Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rakul Preet Singh
5.7
Indian 2: Zero Tolerance (2024)
Indian 2 (2024) "အိန္ဒိယခေါင်းဖြူ"အခုတစ်ခါမှာတော့ အိန္ဒိယရုပ်ရှင်လောကမှာ နာမည်အကျော်ကြားဆုံးရုပ်ရှင်တွေထဲက တစ်ကား အပါအဝင်ဖြစ်တဲ့ classic ရုပ်ရှင် Indian (1996) ရဲ့ sequel ထွက်ရှိလာလို့ မနှေး/အမြန် ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ရှေးခေတ်နာမည်ကြီးမင်းသား ကာမယ်လ်ဟာဆန် ပြန်လည်ပါဝင်လာပြီး Jigarthanda(2014), Chithha(2023) တို့လို ရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ ဆစ်ဒါးသ်လည်း အားဖြည့်ထားပါတယ် ဒီကားက စူပါဟီးရိုးအထာပြောရရင် ဘတ်မင်း Returns ပုံစံပါဇာတ်လမ်းအကျဥ်းကတော့ ချစ်တရာနဲ့ သူ့ဘော်ဒါတစ်သိုက်က နယ်ပယ်မျိုးစုံက အဂတိလိုက်စားမှုကို သရော်ဝေဖန်ရေး ဟာသဇာတ်လမ်းတိုတွေ Youtube မှာတင်ရင်း ပရိသတ်အားပေးမှု တစ်ခဲနက်ရထားကြပါတယ်ဒီလိုနဲ့ လာဘ်ပေးလာဘ်ယူမှုကြောင့် သားကောင်ဖြစ်ခဲ့ရတဲ့ ကောင်မလေးအတွက် ဆန္ဒထုတ်ဖော်ရင်း သူတို့ အဖမ်းခံလိုက်ရပါသေးတယ် အာမခံနဲ့ ပြန်လွတ်လာတော့ သူတို့တွေ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရတယ်အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ဖို့ သူတို့ချည်းမလုံလောက်ဘဲ တစ်ချိန်က "အင်ဒီးယန်း အမည်ရှိ အဘိုးကြီးကို ပြန်ခေါ်ဖို့ကြိုးစားကြရာမှာဘယ်လိုတွေဆက်ဖြစ်ဦးမှာလဲ လူငယ်တစ်သိုက်နဲ့ အဘိုးကြီးပူးပေါင်းပြီး တကယ်ပဲ အကျင့်ပျက်မှုတွေကို တိုက်ဖျက်နိုင်သွားမှာလား ဆိုတာကတော့ ...အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ...
movie
Indian 2: Zero Tolerance (2024)
2024
6.3
Ayalaan (2024)
Ayalaan 2024 ချစ်သောဤကမ္ဘာ IMDb - 6.4ဒီနေ့မှာတော့ တောင်းဆိုသူတွေလည်းများပြားနေတဲ့ တမီလ်စကားပြော Sci-fi ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးမှာပါ။ ကိုဗစ်ကြောင့် အချိန်အတော်ကြာနှောင့်နှေးခဲ့ရပေမဲ့ ထွက်ရှိလာချိန်မှာ Box Office 96 ကုဋေအထိရထားတဲ့၂၀၂၄ခုနှစ်ရဲ့ ဒုတိယဝင်ငွေအမြင့်ဆုံးတမီလ်ကားလေးဆိုတော့ ဘယ်လိုလာမလဲဆိုတာ ရှုစားကြပါဦး။တာမစ်ရှ်ဟာ ကမ္ဘာကြီးကို အလွန်ချစ်တဲ့သူတစ်ယောက်၊ လောကအလှတွေကို တန်ဖိုးထားတတ်တဲ့ nature loverတစ်ယောက်ပါ။ ပတ်ဝန်းကျင်ကို အလေးထားလွန်းသူပီပီ သူ့မှာ ဆပ်ပြာလည်းမသုံးရက်၊ အပင်တွေကိုလည်းဆေးမဖြန်းရက်၊ သူ့ရဲ့နေကြာခင်းကို ကျိုင်းကောင်အုပ်လိုက် ဝင်သမတာတောင်မှ ပိုးသတ်ဆေးနဲ့ဓာတ်မြေဩဇာတွေသုံးရင် ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုပြီး ပြုံးပြုံးကြီး တရားဟောနေသူပေါ့။ သဘာဝအကြောင်း စကားစလေးများရလိုက်ရင် တမေ့တမော ပတ်ဝန်းကျင်ထိန်းသိမ်းရေးတရားတော် ဓာတ်ပြားဟောင်းဖွင့်တတ်သူမလို့ တာမစ်ရှ်စကားစပြီဟေ့ဆို တစ်ရွာလုံးပြေးကြတဲ့အထိပါပဲ။ဒီတော့ UNတွေဘာတွေသွားရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတရားကို ကမ္ဘာလှည့်ဟောမယ့်သူဖြစ်မှာပေမဲ့ ပွမ်ဘာရိုင်ရွာမှာတော့ အမေကိုယ်တိုင်က နားကြားပြင်းကပ်နေတဲ့ လူထူးဆန်း လူ့ဂွစာဖြစ်နေတာပေါ့။ဒီလိုနဲ့ နေကြာခင်းကြီးလည်း ကျိုင်းကောင်စာမိပြီး စိုက်သမျှမဖြစ်ထွန်းလို့ အကြွေးတွေလည်း လည်ပင်းနစ်လာချိန်မှာတော့ အမေနဲ့ရွာသားတွေရဲ့ ဆွမ်းကြီးလောင်းမှုနဲ့ အလုပ်ရှာဖို့ မန်ဒရာမြို့ပေါ်တက်ရင်း တက်တူးဆိုတဲ့ဂြိုဟ်သားလေးနဲ့ ခင်မိရာကနေ ကမ္ဘာကြီးကို ကယ်တင်ရမယ့်မစ်ရှင်ပါ အတူကပ်ပါလာတဲ့အခါ...သိပ်ချစ်တဲ့ကမ္ဘာကြီးကို ကိုယ့်လက်နဲ့ကယ်တင်ရဖို့ ဖြစ်လာချိန်မှာတော့ တာမစ်ရှ်တစ်ယောက် တက်တူးနဲ့တူတူ ဘယ်လိုစွန့်စားခန်းတွေဝင်ရင်း အလွဲလေးတွေကြုံရမလဲဆိုတာ ...
