Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Raymond Wong
6.1
Happy Ghost 5 ( 1991 )
1991 ခုနှစ်က ထွက်ရှိခဲ့တဲ့ Happy Ghost 5 ဖြစ်ပါတယ်.. စုစုပေါင်း ငါးကားတိတိရှိပြီးတော့ အရှေ့က ၄ ကားကိုလဲ တင်ဆက်ပေးခဲ့ပြီးပြီပဲဖြစ်ပါတယ်Happy Ghost Link စုစည်းမှုကိုဒီမှာရှာနိုင်ပါတယ်Kathy မှာ အရမ်းချစ်စရာကောင်းပြီး သိတတ်တဲ့ မက်ဂျစ်လို့ခေါ်တဲ့ ခွေးလေးတစ်ကောင် ရှိပါတယ်။ သူမရဲ့ အမေရိကန်မှာရှိတဲ့ မိဘတွေဆီ အလည်သွားနေတုန်း ရည်းစားဖြစ်သူ အားကျယ်ဆီ အပ်ခဲ့ပါတယ်။ ဒါပေမဲ့ အားကျယ်က မက်ဂျစ်ကို ကြည့်မရသူ ဖြစ်တဲ့အတွက် သေချာဂရုမစိုက်ပဲ ဖြစ်သလိုထားခဲ့ပါတယ်။ဒါနဲ့ မက်ဂျစ်ဟာ အိမ်က ထွက်ခဲ့ပြီး ဘုရားကျောင်းတစ်ခုကို ဖြတ်သွားချိန် ဖယောင်းတိုင်မီးကြောင့် လောင်ကျွမ်းနေတဲ့ အပျော်နတ်ဘုရားရုပ်တုကို ကယ်ခဲ့ပါတယ်။ အပျော်နတ်ဘုရားကလည်း ကိုယ်ထင်ပြပြီး မက်ဂျစ်ရဲ့ ဆုတောင်းတစ်ခု ဖြည့်ဆည်းပေးဖို့ ကတိပေးခဲ့ပါတယ်။မက်ဂျစ်က လူဖြစ်ချင်တယ်လို့ ဆုတောင်းတော့ အပျော်နတ်ဘုရားက ၄၉ ရက်တာ လူဖြစ်ခွင့်ပေးခဲ့ပါတယ်။ ခွေးလေး မက်ဂျစ်ကနေ လူယောကျာ်းမက်ဂျစ် ဖြစ်သွားပြီးနောက် ဘယ်လိုအလွှဲလေးတွေ ဖြစ်မလဲ...... သူ့သခင် Kathy နဲ့တွေ့ရတဲ့အခါ သူ့ကို မှတ်မိလိမ့်မလား...... Kathy နဲ့ အားကျယ်ကြားမှာ မက်ဂျစ်တစ်ကောင် ဘယ်လိုဝင်ရှုပ်မလဲဆိုတာကို ရုပ်ရှင်နဲ့အတူ ...
