Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ramesh Thilak
7.7
Boat (2024)
Boat (2024)လှေIMDb-7.9/10အခုနောက်ပိုင်း ယိုဂီဘာဘူရဲ့ဇာတ်လမ်းတွေက ကြည့်ပျော်ရုံအဆင့်ထက်ပိုတဲ့ အတွေးတွေ စဉ်းစားစရာတွေနဲ့ ပိုကြည့်ကောင်းလာတယ်ဆိုတာ ဘောလိဝုဒ်ပရိသတ်ကြီး သတိထားမိမယ်ထင်ပါတယ်ဒုတိယကမ္ဘာစစ်အတွင်း မဖွံ့ဖြိုးသေးတဲ့ဒေသတစ်ခုမှာ လာဗိုလ်ကျစိုးမိုးတဲ့ဗြိတိသျှတွေရဲ့ နိုင်လိုမင်းထက်ပြုမူကတစ်မျိုး ၊ ဂျပန်ဗုံးကြဲလေယာဉ်ဒဏ်တွေကို ရှောင်ပြေးဖို့ကြိုးစားရတာတစ်မျိုးနဲ့ ဒုက္ခပင်လယ်ဝေနေကြတဲ့ကာလတစ်ခုမှာ ....။ယိုဂီဘာဘူက အသက်ကြီးနေတဲ့ အဘွားနဲ့အတူ ဒီခေတ်အခြေအနေမှာ သင့်တော်ရာလူတွေ့ထားပြီးတဲ့ ညီမကို အိမ်ထောင်ချပေးဖို့အရေး ၊ ဘုမသိဘမသိဖမ်းခံလိုက်ရတဲ့ညီဖြစ်သူလွတ်ဖို့အရေးတွေနဲ့ ခေတ်နဲ့ စစ်ကို မပူအားသေးတဲ့အစ်ကိုကြီးတစ်ယောက်....။ညီကို သွားကယ်ဖို့ကြိုးစားနေချိန်မှ ဂျပန်ဗုံးကြဲလေယာဉ်တွေလာတယ်ဆိုလို့ အဘွားနဲ့ ညီကိုခေါ်ပြီးလှေနဲ့ ပင်လယ်ထဲပြေးဖို့ကြံတော့ ရှေ့ပြေးလမ်းကိုပဲ အာရုံစိုက်မိနေချိန် ညီဖြစ်သူကကျန်နေခဲ့ပြီး လွတ်လမ်းဆိုတာနဲ့ အချောင်လိုက်ချင်တဲ့ လူတစ်ဖွဲ့ပဲ သူ့လှေပေါ်ပါလာခဲ့တယ်....။ပင်လယ်ပြင်ကြီးထဲက လှေတစ်စီးပေါ်မှာ နိုင်ငံရေးသမား ၊ တစ်ကိုယ်ကောင်းစိတ်ဓာတ်နဲ့ စီးပွားရေးသမား ၊ အကြောက်လွန်သူ ၊ လက်တွေ့သမား လူအမျိုးမျိုးပါလာကြတယ်....။တစ်လှေတည်းစီးတစ်ခရီးတည်းသွားအချင်းချင်း နားလည်ဖေးမကူညီသူရှိသလို ဗိုလ်ကျအနိုင်ကျင့်ချင်သူနဲ့ ၊ မိတ်ဆွေယောင်ဆောင်ရန်သူတွေလည်းရှိနေပြန်တော့....။ဒီတစ်ခါရော ယိုဂီဘာဘူကြီးက သဘာဝကျကျ ဘဝကိုဘယ်လိုသရုပ်ဖော်ပြဦးမလဲဆိုတာ ရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် File size…3.3GB / 1.4GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 6m Subtitle….Myanmar Subtitle ...