movie
Ayalaan (2024)
2024
6.6
Sarrainodu (2016)
Sarrainodu (2016) IMDb-6.6/10ဘောလိဝုဒ်ပရိတ်သတ်ကြီးအတွက် ကားဟောင်းထဲက ကားကောင်းလေးတကားဖြစ်တဲ့ အာလူးအာဂျွန်နဲ့ မင်းသမီးချော မဟာလက်ရှ်မီးတို့ရဲ့ အမှန်တရားဘက်တော်သား အက်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။ ဘတ်ဂျတ် ရူပီးသန်းငါးရာ အသုံးပြုထားပြီး ရူပီးသန်းထောင့်နှစ်ရာခုနစ်ဆယ်ပြန်ရခဲ့တဲ့ကားတကားလဲဖြစ်ပါတယ်။အိမ်ရဲ့သဲသဲလှုပ်အချစ်ခံရတဲ့ တဦးတည်းသောသားလေးဖြစ်ပြီး အိန္ဒိယစစ်ပြန်ကြီးလည်းဖြစ်တဲ့ ဂါနာက မတရားတာတွေ့ရင် လက်ပါခြေပါနဲ့ဖြေရှင်းတတ်သူတစ်ယောက်။သိပ်ချစ်မိသွားတဲ့ ချစ်သူလေးက ရန်ဖြစ်တာမျိုးမလုပ်ရင် လက်ထပ်ပါမယ်လို့ကတိပေးပြီးတဲ့နောက်မှာတော့။အိန္ဒိယနိုင်ငံတောင်ပိုင်းဝန်ကြီးဖြစ်သူရဲ့သားဟာ သူ့အကျိုးစီးပွားအတွက် အဖေ့အရှိန်အဝါကို အလွဲသုံးစားလူပ်ပြီး မြေတွေယာတွေကိုသိမ်း မကျေနပ်တဲ့လူကို လက်စဖျောက် ပြန်လှန်ဝံ့သူမရှိလောက်တဲ့ထိ ထင်ရာစိုင်းမိုက်မဲနေခဲ့ပါတယ် အနိုင်ကျင့်ခံရတဲ့ လယ်သမားတွေဘက်ကနေပြီး ရပ်တည်ပေးနေတဲ့ သားဖနှစ်ယောက်နဲ့ချစ်သူကိုရန်မဖြစ်တော့ပါဘူးဆိုပြီး ကတိပေးထားတဲ့ဂါယာတယောက် ဝန်ကြီးသားရဲ့မတရားမှုမှာ ပါဝင်လာတဲ့အခါမှာတော့။ အရင်က ဘောလိ၀ုဒ်ကားတွေရဲ့ အရသာကိုတဖန်ပြန်လည်ခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ V~Zwe~Moon~Cherry~BpL~Yunniတို့ပဲဖြစ်ပါတယ်) File size…4.4GB / 2.1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~Moon~Cherry~BpL~Yunn
movie
Sarrainodu (2016)
2016
7.8
I Love You (2023)
I Love You (2023) ************************** ဒီဇာတ်ကားလေးကတော့ IMDb rating 8.8အထိရရှိထားပြီး Drama/Romanceနဲ့ Thrillerအမျိုးအစား ဘောလိဝုဒ်ဇာတ်ကား တစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ပရိတ်သတ်အသဲစွဲမင်းသမီး ရာကူးလ်ပရီးသ်ဆင်းဂ်က ဇာတ်ဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ဇာဆောင်မင်းသားတွေကတော့ အက်ရှေး အိုဘရွိုင်နဲ့ ပလ္လဗီဂူလာထီတို့ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းစတ်တရာဟာ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်ပြီး သူ့ခင်ပွန်းလောင်းနဲ့ လက်ထပ်ရတော့မှာကို စိတ်လှုပ်ရှားနေရတဲ့သူပါ။ သူ့မှာအချစ်ဆုံးသူငယ်ချင်း အာရ်အိုဆိုတဲ့သူတစ်ယောက်ရှိတယ်။ သူ့အကြောင်းအစုံသိနေတဲ့သူပေါ့။ တစ်နေ့ဒေဝါလီညမှာ မင်္ဂလာဆောင်ဖို့ဒေလီသွားဖို့လုပ်ရင်း ရုံးကနေအပြန်မှာ ဒေဝါလီပိတ်ရက်ကြောင့် ရုံးတွေအစောကြီးပိတ်ကြပြီး စတ်တရာတစ်ယောက် ရုံးထဲမှာပိတ်ကျန်နေခဲ့တော့တယ်။ ရုတ်တရက်သူ့သူငယ်ချင်း အာရ်အိုလည်း ရုံးခန်းထဲမှာပိတ်မိနေတဲ့အချိန်မှာတော့ နှစ်ယောက်သား အပြင်ထွက်ဖို့ဘယ်လိုကြိုးစားကြမလဲ... စတ်တရာလည်းလက်ထပ်ဖို့အစီအစဉ်ပါ ဖျက်လိုက်ရတဲ့အခြေအနေမှာတော့...သူ့သူငယ်ချင်းကရော သူငယ်ချင်းအဖြစ်ရှိနေနိုင်ဦးမလားဆိုတာတော့ မထင်မှတ်ထားတဲ့ plot twist တွေနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပါ။အညွှန်းနဲ့ဘာသာပြန်တွေကတော့ Nyein, Zwe Yan Naingနဲ့ Thaik Sanတို့ပဲ ဖြစ်ပါတယ်။ File size…1.17GB / 459MB Quality…1080p True WEB DL /720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Nyein~ Zwe Yan Naing ~ Thaik San
movie
