Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Richard Gere
7.1
Pretty Woman (1990)
Pretty Woman (1990) Review | ပြည့်တန်ဆာနဲ့ ဘီလီယံနာကြားက ရိုမီယို ဂျူးလိယက်ဇာတ်လမ်းပိုက်ဆံသာရှိရင် လူတွေရဲ့အတွေးအမြင်တွေကို လှည့်စားပစ်နိုင်တယ် – ပြည့်တန်ဆာတစ်ယောက်တောင် ပိုက်ဆံရှိရင် လူတိုင်းကို ဘာမှမပြောနိုင်အောင် လုပ်လို့ရတယ်။ ကျွန်တော် ဒီရုပ်ရှင်ကို Facebook page တစ်ခုက အပိုင်းအတိုလေးတစ်ခု ကြည့်မိရင်း စိတ်ဝင်စားသွားပြီး အစအဆုံးရှာကြည့်ဖြစ်ခဲ့တယ်။ ပထမဆုံးပြောချင်တာကတော့ ကြည့်ရတာတော်တော်လေးတန်တယ်။ ကိုယ်တွေးရင် တွေးသလောက် အဓိပ္ပါယ်ရှိတဲ့ရုပ်ရှင်တစ်ခုပါ။ဇာတ်လမ်းအမြည်းပြောရရင် ဥစ္စာပေါရုပ်ချော ဘီလီယံနာတစ်ယောက်က Edward က ပြည့်တန်ဆာမလေး Vivian နဲ့ ခင်သွားပြီး၊ ဒေါ်လာ ၃၀၀၀ နဲ့ တစ်ပတ်တိတိသူနဲ့ အချိန်ဖြုန်းပေးဖို့ကမ်းလှမ်းတယ်။ Edward က professional ဆန်တဲ့သူတစ်ယောက်ဖြစ်ပြီး Vivian ကို သေချာလေးဂရုစိုက်တယ်။ ကြာလာတော့ သူတို့နှစ်ယောက်ကြားက မေတ္တာဓာတ်က အချစ်အသွင်သို့ ပြောင်းလဲလာခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ သဘောကျဖို့ကောင်းတာက လူတွေရဲ့ ဆက်ဆံပုံတွေပါ။ Vivian ပြည့်တန်ဆာလိုဝတ်စားပြီး shopping ထွက်တဲ့အခါ ဘယ်သူမှသူ့ကို ဝယ်နိုင်တယ်လို့မထင်ကြဘူး။ နောက်ရက် Edward က သူကိုယ်တိုင်လိုက်ဝယ်ပေးပြီး ...
movie
Pretty Woman (1990)
1990
4K HEVC
6
First Knight (1995)
First Knight (1995)ဒီကားကတော့ ရုပ်ရှင်လောကရဲ့ ဂန္ထဝင်သရုပ်ဆောင်များစွာပါဝင်ခဲ့တဲ့ ဂန္ထဝင်ဇာတ်ကားကြီးတစ်ကားပဲဖြစ်ပါတယ်။ အော်စကာဆုကိုရရှိထားဖူးတဲ့အပြင် ရာစုနှစ်တစ်ဝက်စာလောက် အထူးသဖြင့် 80s' တွေအတွက် ဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့တဲ့ James Bond Franchise ကြီးတစ်ခုလုံးကို အသက်သွင်းခဲ့သူ ဂန္ထဝင်မင်းသားကြီး "Sean Connery" ကတော့ ဒီဇာတ်ကားထဲမှာ ဇာတ်ဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် အခြားဝါရင့်သရုပ်ဆောင်များဖြစ်ကြတဲ့ Richard Gere နဲ့ Liam Cunningham တို့ကပါ ဇာတ်ပို့အဖြစ်ပါဝင်ခဲ့တာဖြစ်တဲ့အတွက် ဇာတ်လမ်းရဲ့ Entertain နိုင်မှုကတော့ အံ့မခန်းပါပဲ။~ ဇာတ်လမ်းအကျဉ်း ~ဘုရင်ကြီး အာသာဟာ ကမ်းမလော့မြို့အတွက် စစ်ပွဲပေါင်းများစွာတိုက်ပြီး ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်ခဲ့တဲ့နောက်မှာ လောကကြီးမှာအခြေချဖို့အတွက် အိမ်ထောင်ပြုဖို့စီစဉ်တော့ပါတော့တယ်။ ဒီအချိန်မှာပဲ အာသာနဲ့ တစ်ချိန်က အတူစစ်ပွဲဝင်ခဲ့ဖူးတဲ့ လီယွန်နက်စ်မြို့စားကြီးက ဖြစ်စေချင်ခဲ့တဲ့ သူ့သမီး ဂွီနဗီးယားနဲ့လက်ထပ်ဖို့ကို စဉ်းစားလာပါတယ်။ တစ်ဖက်မှာလည်း ဖခင်သေဆုံးပြီးနောက်ပိုင်း မြို့စားကတော်သခင်မတစ်ယောက်ဖြစ်လာတဲ့ ဂွီနဗီးယားဟာ ကမ်းမလော့ကို တစ်ယောက်ထဲအပိုင်စီးချင်တဲ့အတွက် ...
