Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ramachandra Raju
6.2
Hit List (2024)
Hit List (2024) "အပြစ်ဒဏ်"IMDb 6.2ရက်ရက်စက်စက် ပြကွက်ခပ်ကြမ်းကြမ်းတွေနဲ့ တမီးလ် လျှို့ဝှက်သည်းဖို ရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ်ဗီဂျေးက အနေအေးတဲ့ လူငယ်တစ်ယောက် သားသတ်လွတ် လှုံ့ဆော်သူလည်းဖြစ်တဲ့အပြင် ကြွက်ကလေးတစ်ကောင်ကိုတောင်မှ စာနာတတ်တဲ့ ကရုဏာရှင် ဒီလို နှလုံးလှဗီဂျေးရဲ့ အမေနဲ့ ညီမလေးကိုမှ အမည်မသိ မျက်နှာဖုံးစွပ် ဆိုက်ကိုကောင်တစ်ကောင်က ပြန်ပေးဆွဲသွားလေရဲ့သူများတကာကို နာကျင်မှုပေးရတာ နှစ်ခြိုက်သူ၊ ငွေနဲ့ အာဏာလို ရုပ်ဝတ္ထုတွေကို မက်မောလို့မဟုတ်ဘဲ စေ့ဆော်မှု ရည်ရွယ်ချက်တစ်ခုရှိနေတဲ့ မျက်နှာဖုံးစွပ် မိစ္ဆာကောင်က …ဗီဂျေးကို အကြပ်ကိုင်ပြီး ရက်စက်ကြမ်းကြုတ်လာအောင် ဘယ်လိုတွေခိုင်းစေမှာလဲ… သူ့ရဲ့ ခန့်မှန်းရခက်တဲ့ ရည်ရွယ်ချက်ကရော ဘယ်လိုဖြစ်မှာလဲမညှာစတမ်း ပြကွက်တွေနဲ့ ရင်တမမ အူလှိုက်သည်းလှိုက် ကြည့်ရမယ့် တမီးလ်ရုပ်ရှင်လေးတစ်ကားပါအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2.05GB / 976MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie
Hit List (2024)
2024
6
Aranmanai 4 (2024)
Aranmanai 4 (2024)"ကျိန်စာသင့်ကလဲ့စား ၄" ==================================== IMDb 6.1/10 နာမည်ကျော် သရဲဟာသရုပ်ရှင်တွဲဖြစ်တဲ့ Aranmanai ရုပ်ရှင်တွဲတွေရဲ့ လေးကားမြောက်ရုပ်ရှင်ကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီ နံပါတ် ၄ မှာလည်း တမီလ်ဟာသမင်းသားကြီး ယိုဂီဘာဘူနဲ့အတူ အရင်ကားတွေရဲ့သရုပ်ဆောင်တော်တော်များများပြန်ပါလာတဲ့အပြင် အားလုံးချစ်တဲ့ မင်းသမီးလေး သမန်းနားလည်း အားဖြည့်ပါဝင်လာခဲ့ပါတယ်။ဒီ လေးခုမြောက်ရုပ်ရှင်မှာလည်း Aranmanai ရုပ်ရှင်တွေရဲ့ထုံးစံ စံအိမ်ကြီးတစ်လုံးရယ်၊ အိမ်ကြီးထဲမှာ ခြောက်လှန့်နေတဲ့သရဲတွေရယ်၊ အိမ်ကြီးနဲ့ပတ်သက်နေတဲ့ ရတက်ပွေတဲ့လူတွေရယ်ကတော့ မပါမဖြစ်ပါပဲ။ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းကတော့...