Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rakshit Shetty
7
Sapta Sagaradaache Ello – Side B (2023)
Sapta Sagaradaache Ello Side B (2023) "မေ့ပြီလား"မနှစ်ကတင်ခဲ့တဲ့ Side A ရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ဟင်ဒီအချစ်ဒရာမာကားလေးကို အဆွေးဓာတ်ခံရှိတဲ့ ပရိသတ်တွေအကြိုက် တင်ဆက်ပေးလိုက်ပါတယ်ကိုယ်မလုပ်ခဲ့တဲ့ အပြစ်တစ်ခုအတွက် ထောင်ဆယ်နှစ်ကျပြီး ပြန်ထွက်လာတဲ့ မာနူတစ်ယောက် လေထဲအတူ တိုက်အိမ်ဆောက်ဖူးတဲ့ ချစ်သူ ပရီယာလည်း အိမ်ထောင်ကျ၊ဘဝမှာ ကျန်တာဆိုလို့ ထောင်ကရခဲ့တဲ့ အမာရွတ်တစ်ခုနဲ့ အတိတ်က မေ့ဖျောက်မရတဲ့ မှတ်ဉာဏ်တစ်ချို့နဲ့အတူ တွဲရက်ပါလာတဲ့ ဒဏ်ရာတွေပါပဲဘဝသစ်စဖို့ ကြိုးစားရင်း သူ့မိတ်ဆွေတစ်ယောက်ညွှန်းတဲ့အတိုင်း ဟိုအတန်းက သဘောမနောကောင်းတဲ့ ပြည့်တန်ဆာလေးနဲ့ သွားအိပ်ပြီး ရင်းနှီးသွားကြရင်း သူ့အမြင်တချို့ ပြောင်းလာတယ်ဒီအချိန်မှာပဲ ပရီယာတစ်ယောက် အိမ်ထောင်ကျလို့ ရွှေဘုံပေါ် စံနေပါပြီ သူ့ဘဝသူပျော်နေပါပြီ ဆိုတဲ့ အထင်နဲ့ အမြင် လွဲနေတာကို တွေ့လိုက်ရတဲ့အခါမှာတော့...တစ်စစီကျိုးပဲ့သွားတဲ့ အတိတ်ဘဝက အိပ်မက်တစ်ချို့ကို ပြန်လည်ဆက်စပ်ဖို့ သူကြိုးစားလို့ အောင်မြင်မှာလား ဒီတစ်ကြိမ်မှာရော ရှေ့ကားကလို မျက်ရည်တွေနဲ့ပဲ အဆုံးသတ်ရဦးမှာလားဆိုတာကိုတော့သီချင်းကအစ အဆွေးရော့ခ်သီချင်းတွေ ထည့်သွင်းထားပြီး ဟာသလုံးဝမနှောပဲ အပီအပြင်ဆွေးရဦးမယ့် ဇာတ်လမ်းလေးဖြစ်ကြောင်း ညွှန်းလိုက်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ...
