Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Remya Nambeesan
7.9
Pizza (2012)
Pizza (2012) ဆန်းကြယ်လေစွ ပရလောက Genre – Thriller, Horror IMDB – 7.9/10ခုတလော နာမည်ကြီး လူကြိုက်များနေတဲ့ Maharaja ရဲ့ မင်းသားကြီး ဗီဂျေးစည်သူပတိတစ်ယောက် ငယ်ရွယ်နုပျိုစဉ်တုန်းက ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖိုကားလေးကို ဗီဂျေးပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါပြီဗျာ။ ၂၀၁၉ ခုနှစ်တုန်းက ဗီဂျေးပါဝင်ထားတဲ့ Petta ဆိုတဲ့ ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Karthik Subbaraj ရိုက်ကူးခဲ့တာ ဖြစ်ပြီး ဗီဂျေးနဲ့ တွဲလုံးစထုတ်ခဲ့ပြီး နာမည်ကြီးခဲ့တဲ့ ဒါရိုက်တာဆိုလည်း မမှားပါဘူး။နောက်ပိုင်းရုပ်ရှင်တွေမှာ တည်တည်ငြိမ်ငြိမ်နဲ့ ရှယ်ဖြုတ်ပြတဲ့ ဘဲကြီးပုံစံတွေ သရုပ်ဆောင်ထားပေမဲ့ ဒီကားလေးမှာတော့ ချစ်သူနဲ့ တူတူ ပျော်ရွှင်ကြည်နူးပြီး ပီဇာပို့နေတဲ့ လူငယ်လေးအဖြစ် လန်းဆန်းတက်ကြွစွာ သရုပ်ဆောင်ထားတာပါ။ မင်းသားက ဗီဂျေးဆိုတာနဲ့ ဇာတ်လမ်း ဇာတ်အိမ်တွေက ခန့်မှန်းမရပဲ အဆုံးထိ မြုပ်ကွက်ချုပ်ကွက်တွေနဲ့ သယ်ဆောင်သွားပြီး အဆုံးကျမှ ဟာခနဲ ဟင်ခနဲ ဖြစ်မယ့် သည်းထိတ်ရင်ဖိုကားလေးပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေး ပြောရမယ်ဆို မိုက်ကယ်ဆိုတဲ့ကောင်လေးဟာ ပီဇာဆိုင်က ဒယ်လီဝန်ထမ်းလေး ဖြစ်ပြီး ချစ်သူ ...
movie
Pizza (2012)
2012
6.9
B 32 Muthal 44 Vare (2023)
B 32 Muthal 44 Vare 2023 (ပွင့်သောပန်းတိုင်း လန်းပါစေသား )IMDb-7.0/10 ဒီမိုကရေစီတို့ ကျားမတန်းတူတို့ ဘယ်လောက်ပဲဟစ်ကြွေးနေပါစေ၊ ကမ္ဘာကြီးရဲ့ တချို့နေရာတွေမှာတော့ အမျိုးသမီးတွေဟာ ခွဲခြားမြဲခွဲခြားခံနေရဆဲ၊ ဖိနှိပ်ခံနေရဆဲပါပဲ။ဒါကိုမီးမောင်းထိုးပြဖို့အတွက် woman empowerment ရုပ်ရှင်တွေ အများကြီးရိုက်ကူးခဲ့တဲ့ထဲမှာမှ ပုံစံကွဲလေးတစ်မျိုးနဲ့ တင်ပြလာတဲ့ ရုပ်ရှင်လေးတစ်ခုကို တင်ဆက်ပေးလိုက်ပါပြီ။ လူရယ်လို့ဖြစ်လာပြီဆိုရင် ကိုယ့်ကိုယ်ကိုယ်ရည်မှန်းထားတဲ့ own expectations တွေရှိသလိုပဲ ပတ်ဝန်းကျင်က အသိုင်းအဝိုင်းက ကိုယ့်အပေါ်ထားတဲ့မျှော်မှန်းချက်တွေလည်း ရှိနေပြန်ပါတယ်။ အခုဒီကားလေးထဲမှာတော့ လူမှုအသိုင်းအဝိုင်းနဲ့ လုပ်ငန်းခွင်က အမျိုးသမီးတွေအပေါ်ထားတဲ့ gender expectation တွေ gender normsတွေကို လူတန်းစားအလွှာမတူတဲ့ အမျိုးသမီး ၅ ယောက်နဲ့ transgender manတစ်ယောက်ရဲ့ ရှုထောင့်နဲ့ တင်ပြထားတာပါ။လုပ်ငန်းခွင်ဝင်နေတဲ့ အမျိုးသမီးတွေပီပီ ပတ်ဝန်းကျင်ကရိုက်ခတ်မှုတွေ၊ lgbtတွေကိုခွဲခြားမှုတွေ၊ အမျိုးသမီးတွေဖြစ်နေတဲ့အတွက် အလုပ်ခွင်ကနေ အပိုဆောင်းရလာတဲ့ဖိအားတွေကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး positive reviewတွေ ပိုင်ဆိုင်ထားတဲ့ရုပ်ရှင်ကားကောင်းလေးဖြစ်တာမလို့ စီအမ်ပရိသတ်တို့လည်း ကြည့်ရှုခံစားနိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamကပဲဖြစ်ပါတယ်) File size…1.1GB/ 588MB Quality…WEB DL ...
movie
B 32 Muthal 44 Vare (2023)
2023
5.9
Tamilarasan (2023)
Tamilarasan (2023) IMDb - 6.2/10တမီးလ်အနုပညာလောကမှာ တေးရေး၊တေးဆို၊ရုပ်ရှင်အယ်ဒီတာ၊အသံဖမ်းအင်ဂျင်နီယာ၊ ဒါရိုက်တာအဖြစ်နဲ့ ဘက်စုံထူးချွန်လှတဲ့ မင်းသားကြီး ဗီဂျေးအန်တိုနီ၊ Ramaiya Vastavaiya (2013)ထဲမှာ ညီမဖြစ်သူကို သိပ်ချစ်ပြီး မြင်းရုပ်လေးလုပ်ပေးတဲ့ အကိုကြီးနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး ဆိုနူး၊ ပရိသတ်အချစ်တော် ဟာသမင်းသား လူရွှတ်ကြီး ယိုဂီဘာဘူတို့ပါဝင်ထားပါတယ်။ မင်းသား ဗီဂျေးအန်တိုနီက ဇာတ်လမ်းရဲ့နာမည်အတိုင်းပဲ တမီးလ်ရာဆန်နေရာကနေ ရဲတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း "ကျွန်တော့်ရင်ထဲကအထက်အရာရှိအပေါ် လေးစားမှုက အပြင်မှာရှိနေတဲ့အရာရှိအပေါ် လေးစားမှုထက်ပိုနေပါတယ် ကျွန်တော့်ရင်ထဲကအရာရှိက ဆရာခိုင်းတာကို မလိုက်နာဖို့ပြောပါတယ်" ဆိုတဲ့ အရာရှိတမီးလ်တစ်ယောက် ဆန္ဒပြပြည်သူတွေကို အသက်အန္တရာယ်ပြုဖို့ ငြင်းဆန်မှုကြောင့် တာဝန်ကရပ်ဆိုင်းခံခဲ့ရပါတယ်။ချစ်ရတဲ့ ဇနီးရယ်သားလေးရယ်နဲ့ ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားပေမဲ့ သားဖြစ်သူကို နှလုံးအစားထိုးကုသမှရမယ်ဆိုတဲ့ အဖြစ်ဆိုးကြီးနဲ့ကြုံလိုက်ရပါတယ်။သွားတက်မိတဲ့ဆေးရုံကလည်း သပွတ်အူလိုရှုပ်ထွေးလှတဲ့ လူကြီးချင်းလက်ဝါးရိုက်လုပ်နေတဲ့ ကိစ္စတွေများတဲ့ဆီဖြစ်နေတော့ နှလုံးအစားထိုးကုသဖို့ စာရင်းစောင့်နေရတာရယ် ငွေရေးကြေးရေးမပြည့်စုံတဲ့အတွက် ကုသစရိတ်လိုက်ရှာရတဲ့ အရာရှိတမီးလ်တစ်ယောက်၊ သားဖြစ်သူအတွက် အသက်ကိုပါ ပေးဆပ်ဖို့အသင့်ဖြစ်နေတဲ့ တမီးလ်ရာဆန်တစ်ယောက် သူ့အပေါ်ကျရောက်လာမယ့် ကံကြမ္မာဆိုးတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းပြီး အခက်အခဲတွေကို ကျော်လွှားနိုင်ပါ့မလားဆိုတာ ကြည့်ရှုရမှာပါ။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Thaik San ~ chiclon3 ~ Khin Khin ~ BpL ~ Yunni ~Zwe ...