I Love You (2023)
2023
5.5
Chhatriwali (2023)
Chhatriwali (2023) Comedy, Drama IMDb 5.3/10အခုတစ်ခါမှာတော့ မင်းသမီးချောလေး ရာကူးပရိဆင်းရဲ့ ပညာပေးဇာတ်ကားလေးကို တင်ဆက်ပေးပါတော့မယ်။ကျားမတန်းတူညီမျှရေးဆိုတာဘာကိုပြောတာလဲ အလုပ်ခွင်မှာတန်းတူနေရာပေးတာလား အမျိုးသမီးများကို sexual harassment မလုပ်တာလား အမျိုးသမီးအခွင့်အရေးကို လေးစားလိုက်နာရမှာလား ယနေ့ခေတ်မှာ ပညာပေးပေါင်းစုံ အခွင့်အရေးလှုပ်ရှားသူတွေက နည်းလမ်းပေါင်းစုံနဲ့ဖော်ပြနေတဲ့ အရာတစ်ခုပါတကယ်တော့ ဒီနိုင်ငံမှာမှမဟုတ်ပါဘူး ကမ္ဘာတစ်ဝှမ်းမှာအမျိုးသမီးတွေကို အတိတ်မှာနှိမ်ချဆက်ဆံခဲ့ကြပါတယ် ဘာသာတရားရော ယဉ်ကျေးမှုအရရောပါပဲ အိန္ဒိယကတော့ အားလုံးသိကြတဲ့အတိုင်း တော်တော်ဆိုးဆိုးပါပဲ အခုခေတ်မှာတော့ ခေတ်မှီလာတာနဲ့အမျှ သူတို့လဲ ရှေးရိုးစွဲအမြင်တွေကို တွန်းလှန်နေကြပါပြီ အဖြစ်မှန်ကိုရိုက်ကူးထားတဲ့ padman လိုဇာတ်ကားမျိုးထွက်ခဲ့သလို အခုကားလေးကတော့ သားဆက်ခြားကျန်းမာရေးကိစ္စကို မီးမောင်းထိုးပြထားတဲ့ကားလေးပါ တားဆေးတွေရဲ့ဆိုးကျိုးနဲ့ အဖော်ဆောင်သင့်ပုံလေးတွေကို ဟာသနဲ့နှော တင်ဆက်ထားပုံအရ ပရိသတ်ကြီးတို့ကို ကိုယ်တိုင်လဲကြည့် အကုန်လုံးကိုလဲ ညွှန်းဆိုပေးသင့်တဲ့ ပညာပေး ပေါ့ပေါ့ပါးပါး ပျော်ရွှင်စရာဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် File size…1.54GB / 703MB Quality…1080p True WEB DL / 720p Format…mp4 Duration…1h 56mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ Sai Thu Rein ~ Nyein Aye
movie
Chhatriwali (2023)
7.1
Doctor G (2022)
Doctor G (2022)ခုတစ်ခါထွက်ရှိလာတဲ့ရုံတင်ကားလေးကတော့ ဘတ်ဂျတ်၃၅ကုဋေ သုံးထားပြီး လက်ရှိ၄၁ကုဋေပြန်လည်ရရှိထားပြီး မင်းသားချော အာရွရှ်မန်းခူရာနားနဲ့ မင်းသမီးချောလေး ရာကူလ်ပရီသ်တို့ရဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်ကားက ဆရာဝန်ဇာတ်လမ်းလေးပေါ့နော် သိပ်ကို အရိုးအကြောအထူးကုဆရာဝန်ဖြစ်ချင်နေတဲ့ ဒေါက်တာလေး အူဒေးရဲ့အကြောင်းပါသူ့မှာ ရီချားဆိုတဲ့ ချစ်သူကောင်မလေးတစ်ယောက်ရှိတယ် ကောင်မလေးနဲ့အတူ စိတ်ကူးတွေအများကြီးယဥ်ခဲ့ပေမယ့် သူ့ကောင်မလေးက သူ့ကိုအသည်းခွဲခဲ့ပါတယ်ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာဆိုသလိုပဲ သူ သိပ်ဖြစ်ချင်တဲ့ အရိုးအကြောဆရာဝန်လည်း ဖြစ်ခွင့်မရဘဲ သားဖွားမီးယပ်ဌာနကိုပဲ ဝင်ခွင့်ရခဲ့ပါတယ် ဟိုရောက်တော့ ယောက်ျားလေးဆိုလို့ သူ တစ်ယောက်တည်းရှိလေတော့ သူများအနိုင်ကျင့်ဗိုလ်ကျခံရတာပေါ့နော် အဲ့ဒီမှာပဲ ဆရာဝန်မလေးတစ်ယောက်နဲ့ သွားဆုံမိပါတယ် အချင်းချင်းရိုင်းပင်းကူညီမိလာကြတဲ့အခါ သံယောဇဥ်နှောင်ကြိုးတွေကို အူဒေးဟာ မလွန်ဆန်နိုင်ခဲ့ပါဘူးသို့ပေမယ့်လည်း အချစ်စစ်တို့မည်သည် ဖြောင့်ဖြူးသည်ဟူ၍မရှိမလား ကဲ ဆက်လက်ပြီး ကျန်တဲ့အပိုင်းကိုတော့ ဇာတ်ကားထဲမှာပဲ အဖြေရှာကြည့်ကြနော် ဒီဇာတ်ကားလေးမှာ ဟာသလေးတွေလည်းပါလို့ ရယ်မောနေရမှာဖြစ်သလို ဆေးပညာဗဟုသုတတွေလည်း ရရှိမှာဖြစ်ပါတယ် ဆရာဝန်တွေမှာလည်း အသည်းနဲ့ပါဆိုတော့....။ ကြည့်လို့ရပါပြီနော် File size…1.87GB / 888MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ OeliuJ ~ Thet Ko
movie
Doctor G (2022)
2022
6.1
Thank God (2022)