movie
First Knight (1995)
1995
6.5
The Second Best Exotic Marigold Hotel (2015)
The Second Best Exotic Marigold Hotel (2015)~ IMDb - 6.5/10, Rotten Tomatoes - 66% ~ဒါကတော့ 2011 ခုနှစ်ကထွက်ခဲ့တဲ့ "The Best Exotic Marigold Hotel" ရဲ့ အဆက်ကားပါပဲ။ လေးနှစ်အကြာ 2015 ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီး ပထမကားရဲ့ ဒါရိုက်တာဖြစ်တဲ့ အော်စကာဆုရှင် John Madden ကပဲပြန်ရိုက်ထားပါတယ်။ အရင်တစ်ကားလိုပဲ ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေဖြစ်တဲ့ Maggie Smith, Judi Dench, Bill Nighty တို့ပြန်ပါတဲ့အပြင် မင်းသားကြီး Richard Gere ပါထပ်ဆောင်းပါလာသေးလို့ Cast တွေက မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ဒီ Sequel ထဲမှာဆိုရင် ဆန်နီက ဒုတိယအကောင်းဆုံးတိုင်းတစ်ပါးမေရီဂိုးလ်ဟိုတယ်ဖွင့်ဖို့ ကြိုးစားနေရင်း တစ်ဖက်မှာလည်း ချစ်သူနဲ့လက်ထပ်ဖို့ပြင်ဆင်နေတဲ့အကြောင်းကို ကြည့်ရှုရမှာပါ။ အဲဒါအပြင် တခြားဇာတ်ကောင်တွေရဲ့ချစ်သူရည်းစားဆက်ဆံရေးအကြောင်းတွေ၊ ...
movie
The Second Best Exotic Marigold Hotel (2015)
2015
5.9
The Double (2011)
Hachi A dog's tale, Unfaithful, Pretty WomanRunaway Brideစသဖြင့်ကားတွေအပြင် 90s bornတို့ရဲ့အသည်းစွဲဖြစ်တဲ့ မင်းသားကြီး Richard Gereရဲ့actionဇာတ်ကားကောင်းလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ပေါလ် ရှာပတ်ဆန်ဆိုတာကတော့ CIAကအငြိမ်းစားယူထားတဲ့အေးဂျင့်တယောက်ပါ။ အမေရိကန်နဲ့ရုရှားတို့အကြားဆက်ဆံရေးတင်းမာလာချိန်မှာပဲ ရုရှားနဲ့မကင်းတဲ့အမေရိကန်လွှတ်တော်အမတ်တစ်ယောက်ကို ရုရှားလုပ်ကြံသတ်ဖြတ်ရေးသမားကသတ်ဖြတ်တာကိုခံခဲ့ရပါတယ်။ ဒီလုပ်ကြံသတ်ဖြတ်မှုက ပေါလ် လွန်ခဲ့တဲ့နှစ်၂၀ကဖမ်းဆီးလို့မရနိုင်ခဲ့တဲ့ဆိုဗီယက် လူသတ်သမား ကက်ရှီးယပ်စ်ဆိုသူရဲ့လက်ချက်နဲ့ဆင်တူနေတဲ့အတွက် ကက်ရှီးယပ်စ်အမှုကိုအထူးလေ့လာသူဖြစ်တဲ့ FBIအေးဂျင့် ဘန် ဂီရီနဲ့လက်တွဲပြီးအဖြေရှာဖို့ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် သူတို့ဒီလိုရှာဖွေနေရင်းမှာပဲတွေ့ရှိလာရတဲ့လျှို့ဝှက်ချက်တွေက တယောက်နဲ့တယောက်သံသဃတွေ၀င်လာစေခဲ့ပါတယ်။ ပေါလ်ရဲ့ကက်ရှီးယပ်စ်နဲ့အတိတ်နောက်ကြောင်းတွေကဘာတွေလဲ။ဘန်ကလည်း ဘာ့ကြောင့် ကက်ရှီးယပ်စ်အကြောင်းကိုဒီလောက်စွဲလမ်းနေရတာလဲ။သူတို့နှစ်ယောက်စလုံးရဲ့ လျှို့ဝှက်ချက်တွေကဘာတွေဖြစ်မလဲ။အဆုံးမှာတရားခံအစစ်ကဘယ်သူဖြစ်မလဲဆိုတာကိုThe Double ဆိုတဲ့ဇာတ်ကားလေးမှာရှုစားပေးကြပါဦးခင်ဗျ။ File size…2.11GB / 712MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie
The Double (2011)
6.7
Brooklyn’s Finest(2009)
IMDb - 6.7/10 ရဲလုပ်သက်လည်းရင့်ပြီး လူဂွစာကြီးလည်းဖြစ်တဲ့ အက်ဒီ ဒူဂန် (Richard Gere) ဟာ အငြိမ်းစားယူဖို့အတွက် ကြိုးစားနေတဲ့သူပါ။ ဒီလိုနဲ့ အငြိမ်းစားယူဖို့တစ်ပတ်အလိုမှာ ဌာနကလုပ်တဲ့ ပရိုဂရမ်အသစ်မှာပါဝင်ဖို့ ဝာာဝန်ပေးခံလိုက်ရပြီး ရဲတပ်သားအသစ်လေးကို လေ့ကျင့်ပေးတဲ့အနေနဲ့ သူနဲ့အတူခေါ်ပြီး လှည့်ကင်းထွက်ရပါတော့တယ်။ကလဲရန့်စ် (Don Cheadle)ကတော့ စားပွဲခုံမှာအလုပ်လုပ်ရတဲ့ရာထူးအဆင့်အထိတိုးရဖို့ ရည်ရွယ်ချက်နဲ့ တန်ဂို ဆိုတဲ့ နာမည်ဝှက်ကိုသုံးပြီး မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုမှာ အသွင်ယူနေတဲ့ ရဲတစ်ယောက်ပါ။ ဒီလိုအသွင်ယူမှုကြောင့် သူ့ရဲ့ အိမ်ထောင်ရေးကလည်း ပျက်ပြားသွားခဲ့ပြီး သူကိုယ်တိုင်ကလည်း ထောင်ထဲမှာ အသွင်ယူနေတုန်းက သူ့ရဲ့အသက်ကို ကယ်တင်ပေးခဲ့ဖူးတဲ့ မူးယစ်ရာဇာ ဂိုဏ်းခေါင်းဆောင် ကတ်ဇ် ကို မိတ်ဆွေရင်းချာတစ်ယောက်အဖြစ်မှတ်ယူထားသူပါ။ တစ်နေ့မှာတော့ သူ့ရဲ့ မိတ်ဆွေကြီး ကတ်ဇ်ကို ထောင်ထဲပြန်ထည့်ဖို့အတွက် အထက်လူကြီးတွေက တာဝန်ပေးလာခဲ့ပါတော့တယ်။ဆဲလ် (Ethan Hawke) ကတော့ မူးယစ်ရဲတပ်ဖွဲ့က တစ်ယောက်ဖြစ်ပြီး သူလက်ရှိ နေထိုင်နေတဲ့အိမ်က မှိုပြဿနာတက်နေတာကြောင့် သူ့မိန်းမရဲ့ကိုယ်ဝန်ကိုထိခိုက်လာတဲ့အတွက်ကြောင့် ...
movie
Brooklyn’s Finest(2009)
6.4
The Mothman Prophecies (2002)
ဂျွန်ကလိုင်းက ဝါရှင်တန်ဒီစီပို့စ်သတင်းဌာနရဲ့ အောင်မြင်တဲ့ သတင်းထောက်ဖြစ်သလို သာယာတဲ့အိမ်ထောင်ရေးတစ်ခု ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ တစ်ညမှာ သူနဲ့ဇနီးသည်တို့ အိမ်ပြန်လာစဉ် ကားမတော်တဆမှုနဲ့ ဇနီးဖြစ်သူဆုံးပါးသွား ပါတယ်။ သေခါနီးအချိန် ဇနီးသည်က ကားတိုက်မှုမဖြစ်ခင် သူမြင်ခဲ့တဲ့ အရာတစ်ခုကို ဂျွန်ရောမြင်ခဲ့ရဲ့လားလို့ မေးခွန်း ထုတ်သွားခဲ့သလို ဂျွန်ကိုယ်တိုင်လည်း ဇနီးသည် ဝှက်ခဲ့တဲ့ ပဟေဠိကို အဖြေရှာမရဘဲ အချိန်၂နှစ်ကုန်သွားပါတယ်။၂နှစ်ကြာတဲ့အထိ ဇနီးဖြစ်သူသေဆုံးမှုကနေ ရုန်းမထွက်နိုင် ဖြစ်နေတဲ့ ဂျွန်ဟာ တစ်ညမှာအလုပ်ခရီးသွားရင်း ကားပျက် သွားလို့ နီးရာအိမ်ကို