movie
Happy Ghost 5 ( 1991 )
1991
5.7
Happy Ghost 4 (1990)
1990 ခုနှစ်က ထွက်ရှိခဲ့တဲ့ Happy Ghost 4 ဖြစ်ပါတယ်.. အရှေ့က ၃ ကားကိုလဲ တင်ဆက်ပေးခဲ့ပြီးပြီပဲဖြစ်ပါတယ်Happy Ghost Link စုစည်းမှုကိုဒီမှာရှာနိုင်ပါတယ်ဒီကားက Happy Ghost 3 အနောက်က ထွက်ခဲ့တယ်ဆိုပေမယ့် ဇာတ်လမ်းဇာတ်ကွက်တွေ ဘာမှဆက်စပ်မှုမရှိပါဘူး. အကြောင်းအရာသီးသန့်သာဖြစ်ပါတယ်...အရှေ့တုန်းက ထွက်ခဲ့တဲ့ ၁ , ၂ , ၃ ကလည်းမင်းသားပဲတူပြီး ဇာတ်လမ်းဇာတ်ကွက်တူညီခြင်းမရှိလို့ ကြည့်ရတာ ကြောင်တောင်တောင်ဖြစ်နေမှာမဟုတ်ပါဘူးအရင်အပိုင်းတွေရဲ့ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ချင်မင်းဆက်ခေတ်တုန်းက လူတစ်ယောက်က ပညာရှိစာမေးပွဲကို အကြိမ်ကြိမ်ဖြေဆိုခဲ့ပေမယ့် အောင်မြင်ခြင်းမရှိပဲ..နောက်ဆုံးမှာ သူ့မိန်းမကိုယ်တိုင်က ထားရစ်ခဲ့လည်း စိတ်ကျရောဂါဖြစ်ပြီးတဲ့နောက်ဘုရားကျောင်းပျက်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ သတ်သေခဲ့ပါတယ်လူပြန်ဝင်စားခွင့်မရပဲနဲ့ ကြိုးပေါ်မှာပဲ တွယ်ကပ်နေခဲ့ပါတယ်တစ်နေ့မှာ မြို့က ကျောင်းသားအဖွဲ့တစ်ဖွဲ့လာရောက်အပန်းဖြေရာကနေ ကြိုးကိုသယ်ဆောင်သွားပြီး Happy Ghost က မြို့ကို ရောက်ရှိသွားပါတယ် ကျောင်းသားအဖွဲ့ကကောင်မလေးတွေနဲ့ သိရှိပြီး ဘဝရဲ့ အဓိပ္ပါယ်တွေကို သေချာစွာ နားလည်သင်ယူနိုင်ခဲ့လို့ လူပြန်ဝင်စားခွင့်ရရှိခဲ့ပါတယ် ဒါက အပိုင်း ၁ ပါ.. အပိုင်း ၂ ကနေ ၄ အထိက လူပြန်ဝင်စားပေမယ့်Happy Ghost က ပြန်ဝင်စားတဲ့လူရဲ့ ကိုယ်စောင့်နတ်အဖြစ်နဲ့ ဆက်ပြီးရှိနေတဲ့အကြောင်းတွေပါ........ ဒီနံပါတ်လေးရဲ့ ဇာတ်လမ်းအကျဉ်းကတော့ Happy Ghostရဲ့ကူညီပေမယ့် အလွဲလွဲအချော်ချော်ဖြစ်နေတာကြောင့် လက်ရှိဘဝကအားကွေ့ဟာတော်တော်စိတ်ညစ်နေရပါပြီ။ အဲဒါကြောင့် သူ့ရဲ့အရင်ဘဝအစောင့်အရှောက်သရဲHappy Ghostကို အမြန်ထွက်သွားစေချင်နေလှပြီ။ အဲဒီလိုနဲ့အရင်ဘဝကကောင်းမှုတွေ အရမ်းလုပ်ခဲ့တာကြောင့် ဘုရားဖြစ်တော့မှာဖြစ်လို့ထွက်သွားရတော့မယ့်အချိန်မှာမှ မကျွတ်မလွတ်သရဲတစ်ကောင်ကရန်ညှိုးထားပြီး အားကွေ့ရဲ့ကောင်မလေးကိုလိုက်သတ်တဲ့အတွက် ...
