Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rajiv Kanakala
8.7
The Birthday Boy (2024)
The Birthday Boy (2024) "မွေးနေ့ရှင်"ဒီတစ်ခါမှာတော့ အသစ်ထွက်ရှိလာတဲ့ သည်းထိပ်ရင်ဖို တေလဂူးရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် တေလဂူးရုပ်ရှင်တို့ထုံးစံအတိုင်း ရိုးရိုးရှင်းရှင်း ပုံဖော်ထားတဲ့ ဇာတ်လမ်းလေးပါဇာတ်လမ်းအကျဥ်းကတော့အမေရိကားမှာ ကျောင်းတက်နေကြတဲ့ သူငယ်ချင်းငါးယောက် အချင်းချင်းစကြနောက်ကြတဲ့ ရယ်မောသံတွေပြည့်နေတဲ့ စကားဝိုင်းလေးမှာ ဘာလူ့မွေးနေ့အတွက် အစစအရာရာ ကြိုတင်ပြင်ဆင်ထားကြောင်း သူငယ်ချင်းတစ်ယောက်က ပြောလာပါတယ်အမေရိကားမှာ ငွေကိုစိစစ်ပြီး သုံးစွဲနေရတဲ့ သူတို့အဖို့ အစွမ်းကုန် ခြေလွတ်လက်လွတ် ကဲလို့ရမယ့် သူငယ်ချင်းမွေးနေ့ရောက်တဲ့အခါ အမူးသောက်ကြပြီး ... ပျော်ကြပါးကြ ပရမ်းပတာတွေ လုပ်ရင်းမှ လက်လွန်ကြက်သွန်တွေဖြစ်ကာ ထိတ်ထိတ်ပျာပျာ ကြံမိကြံရာတွေ လုပ်ကြပုံကို ပရိသတ်ကြီးကြည့်ရှုအားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 1.8GB / 892MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 58m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
The Birthday Boy (2024)
2024
7.8
Rakshana (2024)
Rakshana 2024 (ချိုချဉ်ကောင်လေးရဲ့ ကလဲ့စား) IMDb - 8.1/10ကီရန်ဆိုတဲ့ကောင်မလေးနဲ့ ပရီယာဆိုတဲ့ကောင်မလေးဟာ အချစ်ရဆုံးသူငယ်ချင်းတွေပေါ့။ ကီရန်ဟာ ရဲအရာရှိစာမေးပွဲအောင်ပြီးတော့ တာဝန်ကျမှာကို စောင့်နေတဲ့အချိန်မှာ ပရီယာဟာ တိုက်ပေါ်ကနေ ပြုတ်ကျ သေဆုံးသွားခဲ့ရပါတယ်။ကီရန်ဟာ သူ့သူငယ်ချင်းသေဆုံးမှုကို သွေးရိုးသားရိုးမဟုတ်ဘဲ လူသတ်မှုလို့ ကောက်ချက်ချခဲ့ပါတယ်။ အကြောင်းကတော့ သူ့သူငယ်ချင်းရဲ့ အလောင်းနားကို ပြုံးပြုံးကြီးကြည့်နေတဲ့ ချိုချဉ်စုပ်နေတဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရလို့ပါပဲ။ ဒီလိုနဲ့ သူ့အချစ်ဆုံးသူငယ်ချင်းရဲ့ အမှုနောက်ကိုလိုက်ရင်း သူတာဝန်ကျတဲ့အချိန်မှာ ဒီလို အလားတူအမှုတွေနဲ့ ကြုံလာရတဲ့အချိန်မှာတော့ ........ ပရီယာရဲ့ သေဆုံးမှုနောက်ကွယ်ကအကြောင်းကို ကီရန်တစ်ယောက်ဖြေရှင်းနိုင်သွားမှာလား ..... ချိုချဉ်စုပ်နေတဲ့ ကောင်လေးကရော ဒီလူသတ်မှုနဲ့ ဘယ်လိုတွေ ဆက်စပ်နေလဲ ......ကီရန်တစ်ယောက် အမှုတွေကို ဘယ်လိုဖော်ထုတ် အဖြေရှာသွားမလဲဆိုတာတွေကို ကြည့်ရှုရမယ့် မှုခင်းဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…2.25GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 18min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie
Rakshana (2024)
2024
7.2
Yamadonga (2007)
Yamadonga (2007) "ယမမင်းရဲ့ ခိုးသားကြီး" IMDb-7.2/10RRR(2022)ထဲမှာ မင်းသားရန်ချရန်နဲ့အပြိုင် ပါဝင်ခဲ့တဲ့ မင်းသားချောကြီး NTRရဲ့ ဟာသဇာတ်လမ်းဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ငယ်ငယ်ကတည်းက မိဘတွေဆုံးပါးသွားခဲ့ပေမယ့် ကောင်းခြင်းတွေနဲ့ မွေးဖွားလာတဲ့ဆိုတဲ့ ကလေးမလေး။ အရွယ်ရောက်လာတဲ့အခါ ချောမောခန့်ညားတဲ့ မင်းသားတစ်ပါးလို ယောကျ်ားမျိုးနဲ့ ဖူးစာဆုံမယ်ဆိုတဲ့ ပုဏ္ဏားကြီးရဲ့ ဟောစကားကို ယုံကြည်ရင်း ချစ်သူကိုစောင့်မျှော်နေခဲ့ရှာတယ်။ကံကောင်းခြင်းတွေ မရောက်လာခင်မှာတော့ စင်ဒရဲလားလိုဘ၀မျိုးနဲ့ အဒေါ်ဖြစ်သူရဲ့ အနှိမ်ခံ၊ အငြူစူခံ၊ အနှိပ်စက်ခံရင်း နေနေရရှာတုန်း။ သူနဲ့ဖူးစာဆုံမယ့်ယောကျ်ားက ရှေ့ကသွားနေပြီဆို လူတွေ ကြွေးကြော်သံတွေနဲ့အတူ နောက်ကလိုက်နေမယ့်ယောကျ်ားမျိုးတဲ့။ တကယ်လည်း လူတွေနောက်ကနေ လိုက်ကြပါတယ်။"သူခိုးဟေ့..သူခိုး"ဆိုတဲ့ ကြွေးကြော်သံတွေဖြစ်နေတာတစ်ခုပဲ။ အဲဒီသူခိုးက တကယ်ပဲ မင်းသားတစ်ပါးလို အဆင့်အတန်းနဲ့ သူ့ဆီကိုရောက်လာနိုင်မှာလား။ သူတို့တွေ ဖူးစာဆုံပြီး ပျော်ရွှင်တဲ့ ဘ၀တစ်ခုကိုတည်ဆောက်နိုင်မှာလားဆိုတာ မင်းသားကြီး NTRရဲ့ Devara(2024)ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိမလာခင် အပျင်းပြေကြည့်ရှုကြပါဦးလို့...။ (အညွှန်းနဲ့ဘာသူပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…4.8GB ...
movie
Yamadonga (2007)
2007
8.0
Peddha Kapu – 1 (2023)
Peddha Kapu 1 (2023) [အလံလုကြသူများ] IMDB --- 8.0/10ဒီတစ်ခါ မိတ်ဆက်ပေးမဲ့ကားလေးကတော့ ကြမ်းကြမ်းရမ်းရမ်းနဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေပါတဲ့ နိုင်ငံရေးတေလဂူးဘာသာ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အစမှာတော့ ၁၉၆၂ခုနှစ်မှာ ဂိုဒါဗာရီမြစ်တစ်လျှောက်က ရွာတွေမှာ ဖြစ်ပွားခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေကနေ အစပြုထားပါတယ်။ ဒီရွာတွေက လူတွေဟာ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးကြရင်း အဲဒီထဲက သားအမိနှစ်ယောက်ဟာ ကွင်းပြင်ထဲမှာ ကလေးလေးတစ်ယောက်ကို တွေ့ခဲ့ပါတယ်။သူတို့ကိုယ်တိုင်လည်း လူချည်းလွတ်အောင် ပြေးလာခဲ့ရသူတွေမလို့ ကလေးကို မစောင့်ရှောက်နိုင်ပေမဲ့ ပစ်မထားရက်ခဲ့တာကြောင့် ကလေးကို သူများကို ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီကလေးကို မွေးစားလိုက်တဲ့သူကတော့ စိတ်နှလုံးသားဖြူစင်တဲ့ အရက်သမားတစ်ယောက်ပေါ့ အဲဒီနောက်မှာတော့ ရွာမှာ ပါတီကြီးနှစ်ခုဖြစ်တဲ့ ဆတ်တရာရန်ဂီရ်နဲ့ ဘာယာနာတို့ ပါတီနှစ်ခု။ဘာယာနာကတော့ ပျော့ပျော့လေးနဲ့ ဆွဲခေါ်တတ်တဲ့သူဖြစ်ပြီးတော့ ဆတ်တရာရန်ဂီရ်ကတော့ သတ်မယ်ဖြတ်မယ်ဆိုတဲ့သူမျိုးပေါ့။ ဘာယာနာက သူတို့ပါတီအတွက် အလံထောင်ဖို့ သူ့နောက်လိုက်တဲ့သူတွေကို ခိုင်းတဲ့အခါမှာ အလံထောင်တာကို မကြိုက်တဲ့ ဆတ်တရာတို့က ဘယ်လိုတွေ ပြဿနာလုပ်ကြမလဲ …….. သူတို့ပါတီဝင်နှစ်ခု နောက်ပိုင်းမှာရော ဘာတွေ ဆက်ဖြစ်သွားကြမလဲ ……အရက်သမားမွေးစားလိုက်တဲ့ ကလေးလေးကရော ကြီးလာတဲ့အခါမှာ ဒီဇာတ်လမ်းရဲ့ ဘယ်အခန်းကဏ္ဍကနေ ပါဝင်သွားမလဲဆိုတာတွေကို ...
movie
Peddha Kapu – 1 (2023)
2023
6.8
Maama Mascheendra (2023)
Mama Mascheendra (2023)IMDb - 7.4/10မင်းသားချော ဆူဒီယားဘာဘူအထူးသရုပ်ဆောင်ထားတဲ့ ဒရာမာအက်ရှင်တလေဂူးကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကောင်သုံးမျိုးကို တစ်ယောက်တည်းလို့မထင်မှတ်ရလောက်အောင် ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေနဲ့မို့ အထူးသရုပ်ဆောင်ထားတယ်လို့ သုံးလိုက်တာပါ။ရာဗီနဲ့ ရတ်ဘာဆိုတဲ့ မင်းသမီးချောနှစ်လက်လည်း ပါဝင်ထားပါတယ်။ခံစားချက်တွေကို ရင်ဖွင့်ချင်ရင် ဒိုင်ယာရီချရေး လျှို့ဝှက်ချက်ကိုရင်ဖွင့်ချင်ရင်တော့ ချရေး ဖြဲပြီး မီးရှို့ရတယ်တဲ့ လောကကြီးမှာ ယုံကြည်ရတဲ့လူဆိုတာ မိမိ မိမိ ပြီးတော့ မိမိကိုယ်တိုင်ပါပဲ ဖခင်တစ်ယောက်ရယ်လို့မဖြစ်လာခင်မှာ ဆရာဖြစ်သူအတွက် လူသတ်ပေးဖို့လုပ်ရင်း သတ်ရမဲ့အထဲက ကလေး၂ယောက်က လွတ်သွားခဲ့တယ် ဒီအမြွှာကလေး၂ယောက်က နောင်တစ်ချိန်ကြီးလာရင် ကောင်းကောင်းကြီးလက်စားပြန်ချေမှာကို သိနေလေတော့ ဖခင်ဖြစ်လာမဲ့တစ်ချိန်မှာ ဘယ်လိုကာကွယ်မှုတွေလုပ်မလဲ...အဖေတစ်ယောက်ရဲ့ ရင်သွေးအပေါ် ကာကွယ်စောင့်ရှောက်မှုက မွေးကင်းစလေးကနေစပြီး အရွယ်ရောက်တဲ့အခါပြီးဆုံးသွားတာမျိုးမဟုတ်ဘူးမလား။ဒီဇာတ်လမ်းထဲမှာ ရန်သူတွေများတဲ့ ဂန်းစတားအဖေကြီးတစ်ယောက်က သူ့သမီးအပေါ်မှာ ကာကွယ်စောင့်ရှောက်လိုတဲ့စိတ်နဲ့ လုပ်ခဲ့တဲ့လုပ်ရပ်တွေ၊ သမီးဖြစ်သူရဲ့ အချစ်အပေါ်မှာထားတဲ့ စိတ်သဘောထားနဲ့လုပ်ရပ်တွေ သူတို့သားဖတွေရဲ့ တစ်ဦးနဲ့တစ်ဦးထားရှိကြတဲ့ ချစ်ခြင်းမေတ္တာတွေအပြင် မထင်မှတ်ထားတဲ့ လူသတ်မှုတွေပါ မှန်းမရလောက်အောင် ရှုပ်ထွေးတဲ့ Plot Twist တွေပါတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~V ~Alex ~Zwe ~Tomo တို့ပဲဖြစ်ပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ...
