Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Richard Kind
8.2
Inside Out (2015)
ဒီနေ့တော့ CM ပရိတ်သတ်တွေအကြိုက်တွေ့စေမယ့် Animation ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်..နိုင်ငံတကာမှာလည်းအောင်မြင်မှုများစွာရခဲ့သလို..ရုပ်ရှင်ဝေဖန်ရေးတွေကလည်း ချီးကျူးထားတဲ့ Animation ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ် ..Animation တကားအနေနဲ့လည်း ထူးထူးခြားခြား IMDb Rating မှာ 8.5 အထိ တောင်ရောက်ရှိထားတာမို့ ကောင်းလားမကောင်းလားဆိုတာလုံးဝစဉ်းစားနေစရာလိုမှာလည်းမဟုတ်တဲ့အပြင်..ကြည့်သင့်တဲ့ Animation ဖြစ်ကြောင်းအသိ ပေးချင်ပါတယ်။အညွှန်းလေးအရင်ခံစားကြည့်ရအောင်အညွှန်းကနည်းနည်းတော့ရှည်ပါတယ်..သေသေချာချာခံစားချင်ရင် တော့စာကိုအဆုံးထိဖတ်ဖို့အကြံပေးလိုက်ပါတယ်..ဒီကားက Pixar ရဲ့ ကာတွန်းကားကောင်းတစ်ကားဖြစ်ပြီး၊ ကလေးလူကြီးမရွေး ကြည့်နိုင်တဲ့ဇာတ်ကား ကောင်းတစ်ကားပါ။The Incredibles ဇာတ်ကား Review တုန်းက Pixar ရဲ့ အကြောင်း ပရိတ်သတ်ကြီးကို ပြောပြခဲ့ဖူးပါတယ်။ဒီကုမ္ပဏီကရိုက်တဲ့ ကာတွန်းတိုင်းက ဇာတ်လမ်းကောင်းပြီး အနုပညာရသမြောက် တယ်လို့ အားလုံးသိထားကြပါတယ်။ဒီကားကလည်း ဒီအတိုင်းပဲ အနုပညာရသမြောက်အောင် ရိုက်ကူးထားနိုင်သလို၊ တကယ့် ဝမ်းနည်းကြည်နူး စရာ ကောင်းပြီး၊ခံစားချက်ရသစုံပေးနိုင်အောင် ရိုက်ကူးထား နိုင်တာတွေ့ရပါတယ်။Pixar အကြောင်းပြောရင် Toy Story 1, 2, 3 ကို မပြောပဲ နဲ့မပြီးပါဘူး။ ဒီသုံးကားက ...
movie
Inside Out (2015)
2015
4K HEVC
6.5
Hereafter (2010)
Hereafter (2010)ဒီကားလေးကတော့ Fantasy Romance အမျိုးအစား ဒရာမာကားကောင်းလေးပါ။ Director ကလည်း စွယ်စုံရ အကျော်အမော်တစ်ပါးဖြစ်တဲ့ Clint Eastwood ဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်ကလည်း Matt Damon ဖြစ်တဲ့အပြင်ကို အော်စကာမှာလည်း CGI ဆု ဆန်ခါတင်ဝင်ခဲ့သေးတာမို့ အရွေးမမှားစေမယ့်ကားကောင်းတစ်ကားပါပဲ။ဇာတ်လမ်းလေးက တမလွန်အကြောင်းကိုအခြေခံရိုက်ကူးထားတာပါ။ တမလွန်ဆိုတဲ့အရာကို လူတိုင်းပြောဖို့ကြောက်လန့်ကြတယ် ဆန့်ကျင်ကြတယ်တဲ့။ ဒီကားထဲမှာတော့ တမလွန်ကို ဆိတ်ငြိမ်အေးချမ်းတဲ့ ဗလာနယ်လို တင်ဆက်ထားပါတယ်။ဇာတ်လမ်းကိုတော့ တစ်နိုင်ငံစီမှာနေနေကြတဲ့ တမလွန်ကိုဆက်သွယ်နိုင်တဲ့အမေရိကန်တစ်ယောက်ရယ်၊ လတ်တလောမှ သေရွာကနေပြန်လာနိုင်ခဲ့တဲ့ ပြင်သစ်သတင်းကြေညာသူရယ်၊ အမြွာအစ်ကိုကိုဆုံးရှုံးထားခါစ လန်ဒန်ကကောင်လေးတစ်ယောက်ရယ် သူတို့သုံးယောက်ကိုအခြေတည်ထားပြီး မျဥ်းပြိုင်လိုဖြစ်နေတဲ့ သူတို့တွေရဲ့ဘ၀တွေက ဘယ်နေရာမှာဆုံစည်းကြမလဲ... ဘာအကြောင်းကြောင့်လဲ... ဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.55GB, 1.2GB Quality - 1080p, 720p IMDb Rating - ...