movie
Happy Ghost 4 (1990)
1990
6.1
Happy Ghost 3 (1986)
ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် ဟောင်ကောင်သရဲဟာသကားလေးဖြစ်တဲ့ Happy Ghost 3 ဇာတ်လမ်းနဲ့ တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးကတော့ နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်ချင်ပေမဲ့ ဘဝပေးကံကြမ္မာကြောင့် ထုတ်ဝေတဲ့သီချင်းတိုင်းကိုအားပေးမှုမရှိပဲ နောက်ဆုံးကိုယ့်ကိုယ် အဆုံးစီရင်သတ်သေသွားတဲ့ အဆိုတော်ရွှီကျောင်းကျောင်း။နောင်ဘဝမှာနာမည်ကြီးအဆိုတော်ဖြစ်ဖို့ ပြန်လည်မွေးဖွားမယ့်ရက်ကောင်းရက်မြတ်ကိုရွေးပေမဲ့ ခပ်တုံးတုံးအအဖြစ်တဲ့ကျောင်းဆရာ ခန်းစန်ကွေ့လူရဲ့ဖန်တီးမှုကြောင့် နှစ်ကြိမ်တိတိ ပြန်လည်မွေးဖွားခွင့်နဲ့လွဲချော်ခဲ့တယ်။ ဒါကြောင့် ရွှီကျောင်းကျောင်းကလက်စားချေဖို့ နေ့တိုင်း တနည်းမဟုတ်တနည်းဒုက္ခပေးပါတော့တယ်။ဒါပေမဲ့ကျောင်းဆရာရဲ့အတိတ်ဘဝက ချင်ခေတ်စာဂျပိုးဖြစ်ပြီးသရဲအဖြစ် ကိုယ်ထဲဝင်နေတဲ့အခါ ခန်းစန်ကွေ့မှာမတူညီတဲ့စွမ်းအားတွေရှိနေခဲ့တယ်။ ဒီလိုနဲ့ရွှီကျားကျားရဲ့ ဒုက္ခကိုမခံနိုင်တဲ့အဆုံး သူ့ကိုချစ်ကျွမ်းဝင်အောင်လုပ်မှသာသူဒုက္ခပေးတာရပ်တန့်မယ်လို့ ကျောင်းဆရာကို အကြံဉာဏ်ပေးလိုက်တဲ့အခါ စတင်ဟန်ဆောင်ချစ်မိရာကနေတကယ်အတည်ချစ်မိသွားတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ နာမည်ကြီးဟာသကားကောင်းလေးတကားဖြစ်တာကြောင့် လက်မလွတ်တမ်းကြည့်ရူအားပေးလိုက်ကြရအောင်စုစုပေါင်း ၅ ကားရှိပြီးတော့ ပထမ ၂ ကားကိုတင်ဆက်ပီးပါပြီ ဒီလင့်မှာတစုတစည်းထဲရှာနိုင်ပါတယ် Quality : Bluray 1080p , 720p Format : mp4 Genres : Horror , Comedy , Fantasy Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie
Happy Ghost 3 (1986)
1986
5.8
Happy Ghost 2 ( 1985 )
90s တွေ ငယ်ငယ်က အမှတ်တရရုပ်ရှင်တွေထဲမှာ တစ်ခုဖြစ်တဲ့ Happy Ghost ဆိုတဲ့ ဟာသကားလေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ရုပ်ရှင်အကျဉ်းလေးကတော့-အပိုင်း ၁ မှာ ကျောင်းသူလေးတွေကို ကူညီပေးပြီး ဘဝကူးသွားတဲ့ happy ghost ဟာ ခန်းရှင်းကွေ့အနေနဲ့ ပြန်ဝင်စားခဲ့ပါတယ်။ အရင်ဘဝက ကုသိုလ်တွေ လုပ်ခဲ့တဲ့အတွက် ခန်းရှင်းကွေ့ဟာ မွေးကတည်းက သဘာဝလွန်အစွမ်းတွေ ရှိနေပါတယ်။ ဒါပေမဲ့လည်း အဲ့ဒီ သဘာဝလွန်အစွမ်းတွေကြောင့် သူ့ဘဝက ပိုခက်ခဲနေပါတယ်လေ။ရှန့်ကောင်းကွေ့အမျိုးသမီး အထက်တန်းကျောင်းက ကျောင်းသူလေးတွေဟာ ယုတ်မာအဖွဲ့ဖွဲ့ထားပြီး စာသင်နှစ်တစ်ခုတည်းအတွင်းမှာ ဆရာဆရာမ ၇ ယောက် အလုပ်ထွက်သွားအောင် ဆိုးသွမ်းလှတဲ့ ကလေးတွေဖြစ်ပါတယ်။ ဘွဲ့ရခါစ ခန်းရှင်းကွေ့ဟာ သူတို့ရဲ့ အတန်းပိုင်ဆရာ ဖြစ်လာတဲ့အခါမှာတော့ ဘယ်လိုအလွှဲမျိုးတွေနဲ့ ရယ်စရာတွေ ဖြစ်မလဲ။ဆိုးသွမ်းလှတဲ့ ကျောင်းသူလေးတွေနဲ့ ခန်းရှင်းကွေ့တစ်ယောက် ကိုယ်အားဉာဏ်အားယှဉ်ပြိုင်ရင်း သံယောဇဉ်ရှိသွားကြတာကို ပရိသတ်တို့ ကြည့်ရှုရယ်မောနိုင်ကြဖို့ CM မှ ပြန်လည်ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။စုစုပေါင်း ၅ ကားရှိပြီးတော့ ဇာတ်ကားအားလုံးကို ဒီလင့်မှာတစုတစည်းထဲရှာနိုင်ပါတယ် Quality : Bluray 1080p , 720p Format : mp4 Genres ...