movie
Boat (2024)
Yaavarum Vallavare (2024)
Yaavarum Vallavare (2024) မေ့မရတဲ့တစ်ညတာပူလောင်အိုက်စပ်နွေညတွေရဲ့ ရယ်ရွှင်ဆေးဖြစ်လာစေမယ့် ဇာတ်လိုက်ကျော်ကြီး ယိုဂီဘာဘူပါဝင်တဲ့ drama comedy ဇာတ်လမ်းသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ဒီဇာတ်လမ်းမှာတော့ အခွဲလေးခုပါဝင်မှာဖြစ်ပြီးတော့ ဘယ်လိုဆက်စပ်သွားမလဲဆိုတာ ရှုစားကြပါဦး။ ကျွန်တော်တို့အားလုံး ဒုက္ခတွေ့ချိန်မှာ ကယ်တင်ရှင်ကို အမြဲမျှော်တတ်ကြပေမဲ့ ကယ်တင်ရှင်ကတော့ အမြဲပေါ်မလာတတ်ပါဘူး။ကိုယ့်မှာ ပြေးကြည့်မှကိုယ်ပဲရှိတဲ့အချိန်တွေမှာ ကိုယ်တိုင်ပဲကယ်တင်ရှင်ဝင်လုပ်ဖို့ဖြစ်လာတဲ့အချိန်တွေ လူတိုင်းမှာ ရှိခဲ့ဖူးမှာပါပဲ။ ဒီဇာတ်ကားလေးကတော့ ကိုယ့်ဘဝရဲ့သူရဲကောင်းက ကိုယ်ဖြစ်နေတဲ့အခိုက်အတန့်လေးတွေကို ရိုက်ကူးပုံဖော်ထားတာပါ။ ဒီဇာတ်လမ်းလေးမှာ အကျင့်စာရိတ္တကောင်းမွန်မှုနဲ့ ထောင်ဒဏ်လျှော့ရက်ရပြီး ၅ နှစ်အကြာမှာလွတ်မြောက်လာတဲ့လူတစ်ယောက်၊ ၅ နှစ်လုံးလုံး မိသားစုနဲ့တွေ့ခွင့်မရတဲ့သူနဲ့ သူ့ကိုစောင့်ကြည့်နေတဲ့လူတစ်စု နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း အကြမ်းဖက်တွေနဲ့စစ်ပွဲမှာ တိုက်ပွဲကျသွားတဲ့ စစ်သားနဲ့ ကိုယ်ဝန် ၃ လနဲ့ကျန်နေခဲ့တဲ့သူ့ဇနီးဖြစ်သူ တစ်ဖက်က ပျောက်ဆုံးနေတဲ့အဖေကို လိုက်ရှာနေတဲ့သားတစ်ယောက် နောက်ဆုံးအနေနဲ့ ရုပ်ရှင်အဖွဲ့သားယောင်ယောင်နဲ့ အိမ်မှာရုပ်ရှင်ရိုက်မယ်ဆိုပြီး ရောက်လာတဲ့ အကြံသမားနှစ်ယောက်နဲ့ အိမ်ရှင်သူဌေးမရဲ့သမီးကို ခိုးပြေးချင်တဲ့ဒရိုက်ဘာလေးရဲ့ဇာတ်လမ်းဒီဇာတ်လမ်းလေးခုက အဖြစ်အပျက်လေးခုက တစ်ညတည်းမှာဖြစ်လာတဲ့အခါ ဒီလူတွေ ရဲ့ဘဝမှာ ဘယ်လိုရိုက်ခတ်မှုတွေဖြစ်လာမလဲဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်) File size…1.7GB / 762MB Quality…WEB DL 1080p / ...