အကူအညီဝင်တောင်းခဲ့ရာ မထင်မှတ် ထားတဲ့ ကိစ္စတစ်ခုကို သိလိုက်ရပါတယ်။ အိမ်ပိုင်ရှင်တွေက ဂျွန်ကို ၃ညဆက်တိုက် မနက်၂နာရီခွဲတိုင်း တံခါးလာခေါက် တဲ့ Stalkerအဖြစ်စွပ်စွဲဖမ်းဆီးပြီး ရဲလက်အပ်လိုက်တာပါ။ ဒါ့အပြင် သူရောက်နေတဲ့နေရာက ဝါရှင်တန်နဲ့မိုင်၄၀၀ကျော် ဝေးတဲ့ အိုဟိုင်းယိုးဖြစ်နေတာပါ။မနက်၁နာရီထိုးမှ အိမ်ကစထွက်လာပေမယ့် မနက်၂:၃၀မှာ နေ့ဝက်ခရီးလောက် မောင်းရမယ့် အိုဟိုင်းယိုးကိရောက်နေ သလို အရှေ့၂ရက်လောက်ကတည်းက သူတို့ကိုနှောင့်ယှက် နေသူအဖြစ် အိမ်ရှင်တွေက စွပ်စွဲနေတာကြောင့် ဂျွန်လည်း ဘူမသိကိုးမသိ ရဲဖမ်းခံလိုက်ရပါတယ်။ အဆိုပါရဲနဲ့ စကား စပ်မိတဲ့အခါ ဒီမြို့မှာလည်း ထူးဆန်းတဲ့အရာကို မြင်တွေ့ နေသူတွေရှိကြောင်း သိလိုက်ရတဲ့အခါ ဇနီးဖြစ်သူပြောခဲ့တဲ့ ပဟေဠိဆန်တဲ့ အရာအကြောင်း စဉ်းစားမိပြီး ဇနီးသည်ရဲ့ ပုံမှန်မဟုတ်တဲ့သေဆုံးမှုနဲ့ ထိုပဟေဠိဖြစ်တည်မှုအကြောင်း လိုက်လံစုံစမ်းရာမှ သဘာဝလွန်ဖြစ်ရပ်ဆန်းကြယ်တွေထဲ ဝင်တိုးမိသွားပါတော့တယ်။ File ...
movie
The Mothman Prophecies (2002)
2002
5.9
Three Christs (2020)
Three Christs (2020)================IMDb Rating - 5.9/10#Unicode2020 ဇန်နဝါရီလထဲ ထွက်ရှိထားတဲ့ Three Christ ဆိုတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားတစ်ကားတင်ဆက်ပေးချင်ပါတယ်။ပစ်တာခတ်တာတွေ ကြမ်းတာရမ်းတာတွေ ကြည့်ချင်တဲ့ ပရိသတ်တွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။စိတ်ပညာရပ်နဲ့ပတ်သက်တဲ့ ဖြစ်ရပ်တွေကိုအခြေခံထားတဲ့ ဒရာမာ ဇာတ်ကားလေးပဲဖြစ်ပါတယ်။မီချီဂမ် ကောလိပ်မှာ ဆရာလုပ်နေတဲ့ စိတ်ရောဂါဆရာဝန် ဒေါက်တာစတုန်းဟာ သုတေသနကိစ္စအတွက် ကျောင်းဆရာအလုပ်ကနေထွက်ပြီး စိတ်ရောဂါကု ဆေးရုံကိုရောက်လာပါတယ်။သူရောက်လာတဲ့ ဆေးရုံမှာ သူ့ကိုယ်သူ ယေရှုခရစ်တော်လို့ထင်နေတဲ့ လူနာတစ်ယောက်နဲ့ တွေ့ပါတယ်။ ဆက်ပြီး စုံစမ်းကြည့်တော့ စင်ဒရဲလားလို့ ထင်နေတဲ့သူတွေ အိုင်စင်ဟောင်ဝါလို့ သူတို့ကိုယ်သူတို့ ထင်နေသူတွေကို တွေ့ခဲ့ရတယ်။ အဲ့ဒီထဲကမှာ ယေရှူလို့ထင်နေတဲ့သူတွေကိုရှာခိုင်းလိုက်တော့နောက်ထပ် ၂ ယောက် ထပ်တိုးလာပါတယ်။ ယေရှုလို့ သူတို့ကိုယ်သူတို့ထင်နေတဲ့ စိတ်ကစဉ့်ကလျား ရောဂါသည်၃ ယောက်ကို သုတေသနအတွက်ရွေးချယ်ပြီး ဒေါက်တာစတုန်းဟာ ရှေးနည်းနဲ့မတူတဲ့ ကုသချဉ်းကပ်နည်းတွေနဲ့ကုသပေးဖို့ကြိုးစားပါတော့တယ်။IMDb - 5.9/10 ရရှိထားပြီး Richard Gere ...