ရှေ့နေကြီး ဆာရာဗာနန်ရဲ့ညီမဖြစ်သူတို့လင်မယား ရုတ်တရက်သေဆုံးသွားတဲ့အတွက် ဆာရာဗာနန်ဟာ သူတို့ချန်ထားခဲ့တဲ့ စံအိမ်ကြီးကိုသွားရောက်ပြီး သေဆုံးမှုနောက်ကွယ်က အကြောင်းတွေဖော်ထုတ်ရင်း လူတွေ၊ သရဲတွေနဲ့ ဇာတ်လမ်းရှုပ်မိပုံတွေကို မင်းသမီးတွေရဲ့ ငွားငွားစွင့်စွင့် အလှအပတွေနဲ့အတူ ဟာသစွက်ပြီး ကြောက်ဖို့ကောင်းအောင် ရိုက်ကူးတင်ဆက်ပြထားတာပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…3.2GB /1.5GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Aranmanai 4 (2024)
2024
6.6
Salaar: Part 1 – Ceasefire (2023)
Salaar: Part 1 – Ceasefire (2023) ==========================WEB DLအကြည်ဗားရှင်းကိုပဲ တင်ဆက်ထားပါတယ်သွေးသောက်ညီနောင်သစ္စာတရား CM တောင်ပိုင်းချစ်ပရိသတ်ကြီးတို့ မျှော်လင့်နေတဲ့ ဇာတ်ကားလေးကတော့ အကြည်WEB DL ဗားရှင်းထွက်ရှိလာခဲ့ပါပြီ၂၀၂၃ ဒီဇင်ဘာမှာ ရုံတင်ခဲ့တဲ့ ဒီဇာတ်ကားဟာ ၂၇၀ ကုဋေရင်းခဲ့ပြီး ၇၅၀ ကုဋေထိအမြတ်ရကာ အတော်လေးအောင်မြင်ခဲ့ပါတယ် ဦးဆောင်ပါဝင်ထားတဲ့မင်းသားကတော့ တောင်ပိုင်းရဲ့ကမ္ဘာသိမင်းသား ဘာဟုဗလီမင်းသားလို့ မြန်မာမှာ နာမည်ကြီးတဲ့ Prabhas နဲ့ ကားရိုက်ကျဲပေမယ့် ပါတဲ့ကားတိုင်းပေါက်တဲ့ မင်းသမီးချောလေး ရှရူသီအပြင် အခြားတောင်ပိုင်းနာမည်ကြီး ဇာတ်ပို့များစွာပါဝင်ထားပါတယ်ဇာတ်လမ်းအကျဉ်းကို မညွှန်းခင်မှာ ပထမဆုံးချီးကျူးလိုတာကတော့ တောင်ပိုင်းကားတွေဟာ အက်ရှင်ခန်းရိုက်တဲ့နေရာမှာ တော်တော်ကို ကောင်းမွန်နေပြီဆိုတာပါပဲ စလိုးမိုးရှင်းတွေ အနီးကပ်ရိုက်ချက်တွေကို သူ့နေရာနဲ့သူသုံးထားပြီး အရမ်းကြီးအိုဗာမဖြစ်ပဲ မင်းသားရော ဗီလိန်တွေပါ သွေးသံရဲရဲနဲ့ ဖိုက်နေကြတာ တကယ်အားရစရာပါပဲဇာတ်လမ်းကတော့ ကန်ဆာပြည်နယ်လို့ခေါိတဲ့ စိတ်ကူးယဉ်ပြည်နယ်တစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ် ပဒေသရာဇ်စနစ်နဲ့ မျိုးရိုးစဉ်ဆက်အုပ်စိုးတဲ့ နေရာမှာ မင်းသားဖြစ်တဲ့ ဗာရာဒါနဲ့ သာမန်လူ ဒေဗာ(ဘာဟုဗလီမင်းသား) က အသက်ပေးချစ်ကြတဲ့ ငယ်သူငယ်ချင်းတွေပါတစ်နေ့မှာ ဒေဗာက အဲ့နေရာကနေ ထွက်ခွာခဲ့ရပေမယ့် သူ့သူငယ်ချင်းလိုအပ်ချိန်တိုင်းမှာ ပြန်လာကူညီမယ်လို့ ...
