Channel Myanmar

Richard Jutras

The Whole Nine Yards (2000) 6.7
The Whole Nine Yards (2000) The Whole Nine Yards (2000)~ IMDb rating - 6.7/10 ~Nicholas "Oz" Oseransky ဟာ လူချစ်လူခင်များပြီး စိတ်ထားကောင်းတဲ့ ကူညီတတ်တဲ့ သွားဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အိမ်မှာတော့ သူ့ကိုတစ်ချိန်လုံးထိုင်နှိပ်စက်နေတဲ့ဇနီးဆိုးနဲ့ ယောက္ခမဆိုးတွေကြောင့် ဒီအိမ်ထောင်ရေးကနေထွက်ပေါက်ရှာချင်နေတဲ့သူပါ။တစ်နေ့မှာတော့ သူတို့ဘေးအိမ်ကိုပြောင်းလာတဲ့လူဟာ သူ့ဂိုဏ်းခေါင်းဆောင်ကိုလက်ထောက်ချပြီး လာရှောင်တိမ်းနေတဲ့ နာမည်ကျော် ကြေးစားလူသတ်သမားဖြစ်တဲ့ Jimmy The Tulip ဆိုတာကို သူသိလိုက်ရပြီး သူ့မိန်းမကိုပြောပြမိခဲ့ပါတယ်။ အဲဒီမှာပဲ မလည်ရှုပ်လုပ်ချင်တဲ့ သူ့မိန်းမဟာ ကြံကြီးစည်ရာလို့ပြောရမယ့် အကြံကြီးတစ်ခုကိုစိတ်ကူးပေါက်ပြီး သူ့ကိုအတင်းအကျပ်ခိုင်းပါတော့တယ်။ အဲဒီအကြံကတော့ Jimmy ရဲ့ ဂိုဏ်းကိုသွားဆက်သွယ် Jimmy ကို လက်ထောက်ချပြီး ဂိုဏ်းကပေးတဲ့ဆုကြေးကိုထုတ်ဖို့ပါပဲ။ ကြေးစားလူသတ်သမားဖြစ်တဲ့ Jimmy ကတော့ Oz ကိုခင်ခင်မင်မင်လာပေါင်းတဲ့အတွက် Oz ကသူ့ဇနီးခိုင်းတာကိုမလုပ်ချင်ပေမယ့် မလွန်ဆန်နိုင်တဲ့အတွက် ရှေ့ဆက်တိုးရတဲ့အခါမှာတော့...ကြေးစားလူသတ်သမားဖြစ်ချင်တဲ့ Oz ရဲ့ လက်ထောက်ကောင်မလေး Jill, ...
movie

The Whole Nine Yards (2000)

2000
Pawn Sacrifice (2014) 7.0
Pawn Sacrifice (2014) [Unicode]ကမ္ဘာအကောင်းဆုံး စစ်တုရင်ဆရာကြီး ဆယ်ဦးထဲက တစ်ဦးဖြစ်တဲ့ ဘော်ဘီဖစ်ရှာရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ပါ။အခြားအကောင်းဆုံးစာရင်းဝင်တွေကတော့ မက်ဂ်နက် ကာဆန် တို့ ဂယ်ရီ ကတ်စပါးရော့တို့လိုလူတွေပါပဲ။ဘော်ဘီကတော့ အမေရိကန်ရဲ့ အတော်ဆုံး စစ်တုရင်သမားအဖြစ် အများက သတ်မှတ်ခံရတဲ့သူပါပဲ။ဒါ့အပြင် သူ ကမ္ဘာ့ချန်ပီယံအဖြစ် ပြိုင်ဆိုင်ခဲ့တဲ့ ကာလက စစ်အေးတိုက်ပွဲကာလဖြစ်နေတဲ့အတွက် သူ့ရဲ့ပြိုင်ပွဲဟာ နိုင်ငံနဲ့ချီတဲ့ စစ်ပွဲလို ဖြစ်နေခဲ့တာပါပဲ။စစ်အေးတိုက်ပွဲကာလအတွင်းမှာ အမေရိကန်နဲ့ ဆိုဗီယက်တို့ဟာ ဘက်ပေါင်းစုံ ရှုထောင့်ပေါင်းစုံမှာ ယှဉ်ပြိုင်နေကြတာပါ။ အပြိုင်အဆိုင်လည်း ဝါဒဖြန့်နေကြတာပါ။ဒီတော့ အဲဒီကာလမှာ ရုရှားတွေဟာ စစ်တုရင်လောကကို စိုးမိုးထားပြီး ကမ္ဘာ့ချန်ပီယံကလည်း ရုရှားလူမျိုးပဲ ဖြစ်နေတာကြောင့် ဆိုဗီယက်ဟာ အမေရိကန်ထက် ဉာဏ်ရည်သာတယ်ဆိုတဲ့ ဝါဒမျိုး ဖြန့်လို့အကောင်းဆုံး အချိန်ပါပဲ။ ဘော်ဘီဖစ်ရှာဟာ စစ်အေးတိုက်ပွဲကာလာမှာ အသက် ၁၄ နှစ်နဲ့ အမေရိကန် စစ်တုရင်ချန်ပီယံဖြစ်လာခဲ့ပြီး ဂရန်းမာစတာဖြစ်လာခဲ့တာပါ။ကမ္ဘာ့ချန်ပီယံဘွဲ့အတွက် ဘိုးရစ်စပက်စကီးနဲ့ ၂၄ ပွဲ ဆက်တိုက် အမှတ်နဲ့ ကစားခဲ့ရတာဖြစ်ပြီး ...
movie

Pawn Sacrifice (2014)