movie
Happy Ghost 2 ( 1985 )
1985
6.0
The Happy Ghost 1 ( 1984 )
90s တွေ ငယ်ငယ်က အမှတ်တရရုပ်ရှင်တွေထဲမှာ တစ်ခုဖြစ်တဲ့ Happy Ghost ဆိုတဲ့ ဟာသကားလေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ရုပ်ရှင်အကျဉ်းလေးကတော့-ချင်မင်းဆက် ရှန်ဖုန်းနှစ်ပိုင်းမှာ ကွမ်တုံးခရိုင် ပေါင်အန်းနယ်မှာ စာမေးပွဲ ၁၈ ကြိမ်ကျခဲ့တဲ့ ကျူးကျင်ချွင်းဟာ သူ့ဇနီးက တခြားလူနဲ့ လိုက်သွားတဲ့အတွက် စိတ်ဓာတ်ကျပြီး ဘုရားကျောင်းမှာ ဆွဲကြိုးချသေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့ရဲ့ ဝိညာဉ်က ဘုရားကျောင်းက ကြိုးထဲမှာ ကျန်နေခဲ့ပါသတဲ့။၁၉၈၄ ခုနှစ်မှာ အထက်တန်းကျောင်းသူတစ်ဖွဲ့ဟာ ပျော်ပွဲစားထွက်ခဲ့ပါတယ်။ ဒါပေမဲ့ မိုးတွေလေတွေ ကြီးနေတဲ့အတွက် ဘုရားကျောင်း အဟောင်းထဲမှာ မိုးခိုခဲ့ပါတယ်။ ချင်းချင်းရဲ့ အိတ်ချည်တဲ့ကြိုးက ပျက်သွားလို့ တွေ့ရာကြိုးယူပြီး ချည်ခဲ့ပါတယ်။ အဲ့ဒီကြိုးကတော့ ကျူးကျင်ချွမ်းဝိညာဉ်ရှိနေတဲ့ ကြိုးဖြစ်နေပါတယ်။ဒီလို တိုက်ဆိုင်မှုတွေကြောင့် ကျူးကျင်ချွမ်းတစ်ယောက် မိန်းကလေးကျောင်းကို ရောက်လာတဲ့အခါ ဘယ်လိုအလွှဲလေးတွေဖြစ်မလဲ...... ကျောင်းသူလေး ၃ ယောက်နဲ့ သူငယ်ချင်းဖြစ်သွားပြီးနောက် ကောင်မလေးတွေကို သူ့အစွမ်းနဲ့ ဘယ်လိုကူညီမလဲ...... နောက်ဆုံးမှာ သူတို့အားလုံးဘဝရဲ့ အဓိပ္ပာယ်ကို ဘယ်လိုနားလည်သွားမလဲ ဆိုတာကို ဟာသလေးတွေနဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။စုစုပေါင်း ၅ ကားရှိပြီးတော့ ဇာတ်ကားအားလုံးကို ဒီလင့်မှာတစုတစည်းထဲရှာနိုင်ပါတယ် Quality : WEB-DL 1080p , 720p Format ...
