Channel Myanmar

Ravi Kale

Harom Hara (2024) 8.1
Harom Hara (2024) Harom Hara 2024 (ကယ်တင်ရှင် ဆူဘရာမာနီယမ်) IMDb - 9.1/10ဒီတစ်ခါမှာတော့ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်းနဲ့ ကြမ်းပါတယ်ဆိုတဲ့ကောင်တွေထက်ကို ပိုကြမ်းပြမယ့် အက်ရှင်ဒရာမာကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ရွာတစ်ရွာမှာ တမ်မီရက်ဒီဆိုဦးဆောင်တဲ့ လူမိုက်အဖွဲ့ဟာ ကြီးစိုးနေပြီးတော့ သူ့နယ်တစ်ဝှမ်းမှာ သူ့စကားကို ပယ်ရှားဖို့မပြောလေနဲ့ သူ့လူတွေကို လက်နဲ့ရွယ်တာနဲ့တင် အဲဒီလူ အသေဘဲဆိုတာမျိုးအထိ ကြမ်းပြီးတော့ သူ့နယ်တစ်ဝှမ်းမှာ အုပ်စိုးနေသူဖြစ်ပါတယ်။ တမ်မီရက်ဒီတို့အဖွဲ့ ခေတ်ကောင်းနေတဲ့အချိန်မှာပဲ သူတို့ရွာရဲ့ကောလိပ်ကို စမ်းသပ်ခန်းလက်ထောက်ရာထူးနဲ့ ဆူဘရာမာနီယမ်ဆိုတဲ့သူ ရောက်ရှိလာပါတယ်။ တစ်ရက်မှာ ဆူဘရာမာနီယမ်နဲ့ တမ်မီရက်ဒီရဲ့ တပည့်တွေ ပြဿနာဖြစ်ကြရင်း အလုပ်ကနေ ထွက်ရဖို့ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ အိမ်ကိုပြန်လာတဲ့အချိန်မှာ ဆူဘရာမာနီယမ်ရဲ့အဖေဟာ အကြွေးပေါင်းများစွာတင်ပြီးတော့ ပြန်မဆပ်နိုင်တဲ့အဖြစ်ကို ရောက်နေကြောင်းသိလိုက်ရတဲ့အချိန်မှာ အကြွေးရှင်များက ဒီအကြွေးတွေဆပ်ဖို့အတွက် အချိန်၃လပေးလိုက်ပါတယ်။ ဒီ၃လအတွင်းမှာ အကြွေးတွေ ပြန်ဆပ်နိုင်ဖို့အတွက် ပိုက်ဆံရှာဖို့ တရားမဝင်ဂိုဏ်းတစ်ခုကို ဝင်မိရာကနေ ....... အကြွေးတွေကိုရော ပြန်ဆပ်နိုင်မှာလား .......ဆူဘရာမာနီယမ်တစ်ယောက် အဲဒီတရားမဝင်လုပ်ငန်းကနေ ဘယ်လိုတွေ လက်စွမ်းပြမလဲ ....... ဆိုတာတွေကို ကြည့်ရှုရမယ့် ခပ်ကြမ်းကြမ်း အက်ရှင်ဒရာမာကားကောင်းလေးဖြစ်ပါတယ်။( အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ BpL~ ...
movie

Harom Hara (2024)

2024
Ladki: Enter the Girl Dragon (2022) 5
Ladki: Enter the Girl Dragon (2022) Ladki: Enter The Girl Dragon (2022)"အိန္ဒိယဂျက်မ"ဟောင်ကောင်ဂျက်မတွေ ကိုရီးယားဂျက်မတွေ တအားကိုရိုးလွန်းနေပြီဆိုတော့ တမူထူးတဲ့အိန္ဒိယဂျက်မကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Bollywood ကားဆိုပေမဲ့ ချခါနီးမှာ သီချင်းနဲ့ထမကဘဲ အပီအပြင်တကယ်ဖိုက်တာမလို့ female badass ကာရိုက်တာတွေကြိုက်သူတွေအတွက် must tryပါ။ငယ်စဉ်က အစ်မဖြစ်သူမုဒိမ်းကျင့်ခံရတာကို ဘာမှမလုပ်နိုင်ဘဲ ရပ်ကြည့်ရုံသာတတ်နိုင်ခဲ့တဲ့ပူဂျာတစ်‌ယောက် အစ်မဖြစ်သူက ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်လိုက်ချိန်မှာတော့ အကြီးအကျယ်စိတ်ဒဏ်ရာရခဲ့ရတာပေါ့။ စိတ်ရောကိုယ်ပါပြိုလဲနေတဲ့ပူဂျာကို ပြန်လည်ရပ်တည်နိုင်စေတာကတော့ ဘရုစ်လီနဲ့ သူ့ရဲ့အတွေးအမြင်‌ သူ့ရဲ့ဂျီကွမ်ဒိုကိုယ်ခံပညာပါပဲ။ဒီလိုနဲ့ ရုပ်ရှင်ကနေ ဂျီကွမ်ဒိုပညာကို သင်ယူနေတဲ့ပူဂျာတစ်‌ယောက် ဒီပညာကို ကိုယ်တိုင်လက်ထပ်သင်ကြားပေးနေတဲ့နဂါးကိုယ်ခံပညာသင်တန်းကျောင်းရဲ့သတင်းကိုကြားပြီး မြို့တက်လာချိန်မှာတော့ မိန်းကလေးတွေကို ပါးစပ်သရမ်းတတ်တဲ့လူမိုက်တစ်သိုက်နဲ့တွေ့ပါတော့တယ်။ ဒီလူမိုက်တွေကိုဝင်ဟန့်တဲ့သူကတော့ နီးလ်‌ဆိုတဲ့ကိုလူအေးကြီးပေါ့။ဒါပေမဲ့ လူအေးကြီးပီပီ လူမိုက်နဲ့ပြိုင်မဖိုက်နိုင်တော့ ပူဂျာကပဲကယ်တင်ပေးလိုက်ရပြီး ရင်းနှီးသွားကြတဲ့သူတို့နှစ်‌ယောက်ကြားကပတ်သက်မှုနဲ့ ဂျီကွမ်ဒိုပညာရှင်ဖြစ်ချင်တဲ့ရည်မှန်းချက်ကြား ပူဂျာတစ်ယောက်ဘယ်လိုတွေဆက်လုပ်မလဲ။ နဂါးကျောင်းတော်ကို ဝင်ခွင့်ရပြီး သူ့ရဲ့အိပ်မက်ကိုရော အကောင်အထည်ဖော်နိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ ...
movie

Ladki: Enter the Girl Dragon (2022)

2022