movie
Yaavarum Vallavare (2024)
2024
8.4
Good Night (2023)
Good Night 2023ဒီတစ်ခေါက်မှာတော့ IMDb - 8.3/10 ထိရရှိထားတဲ့ တမီးလ် မိသားစုဒရမ်မာကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Jai Bhim၊ Vikram Vedha ဇာတ်ကားတွေထဲက မင်းသား Manikandan နဲ့ မင်းသမီးချော Meetha တို့ကအတွဲညီညီသရုပ်ဆောင်ထားတာပါ။ဇာတ်လမ်းအကျဉ်း မိုဟန်တို့အိမ်ဟာ မိသားစုဝင်တွေအများကြီးနဲ့ သိုက်သိုက်ဝန်းဝန်းရှိလှတဲ့ မိသားစုတစ်ခုပါ။ အချင်းချင်းစည်းလုံးကြပြီး တစ်ယောက် ပြဿနာတစ်ယောက်ဖြေရှင်းကြရင်းပေါ့။ သို့ပေမဲ့မိုဟန်မှာ မိသားစုဝင်တွေ သည်းမခံနိုင်လောက်အောင်ဆိုးတဲ့ အကျင့်တစ်ခုရှိပါတယ်။ အဲဒါကတော့ ဟောက်တတ်တာပါပဲ။အဲအကျင့်ကြောင့်လည်း စော်ငြင်းကောင်ဖြစ်နေရတဲ့သူပါ။ တစ်နေ့မှာ ယောက်ဖဖြစ်သူနဲ့ ရေပိုက်လိုက်ပြင်ရင်း အာနူးဆိုတဲ့သနားစရာကောင်မလေးနဲ့ တွေ့ဆုံပြီး၊ နှစ်ယောက်သားစုံမက်သွားကြတဲ့အခါ အာနူးခင်ဗျာ မိုဟန်ကိုသည်းခံနိုင်ပါဦးမလား၊ နှစ်ယောက်သား ဘယ်လိုနားလည်မှုယူကြမှာလဲ....သူတို့ခင်ဗျာညတိုင်း "Good Night " ဖြစ်နိုင်ပါဦးမလားဆိုတာ "Good Night"ဇာတ်ကားမှာပဲအဖြေရှာပြီး အပန်းဖြေကြည့်ရှုလိုက်ရအောင်ပါ။အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon ~ ThaikSan ~ Zwe ~ V~ BpL~ တို့ပဲဖြစ်ပါတယ်။ File size…2.39GB / 1.12GB Quality…1080p WEB DL /720p Format…mp4 Duration….2h 22m Subtitle….Myanmar ...
movie
Good Night (2023)
2023
9.5
Yaanai Mugathaan (2023)
Yaanai Mugathaan (2023)IMDb-9.6/10ခါတိုင်းအရွှတ်အနောက်နေရာကပါဝင်နေကျ ဘာဘူက ဒီကားထဲမှာ တည်တည်တံ့တံ့သရုပ်ဆောင်ထားတာမို့ မတူညီတဲ့ပုံစံနဲ့ရှုစားရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ဇာတ်လမ်းအညွှန်း အဖေဖြစ်သူက အရှင်ဗင်နာယာဂါကို သက်၀င်ယုံကြည်သူ ဖြစ်တာကြောင့် သူ့သားကို ဂန်နက်စန် ဆိုပြီး နာမည်ပေးခဲ့တယ်။ ဂန်နက်စန် လုပ်တတ်တာ နှစ်ခုရှိတယ် "သူများကို လိမ်ရင်လိမ် မဟုတ်ရင် သူ့ကိုယ်သူ ပြန်လိမ်နေတာ" တဲ့။ ဂန်နက်စန်က သုံးဘီးသမား၊အကြွေးပေးစရာရှိတဲ့ဟာကို ဟိုလူ့ဆီက ပတ် ဒီလူ့ဆီက ဝိုက်နဲ့ အကြွေးပတ်ချာဝိုင်းနေသူ။ တခုခု အဆင်မပြေတိုင်း အရှင်ဗင်နာယာဂါဆီမှာ တိုင်တည်ပြီး မြည်တွန်တောက်တီးနေတတ်တယ်။ တစ်ရက် သူကိုးကွယ်ပူဆာနေတဲ့ အရှင်ဗင်နာယာဂါရုပ်ထုကို ဘုရားစင်ပေါ်မှာလည်း မမြင်ရ၊ ဘုရားကျောင်းမှာလည်း မမြင်ရ၊ပုံတော်တွေမှာလည်း မမြင်ရနဲ့ သူတစ်ယောက်ပဲ မမြင်ရတော့တဲ့ဘ၀ ရောက်သွားရော။ ဘယ်သူကမှလဲ သူပြောတာ မယုံကြဘူး။ဒီလိုနဲ့ ဟာသသရုပ်ဆောင် ယိုဂီဘာဘူက အရှင်ဗာနာယာဂါ ဆိုပြီး ရောက်လာရာကနေစပြီး သူ့ဘ၀ ဘယ်လိုတွေ ပြောင်းလဲသွားမလဲဆိုတာ လူတယောက်ရဲ့ လူသားဆန်မှုနဲ့အကျင့်စရိုက်တွေကို ဘာသာရေးပါးပါးသုံးပြီး တင်ဆက်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။"ဘုရားရှာ ကိုယ်မှာရှိ တရားရှာ ကိုယ်မှာသိ" ဆိုတဲ့အတိုင်း ဂန်နက်စန်တယောက် သူ့မျက်စိရှေ့မှာ ပျောက်နေတဲ့ ဘုရားကိုလိုက်ရှာရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါအုံးခင်ဗျ။ (အညွှန်းကို chiclon3 ...
movie
Yaanai Mugathaan (2023)
2023
6.0
Oh My Ghost (2022)
Oh My Ghost (2022) IMDb 6.1အခုတင်ဆက်ပေးမှာကတော့ ပုရိသတို့အသည်းစွဲ မင်းသမီးSunny Leone ရဲ့ အမိုက်စားသရုပ်ဆောင်မှုတွေပါဝင်တဲ့ သရဲကားပဲဖြစ်ပါတယ် ဂျန်ဂျမား vibe လိုမျိုးပြန်ရမဲ့ဒီကားက ဇောက်ထိုးခြောက်မဲ့အခန်းတွေရောအတည့်ခန်းတွေပါပါမှာမို့ Horror စစ်စစ်မှကြိုက်ပါတယ်ဆိုသူများအတွက် ရှယ်ဖြစ်နေမှာပါလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီတုန်းက... ရက်စက်ကြမ်းကြုတ်တဲ့အရှင်မတစ်ပါးရှိတယ် သူမခံတပ်မြို့ဆီဘယ်ယောကျာ်းသားမှမကပ်ရဲလောက်အောင်ကြမ်းတဲ့သူပေါ့ ဒါပေမဲ့အဲဒီခေတ်မှာ သူမကအရှင်လတ်လတ်မြေမြှုပ်ခံခဲ့ရပြီး သူမရဲ့ကျိန်စာနဲ့အတူ ဝိဉာဉ်ကလည်းမကျွတ်လွတ်ဘဲ သွေးကြွေးဆပ်ဖို့ ယနေ့ခေတ်ထိတိုင်အောင်ရှိနေလေတယ်မျက်မှောက်ခေတ်မှာတော့...ဘုရင်မသွေးကြွေးဆပ်ရမဲ့လူကလူပြန်ဝင်စားလာခဲ့ပါတယ် သူကတော့ ဇာတ်လမ်းတွေရေးပြီး ပရိုဂျူဆာလိုက်ရှာနေတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်နေတာပါ ဒီလိုနဲ့ နှစ်ပေါင်းထောင်ချီကရန်ငြှိုးတွေ အကြေဆပ်ရမဲ့အချိန်ရောက်လာပြီး ဘုရင်မဝိဉာဉ်နိုးထလာခဲ့ချိန်မှာတော့....ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ အခုပဲအပြေးဒေါင်းကြည့်လိုက်ပါရှင်File size…2.35GB / 1.04GB Quality…1080p WEBDL / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Bpl~Yunni~Khin Khin
movie
Oh My Ghost (2022)
2022
8.5
Kanam (2022)
Oke Oka Jeevitham 2022 8.4/10 IMDbဟုတ်ကဲ့ဒီတစ်ခါတော့ အိန္ဒိယသိပ္ပံဇာတ်ကားလေးတစ်ခုလာပါပြီနော်ကျွန်တော်တို့သာအချိန်ခရီးသွားနိုင်မယ်ဆိုရင် အတိတ်ကအမှားတွေကိုပြန်ပြင်ဖို့ လူတိုင်းအတိတ်ကိုပြန်သွားချင်မှာပါပဲ..ဒါကတော့အချိန်ခရီးသွားမယ့်ဇာတ်လမ်းလေးပေါ့နော်တစ်နေ့သိပ္ပံပညာရှင် ပေါလ်နဲ့မိုက်ကယ်တို့နှစ်ယောက် အချိန်ယန္တရားစက်ကိုစမ်းသပ်တီထွင်ခဲ့ရာမှာ စမ်းသပ်မှုမအောင်မြင်ဖြစ်ပြီး မိုက်ကယ်ဆုံးသွားခဲ့ရပါတယ်အာဒီ၊ ချေတူးနဲ့စီနူးတို့က ဘဝမှာအခက်အခဲကိုယ်စီနဲ့ရုန်းကန်နေရတဲ့ ငယ်ပေါင်းသူငယ်ချင်းသုံးယောက်ပေါ့...အာဒီက ဂီတပညာရှင်တစ်ယောက်ဖြစ်ချင်ပေမယ့် စတိတ်စင်ကိုကြောက်တတ်တယ်..