movie
Three Christs (2020)
2020
6.2
Sommersby(1993)
Sommersby(1993)အညွှန်း********************(zawgyi)ဂျက်သည် ၆ နှစ်ကြာမျှ ကွယ်ပျောက်ပြီးမှ ရွာသို့ပြန်ရောက်လာသည်....ထောင်ကျနေသသဖြင့် ပျောက်ကွယ်နေရခြင်းဖြစ်သည်ဟု သူကပြောပြသည်....သူ့ဇနီးနှင့် ကလေးဖြစ်သူက ဂျက်ကို အံအားသင့်စွာဖြင့်ကြိုဆိုကြသည်....ဂျက်ကိုသဘောကျသည်ဖြစ်စေ သဘောမကျသည်ဖြစ်စေ တစ်ရွာလုံးကတော့ ၀ိုင်းဝန်းကြိုဆိုကြသည်.... ဒီနေရာမှာ ဘာထူးထူးဆန်းလာလဲဆိုတော့ ဂျက်ရှိစဉ်ကထဲက မွေးထားတဲ့ခွေးက စိမ်းစိမ်းကားကား ထိုးဟောင်ခဲ့တယ်...ပြီးတော့ ဖိနပ်ဆိုင်မှာ ဖိနပ်ချုပ်တော့လည်း ဖိနပ်အတိုင်းကို မှတ်မိနေတဲ့ဆိုင်ရှင်က ဆိုက်သေးသွားတယ်နော်လို့မှတ်ချက်ချပြန်တယ်.... ဂျက်ရှိစဉ်ကထဲက သေဆုံးတဲ့သူတစ်ယောက်ရှိတယ်..ဒါကိုလည်းစကားမှားပြီးပြောမိပြန်တယ်....သူဟာ ဂျက်နဲ့တထေရောထဲတူတဲ့သူဖြစ်ပေမယ့် ဂျက်အတုလား အစစ်လား တကယ့်ကို ဝေခွဲရခက်ပါတယ်... ဒီကားနဲ့ပတ်သက်ပြီးဇာတ်ကြောင်းက ဒီလောက်ပဲပြောပါရစေ...အတွေးပေါင်းများစွာနဲ့ လှပသောရုပ်ရှင်ကြောင့် ခံစားမှုသီးခြားကမ္ဘာထဲကို ပို့ဆောင်ပေးတဲ့ကားမျိုးမို့ပါ... ဒီကားဟာ ရစ်ချက်ဂီယာနဲ့ မင်းသမီးကြီး ဂျိုဒီဖော့်စ်စတာတို့ အဓိကသရုပ်ဆောင်ထားပါတယ်.. ရစ်ချက်ဂီယာလို့ မသိကြပေမယ့် Pretty Woman ဇာတ်ကားနဲ့ ကျွန်တော်တို့မြန်မာပရိတ်သတ်တွေရင်းနှီးကြမှာပါ...ဒီကားကိုကြည့်ရင် ဂျက်ရဲ့အပြုအမူ လုပ်ကိုင်ဆောင်ရွက်ပုံတွေ စကားပြောပုံတွေကို အသေးစိတ်ဂရုစိုက်ကြည့်စေချင်တယ်... ဂျက်ဘာကြောင့်ဒီလိုလုပ်တာလဲ..ဘာဖြစ်လို့ ဒီလိုလမ်းတွေကိုရွေးချယ်ခဲ့တာလဲ... ဇာတ်ကားကြည့်ပြီးတဲ့အချိန်မှာ ခင်ဗျားတို့ကို အတွေးပေါင်းများစွာ ချန်ပေးခဲ့လိမ့်မယ်... ဂျက်လုပ်တာမှန်ရဲ့လား....ငါသာဆိုရင် ဒီလမ်းကိုရွေးချယ်နိုင်ပါ့မလား.... တခြားရွေးချယ်စရာတစ်ခုဆိုရင်ရော အဆင်ပြေနိုင်ပါ့မလား...ဆိုတာမျိုးတွေပေါ့... ခံစားကြည့်ကြပါ....ခင်ဗျားတို့ နှလုံးသားကို မဖမ်းစားနိုင်ဘူးဆိုရင် သေချာတယ် ခင်ဗျားတို့နှလုံးသားဟာ ကျောက်သားတွေနဲ့ဖွဲ့စည်းထားလို့ပါပဲ....(unicode)ဂျက်သည် ၆ နှစ်ကြာမျှ ကွယ်ပျောက်ပြီးမှ ရွာသို့ပြန်ရောက်လာသည်....ထောင်ကျနေသသဖြင့် ပျောက်ကွယ်နေရခြင်းဖြစ်သည်ဟု သူကပြောပြသည်....သူ့ဇနီးနှင့် ...