movie
Tamilarasan (2023)
2023
6.7
My Dear Bootham (2022)
My dear Bootham (2022)IMDb - 6.8ဟိုးရှေးရှေးတုန်းက ဝိဉာဉ်လောကရဲ့ ဘုရင်ကြီးတစ်ပါးရှိပါသတဲ့။ သူက သူ့သားလေးနဲ့ သူတော်စင်တွေနေတဲ့ မာကရလောကထဲကို အလည်အပတ်သွားရင်း တရားကျင့်နေတဲ့ သူတော်စင်တစ်ပါးကို သူ့ရဲ့သားလေးက နှောက်ယှက်မိတာကြောင့် စိတ်ဆိုးသွားတဲ့ သူတော်စင်ကြီးရဲ့ ကျိန်စာကို သူ့သားလေးအစား သူက လက်ခံလိုက်ပါတယ်။ အဲ့ဒီကျိန်စာကတော့ သူ့ဟာ ရုပ်ထုတစ်ခုအဖြစ်ပြောင်းလဲသွားပြီး သူ့ကို ပိတ်လှောင်ထားတဲ့ ရုပ်ထုကြီးပေါ်က စာတွေကို ဖတ်နိုင်တဲ့သူမှသာ ဒီကျိန်စာကနေ လွတ်မြောက်အောင်လုပ်ပေးနိုင်တယ်ဆိုတာပါပဲ။နောက်ထပ် နှစ်ပေါင်း3000ကြာမြင့်သွားတဲ့နောက်။ ကျောင်းမှာ တခြားကလေးတွေက ဝိုင်းပြောင်လှောင်၊ ဆရာမတွေက ကြည့်မရ၊ လူတွေက မျက်မုန်းကျိုး၊ ဘဝကို အရှုံးသမားပေါက်စလေးလိုနေနေရပေမဲ့ သာမန်ကလေးတွေလို စကားပြောချင် ရယ်ရယ်မောမောနေချင်တဲ့ သီရူနာဆိုတဲ့ စကားထစ်နေတဲ့ ကလေးလေးတစ်ယောက်က ဝိဉာဉ်လောကဘုရင်ကြီးရဲ့ ကျိန်စာကို ပယ်ဖျက်ပေးဖို့ ကံဖန်လာတဲ့အခါမှာတော့....။ ဟာသနှောထားတဲ့ ကားလေးမို့ ရယ်ရယ်မောမောကြည့်လို့ရတာတင် မဟုတ်သေးပါဘူး။အားနည်းသူကို နှိမ်ပြီး လှောင်ပြောင်တတ်တဲ့ လောကရဲ့ သဘာဝအပြင် မှတ်သားစရာ အချက်လေးတွေအများကြီး ထည့်ရိုက်ထားတဲ့ ကားကောင်းလေးပဲ ဖြစ်ပါတယ်။ IMDb rating 6.8အထိရရှိထားပြီး အိမ်က ...