Thank God (2022)ကဲ ဂိမ်းကစားရတာကြိုက်တဲ့ပရိတ်သတ်ကြီးတွေအတွက် "Game Of Life" ဆိုတဲ့ ဘဝရဲ့သေရေးရှင်ရေးအားသွန်ခွန်စိုက်ကစားရမယ့် ဇာတ်ကားလေးထွက်ရှိလို့လာပါပြီ။ ရုံတင်ငွေအနေနဲ့လည်း ကုဋေ ၄၈.၉၂ ပြန်ရခဲ့ပြီး လူတိုင်းအသည်းစွဲမင်းသားကြီးအဂျေးအပြင် အချစ်တော် မင်းသားဆစ်ဒါးလ်လဲ ပါဝင်သရုပ်ဆောင်ထားတာကြောင့် ဇာတ်ကားကတော့ အပျံ့စားဖြစ်နေမှာပါ။ဂိမ်းတစ်ခုကိုပေါ့ပေါ့ပါးပါးပဲဆော့ကြပေမယ့် အဲဒီဂိမ်းရဲ့အနိုင်အရှုံးက မိမိအသက်ပေါ်မူတည်နေမယ်ဆိုရင်တော့ တစ်ချက်မမှားရဲဘဲ အားသွန်ခွန်စိုက်ဆော့ရတော့မှာမဟုတ်ပါလား? ဒီကားထဲမှာဆိုရင် အာရန်ကပူးက အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းရှင်ပါ ပိုက်ဆံဆိုတာ သူ့အတွက်တန်ဖိုးမရှိတော့တဲ့အထိ ပိုက်ဆံတွေအများကြီးရှာဖို့ကတော့သူ့အိပ်မက်ပေါ့။ဒါပေမယ့်ငွေကြေးအပြောင်းအလဲမှာ လက်ထဲပိုင်ဆိုင်သမျှငွေတွေက သူ့အိပ်မက်အတိုင်း တန်ဖိုးမရှိတော့ဘဲ ကုမ္ပဏီဒေဝါလီခံရတဲ့အပြင်ကို အိမ်ပါရောင်းဖို့ထိဖြစ်လာခဲ့ပါတယ်။ ကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလိုပဲ တစ်နေ့ထင်မှတ်မထားတဲ့ အက်ဆီးဒင့်နဲ့ကြုံရပြီး အသက်ပြန်ရှင်အောင် ပြုခဲ့သမျှကောင်းမှုတွေကသာသူ့ကိုကယ်နိုင်မယ့် ဂိမ်းကစားပွဲထဲပါသွားတဲ့အခါမှာတော့...ကပူးတစ်ယောက်ဘယ်လိုတွေရုန်းကန်ရမလဲ? သူ့ရဲ့ကောင်းမှုနဲ့မကောင်းမှုမှာ ဘယ်တစ်ဖက်ကအနိုင်ရသွားမလဲဆိုတာတော့ ခုပဲ Channel Myanmar မှာဆက်လက်ကြည့်ရှုလိုက်ပါရှင်။ File size…1.86GB / 943MB Quality…1080p HQ HD RIP /720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Hay Man ~ Yunni
movie
Thank God (2022)
2022
5.5
Bruce Lee – The Fighter (2015)
CM ပရိသတ်ကြီးတွေအတွက် Old But Gold ဇာတ်ကားလေးတစ်ပုဒ်ဖြစ်တဲ့ Bruce Lee The Fighter ဆိုတဲ့ ဘိုင်ယာဘိုင်မင်းသားပါဝင်ထားတဲ့ ဇာတ်ကားတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်ကာသစ်ဟာ သူ့ညီမလေးကို အရမ်းချစ်တဲ့သူဖြစ်ပြီး သူ့ညီမလေးအောင်မြင်ဖို့အတွက် သူ့ရဲ့ဘဝကိုတောင် အနစ်နာခံပြီး မတင်ပေးခဲ့သူပေါ့သူတို့မောင်နှမနှစ်ယောက်လုံးဟာ ဉာဏ်အရမ်းကောင်းလွန်းပေမယ့် မိသားစုက နှစ်ယောက်စာ ပိုက်ဆံမတတ်နိုင်လို့ အဖေဖြစ်သူက ကာသစ်ကိုပဲ ကျောင်းကောင်းမှာထားပြီး အခွန်မှူးဖြစ်အောင် လုပ်ပေးချင်တာပေါ့ဒါပေမယ့် ညီမလေးကလည်း အခွန်မှူးဖြစ်ချင်နေတော့ ကာသစ်က သူ့ကိုယ်သူ အရည်အချင်းမရှိတဲ့သူအဖြစ် ဟန်ဆောင်ပြီး သူ့ညီမလေးကိုပဲ အခွင့်အရေးပေးလိုက်ပါတယ်အဲဒီလိုနဲ့ ကြီးလာတော့လည်း မင်းသားနေရာမှာ အစားထိုးသရုပ်ဆောင်ရတဲ့ စတန့်မင်းသားဖြစ်လာခဲ့ပြီး အဖေဖြစ်သူရဲ့ အထင်သေးမှုတွေကိုပဲ အမြဲခံနေခဲ့ရတာပေါ့ဒါပေမယ့် သူကတော့ သူ့ညီမလေးအောင်မြင်ရင်ပဲ ကျေနပ်နေပြီး ဘဝကို ပျော်ပျော်ပဲဖြတ်သန်းပါတယ်တစ်နေ့ သူ ရဲဝတ်စုံဝတ်ပြီး သရုပ်ဆောင်နေတုန်း ရဲတွေကို အရမ်းကြွေတဲ့ ကောင်မလေးတစ်ယောက်က သူ့ရဲ့ အရည်အချင်းရှိတဲ့ ရဲပုံစံကို မြင်လိုက်ရပြီး သူ့ကိုတကယ့်ရဲထင်သွားကာ သူ့နောက်က တစ်ကောက်ကောက်လိုက်ပါတော့တယ်အဲဒီလိုနဲ့ ကောင်မလေးက လူဆိုးတစ်အုပ်နောက်လိုက်ရင်း ကာသစ်ကို တကယ့်ရဲအမှတ်နဲ့ အမြဲအကူအညီတောင်းလို့ ကူညီရင်းက လူဆိုးတွေက သူ့ကို ပစ်မှတ်ထားလာကြတဲ့အခါ..ကာသစ်တစ်ယောက် အဲဒီဒုစရိုက်သမားတွေနဲ့ ဘယ်လိုဖြေရှင်းမလဲ သူ့ညီမအတွက်ရော ဘယ်လောက်တောင် အစ်ကိုကောင်းတစ်ယောက် ပီသမလဲဆိုတာ ဒီဇာတ်ကားထဲမှာ ...