ချေတူးကအချစ်ရေးကိစ္စအဆင်မပြေနေတဲ့သူစရီနူးကတော့ ငယ်စဥ်ကစာကောင်းကောင်းမလုပ်ခဲ့ရလို့နောင်တရနေတဲ့သူပေါ့တစ်နေ့စီနူးက အာဒီ ချေတူးတို့နဲ့အတူ ပေါလ်ကိုအိမ်လိုက်ပြရာမှ အာဒီကပေါလ်ရဲ့သေတ္တာတစ်လုံးကိုသတိပြုမိသွားပါတယ်.. သေတ္တာပေါ်ကရက်စွဲကလဲ သူ့အမေမဆုံးခင်ကရက်စွဲနဲ့ဆိုတော့ အံ့သြသွားခဲ့ရပါတယ်ဒီလိုနဲ့ပေါလ်ရဲ့အချိန်ယန္တရားစက်ကြီးနဲ့ သူတို့အားလုံးရဲ့ကိုယ်စီပြဿနာတွေကို အတိတ်ကိုသွားပြီးပြောင်းလဲကြတဲ့အခါဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတာ မျှော်တလင့်လင့်လိုက်ပါကြည့်ရှုလိုက်ကြပါဦးခင်ဗျာ.. File size…2.8GB / 1.24GB Quality…1080p True WEB DL HQ / 720p Format…mp4 Duration….2h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & HM & Taylor & BpL
movie
Kanam (2022)
2022
7.4
Nenjuku Needhi (2022)
“လူသားအားလုံး သာတူညီမျှ ဖြစ်သွားရင် ဘယ်သူက အုပ်ချုပ်မင်းလုပ်မှာလဲ…တဲ့ လူသားအားလုံးဟာ သာတူညီမျှ အခွင့်အရေးရသင့်ကြောင်း တွေးခေါ်နိုင်စွမ်းရှိတဲ့သူပေါ့ဗျာ”ကမ္ဘာအနှံ့မှာ လူ့အခွင့်အရေးအရ သာတူညီမျှဖြစ်နိုင်ဖို့ ယနေ့ထိတိုင် Ideology Revolution တွေ ဆင်နွှဲနေရဆဲပါ။ ပဒေသရာဇ်စနစ်တော်လှန်ရေးမှစပြီး ယနေ့ LGBTQ+ အခွင့်အရေးတွေအထိ ကျွန်တော်တို့ လူသားတွေ တော်လှန်ခဲ့ကြရာ သာတူညီမျှ အခွင့်အရေးရှိတဲ့ လူ့အဖွဲ့အစည်းဟာ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာခဲ့ပါပြီ။ သို့ပေမဲ့ ကျွန်တော်တို့နိုင်ငံအပါအဝင် ကမ္ဘာ့ဒေသတချို့မှာလည်း ခွဲခြားဆက်ဆံခံရမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ အဲ့ဒီအထဲကမှ အိန္ဒိယနိုင်ငံဟာ လူတန်းစားခွဲခြားမှုကြီးမားပြီး ဇာတ်နိမ့်၊ ဇာတ်မြင့် စသဖြင့် အမျိုးမျိုး ခွဲခြားဆက်ဆံတဲ့ ပြဿနာဟာ ယနေ့ထိတိုင် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ အိန္ဒိယနိုင်ငံရဲ့ဇာတ်ခွဲခြားမှုအပေါ် အခြေခံပြီး လူ့အခွင့်အရေးအတွက် လှလှပပ တင်ဆက်ထားတဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ================ ဗီဂျာယာရာဂါဗန်ဟာ နိုင်ငံခြားကနေ ပြန်လာပြီးနောက် အိန္ဒိယနိုင်ငံ ရဲတပ်ဖွဲ့မှာ စတင်တာဝန်ထမ်းဆောင်မယ့် ရဲအရာရှိတစ်ယောက်ပါ။ နယ်ဘက်ကို တာဝန်ကျတဲ့အခါမှာတော့ လူတန်းစားခွဲခြားမှုတွေကို သိရပြီး ကသိကအောင့် ဖြစ်ရတာပေါ့။ တာဝန်ထမ်းဆောင်ရင်း တစ်နေ့မှာတော့ ပျောက်ဆုံးနေတဲ့ ဇာတ်နိမ့်အမျိုးသမီးငယ် ၃ ဦးထဲမှာ ...
movie
Nenjuku Needhi (2022)
2022