movie
Maama Mascheendra (2023)
2023
6.6
Sarrainodu (2016)
Sarrainodu (2016) IMDb-6.6/10ဘောလိဝုဒ်ပရိတ်သတ်ကြီးအတွက် ကားဟောင်းထဲက ကားကောင်းလေးတကားဖြစ်တဲ့ အာလူးအာဂျွန်နဲ့ မင်းသမီးချော မဟာလက်ရှ်မီးတို့ရဲ့ အမှန်တရားဘက်တော်သား အက်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။ ဘတ်ဂျတ် ရူပီးသန်းငါးရာ အသုံးပြုထားပြီး ရူပီးသန်းထောင့်နှစ်ရာခုနစ်ဆယ်ပြန်ရခဲ့တဲ့ကားတကားလဲဖြစ်ပါတယ်။အိမ်ရဲ့သဲသဲလှုပ်အချစ်ခံရတဲ့ တဦးတည်းသောသားလေးဖြစ်ပြီး အိန္ဒိယစစ်ပြန်ကြီးလည်းဖြစ်တဲ့ ဂါနာက မတရားတာတွေ့ရင် လက်ပါခြေပါနဲ့ဖြေရှင်းတတ်သူတစ်ယောက်။သိပ်ချစ်မိသွားတဲ့ ချစ်သူလေးက ရန်ဖြစ်တာမျိုးမလုပ်ရင် လက်ထပ်ပါမယ်လို့ကတိပေးပြီးတဲ့နောက်မှာတော့။အိန္ဒိယနိုင်ငံတောင်ပိုင်းဝန်ကြီးဖြစ်သူရဲ့သားဟာ သူ့အကျိုးစီးပွားအတွက် အဖေ့အရှိန်အဝါကို အလွဲသုံးစားလူပ်ပြီး မြေတွေယာတွေကိုသိမ်း မကျေနပ်တဲ့လူကို လက်စဖျောက် ပြန်လှန်ဝံ့သူမရှိလောက်တဲ့ထိ ထင်ရာစိုင်းမိုက်မဲနေခဲ့ပါတယ် အနိုင်ကျင့်ခံရတဲ့ လယ်သမားတွေဘက်ကနေပြီး ရပ်တည်ပေးနေတဲ့ သားဖနှစ်ယောက်နဲ့ချစ်သူကိုရန်မဖြစ်တော့ပါဘူးဆိုပြီး ကတိပေးထားတဲ့ဂါယာတယောက် ဝန်ကြီးသားရဲ့မတရားမှုမှာ ပါဝင်လာတဲ့အခါမှာတော့။ အရင်က ဘောလိ၀ုဒ်ကားတွေရဲ့ အရသာကိုတဖန်ပြန်လည်ခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ V~Zwe~Moon~Cherry~BpL~Yunniတို့ပဲဖြစ်ပါတယ်) File size…4.4GB / 2.1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~Moon~Cherry~BpL~Yunn
movie
Sarrainodu (2016)
2016
7.0
Bhaag Saale (2023)
Bhaag Saale 2023 (IMDb 7/10)CM ဘောလိဝုဒ် ပရိသတ်ကြီးကို ယခုပဲထွက်ရှိလာတဲ့ comedy-crime ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်အာဂျွန်နဲ့မာယာက ချစ်သူတွေပါ မာယာထင်နေတာကတော့ အာဂျွန်ကို ချမ်းသာတဲ့မိသားစုရဲ့သားလေး အောင်မြင်တဲ့စီးပွားရေးသမားလေးပေါ့ အဲ့လိုထင်အောင်လည်း ဟိုငတိက ရှစ်စပ်ကဂျင်ခြေလည်သလိုကို မွှတ်ထွက်နေတဲ့အပြင် မှင်မောင်းလဲကောင်းပြီး အရမ်းကို ချမ်းသာချင်နေတဲ့ လူလည်တစ်ယောက်ပါအဲ့ဇာတ်လမ်းထဲမှာ အဓိကပါဝင်အသုံးတော်ခံမှာကတော့ လက်စွပ်တစ်ကွင်းပါ one ring to rule them all ဘာညာဆိုတဲ့ LOTR ထဲက လက်စွပ်တော့မဟုတ်ပါဘူး ဒါပေမဲ့ ဒီလက်စွပ်ကလဲမခေပါဘူး ကိုလိုနီခေတ်ဗြိတိသျှလက်ထက်တည်းက လူအဆင့်ဆင့် တိုင်းပြည်အနှံ့ရောက်နေတဲ့ စိန်ကြီးကိုကွပ်ထားတဲ့ စိန်လက်စွပ်ပါ ဒီလက်စွပ်ကိုပိုင်ဆိုင်သူဟာ ကံကောင်းခြင်းများစွာရရှိမှာဖြစ်သလို ကံဆိုးမှုတွေလည်း ဒွန်တွဲပါလာပါတယ်တဲ့....