movie
Bruce Lee – The Fighter (2015)
2015
5.2
Cuttputlli (2022)
ဒီဇာတ်ကားလေးဟာဆိုရင် ၂၀၁၈ တုန်းက လူကြိုက်များခဲ့တဲ့ ‘Ratsasan’ ဆိုတဲ့ ဇာတ်ကားကို Disney+ Hotstar က ၂၀၂၂ မှာ ဆန်းသစ်တဲ့ ရိုက်ချက်တွေနဲ့ ပြန်လည်ရိုက်ကူးထားပြီး မင်းသားကြီးအာရှေးကူးမားပါဝင်သရုပ်ဆောင်ထားတဲ့ သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။အာဂျန်ဆိုတဲ့ ဘွဲ့ရပညာတတ်တစ်ယောက်ဟာ ကွင်းဆက်လူသတ်မားတွေရဲ့ စိတ်ပညာကို စိတ်ဝင်စားသဖြင့် မှုခင်းစိတ်ပညာတွေကိုလဲလေ့လာခဲ့ပါတယ်။ သူရဲ့ရည်ရွယ်ချက်ကတော့ ကောင်းမွန်တဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းတစ်ကားကို ရိုက်ကူးချင်ခဲ့တာဖြစ်ပါတယ်။မှုခင်းဖြစ်ရာ ဖြစ်စဉ်တွေကို သူ့ဘဝရဲ့ ခုနစ်နှစ်တိုင်ကြိုစားအားထုတ်လေ့လာပြီး ရလာတဲ့ ဇာတ်ညွှန်းလေးဟာ ရိုက်ကူးခံရဖို့အတွက် သဘောကျနှစ်ခြိုက်တဲ့ ထုတ်ဝေသူမတွေ့ခဲ့ရပါဘူး။ သူခုနစ်နှစ်တိုင်လေ့လာထားတဲ့ မှုခင်းပညာတွေ မှုခင်းနဲ့ဆိုင်တဲ့ ဗဟုသုတတွေကို အလကားမဖြစ်သွားအောင် ရဲအဖြစ် တာဝန်ထမ်းဖို့အတွက် ရွေးချယ်ခဲ့ပါတော့တယ်။ သူရဲထဲဝင်ပြီးမကြာခင်မှာမှာ ပေါက်ပေါက်လာတဲ့ ဆယ်ကျောက်သက် ကျောင်းသူအရွယ်လေးတွေ ပျောက်ဆုံးနေတဲ့ အမှုဟာ လူပျောက်မှုလေးကနေ ကွင်းဆက်လူသတ်မှုအထိ ကြီးမားလာတဲ့ အခါ အာဂျန်တစ်ယောက် သူ့ရဲ့ လက်တွေ့အသုံးမချရသေးတဲ့ မှုခင်းပညာတွေကို ဘယ်လိုအသုံးချမလဲ။ အတွေ့အကြုံမရှိတဲ့ ရဲတစ်ယောက်ဖြစ်ပေမယ့် မှုခင်းပညာတွေကို အပြင်မှာလေ့လာခဲ့တဲ့ အာဂျန်တစ်ယောက် အထက်ကလူတွေနဲ့ရော အဆင်ပြေနိုင်ပါ့မလား ဆိုတာတွေကို Cuttputlli ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုခံစားလိုက်ပါ။ File size…4.5GB / 2.09GB / 1.1GB Quality…4k HEVC ...
movie
Cuttputlli (2022)
2022
4K HEVC Web-DL
7.4
Runway 34 (2022)
ကပ္ပတိန် ဗစ်ကရန့်ခန်နား... "မတော်တဆမှုတိုင်းမှာ ဘက်နှစ်ခုရှိတယ်" "ဘာဖြစ်ခဲ့တာလဲ..ဘယ်လိုဖြစ်ခဲ့တာလဲ" "အဲ့ဒီနှစ်ခုကြားထဲက အနားသတ်မျဉ်းလေးမှာ အမှန်တရားက တိမ်ဝှက်နေတယ်"နာရာယန်းဗီဒန့်... "အမှားလုပ်ပြီးသွားရင် မင်းလုပ်နိုင်တာ သုံးခုပဲရှိတယ်" "အမှားကို ဝန်ခံမယ်" "အမှားကနေ သင်ယူမယ်" "နောက်တစ်ခါ မမှားအောင် ဆင်ခြင်မယ်"ခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ မင်းသားကြီးအဂျေးနဲ့ မင်းသားကြီး အမီတာဘဂျမ်းတို့ပါဝင်သရုပ်ဆောင်ထားတယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်ကားလေးက အိန္ဒိယနိုင်ငံမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်းလေးကို အခြေခံပြီးရိုက်ကူးထားတယ်... ကပ္ပတိန်ဗစ်ကရန့်ခန်နား(အဂျေး) က နာမည်ကြီးလေယာဉ်မှူးတစ်ယောက်... အဲ့ဒီနေ့က ပျံသန်းတဲ့ခရီးစဉ်မှာ ရာသီဥတုဆိုးရွားလွန်းတဲ့အတွက် မတော်တဆမှုဖြစ်ခဲ့ပါတယ်...ဒီကိစ္စမှာ မသင်္ကာစရာကိစ္စလေးတွေပါဝင်နေတဲ့အတွက် လေကြောင်းမတော်တဆစုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် နာရာယန်းဗီဒန့် (အမီတာဘဂျမ်း) ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးမေးမြန်းတာကို ဝေဟင်ပေါ်က ထိတ်လန့်ဖွယ် မြင်ကွင်းတွေနဲ့အပြင် ဝါရင့်သရုပ်ဆောင်နှစ်ဦးရဲ့ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေကို ကျေကျေနပ်နပ်ကြီး မြင်တွေ့ရမှာဖြစ်ပါတယ်... File size…5GB / 1.9GB / 900MB Quality…4k HEVC / 1080p WEB DL / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Taylor
movie
Runway 34 (2022)
2022
4K HEVC Web-DL
7.3
Attack (2022)