movie
Hereafter (2010)
2010
7.1
Beau Is Afraid (2023)
Beau Is Afraid (2023)~ IMDb - 7.1/10, Rotten Tomatoes - 67% ~မင်းသားကြီး ဝါကင်းဖီးနစ်ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဟာသ၊ ဒရာမာ၊ ဟော်ရာ အမျိုးအစားပါ။ ရုပ်ရှင်လောကရဲ့ ထူးထူးဆန်းဆန်းနဲ့ ပြောင်မြောက်တဲ့ ရုပ်ရှင်တွေကို ထုတ်လုပ်နေကျ A24 ကုမ္ပဏီရဲ့ ရုပ်ရှင်ပေါ့။ ဒါရိုက်တာကလည်း ဟော်ရာရုပ်ရှင်လောကရဲ့ ပြောစမှတ်ဖြစ်စရာ ရုပ်ရှင်နှစ်ကားဖြစ်တဲ့ Midsommar နဲ့ Hereditary ကို ရိုက်ခဲ့တဲ့ Ari Aster ပါပဲ။ သူကိုယ်တိုင် ဇာတ်ညွှန်းရေး ဒါရိုက်တာ၊ တွဲဖက်ထုတ်လုပ်သူအဖြစ်လုပ်ခဲ့တာပါ။ ရုပ်ရှင်တစ်ခုလုံးက အိပ်မက်ဆိုးကြီးနဲ့ တူနေပါတယ်။ ကြောက်စရာတွေ ရယ်စရာတွေ သောင်းပြောင်းဖြစ်နေပြီး တစ်ခုကနေ တစ်ခုကို ခုန်ကူးသွားပါတယ်။ဒီရုပ်ရှင်ဟာ မူလက ၄ နာရီစာ ရိုက်ကူးဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ရုံတင်ဖို့အတွက် ၂ နာရီ ၅၉မိနစ် ...
movie
Beau Is Afraid (2023)
2023
4K HEVC
N/A
Auggie (2019)
IMDb (4.9)/ Rotten Tomatoes (85%)ဖီးလစ် ဆိုတဲ့ ဗိသုကာပညာရှင်တစ်ဦးဟာ အသက်အရွယ်ရလာတာကြောင့် ကုမ္ပဏီကနေ အနားယူလိုက်ပါတယ်။ ကုမ္ပဏီက နှုတ်ဆက်ပွဲမှာ ဝန်ထမ်းတွေက ဖီးလစ် ကို မျက်မှန်လေးတစ်လက် လက်ဆောင်ပေးခဲ့ပါတယ်. အဲ့ဒီမျက်မှန်ဟာ သာမန် မျက်မှန်မျိုးမဟုတ်ပါဘူး အော်ဂီ လို့ အမည်ရတဲ့ ကိုယ့်အတွင်းစိတ်က လိုချင်တပ်မက်တဲ့ တစ်စုံတစ်ယောက်ကို ကိုယ့်ရှေ့ကို ပရိုဂျက်တာကဲ့သို့ ပုံရိပ်ထင်လာစေတဲ့ အဆင့်မြင့် နည်းပညာသုံး AR assistant မျက်မှန် ပါ။ ဖီးလစ် ဟာ အလုပ်က အနားယူထားလို့ လုပ်စရာမရှိတာကြောင့် အော်ဂီ မျက်မှန် ကို စမ်းတပ်ကြည့်ရာ သူ့ရှေ့ကို အင်မတန်ချောမောလှပတဲ့ မိန်းမငယ်လေးတစ်ယောက် ပေါ်လာပါတော့တယ်။ ဖီးလစ်ဟာ ထိုကောင်မလေးကို တဖြည်းဖြည်းစွဲလမ်းလာပါတယ်။ ဒါပေမယ့် မျက်မှန်တပ်မှ မြင်ရတဲ့ ပုံရိပ်ယောင်ဆိုတော့ ဘာမှ လုပ်မရဘူးပေါ့။ အဲ့ဒီလိုနဲ့ ဖီးလစ် ဟာ မျက်မှန်ထဲမှ ထိုကောင်မလေးကို ထိတွေ့လို့ ရအောင် ကြိုးစားရာကနေ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ဒီကားလေးမှာ ကြည့်လိုက်ပါ။ (Zawgyi)ဖီးလစ် ...