ကဲ အဲ့တော့ ဒီလက်စွပ်က အာဂျွန်ရဲ့ဘဝနဲ့ အချစ်ရေးနဲ့ ဘယ်လိုသက်ဆိုင်လာမလဲ တခြားဘယ်လိုလူတွေကရော ပါဝင်ပတ်သတ်နေလဲ စသည်ဖြင့် ဇာတ်လမ်းအမိုက်စားလေးကို ကြည့်ရှုရမှာဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးတွေလည်း ပါတာမို့ ပရိသတ်ကြီး အကြိုက်တွေ့စေမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size…2.13GB / 1022MB Quality…1080p WEB ...
movie
Bhaag Saale (2023)
2023
8.0
Samajavaragamana (2023)
Samajavaragamana(2023) IMDb-8.1/10ရုံတင်ငွေ ရူပီးသန်းငါးဆယ်ပြန်ရခဲ့တဲ့ တလေဂူးစကားပြော အိန္ဒိယဟာသကားလေးကို ဘောလိဝုဒ်ပရိတ်သတ်ကြီးအတွက် အပျင်းပြေကြည့်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။အဘိုးဖြစ်သူရဲ့သေတမ်းစာကြောင့် အဖေကို ဘွဲ့ရဖို့ကြိုးစားပေးနေရတဲ့ ဘာလူ။ ဘာလူက ရုပ်ရှင်ရုံကလက်မှတ်ဖြတ်တဲ့ကောင်တာမှာ အလုပ်လုပ်နေတဲ့ဝန်ထမ်းတယောက်။ မိသားစုငါးယောက်စားအိုးကို တာဝန်ယူထားရတဲ့အပြင် အဖေလုပ်သူကိုလည်း ကျူရှင်ထားရ စာမေးပွဲဖြေဖို့လုပ်ရနဲ့ ဂရုစိုက်နေရပါတယ်။သူ့အဖေကို ဘွဲ့ရဖို့ကြိုးစားပေးရင်းနဲ့ပဲ ကျောင်းသူမိန်းမချောလေးနဲ့ဆုံဆည်းခဲ့ပါတော့တယ်။ အဖေလုပ်သူဘွဲ့ရဖို့က ဘယ်လောက်အရေးကြီးလို့ အသည်းအသန်ကြိုးစားနေရတာလဲ။ ဆုံဆည်းခဲ့ရတဲ့ မိန်းမချောလေးနဲ့ရော အဆင်ပြေမှာလားဆိုတာကို ရယ်ရင်း ပြုံးရင်း ကြည့်လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~BpL~Cherry~Yunniတို့ပါပဲ) File size…2.63GB / 1.24GB Quality…1080p WEBDL / 720p Format…mp4 Duration….2h 20mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~BpL~Cherry~Yunni
movie
Samajavaragamana (2023)
2023
9.4
Chakravyuham (2023)