အခုတစ်ခါထွက်ရှိလာတဲ့ ကားလေးကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ စူပါစစ်သားကားလေးပဲဖြစ်ပါတယ်အာဂျွန်ဟာ သိပ်တော်တဲ့ စစ်တပ်အရာရှိတစ်ယောက်ဖြစ်ပြီး မတော်တဆမှုတစ်ခုမှာ ထိခိုက်မိသွားလို့ ခန္ဓာကိုယ်အကြောသေသွားခဲ့တယ်...နိုင်ငံတွင်းမှာ အကြမ်းဖက်ဖြစ်စဉ်တွေ များလာတော့ ဖြေရှင်းဖို့က ပတ်ဝန်းကျင်နိုင်ငံတွေပါဝင်ပတ်သက်နေတာကို သံသယအဆင့်နဲ့ပဲသိထားတော့ ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးလို့လည်းမရ စစ်ဖြစ်လို့လည်းမရနဲ့ အကြပ်ရိုက်နေခဲ့ပါတယ်...ဒါကိုဖြေရှင်းဖို့အတွက် အိန္ဒိယစစ်တပ်ကနေ စူပါစစ်သားတွေကို ဖန်တီးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်... ဒီဖြစ်စဉ်မှာ အစမ်းသပ်ခံလူသားက အကောင်းပကတိအတိုင်း မဟုတ်ဘဲ လေဖြတ်အကြောသေနေတဲ့ ပုံစံမျိုးမှာရှိနေမှ အဲ့ဒီလူသားဟာ ဒီစမ်းသပ်ခြင်းမှာ ပုံမှန်ထက်ထူးကဲတဲ့ အစွမ်းခွန်အားမျိုးကို ရရှိမှာဖြစ်ပါတယ်..ဒီလိုနဲ့ နိုင်ငံ့အကျိုးသယ်ပိုးဖို့ အာဂျွန်ကို စမ်းသပ်လိုက်တဲ့အခါမှာတော့.....။ File size…2.8GB / 1.9GB / 950MB Quality…4k ZEE5 WEB DL SDR HEVC / 1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor , Myo Myo , Yunni
movie
Attack (2022)
2022
4K HEVC Web-DL
7.9
Dhruva(2016)
Dhruva (2016)အစားကောင်း အသောက်ကောင်းတွေ စားရရင် ချစ်သူခင်သူကို သတိရတတ်သလိုပဲ ဇာတ်ကားကောင်းတွေရှိလာရင်လည်း မလွတ်တမ်းဘာသာပြန်တင်ဆက်ပေးချင်တာကတော့ CM ရဲ့စေတနာပါ။ဘိုင်ရာဘာမင်းသားပါဝင်ထားတဲ့ ဒီ "Dhruva" crime thriller movie ကတော့ not very old but gold လို့ ဆိုရမှာပါပဲ။ crime ကိုမှmedical crime ကို အရင်းတည်ပြီး ကွင်းဆက်အများအပြား ချိတ်ဆက်ထားတာမျိုးပါ။"သာမန်ပြည်သူတွေရဲ့ ကံကြမ္မာကို နိုင်ငံရေးသမားတွေက ချုပ်ကိုင်တယ်၊ နိုင်ငံရေးသမားတွေရဲ့ ကံကြမ္မာကိုတော့ စီးပွားရေးသမားတွေက ချုပ်ကိုင်တယ်....."ပုံမှန်ဆိုရင် ခိုးမှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှုတို့ဟာ အများအားဖြင့် ငွေကြေးမပြည့်စုံမှုကြောင့် ကျူးလွန်လေ့ရှိတဲ့အရာမျိုးတွေပါ။ဒါပေမဲ့ သာမန်ပြစ်မှု အသေးလေးတွေကိုဗန်းပြပြီး နောက်ကွယ်မှာ ကြီးမားတဲ့ ပြစ်မှုကြီး ရှိနေတယ်ဆိုရင်ရော......ဆင်းရဲနိမ့်ကျစွာ မွေးဖွားလာပေမဲ့ ပါတီခေါင်းဆောင်တစ်ဦးရဲ့ လူသတ်မှုကို ကိုယ်စားအပြစ်ခံယူရင်း အဆိုးထဲက အမြတ်ထုတ်တတ်တဲ့ထက်မြက်လွန်းတဲ့ Siddarth Abimanyu က သိပ္ပံပညာရှင်တစ်ယောက်ဖြစ်လာပြီး မင်းသားခေါင်းစွပ်ထားတဲ့ဘီလူး ...
movie
Dhruva(2016)
2016
5.0
Shimla Mirchi (2020)
(Unicode)ဘောလီဝုဒ်ဖန်တွေအတွက် အသစ်စက်စက် Rom-Com တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ပါဝင်တဲ့အနုပညာရှင်တွေကလည်း ဘောလီဝုဒ်ရဲ့ဂန္တဝင်မင်းသမီးကြီး ဟေမာမာလီနီနှင့်သဘာဝသရုပ်ဆောင် ရာဂျ်ကူမား ရာအိုတို့နဲ့အတူ မင်းသမီးချောလေး ရာခူးလ်ပရီးဆင့်တို့ပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကလည်း ပေါ့ပေါ့ပါးပါးလေးနဲ့မို့ မိသားစုနဲ့အတူ ပျော်ပျော်ပါးပါး ကြည့်ရှု့လို့ကောင်းမယ့်ကားမျိုးပါပဲဇာတ်လမ်းအကျဉ်းလေးပြောပြရင် အဗီး ခေါ် အဗီနက်ရှ်ဆီမှာ အားနည်းချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ သူချစ်တဲ့မိန်းကလေးတစ်ယောက်ကို ဖွင့်မပြောနိုင်တာပါ ဟုတ်ပါတယ်သူ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူးဘယ်လိုနည်းနဲ့မှ မပြောနိုင်ခဲ့ဘဲ ဆွံ့အနေခဲ့ပါတယ်အဲ့ဒိလိုအချစ်ရေးမှာ မအောင်မြင်နိုင်သေးတဲ့အဗီးတစ်ယောက် ရှင်းမ်လားမြို့အလည်ရောက်တဲ့အခိုက်နိုင်နားဆိုတဲ့မိန်းမချောလေးကို မြင်မြင်ချင်းချစ်ခဲ့မိပါတယ်သူ့ကိုလည်း ရှေးနည်းတွေအတိုင်း ဖွင့်ပြောဖို့ကြိုးစားခဲ့ပေမယ့် ဆွံ့အနေတုန်းပါပဲ အဲ့ဒိအခိုက် အဗီးဆီမှာ အကြံစည်တစ်ခုရသွားပါတယ်အဲ့ဒါကတော့ စာရေးပြီးပြောတာပါ ဟုတ်ပါတယ် အဗီးဟာ နိုင်နားဆီ ရည်းစားစာရေးပြီး သူ့ခံစားချက်တွေကို ဝန်ခံခဲ့ပါတယ်သိပ်မကြာခင်မှာပဲ အဗီးတစ်ယောက် အဖြေပြန်ရခဲ့ပါတယ်အဲ့ဒိအဖြေကတော့ ... "ငါ့အမေ နင့်ကို ...