movie
The Happy Ghost 1 ( 1984 )
1984
6
Crypto Storm ( 2024 )
ဟောင်ကောင်စုံထောက်ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူ ပရိသတ်တို့အတွက် ဒီရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-လော့ရိဖုန်းဟာ ICAC(အလွှဲသုံးစားမှုတိုက်ဖျက်ရေး)က စုံစမ်းရေးဌာနမှူးဖြစ်ပါတယ်။ စခန်းမှူးရဲ့ အမိန့်အရ အထူးတပ်ဖွဲ့ ဖွဲ့စည်းပြီး Crypto ငွေကြေးနဲ့ ဈေးကွက်ပြုလုပ်တဲ့အမှုမှာ ဘဏ်တစ်ခုက အရာရှိတွေ အလွှဲသုံးစားလုပ်မှုကို လိုက်လံစုံစမ်းခဲ့ပါတယ်။ ဒါကြောင့် လော့ရိဖုန်းက Cap ငွေကြေးကို အပေးအယူလုပ်တဲ့ ပလက်ဖောင်းဖြစ်တဲ့ Ocryptbase ပရိုဂရမ်ကို ရေးသားခဲ့တဲ့ ရွှီရှင်းကို အကူအညီတောင်းခဲ့ပါတယ်။သူတို့အဖွဲ့ရဲ့ စုံစမ်းမှုကြောင့် ဘဏ်ရဲ့ ဘဏ္ဍာရေးမှာ အမှားအယွင်းရှိတာ သိရတဲ့အတွက် ဘဏ်မှအရာရှိဟယ်ကျင့်ထောင်းကို သံသယရှိသူအဖြစ်သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဟယ်ကျင့်ထောင်းလည်း လုပ်ကြံခံရပြီး သေဆုံးသွားခဲ့ပါတယ်။ လူဆိုးတွေက ဘဏ်ဥက္ကဋ္ဌကို ပြန်ပေးဆွဲပြီး Cap ငွေကြေးနဲ့ ပြန်ရွေးဖို့ တောင်းဆိုတဲ့အခါ......နောက်ကွယ်က ဈေးကွက်ကို ကြိုးကိုင်နေသူက ဘယ်သူဖြစ်မလဲ...... လော့ရိဖုန်းတို့ အဖွဲ့ကရော ဘယ်လို လိုက်လံစုံစမ်းကြမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုအဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 33 min Subtitle ...
movie
Crypto Storm ( 2024 )
7.3
All’s Well, Ends Well (1992)
IMDb Rating (7.3) ရရှိထားတဲ့ မင်းသားကြီး စတီဖင်ချောင်ရဲ့ ဟာသဇာတ်ကားလေးပါ။စတီဖင်ချောင်အပြင် အခြား မင်းသားမင်းသမီးသရုပ်ဆောင်များစွာပါဝင်ထားပါတယ်။ညီအစ်ကိုသုံးယောက်အကြောင်းကို အခြေပြုလို့ ချစ်ခြင်းမေတ္တာကို ပုံဖော်ထားတာ ဇာတ်အိမ်ကျနလှတာမို့နောက်ပိုင်းတွေမှာ ဒီနာမည်နဲ့ပဲ ဒီလိုဇာတ်လမ်းတွေ ထပ်မံရိုက်ကူးခဲ့ကြတာ တွေ့ရမှာပါ။မိသားစုဟာသဇာတ်ကားမျိုးဖြစ်ပြီး သရုပ်ဆောင်တွေရဲ့ တုံးကျကျ ပြားကျကျသရုပ်ဆောင်ချက်တွေကို တဝကြီးကြည့်ရှုရမှာပါ။File size…(900 MB) Quality…WEB-DL Rip 720p Format…mp4 Duration….01:50:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by May Thu
movie
All’s Well, Ends Well (1992)
1992