးပေါင်း မနာခံဘူး။အကြမ်းမဖက်တာက အပြောတော့လွယ်ပါတယ် တစ်ဖက်က အကြမ်းဖက်လို့ ကိုယ့်အသားနာလာရင် သွေးရူးသွေးတန်းနဲ့ ပြန်အကြမ်းဖက်မိနိုင်ခြေသိပ်များပါတယ်။ အထူးသဖြင့် အကြမ်းမဖက်လို့ ရနိုင်မယ့် အကျိုးကျေးဇူးကို မသိရင်ပေါ့။ပြောရရင် CDMရဲ့ နောက်ဆက်တွဲအကျိူးကျေးဇူးကို မသိရင်ပေါ့။ ဂန္ဒီလက်ကိုင်ထားခဲ့တဲ့ဝါဒဟာ Civil Disobidenceပါပဲ။ CDMနဲ့ ပက်သက်ပြီး ဒီရုပ်ရှင်မှာ ဖြစ်ရပ်မှန် သာဓကတွေအများကြီးပါပါတယ်။CDMကို ဒီရုပ်ရှင်သာမကြည့်ခဲ့မိရင် ဒီလောက်အထိစွမ်းမယ်လို့ လုံး၀ဥဿုံ ထင်ချင်မှလည်းထင်မိမှာပါ။ မိတ်ဆွေတို့ကိုတော့ မဆိုလိုဘူးပေါ့။ ဒါကျွန်တော့်ရဲ့တုံးအမှုပါပဲ။ဂန္ဒီပြောသလိုပါပဲ "သူတို့ ကျုပ်တို့ကို ကြိုက်တာလုပ်လို့ရပါတယ်။ ဒါပေမဲ့ ကျုပ်ရဲ့ နာခံမှုကိုတော့ ကျုပ်မပေး မချင်းသူတို့မရနိုင်ပါဘူး"CDMဟာ အင်အားချင်းမတုံ့ပြန်နိုင်တဲ့လူတွေအတွက် အကောင်းဆုံးလက်နက်ပါပဲ။မိတ်ဆွေ ဒီထက်နားလည်သွားမှာတွေအများကြီး ပိုပါပါသေးတယ်။ ဒါပေမဲ့ ကျွန်တော် မပြောပြတတ်ပါဘူး။ မပြောချင်တာ မဟုတ်ပါဘူး။နိုင်ငံရေးနဲ့ပက်သက်ပြီး ကျွန်တော် ဘာမှနားလည်တဲ့လူတော့ မဟုတ်ပါဘူး ဒါပေမဲ့ သေချာတာက ခင်ဗျား ဒီရုပ်ရှင်ကိုကြည့်ပြီး CDMအစစ်ရဲ့ သက်ရောက်မှုကို ကောင်းကောင်းကြီးသိသွားမှာပါ။ ဒါပါပဲ။ CDMနဲ့တစ်နိုင်ငံလုံး ပက်သက်နေတဲ့အချိန်မှာ ဒီရုပ်ရှင်ကို ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါ။ ကြည့်ကြစေချင်ပါတယ်။ ဒါကျွန်တော့်ရဲ့ စိတ်စေတနာအမှန်ပါပဲ။တစ်ခါတလေကျ ဒီကမ္ဘာကြီးမှာ ကျွန်တော်တို့ ဘာမှမတတ်နိုင်ပါဘူးလို့ ထင်ကောင်းထင်ရတဲ့ နေ့တွေရှိမယ်။ ကိုယ့်ဖြစ်တည်မှုရဲ့ သိမ်ဖျင်းသေးနုပ်မှုကို စိတ်ပျက်အားငယ်မိတဲ့နေ့တွေရှိမယ်။တစ်ခါတလေ ဒီကမ္ဘာကြီးက အဓိပ္ပာယ်မရှိပါဘူးလို့တွေးမိတဲ့ အခါတွေများမှာ အဓိပ္ပာယ်ရှိခဲ့တဲ့လူတစ်ယောက်ရဲ့ ဘ၀အကြောင်းကို သိထားတာဟာ ကျွန်တော်တို့ ဘာမှမတတ်နိုင်ဘူးထင်ရတဲ ကမ္ဘာကြီးမှာ မျှော်လင့်စရာကလေးတွေ ကျန်သေးကြောင်း အသိပေးကောင်းပေး နိုင်ပါလိမ့်မယ်။တကယ်လို့်များ မိတ်ဆွေစိတ်ပျက်အားငယ်မိရင် ဂန္ဒီပြောဖူးတဲ့စကားလေးတစ်ခုကို သတိရလိုက်ပါ။ " ...
movie
Gandhi (1982)
1982
8.2
Munna Bhai M.B.B.S. (2003)
ဒီကားကို 3 idiot ဒါရိုက်တာ Rajkuma Hirani ရိုက်ကူးခဲ့ပြီး နာမည်ကြီးမင်းသား (Sanjay Dutt)မင်းသမီးချော Gracy Singh နဲ့ 3 idiot ထဲက ဗိုင်းရပ်ကြီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ (Roman Irani)တို့ က အဓိကပါဝင်ခဲ့ပါတယ်. Sanjay ဟာ လူမိုက်ခေါင်းဆောင်တစ်ယောက်ပါ ပြန်ပေးဆွဲတယ် လိုချင်တာကို မရ ရတဲ့နည်းနဲ့ ယူတယ် တပည့်လူမိုက်တွေလည်း အများကြီး ....သို့ပေမဲ့ သူ့မိဘတွေသိထားတဲ့အဖြစ်က Sanjay ဟာသိပ်ကိုထူးချွန်တဲ့ ဆရာဝန်တစ်ယောက် ဒီလိုဖြစ်အောင်လည်း Sanjay က လိမ်ထားနိုင်တယ် မိဘတွေသူ့ဆီအလည်လာရင် သူတို့နေတဲ့ အဆောက်အဦးဟာ ဆေးရုံဖြစ်သွားပြီး တပည့်တွေက လူနာတွေဟန်ဆောင်ကြတယ် မိဘတွေက တစ်နေ့တော့ ဆရာဝန်မတစ်ယောက်နဲ့ စေ့စပ်ပေးကြတယ်...စေ့စပ်ပွဲမှာ သူဆရာဝန်အဖြစ် လိမ်ထားမှန်းအားလုံးက သိသွားကြတဲ့အပြင် တန်ဘိုးတစ်စက်မှမရှိတဲ့လူအဖြစ် ဆက်ဆံခံလိုက်ရတော့ Sanjay ဟာ မခံချင်စိတ်နဲ့ရည်မှန်းချက်ကြီးတစ်ခုထားလိုက်တယ်...အဲ့ဒါက သူတကယ့်ဆရာဝန်အစစ်အမှန် ဖြစ်ရမယ် သူတကယ်ကြိုးစားမယ်ဆိုတာပဲ.....သူဘယ်လိုတွေကြိုးစားလဲ ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရလဲ ဆိုတာကိုတော့ ဒီကားက အတော်လေးရယ်ရတယ် ဟာသလေးတွေနှောပြီး message လေးတွေပေးသွားတယ် ဒီကားထဲက လူကြမ်းကြီးက ကျွန်တော်တို့လျစ်လျူရှုထားတဲ့ ...
movie
Munna Bhai M.B.B.S. (2003)
2003