movie
Shimla Mirchi (2020)
2020
3.9
Marjaavaan (2019)
(Unicode)မကြာသေးခင်က ရုံတင်ခဲ့ပြီး CM ပရိသတ်တွေ တော်တော်များများ တောင်းဆိုကြတဲ့ ၂၀၁၉နှောင်းပိုင်းထွက် ဘောလိဝုဒ်ကားတစ်ကားကို ဒီနေ့ထွက်ထွက်ချင်း တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ လူဆိုးလူမိုက် ရာဂူးနဲ့ စကားမပြောတတ်တဲ့ ဇိုယာတို့ ၂ယောက်ရဲ့ အချစ်ဇာတ်လမ်းပေါ့။ရာဂူးကတော့ အန်နာဘိုင်ရဲ့ မွေးစားသားတစ်ယောက်၊ အန်နာဘိုင်ရဲ့ လက်ရုံးဆိုရင် ပိုမှန်တယ်။တစ်ဖက်မှာတော့ အန်နာဘိုင်ရဲ့ သားအရင်ဖြစ်သူကလည်း ရာဂူးနဲ့ မျက်နှာကြောမတည့်ဘူး။အခွင့်အရေးရရင် ရသလို လုပ်ကြံဖို့ အဆင်သင့်ဖြစ်နေတယ်။တစ်ဖက်ကလည်း လူသတ်မှုတွေအတွက် ရဲတွေဟာ အန်နာဘိုင်နဲ့ ရာဂူးကို ဖမ်းဖို့အဆင်သင့်စောင့်တယ်။ဒီလိုအဖြစ်အပျက်တွေကြားမှာ ဘဝကြမ်းကြမ်းနဲ့ နူးညံ့တဲ့ချစ်ခရီးလမ်း ဖြောင့်ဖြူးကြမလား၊ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကြမလဲဆိုတာကိုတော့ CM ပရိသတ်တွေကိုယ်တိုင် ခံစားကြည့်ကြပါဦး။ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။(Zawgyi)မကြာသေးခင်က ရုံတင်ခဲ့ပြီး CM ပရိသတ်တွေ ...
movie
Marjaavaan (2019)
6.8
De De Pyaar De (2019)
(Unicode)MDb 6.7/10 Google Users 90%ဒီတစ်ခါတော့ ဘောလီဝုဒ်ပရိသတ်ကြီးအတွက် Rom-Com ဇာတ်ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ၂၀၁၉ ဝင်ငွေအကောင်းဆုံး ၁၀ ကား စာရင်းဝင်တစ်ကားဖြစ်သလို အချစ်ဟာသဇာတ်မြူးတွေသာရိုက်လေ့ရှိတဲ့ ဒါရိုက်တာ Akiv Ali ရဲ့ ကားကောင်းတစ်ကားဆိုလည်း မမှားပါဘူးပိုစတာပေါ်မှာ Romantic Comedy Movie ဆိုပြီးရေးရေးထားပြီးပေါပေါလောလောတွေ တင်ဆက်နေတဲ့ ကိုယ်တွေဆီက မြန်မာကားတွေအနေနဲ့ ဒီလိုကားတွေကနေ ပညာယူသင့်ပါတယ်Rom-Com ဆိုတာဘာလဲဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ဖို့ အိုကြီးအိုမတွေက ပေါတောတောတွေ လုပ်ပြစရာမလိုသလိုဗလတောင့်တောင့် အစ်ကိုကြီးတွေကလည်း ခြောက်ပြစရာမလိုပါဘူးသေခါနီးဘွားတော်ကြီးတွေ ရွပြဖို့မလိုသလိုချာတိတ်တွေက လူကြီးသူမတွေကို သောက်ပေါတွေပါလို့ အမြင်မှားအောင် ရိုက်ပြစရာမလိုပါဘူးကုန်ကုန်ပြောရရင် ကလိထိုးပြီး မရယ်ရဖို့အရေးကြီးပါတယ်ဒီဇာတ်ကားထဲမှာ Rom-Com ဆိုတဲ့အတိုင်းRomance အခန်းတွေမှာလည်း ကြည်နူးစရာတွေဖြစ်စေသလိုComedy အခန်းတွေမှာလည်း တွေးတွေးပြီးရယ်ချင်စိတ်တွေဖြစ်စေပါတယ်ဒီတော့ မိသားစုနဲ့အတူ ပျော်ပျော်ပါးပါးနဲ့ ဇာတ်ကားကောင်းတစ်ကားကို ခံစားကြည့်လိုက်ပါပေးလိုက်ရတဲ့အချိန် ၃ နာရီဝန်းကျင် အလကားမဖြစ်စေရဘူးလို့ အာမခံပါတယ်ဇာတ်လမ်းလေးပြောပြရရင် ... အသက် ၅၀ အရွယ် ...
movie
De De Pyaar De (2019)
2019
5.0
Dev (2019)
Dev (2019) ------------------------------------------------------------------------ စွန့်စားခန်းတွေကို နှစ်သက်သဘောကျပြီး အရာရာတိုင်းကိုအကောင်းမြင်တတ်တဲ့ သူငယ်ချင်းတွေနဲ့ အပြန်အလှန် ချစ်ခင်မှုကိုရထားတဲ့ ဒေ့ဗ်…. မူကြိုအရွယ်ထဲက မွေးနေ့တူလို့ ပေါင်းမိသွားကြတဲ့ ဒေ့ဗ် ဗစ်ကီ နဲ့ နီရှာတို့ သုံးယောက်ဟာ တက္ကသိုလ်အထိအတူတူ တစ်တွဲတွဲရှိနေရာက ဗစ်ကီနဲ့ နီရှာတို့ရဲ့တိုက်တွန်းမှုကြောင့် ကံတရားရဲ့အလိုအတိုင်းဆိုပြီး ပထမ ဆယ်ယောက်ထဲမှာ နောက်ဆုံး နံပါတ် ၁ ကျတဲ့ People You May Know ကို ကောင်မလေးအဖြစ်လိုက်မယ်လို့ အလောင်းအစားလုပ်ကြရာမှ မထင်မှတ်ဘဲတွေ့လိုက်ရတဲ့ မဂ်နာ… နာကျင်စရာအတိတ်တွေနဲ့ သားအမိနှစ်ယောက်တည်း ရုန်းကန်ရင်း အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်နေတဲ့ မဂ်နာဟာ အချစ်ရေးကို တွေးဖို့အတွက် အချိန်လည်းမရှိခဲ့သလို အယုံအကြည်လည်းမရှိခဲ့ပါဘူး… မဂ်နာ့ကိုမြင်မြင်ချင်းချစ်မိသွားတဲ့ ဒေ့ဗ်တစ်ယောက် ခက်ခက်ခဲခဲနဲ့ ချဉ်းကပ်ဖို့ကြိုးစားခဲ့ပါတယ် သူ့ရဲ့အကောင်းမြင်တတ်တဲ့စိတ် အမြဲတမ်းပျော်နေတတ်တဲ့စိတ်လေးဟာ ဘယ်လောက်ထိ စိတ်ရှည်ရှည်နဲ့ ထားနိုင်မလဲ သူတို့တွေဘယ်လိုတွေရိုကြမလဲဆိုတာကြည့်လိုက်ကြရအောင်လား ဒီဇာတ်ကားလေးဟာ IMDb 5.1 ရထားပြီးတော့ မင်းသား Karthi နဲ့ မင်းသမီးချောလေး Rakul Preet Singh ပါဝင်သရုပ်ဆောင်ထားတဲ့ Action, Adventure, Romance ဇာတ်ကားမျိုးလေးဖြစ်ပါတယ် တစ်နေ့တည်းတစ်ရက်တည်းမွေးတဲ့ စရိုက်ကလည်းတူသူငယ်ချင်း ၃ ယောက် ဒေ့ဗ် ဗစ်ကီနဲ့ နီရှာ… ဒေ့ဗ်ရဲ့ Surprise ဒဏ်တွေကို မခံနိုင်တော့တဲ့ ဗစ်ကီတစ်ယောက်နီရှာနဲ့ပေါင်းပြီး အွန်လိုင်းသုံးပြီး ချစ်သူရှာပေးရာက မဂ်နာဆိုတဲ့ ...