movie
Sommersby(1993)
1993
6.7
Unfaithful
ကားနာမည်ဖတ်ရုံနဲ့တင် ဇတ်အိမ်ကိုအကဲခတ်လို့ရလောက်ပါပြီ မိသားစုတစ်စု ယောက်ျားကအလုပ်များတဲ့လုပ်ငန်းရှင်တစ်ယောက် မိန်းမက မလုပ်လည်းအိမ်မှာထိုင်နေလို့ရတဲ့အလုပ်တစ်ခုရှိတယ် သားကကျောင်းနေအရွယ် မနက်မိုးလင်းရင် အမျိုးသားနဲ့သားက အလုပ်နဲ့ကျောင်းကိုသွား တစ်ရက်မမျှော်လင့်ပဲ အမျိုးသမီးက ပြစ်သစ်လူမျိုးခပ်ချောချောကောင်လေးနဲ့ဆုံခဲ့မိတယ် ဒီကားအကြောင်းကို ဆက်မပြောခင် ကျနော်တို့ဘဝမှာ အိမ်ထောင်ရေးဖောက်ပြန်တာတွေ မိန်းမ တိတ်တိတ်ပုန်းဖောက်ပြန်တာ ယောင်္ကျားက ဖောက်ပြန်တာ တွေဒုနဲ့ဒေး ကြားနေရတယ် ကလေးမျက်နှာကိုထောက်ထားပြီး အိမ်ထောင်ရေးမပြိုကွဲစေဖို့ ဟန်ချက်ညီအောင်ပြန်လည်ထိန်းသိမ်းကြတာမျိုးရှိသလို စိတ်အလိုလိုက်ပြီး ဖောက်ပြန်တယ်သူတွေကို အမှုတွေကျူးလွန်ခဲ့တာတွေလည်းရှိပါတယ် ဒါတွေအားလုံးဟာ ugly truthဆိုတဲ့အကျဉ်းတန်အမှန်တရား ပါ 18+ဇတ်ဝင်ခန်းဆိုတာလည်း အိမ်ထောင်ရေးဇတ်ကားအနေနဲ့ အတော်များများပါပေမဲ့ ဇတ်အိမ်လည်းခိုင် ပီပီပြင်ပြင်သရုပ်ဆောင်ချက်တွေကြောင့် Hollywood မှာတန်းဝင်အိမ်ထောင်ရေးကားဖြစ်ပေမဲ့ တစ်ချို့သူတွေအတွက်တော့ အတော်လေးအောင့်သီးအောင့်သက်နိုင်မဲ့ကားတစ်ကားပါ ဒါပေမဲ့ ugly truth ဆိုတဲ့အကျဉ်းတန်အမှန်တရားပါပဲ ဆွဲဆောင်မှုအရှိဆုံးမင်းသားလို့သတ်မှတ်ခံရဖူးတဲ့ RICHAD GERE မင်းသမီး DIANE LANEတို့ပါဝင် သရုပ်ဆောင်ထားပါတယ် သူမရဲ့သရုပ်ဆောင်ချက်တွေက ချီးကျူးရမှာဖြစ်ပါတယ် ဆွဲဆောင်မှုရှိပြီး မှားနေမှန်းသိရက်နဲ့ ရှေ့ဆက်ဇွတ်တိုးပြီး ကိုယ့်ကိုယ် ကိုယ်ပြန်မုန်းမိနေတဲ့ အိမ်ထောင်သည်တစ်ယောက်ရဲ့ခံစားချက်တွေကပီပြင်လွန်းပါတယ် ဗျာများနေတဲ့အိမ်ထောင်ရှင် RICHAD GEREရဲ့ သရုပ်ဆောင်ချက်တွေကိုလည်း ပီပီပြင်ပြင်တွေ့ရမှာဖြစ်ပါတယ် ဒီလောက်ဆိုရင်လုံလောက်ပြီလို့ ထင်ပါတယ်အကျဉ်းတန် အမှန်တရားလေးကိုခံစားပေးကြပါဦးလို့ (ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်ကတော့ အမည်မဖော်လိုသူပဲ ဖြစ်ပါတယ်) @joker -------------------------------------------------------------------- ကားနာမည်ဖတ်ရုံနဲ့တင် ဇတ်အိမ်ကိုအကဲခတ်လို့ရလောက်ပါပြီ မိသားစုတစ်စု ယောက်ျားကအလုပ်များတဲ့လုပ်ငန်းရှင်တစ်ယောက် မိန်းမက မလုပ်လည်းအိမ်မှာထိုင်နေလို့ရတဲ့အလုပ်တစ်ခုရှိတယ် သားကကျောင်းနေအရွယ် မနက်မိုးလင်းရင် အမျိုးသားနဲ့သားက