Chakravyuham-The Trap (2023)IMDb-9.3/10ရုံတင်ငွေ ၂ ကုဋေခွဲအမြတ်ရရှိထားပြီး Ajay ပါဝင်ထားတဲ့ လှည့်ကွက်ပရိယာယ်လေးတွေနဲ့ ထောင်ချောက်ဆိုတဲ့ကားလေးဖြစ်ပါတယ်ရှရီနဲ့ ဆန်ဂျေးဆိုတာသိပ်ချစ်လွန်းလို့လက်ထပ်ထားကြတဲ့ ဇနီးမောင်နှံတွေပါ တစ်နေ့ရှရီ့ကို အိမ်ထဲမှာပဲ ရက်ရက်စက်စက် လည်လှီးအသတ်ခံထားရတာတွေ့ရပါတယ် အပြင်ကနေခိုးဖျက်ဝင်ထားတဲ့ လက္ခဏာလည်း ရှိမနေတော့ အတွင်းလူလက်ချက်လို့ပဲ ထင်ကြတာပေါ့ အင်စပက်တာဆပ်တရာကတော့ ဒါဆန်ဂျေးလက်ချက်လို့ပဲ စတွေ့ခဲ့တည်းကထင်နေတော့တာပဲ တစ်ခုပြီးတစ်ခုရှာတွေ့တဲ့သက်သေတွေကလည်း ဆန်ဂျေးလို့ပဲညွှန်နေကြတယ် ဆန်ဂျေးခမျာအိမ်ထဲမှာပဲ ချစ်ဆုံးဇနီးရက်ရက်စက်စက်သတ်ခံထားရလို့ စိတ်ထိခိုက်ရတာတစ်ဖက် လူသတ်မှုကိုအပြစ်ကင်းကြောင်းသက်သေမပြနိုင်တာက တစ်ဖက်ပေါ့ တကယ်ပဲ သူကိုယ်တိုင်ရှရီ့ကိုသတ်ခဲ့တာလားဇာတ်လမ်းနာမည်လေးအတိုင်း သူပါထောင်ချောက်ဆင်ခံရလားဆိုတာ သက်သေတွေနဲ့အတူ ပရိသတ်ကြီးပါ စီးမျောခံစားဖော်ထုတ်ကြည့်ပါဦး(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ V ~ Yunni ~ BpL ~ Thaik San တို့ပဲဖြစ်ပါတယ်) File size…1.5GB / 607MB Quality…1080p WEB DL AAC 5.1CH / 720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by V ~ Yunni ~ BpL ~ Thaik San
movie
Chakravyuham (2023)
2023
7.9
Virupaksha(2023)
Virupaksha 2023IMDb-8/10Mystery ရုပ်ရှင်ပရိသတ်တွေအကြိုက်တွေ့မယ့် ရုံတင်ငွေကုဋေကိုးဆယ်နီးနီးရရှိခဲ့တဲ့ ရုံတင်ကားပါ ဇာတ်ဆောင်အနေနဲ့လည်း ဟိုတလောကနာမည်ကြီးသွားတဲ့ ကျောင်းဆရာကားထဲက မင်းသမီးလေး Samyuktha Menon အဓိကပါဝင်ထားပါတယ်ဇာတ်လမ်းအစမှာ တစ်ရွာလုံးကကလေးတွေကို ကျိန်စာတိုက်နေပါတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့လင်မယားနှစ်ယောက်ကိုမီးပုံရှို့နေပါတယ် ဒီထဲက ဇနီးဖြစ်သူက နောက် 12 နှစ်ကြာပြီးတဲ့အချိန်မှာ ဒီရွာဟာသုသာန်တစပြင်ဖြစ်ရမယ်လို့ကျိန်စာတိုက်ထားခဲ့ပါတယ်12 နှစ် ကြာပြီးတဲ့အချိန် ရူဒရာဗန်နမ်ဆိုတဲ့ကျေးရွာလေးဟာ ပွဲတော်တစ်ခုကျင်းပဖို့ပျော်ရွှင်နေကြချိန် ရွာသားတစ်ယောက်ထူးဆန်းစွာသေဆုံးမှုကြောင့် ဘုန်းတော်ကြီးကနေ ဒီရွာကို 8 ရက်တိုင်တိုင်ပိတ်ချ ၊ အပြင်လူအားလုံးတစ်ရက်အတွင် းပြန်ရမယ်ဆိုတဲ့စည်းကမ်းချမှတ်လိုက်ပါတယ် ဒီစည်းကမ်းကိုအကြောင်းအမျိုးမျိုးနဲ့ ချိုးဖောက်ပြီး ထွက်သွားကြသူတွေဟာလည်း ထူးဆန်းသွားသေဆုံးသွားကြပါတယ် ဒီချိန်မှာရွာရောက်နေတဲ့ ဆူရီယာဆိုတဲ့ မြို့သားတစ်ယောက်ဟာ ရွာခံနန်ဒီနီ့ကိုချစ်မိပြီး