movie
Dev (2019)
2019
7.0
Spyder (2017)
ကြည်လင်တောက်ပပြီး စာအမှန်နဲ့ ခုမှ ထွက်လာလို့ဘာသာပြန်ပြီး တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားကို "ဝန်ကြီးချုပ်မင်းသား"လို့ အများခေါ်တဲ့မင်းသားကြီး Mahesh Babu အဓိက ပါဝင်သရုပ်ဆောင်ထားပြီးခေတ်အခြေအနေ တစ်ခုကို အခြေခံ၊လူတွေရဲ့ အယူမှားတဲ့ စိတ်ကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။<ဇာတ်လမ်းအညွှန်း>ရှီဗာဟာ NGO ထောက်လှမ်းရေးအရာရှိတစ်ယောက်ပါ။သူအလုပ်က အွန်လိုင်းပေါ်မှာ ပြောဆိုနေကြတဲ့Conversationတွေကို ကင်းထောက်ပြီး၊ဖုန်းခေါ်ဆိုမှုတွေမှာ အကူအညီလိုအပ်ကြောင်းသတိပေးချက်မြည်ရင် ဝင်နားထောင်ပြီး လိုအပ်သလို ကူညီဖို့ပါ။တနေ့မှာ သူဟာ ဖုန်းခေါ်ဆိုမှု တစ်ခု နားထောင်ခဲ့ရပါတယ်။မိန်းကလေးတစ်ယောက် အိမ်မှာ တစ်ယောက်တည်းဖြစ်နေချိန်သူ့သူငယ်ချင်းမလေးကို အတူလာအိပ်ပေးဖို့ ခေါ်တဲ့ဖုန်းခေါ်ဆိုမှု တစ်ခုပါ။ရှီဗာဟာ အကူအညီလိုအပ်နေတဲ့ မိန်းကလေးဆီသူငယ်ချင်းဖြစ်သူ ရဲမေကို သွားစောင့်ရှောက်ပေးဖို့ အကူအညီတောင်းခံလိုက်ပါတယ်။မနက်မိုးလင်းတော့ ထင်မှတ်မထားတဲ့ လူသတ်မှုကြီး တစ်ခုကိုကြားခဲ့ရပါတော့တယ်။ရက်စက်စွာ သတ်ဖြတ်သူ တရားခံကို စုံစမ်းရှာဖွေရင်းအန္တရာယ်အမျိုးမျိုး ရင်ဆိုင်ပြီး မိသားစုအတိုင်းအတာထိအန္တရာယ်ကို ကြုံတွေခဲ့ရပါတယ်။လူသတ်သမားနဲ့ NGO အေးဂျင့် ရှီဗာတို့အပြိုင်အဆိုင် အားပြိုင်ရာမှာကြောက်မက်ဖွယ် ရာဇဝတ်မှုတွေကို ဖန်တီးသူ ဘိုင်ရာ့ဗ်ဟာ သူ့ရာဇဝတ်မှုတိုင်းမှာ ရက်စက်သလောက် သေသပ်ပိရိလွန်းသူပါ။အဲ့ဒီလို ရာဇဝတ်သမားကို အစိုးရတရားဝင်မဟုတ်တဲ့ထောက်လှမ်းရေးအရာရှိ ...
movie
Spyder (2017)
2017
5.8
Aiyaary (2018)
ဘောလီးဝုဒ်ဇာတ်ကားကိုမှကြိုက်နှစ်သက်တယ်ဆိုတဲ့ CM ပရိသတ်တွေအတွက် 2018 ခုနှစ်ထွက် Aiyaary ဆိုတဲ့ Action, Thriller ဇာတ်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားကို Neeraj Pandey ကဇာတ်ညွှန်းရေးသားပြီး သူကိုယ်တိုင်ကပဲရိုက်ကူးထားပါတယ်။အဓိကဇာတ်ဆောင်များဖြစ်ကြတဲ့ Major Jai Bakshi နဲ့ Colonel Abhay Singh တို့နေရာမှာ Sidharth Malhotraနဲ့ Manoj Bajpayee တို့က အသီးသီး ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း ========== စစ်တပ်မှာအရာရှိနှစ်ဦးဖြစ်ကြတဲ့ ကာနယ် Abhay Singh နဲ့မေဂျာ Jai Bakshi တို့ဟာ ဆရာတပည့်နှစ်ဦးဖြစ်ပြီးတော့ အမိမြေကိုချစ်မြတ်နိုးကြတဲ့ စစ်သားကောင်းများဖြစ်ပါတယ်။ကာနယ်Abhay Singh ဟာ တိုင်းပြည်ရဲ့အုပ်ချုပ်ရေးကို ချွင်းချက်မရှိ သက်ဝင်ယုံကြည်သူတစ်ဦးဖြစ်ပါတယ်။သို့ပေမယ့် တပည့်ဖြစ်သူ မေဂျာJai Bakshi ဟာတိုင်းပြည်ရဲ့အုပ်ချုပ်သူပိုင်းမှာဖြစ်ပျက်နေတဲ့ လျှို့ဝှက်ချက်တစ်ခုကို သိသွားတဲ့အခါမှာတော့.....။ (ဘာသာပြန်ပေးထားသူကတော့ ကိုရဲမာန်အောင်ပါ) File Size : (1.2 GB) and (500 MB) Quality : DBDRip 720p Running ...
movie
Aiyaary (2018)
2018