movie
Sapta Sagaradaache Ello – Side B (2023)
2023
8.7
Sapta Sagaradaache Ello – Side A (2023)
Saptha Sagaradaache Ello Side A (2023)IMDB 8.8 ရရှိထားတဲ့ 777Charliesနဲ့ ပရိတ်သတ်တွေအားပေးမှုကိုရရှိခဲ့တဲ့ မင်းသား Rakshit Shettyရဲ့ Kannada ဘာသာစကား အချစ်ဒရာမာဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်အချစ်ကားဆိုပေမယ့် "လက်တွေ့ကျတဲ့ သရုပ်ဖော်မှု၊ ကဗျာဆန်တဲ့ visual storytelling" ဆိုပြီးတော့ ရုပ်ရှင်ဝေဖန် ရေးဆရာများက ချီးကျူးထားကြပါတယ်သီချင်းသံတွေနဲ့ အတင်းလုပ်ယူထားတာမရှိပဲ သဘာဝကျကျ ရိုးစင်းတဲ့ ဒိုင်ယာလော့ လေးတွေနဲ့ အချစ်ကို လက်တွေ့ကျကျ သရုပ်ဖော်ထားတယ်လို့ ဝေဖန်ရေးဆရာတွေက ဆိုပါတယ်ဇာတ်လမ်းအကျဥ်းကတော့ မာနူနဲ့ ပရီယာတို့ ချစ်သူနှစ်ဦးက အခြေခံ လူတန်းစားဖြစ်တာနဲ့အညီ အိပ်မက်တွေနောက်လိုက်ရင်း နှစ်ယောက်အတူ အိမ်လေးတစ်လုံးငှားပြီး အခြေချဖို့အတွက် ကြိုးစားနေကြသူတွေပါမာနူက သူဌေးရဲ့ ကားမောင်း တောက်တိုမယ်ရ လုပ်ပေးရပြီး ပရီယာကတော့ အ ဆိုတော်ဖြစ်ဖို့ ကြိုးစားနေသူပါ ပရီကာက ချုပ်ချယ်သမျှ ဆူပူသမျှ မြည်တွန်သမျှကို မာနူကလည်း အရာရာသည်းခံပြီး ချစ်တတ်ပါတယ်ဆိုလို့ ပရီယာကလည်း မချစ်တတ်တာတော့ မဟုတ်ပါဘူး တခါတလေတော့ သူ့ချစ်သူကောင်လေးကိုချစ်ကြောင်း နုနုရွရွ ပြောတတ်ပါသေးတယ်"ရို" တယ်ဆိုလို့ နှစ်ယောက်တစ်ကမ္ဘာ မှော်လောကကြီးမှာ နောက်ခံသီချင်းဖွင့်ပြီး ကနေဖို့ အချိန်မရှိပဲ ...
movie
Sapta Sagaradaache Ello – Side A (2023)
9.1
777 Charlie (2022)
IMDb - 9.1 / 10လူတစ်ယောက်ကို ပြောင်းလဲစေတာက အချစ်လို့ပြောမယ်ဆို ရဲရဲကြီးယုံလိုက်ပါ...ငယ်စဉ်က မိသားစုတွေ ဆုံးပါးသွားပြီး တစ်ယောက်တည်းကျန်ခဲ့တဲ့ "ဒါမာ"ကြီးပြင်းတဲ့အထိ တစ်ယောက်တည်းနေဖို့ကိုပဲ ရွေးချယ်ခဲ့ပြီး လူ့ပတ်ဝန်းကျင်နဲ့ ဝင်ဆံ့ဖို့ မကြိုးစားတဲ့ လူ့ဂွစာတစ်ယောက်အဲဒီ့သူ့ဘဝထဲကို မမျှော်လင့်ဘဲ ရောက်လာတာကတော့ ခွေးလေးတစ်ကောင်အဲဒီခွေးလေးကို သူမမွေးချင်လို့ မွေးစားမယ့်သူကို ရှာနေတုန်းမှာပဲ ခွေးလေးနဲ့ သံယောဇဉ်တွယ်သွားပြီး ခွေးလေးက သူ့ရဲ့ဘဝဖြစ်လာခဲ့တော့တယ်သူ့ရဲ့ မာကြောနေတဲ့ ဘဝကြီးကို နူးညံ့ပျော့ပျောင်းလာစေပြီး ဂျစ်ကန်ကန်နဲ့ လောကကြီးကို အရွဲ့တိုက်နေထိုင်ခဲ့တဲ့ သူ့ကို အမြင်ကျယ်လာစေခဲ့တာက အဲဒီခွေးလေးပေါ့လူနဲ့ တိရစ္ဆာန်ကြားက မေတ္တာတရား အဲဒီမေတ္တာဆိုတဲ့အရာဟာ စစ်မှန်ရင် ဘယ်လောက်တောင် စွမ်းအားကြီးတယ်ဆိုတဲ့ အကြောင်း ရိုက်ကူးပြသထားတဲ့ မျက်ရည်မခိုင်သူတွေ မျက်ရည်ကျစေမယ့် ဒရမ်မာကားကောင်းတစ်ကားပဲ ဖြစ်ပါတယ် File size…2.6Gb / 1.15GB Quality…1080p VOOT WEBDL AAC5.1CH / 720p Format…mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora & Thet Ko
movie
777 Charlie (2022)
2022