movie
Auggie (2019)
2019
5.6
The Last Laugh (2019)
ဘတ်ဒီဂရင်းဆိုတဲ့သူဟာ သူချစ်ခင်မြတ်နိုးလှတဲ့တစ်ကိုယ်တော်လူရွှင်တော်အလုပ်ကိုနှစ်ပေါင်း၅၀လောက်ရပ်နားထားရာကနေသူရဲ့သူငယ်ချင်းဟောင်းဖြစ်သူ အယ်လ်ဟာ့ဆိုတဲ့သူနဲ့တွေ့ဆုံပြီးအယ်လ်ရဲ့တိုက်တွန်းမှုကြောင့် လူရွှင်တော်အလုပ်ကို ပြန်လုပ်ဖြစ်သောအခါ...နှစ်အတန်ကြာရပ်နားပြီးယခုမှပြန်လုပ်ရသော ဘတ်ဒီ့အဖို့ လွယ်ကူပါ့မလား...ဘယ်လိုအခက်အခဲတွေရှိနေမလဲ...သူ့ဆုံးဖြတ်ချက်တွေကရော မှန်ကန်နိုင်ပါ့မလား...လူတစ်ယောက်ဟာ ကိုယ်သဘောကျနှစ်သက်ရတဲ့အလုပ်ကိုလုပ်နေရရင် အပျော်ရွှင်ဆုံးဖြစ်နေတတ်တယ်ဆိုတဲ့စကားဟာရောလက်တွေ့မှာဖြစ်နိုင်ပါ့မလား...ဒါ့အပြင်ဒီကားထဲမှာ ဘတ်ဒီနဲ့အယ်လ်ဟာ အသက်သာကြီးနေပေမယ့်စိတ်ကတော့နုပျိုနေဆဲဖြစ်တာကြောင့်သူတို့နှစ်ယောက်ရဲ့ပြောဆိုလုပ်ကိုင်ပုံလေးတွေကလဲကြည့်ရှုသူတွေကိုရယ်မောပျော်ရွှင်စေရမှာပါ File Size : (927 MB) & (293 MB)Quality : 720p HDRipRunning Time :1 Hr 30 minFormat : Mp4Genre : Comedy Subtitle : Myanmar Subtitle (Hard Sub)Translated by Pone ThoneEncoded by Moe Myint Lwin
movie
The Last Laugh (2019)
2019
7.2
A Bug’s Life (1998)
A Bug's Life (1998) IMDb - 7.2/10_____Rotten - 92% A Bug's Life ဆိုတဲ့ Animation ,နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ IMDb မှာလည်း 7.2 ရရှိထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဒီကားက ထွက်ခဲ့တဲ့ခုနှစ်က မြင်တဲ့အတိုင်းပါပဲ..ကြာခဲ့ပြီဖြစ်ပါတယ်...သို့ပေမယ့် ကြည့်ဖူးတဲ့သူတွေအတော်များများက ကောင်းတယ်လို့ညွှန်းတာရော IMDb..နဲ့ Rotten ကလည်း ဖျားချင်လောက်စရာကြီးဆိုတော့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဇာတ်လမ်းလေးကတော့ ပုရွက်ဆိတ်များရဲ့ အချိန်တော်တော်များများဟာ အစာရှာနေရတာပါပဲ..အဓိက အစာရှာပေးရတာက နှံကောင်တွေအတွက်ပါပဲ.. အစဉ်အလာလိုဖြစ်နေတဲ့အပြင် နှံကောင်တွေကိုလည်း မတွန်းလှန်နိုင်တော့ ပုရွက်ဆိတ်အားလုံးဟာ အစာရှာပေးနေဆဲပါပဲ..။ .အစာကို နွှင်ရ သယ်ရ ဆိုတော့ အချိန်တွေလည်းအတော်ကုန်တယ်.. ဒါကို အသစ်အဆန်းတွေ တီထွင်ရတာကို ဝါသနာပါတဲ့ Flik ဆိုတဲ့ ပုရွက်ဆိတ်က ဖြေရှင်းဖို့ကြိုးစားတယ်... သို့ပေမယ့် သူဘာလုပ်လုပ် အကောင်းမမြင်ကြသလို သူလုပ်တာတွေကလည်း အလွဲလွဲအချော်ချော်တွေကြီးပဲ... တနေ့မှာတော့ Flik ကြောင့် ပုရွက်ဆိတ်တွေ ကမ္ဘာပျက်သလိုဖြစ်ကုန်တယ်.. နှံကောင်တွေအတွက် ပေးရမယ့်အစာပမဏအတော်များများဟာ Flik ကြောင့်ပျောက်သွားလို့ပါ... ကိုင်း Flik တို့ ပုရွက်ဆိတ်တွေ ဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးဗျို့... ဇာတ်လမ်းအညွှန်းနဲ့ ...