movie
My Dear Bootham (2022)
2022
8.1
Sathya (2017)
IMDb Rating (6.5) ရရှိထားတဲ့ တမီးလ်ဇာတ်ကားလေးပါ။ဆတ္တယာ(Sathya) ဟာ သြစတေးလျက အဆင့်မြင့်ကုမ္ပဏီတစ်ခုမှာ အဆင့်မြင့်အရာရှိတစ်ယောက်အနေနဲ့လုပ်ကိုင်နေတဲ့ သူတစ်ယောက်ဖြစ်ပြီးတော့ အချစ်ရေးရာကိစ္စဆိုလို့ ဘာမှကိုစိတ်မဝင်စားတတ်တဲ့သူပါ။တစ်နေ့မှာတော့ အိန္ဒိယနိုင်ငံချင်နိုင်းမှာရှိနေတဲ့ သူ့ရည်းစားဟောင်းဖြစ်တဲ့ (Swetha) ဆွီသာ့ဆီကနေ အကူအညီတောင်းတဲ့ ဖုန်းအသံမက်ဆေ့တစ်ခုရပါတယ်။လွန်ခဲ့နှစ်လလောက်က ဆွီသာရဲ့ ငါးနှစ်အရွယ်သမီးလေးကို လူစိမ်းနှစ်ယောက်က ဖမ်းဆီးခေါ်သွားခဲ့တယ်လို့ ဆွီသာကပြောဆိုုပြီး သူ့သမီးလေးကို ပြန်ပြီးရှာပေးဖို့အတွက် အကူအညီတောင်းတာပါပဲ။ချန်နိုင်းမှာရှိနေတဲ့ ရဲတွေက ဒီအမှုကို ရေရေရာရာစုံစမ်းစစ်ဆေးတာမလုပ်ခဲ့ကြပဲ အမှုကိုပိတ်ပစ်လိုက်ကြပြီးတဲ့နောက် ငါးနှစ်အရွယ်ကလေးမလေးတစ်ယောက်ဆိုတာ တကယ်မရှိတဲ့အကြောင်းနဲ့ဆွီသာ့အနေနဲ့ ထင်ယောင်ထင်မှာဖြစ်နေတာသာဖြစ်ပြီး စိတ်ရောဂါကုဆရာဝန်ဆီကို သွားတွေ့သင့်ကြောင်းကိုပဲ ရဲတွေက တုန့်ပြန်ကြပါတယ်။ဆွီသာရဲ့ အမျိုးသားဖြစ်သူနဲ့ အိမ်နီးချင်းတွေကိုယ်တိုင်ကလည်း ဆွီသာဟာ ကလေးမရနိုင်တဲ့သူဖြစ်တဲ့အကြောင်းနဲ့ ဒီလိုဖြစ်ပျက်နေတာဟာ ဆွီသာရဲ့စိတ်ကူးယဉ်မှုတစ်ခုသာဖြစ်တဲ့အကြောင်း ဆတ္တယာကို ရှင်းပြကြပါတယ်။နောက်ပိုင်းမှာတော့ ဆတ္တယာ ကိုယ်တိုင်ကလည်း ဆွီသာ့ စကားတွေကို မယုံမကြည်ဖြစ်လာပြီးတဲ့နောက် ဆွီသာဟာ အထပ်မြင့်တိုက်တစ်ခုနေခုန်ချပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတော့တယ်။ဒါပေမယ့်… အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ ချန်နိုင်းမြို့ရဲတပ်ဖွဲ့မှူး နဲ့ ရဲတပ်ဖွဲ့ဝင်တွေ…. ဆွီသာ့ရဲ့ အမျိုးသား နဲ့ ဆေးစွဲနေတဲ့ ...
movie
Sathya (2017)
2017