movie
Salaar: Part 1 – Ceasefire (2023)
2023
4K HEVC
9
Red Sandal Wood (2023)
Red Sandal Wood (2023) IMDb - 9.0/102021 ခုနှစ်ရဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ အာလူးအာဂျွန်နဲ့ ရာရှ်မီကားတို့ရဲ့ Pushpaရုပ်ရှင်လို စန္ဒကူးနီမှောင်ခိုလုပ်ငန်းအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားသစ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ။ ဒီကားမှာတော့ ဇာတ်လိုက်ကျော်မင်းသားကို စန္ဒကူးနီမှောင်ခိုဂိုဏ်းကို ဖော်ထုတ်မယ့် လက်ဝှေ့ကျော်လေးပရာဘာအဖြစ် မြင်တွေ့ရမှာပါ။ Pushpa 2 လည်း ပြသဖို့ရက်ဝေးသေးတာဆိုတော့ ကိုအာလူးကိုစောင့်ရင်းနဲ့ အလွမ်းပြေကြည့်ရှုလိုက်ရအောင်ပါ။ဇာတ်လမ်းအကျဉ်းအန်ဒရာမြို့အတွက်တော့ စန္ဒကူးဆိုတာ မြေဆီမြေနှစ်ကထွက်တဲ့ ရတနာတစ်ပါးပါပဲ။ ကြီးမားကျယ်ပြန့်လှတဲ့ တီရူပသီက စန္ဒကူးနီတောအုပ်ကြီးဟာ အန်ဒရာသားတွေအတွက် ဂုဏ်ယူစရာဖြစ်သလို ဝိသမလောဘသားတွေအတွက်လည်း အသင့်ယူသုံးလို့ရတဲ့ ရွှေတွင်းကြီးဆိုလည်းမမှားပါဘူး။ ဘယ်လောက်ပဲ ဥပဒေနဲ့ထိန်းနေပါစေ စန္ဒကူးနီမှောင်ခိုမှုတွေကတော့ တောကြီးအနှံ့မှာ ရှိနေဆဲပါပဲ။ကာရုနာတစ်ယောက် အရွယ်ရောက်လာပြီး မိသားစုတာဝန်ကိုထမ်းရတော့မယ်ဆိုပေမဲ့ အလုပ်ကရှာမရတာကြောင့် ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်နေရသူပါ။ သားကြီးတစ်ယောက်ပီပီ အဖေ့ကိုလည်း အလုပ်တွေကနေ နားစေချင်၊ အလုပ်ကလည်းမရ။ ဒီကြားထဲ လူတွေ့ကပါအဆင်မပြေပြန်တော့ ရရာအလုပ်ကိုဝင်လုပ်ဖို့ စိတ်စောနေပါပြီ။ ဒါပေမဲ့ ကာရုနာရဲ့မိဘတွေကတော့ တင့်တောင့်တင့်တယ် ...
movie
Red Sandal Wood (2023)
2023
6.1
Bhala Thandanana (2022)
ဒီတစ်ခေါက်မှာတော့ အက်ရှင်ကြမ်းကြမ်းသိပ်မဟုတ်ပေမယ့် ဗီလိန်ဝါရင့်သရုပ်ဆောင်တွေပါတဲ့ ၂၀၂၂ ထွက်တောင်ပိုင်းကားတစ်ကားနဲ့ မိတ်ဆက်ပေးပါဦးမယ်။ IMDB မှာ 6.1 ရထားပြီး လှည့်ကွက်တွေနဲ့ကားမို့ ကြည့်ရတန်တဲ့ကားတစ်ကားဖြစ်လာဦးမှာပါ။ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းအဖွင့်ကို ရူပီး ၁ကုဋေ ပြန်ပေးဆွဲမှုနဲ့ စတင်ထားပါတယ်။ အဲ့ဒီနောက် ဝန်ကြီးချုပ်အထိ ပေါက်ရောက်တဲ့ စီးပွါးရေးသမားလူမိုက်ခေါင်းဆောင်ရဲ့ လူတွေအသတ်ခံရပါတော့တယ်။ အဲ့ဒီအမှုကို စိတ်ဝင်စားပြီး ရိုးသားတဲ့ သတင်းထောက်မလေးနဲ့ သူ့ကိုသဘောကျနေတဲ့ လူရိုးရွာသားလေးတစ်ယောက်တို့ အရှုပ်တွေထဲဝင်ပါမိတဲ့အခါမှာတော့ မထင်မှတ်တဲ့ လှည့်ကွက်တွေနဲ့ ဟာသနှော ရိုက်ကူးထားပြီး Over အနည်းငယ်ပါပေမယ့် စုံထောက် Action ကြိုက်တဲ့သူတွေ အကြိုက်တွေ့မယ့်ကားလို့ညွှန်းချင်ပါတယ် File size…2.4GB / 1.1GB Quality…1080p WEB DL AAC5.1CH Telugu / 720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Sai ThuRein
movie
Bhala Thandanana (2022)
2022
8.0
Kodiyil Oruvan
နယ်ကရွာလေးတစ်ခုမှ ရွာလူကြီးနေရာကို မမျှော်လင့်ပဲ ရလာတဲ့ အမျိုးသမီးတစ်ယောက်ဟာရပ်ရွာကောင်းကျိုးအတွက် အလုပ်တွေ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ခေတ်ရယ် စနစ်ရယ်ကံမကောင်းအကြောင်းမလှတဲ့ အချင်းအရာ သူ့ဘက်မပါရင် အန္တရာယ်ပြုတတ်တဲ့ဒုစရိုက်သမား လူရမ်းကားတွေကြောင့် လင်ယောကျာ်းလဲသေ ကိုယ်တိုင်လည်းကိုယ်ဝန်ကြီးနဲ့ မီးရှို့သတ်ခံရတယ်။ ဒါပေမဲ့ သူ့သားလေးအတွက်အားဆက်တင်းရင်း အသက်ဆက်ခဲ့ပေမယ့် သူ့ဘဝကတော့ သေဆုံးသွားခဲ့ရပြီဒါ ဗီဂျေရာဂါဗန်ရဲ့ မိခင်အကြောင်းပါ သူ့အမေရဲ့ အသက်ဆက်ရှင်နေရတဲ့အကြောင်းပြချက်က သူ့သားအနေနဲ့ အရာရှိကြီးဖြစ်လာပြီး ရပ်ရွာဒေသကိုတိုးတက်အောင်လုပ်နေတာ မြင်ချင်လို့သူ့သားကလည်း တစ်ထောင်မှတစ်ယောက် တကယ့်လူလိမ္မာ လက်ရုံးရည်နှလုံးရည် ပြည့်ဝတဲ့သူ ဒါပေမဲ့ မြို့ပေါ်မှာ အစိုးရဝန်ထမ်းလုပ်ဖို့ စာမေးပွဲလာဖြေတဲ့အချိန်သူကတော့ ကလေးတွေစာသင်ပေးလိုက် ရပ်ကွက်ထဲ အမှိုက်ရှင်းလိုက်နဲ့ ကောင်းတာတွေပဲလုပ်နေပေမယ့် ကံကြမ္မာတစ်ပတ်လည်ပြီး လူဆိုးတွေနဲ့ သူရောရင်ဆိုင်ရတဲ့အခါမှာ....ဘာဆက်ဖြစ်မလဲ။ အလုပ်ရယ် ပညာရေးရယ် မိခင်ကိုပဲ စိတ်ထဲရှိတဲ့ ဗီဂျေရာ ဂါဗန်တစ်ယောက်ဘဝအမောတွေကို သူ့ဖြေဖျောက်ပေးချင်နေတဲ့ကောင်မလေးချောချောလေးကိုရော ဘယ်လိုပြန်တုံ့ပြန်မလဲဆိုတာဆက်လက်ကြည့်ရှုခံစားရဦးမှာပါ File size…2.23GB / 1.37GB Quality…True WEB DL 1080p / ...
movie
Kodiyil Oruvan
2021