movie
A Bug’s Life (1998)
1998
6.2
Big Stan (2007)
Big Stan (2007)_____IMDb - 6.2/10 အိမ်ခြံမြေအကျိုးတော်ဆောင်တယောက်ဖြစ်တဲ့စတန်မင်တန်တယောက်လိမ်လည်မှုနဲ့ထောင်နန်းစံရမယ့်အဖြစ်ကိုရောက်လာခဲ့ပါတယ်။ ထောင်ထဲမှာထောင်သားအချင်ချင်းမုဒိန်းကျင့်တဲ့အကြောင်းတွေကြားဖူးနေတဲ့စတန်ဟာသူ့ထောင်ကျရတော့မှာ ကိုတွေးပြီးကြောက်နေပါတော့တယ်။ထောင်မကျမှီအချိန်အတွင်းကြံမိကြံရာကြံရင်းစတန်တယောက်သူ. ကိုဘက်စုံတိုက်ခိုက်ရေးကျွမ်းကျင်သူအဖြစ်သင်ပေးမယ့်ဆရာတယောက်နဲ့တွေ့ခဲ့ပါတယ်။ အဲဒီဆရာကျေးဇူးနဲ့ပဲထောင်ထဲရောက်တဲ့အခါအားနည်းသူတွေအကူအညီလိုသူတွေကိုကူညီတိုက်ခိုက်ပေးရင်းဆရာကြီး တပါးဖြစ်လာပါတယ်။ ထောင်တွင်းအနိုင်ကျင့်မှုတွေကိုကာကွယ်ရင်းထောင်သားတွေရဲ့လေးစားမှုကိုရလာခဲ့ပါတယ်။ ဒါပေမယ့်တဖက်မှာလည်းအကျင့်ပျက်ထောင်ဝန်ထမ်းတဦးရဲ့အမြတ်ထုတ်ဖို့ကြံစည်နေတာကလည်းစတန် အတွက်ဘေးကြပ်နံကြပ်ဖြစ်နေပါတယ်။ အဲတော့စတန်တယောက်ဘယ်လိုေ့ရှဆက်နိုင်မလဲဆိုတာကတော့ပေါ့ပေ့ါပါးပါးနဲ့ဟာသလေးတွေနှောထားတဲ့ BigStanဇာတ်ကားလေးကိုကြည့်လိုက်ရအောင်ဗျာ။ ထောင်တွင်းအနိုင်ကျင့်မှုအထူးသဖြင့်မုဒိန်းကျင့်မှုကိုရှုံ့ချဖို့ဦးတည်ပြီးဟာသလေးတွေနဲ့တင်ဆက်ထားတာပါ။ ညအားလပ်ချိန်တွေကိုရယ်ရင်းမောရင်းအပန်းဖြေလိုက်ရအောင်ပါ။ ဒီကားလေးကို၂၀၀၇ခုနှစ်မှာထုတ်ဝေခဲ့ပြီးဝင်ငွေ၈.၇သန်းရရှိခဲ့ပါတယ်။ ညစ်ညမ်းတဲ့အသုံးအနူန်းတွေပါရှိလို. မိသားစုနဲ.အတူကြည့်ဖို့မသင့်တော်ပါဖူးခင်ဗျာ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Fridays ပဲဖြစ်ပါတယ်) File Size : 860 MB Quality : Bluray 720P Running Time : 1hr 45minutes Format : Mp4 Genre : Action, Comedy Translator : Fridays Encoder :Thanhtike Zaw
movie
Big Stan (2007)
2007