အလုပ်နဲ့ကျောင်းကိုသွား တစ်ရက်မမျှော်လင့်ပဲ အမျိုးသမီးက ပြစ်သစ်လူမျိုးခပ်ချောချောကောင်လေးနဲ့ဆုံခဲ့မိတယ် ဒီကားအကြောင်းကို ဆက်မပြောခင် ကျနော်တို့ဘ၀မှာ အိမ်ထောင်ရေးဖောက်ပြန်တာတွေ မိန်းမ တိတ်တိတ်ပုန်းဖောက်ပြန်တာ ယောင်္ကျားက ဖောက်ပြန်တာ တွေဒုနဲ့ဒေး ကြားနေရတယ် ကလေးမျက်နှာကိုထောက်ထားပြီး အိမ်ထောင်ရေးမပြိုကွဲစေဖို့ ဟန်ချက်ညီအောင်ပြန်လည်ထိန်းသိမ်းကြတာမျိုးရှိသလို စိတ်အလိုလိုက်ပြီး ဖောက်ပြန်တယ်သူတွေကို အမှုတွေကျူးလွန်ခဲ့တာတွေလည်းရှိပါတယ် ဒါတွေအားလုံးဟာ ...
movie
Unfaithful
2002
8.1
Hachi: A Dog’s Tale ( 2009 )
ခွေးကလေး ဟာချီကိုအကြောင်း အားလုံးကြားဖူးမယ်ထင်ပါတယ် 1925 ဂျပန်နိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတပုဒ်ပါ ဒါကိုမှီငြိမ်းပြီး ဇာတ်လမ်းပြန်လည် ရိုက်ကူးခဲ့ပါတယ် သစ္စာရှိလှတဲ့ ခွေးကလေး ဟာချီကိုဟာ သူ့သခင်ကိုနေ့တိုင်းနေ့တိုင်း ၉နှစ်ထိတိုင် သူမသေဆုံးခင်ထိ စောင့်မျှော်နေခဲ့တယ်.. သူ့သခင်ကတော့ ဘယ်တော့မှ သူ့ဆီပြန်မလာဘူးဆိုတာတော့ သူသိနိုင်မှာမဟုတ်ပါဘူး ဘာကြောင့်လဲဆိုရင် သူ့သခင် က ဆုံးသွားပြီဖြစ်လို့ပါပဲ ဒီခွေးကလေးကို ဇာတ်ကြောင်း တည်ပီးဘယ်လိုတွေ ရိုက်ကူးတင် ဆက်ထားလဲဆိုတာ ခံစားကြည့်ရအောင် ဘာသာပြန်သူ Ei Pyae ဖြစ်ပါတယ်
movie
Hachi: A Dog’s Tale ( 2009 )
2009
6.3
Red Corner (1997)
အရင်ဦးဆုံး ပြောချင်တာကတော့ ဒီကားကို တောင်းဆိုတဲ့ အထူးပုဂ္ဂိုလ်တစ်ဦးကိုရင်ထဲကနေ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။သူ့ကြောင့်သာမဟုတ်ရင်ဒီလိုကားကောင်းတစ်ကားကို ဘယ်တော့မှကြည့်ဖြစ်လိုက်မှာမဟုတ်ပါဘူး။ဒီကားကို စသိကာစက သာမန် တရုတ်-အမေရိကန်ရုပ်ရှင်ကားတစ်ကားလို့ထင်ခဲ့ပေမယ့် တကယ်ဘာသာပြန်တဲ့အခါမှ အင်အားကြီးနှစ်နိုင်ငံရဲဲ့ နိုင်ငံရေးအနေအထားတွေကို ကွက်ကွက်ကွင်းကွင်းသိလာရတာပါ။ဇာတ်လမ်းကတော့ အမေရိကန်က ရုပ်သံလိုင်းကုမ္ပဏီတစ်ခုရဲ့ အကြီးအကဲဖြစ်သူ ဂျက်ခ်ပီတာမိုးဟာတရုတ်အစိုးရနဲ့ သဘောတူညီချက်တစ်ခုလက်မှတ်ရေးထိုးဖို့ တရုတ်နိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။ဂျက်ခ်ရဲ့စကားပြောလိမ္မာပါးနပ်မှုကြောင့် တရုတ်ဆင်ဆာအဖွဲ့နဲ့ပါ အဆင်ပြေနေပြီး ပြိုင်ဖက်ကုမ္ပဏီအပေါ်ပါ အသာစီးရနိုင်ဆဲအခြေအနေဖြစ်နေတဲ့ အနေအထားဖြစ်ပါတယ်။ဆွေးနွေးပွဲပြီးလို့ညပိုင်းမှာတော့ ဂျက်ခ်တစ်ယောက် ဘားတစ်ခုမှာ တရုတ်အမျိုးသမီးချောတစ်ယောက်နဲ့ညှိစွန်းမိပြီးနောက်တစ်နေ့မနက်အရောက်မှာတော့ အာဏာပိုင်တွေက သူ့ရဲ့ဟိုတယ်ခန်းထဲရောက်နေသလိုအမျိုးသမီးကလဲ သေဆုံးနေတာကို တွေ့လိုက်ရပါတယ်။သက်သေမရှိ၊ အပေါင်းအပါမရှိ၊ ရှေ့နေလိုက်ပေးမယ့်သူဆိုလို့လဲ ခပ်စွာစွာတရုတ်အမျိုးသမီးတစ်ယောက်ပဲ ရှိတဲ့အခြေအနေမှာ ဂျက်ခ်တစ်ယောက်တရုတ်ကွန်မြူနစ်အာဏာပိုင်တွေရဲ့ တရားခွင်ကို ဘယ်လိုဖြတ်ကျော်မှာလဲဆိုတာကို ရိုက်ကူးထားတာဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာတော့ တရုတ်နိုင်ငံသမိုင်းမှာ နာမည်အရမ်းကျော်ကြားခဲ့တဲ့ Cultural Revolution (ယဉ်ကျေးမှုတော်လှန်ရေး) ကာလနှောင်းပိုင်းမျိုးဆက်တွေရဲ့ ရက်စက်မှုတွေ၊ အဲ့ဒီတော်လှန်ရေးရဲဲ့ အကျိုးဆက်တွေကို ထင်ထင်ရှားရှားဖော်ပြသွားခဲ့ပြီး အဲ့ခေတ် အဲ့အချိန်တုန်းက တံခါးပိတ်ဝါဒကျင့်သုံးနေတဲ့ တရုတ်နိုင်ငံအကြောင်းကို အနည်းနဲ့အများတော့ သိလာမှာဖြစ်ပါတယ်။ဒါ့အပြင် ဒီတော်လှန်ရေးကြီးကြောင့် ဘယ်ကိစ္စမဆို မှားမှားမှန်မှန် ရေငုံနှုတ်ပိတ်နေခဲ့ရတဲ့ တရုတ်နိုင်ငံသားတွေရဲ့ တကယ့်ခံစားချက်တွေကိုပါ ...
movie
Red Corner (1997)
1997
7.7
Primal Fear (1996)
1996 ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb rating 7.7 ရရှိထားတဲ့ သည်းထိပ်ရင်ဖို ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးခြင်ပါတယ် ဇာတ်ကားလေးကတော့ အော်စကာဆုအတွက် စကာတင်စာရင်း တဆုနာမည်ဝင်ခဲ့ပြီး တခြား ရုပ်ရှင်ဆုတွေလည်း ၁၀ ဆုတောင် ရရှိခဲ့ပါတယ် ကဲ ဒီလောက် တောင် ညွှန်းနေမှတော့ ကောင်းလား မကောင်းလားကို မပြောတော့ပုဗျာ ဇာတ်လမ်း အကျဉ်းဖက်ကို လှည့်ကြတာပေါ့ ဇာတ်လမ်း အကျဥ်းလေးကတော့ နာမည်ကြီး အမှုလိုက်ရှေ့နေတယောက်ဟာ မထင်မှတ်ပဲ လူသတ်မှုတခုကို လိုက်လံဖော်ထုပ်ရာမှ အရင် ရီးစားဟောင်းနဲ့ ပါဝင်ပတ်သက်မီပြီး လူသတ်မှုရဲ့ အမှန်တရားဟာလဲ နှစ်ပေါင်းများစွာကြာအောင် ဖုံကွယ်ခြင်း ခံထားလိုက်ရာမှ ဘယ်လို တွေကြောင့် အမှုကပေါ်ပေါက်သွားလေမလဲ ဆိုတာကို ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ရှူလိုက်ပါတော့ဗျာ ဇာတ်ကားလေးထဲမှာတော့ Don't believe everything you see တဲ့ဗျာ
movie
Primal Fear (1996)
1996