ထွက်သွားပြီးမှ နန်ဒီနီ့ကျန်းမာရေးအတွက် ပြန်ဝင်လာခဲ့ပါတယ်ဘယ်လောက်ပဲဆန်းကြယ်ပါစေ အဖြေရှာတွေ့စမြဲပါပဲ ဒီထဲကဆန်းကြယ်မှုတွေကိုရော ဆူရီယာကဘယ်လိုအဖြေရှာဖော်ထုတ်မလဲ ရင်တထိတ်ထိတ် ရှုစားကြည့်ပါဦးသွေးသံရဲရဲအခန်းတွေများစွာပါဝင်တာမို့ အသည်းငယ်တတ်သူများမကြည့်ရှုခင်မှာ သေချာလေးစဉ်းစားသင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ File size…2.93GB / 1.24GB Quality…1080p WEB DL / 720p Format… mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ YH ~ chiclon3 ~ Aditi ~ Yunni
movie
Virupaksha(2023)
2023
8.9
Neetho (2022)
Neetho (2023)IMDb-9/10Right Time မှာ Wrong person ကို ကြုံဖူးကြပါသလား အရာအားလုံးပြီးပြည့်စုံနေတာနဲ့ပဲ အချစ်လို့ထင်ယောင်ထင်မှားဖြစ်ပြီး ရှေ့ဆက်တိုးလိုက်ဖို့တွေးဖူးကြပါသလားစီးပွားရေးတွေတောင့်တင်းပြီး စီးပွားရေးချင်း မိတ်ဖက်ဖြစ်နိုင်တဲ့ မိသားစုနှစ်စုက ဆပ်တရာနဲ့မယ်ဂနာ မယ်ဂနာက အချစ်စစ်နဲ့ချစ်ပြီးဘ၀ရှေ့ဆက်ဖို့ကြိုးစားပေမဲ့ ဆပ်တရာအပါအ၀င် နှစ်ဖက်မိဘအကုန်လုံးကစီးပွားရေးကြောင့်သာ ပေါင်းဖက်ဖို့ဆုံးဖြတ်ခဲ့ကြတာပါလူငယ်ချင်းမေတ္တာမျှချစ်ရာကနေ နှစ်ယောက်တန်ဖိုးထားတဲ့ အရာတွေမတူညီလို့ နှစ်ယောက်ဘ၀ထူထောင်ဖို့ကြန့်ကြာနေကြတဲ့ ဗာရွန်နဲ့ အာနူရှာ ဒီလိုအခြေအနေတွေမှာပဲ ဆပ်တရာနဲ့ မယ်ဂနာတို့ရဲ့ စုံတွဲအာမခံအတွက် ဗာရွန်က အာမခံ၀န်ဆောင်မှုပေးရသူအနေနဲ့ ဆုံတွေလာကြပါတယ်အချစ်တွေ စီးပွားရေးတွေ တန်ဖိုးထားရာတွေကြားမှာ အချစ်ကဘယ်လိုမျိုးလှလှပပကိုင်တွယ်သွားမလဲလက်တွေ့အပြင်လောကမှာရော ဒီလိုအဖြစ်တူနေသူတွေရှိလား ခံစားကြည့်ကြပါဦး File size…1.43GB / 644MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Zwe Yan~Cherry~Yunni~Nyein Aye
movie
Neetho (2022)
2022
8.5
Cheppalani Undhi (2023)
Cheppalani Undi 2022IMDb-8.6/10လူတွေရဲ့မျိုးစုံသောယုံကြည်မှုနဲ့ သိပ္ပံပညာဟာပြဒါးတစ်လမ်းသံတစ်လမ်းပဲလို့ လက်ခံထားတယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်ကြည့်ဖို့အရင်ဆုံးပြောချင်ပါတယ်ဇာတ်လမ်းအညွှန်းကတော့ တက်ကြွတဲ့စိတ်ဓာတ်တွေနဲ့ အပြင်းအထန်ကြိုးစားနေတဲ့လူငယ်လေးချန်ဒူးဟာ သူ့ရဲ့ကြိုးစားမှုနဲ့ဘဝအခြေတည်သွားစေမယ့် အခွင့်အရေးတစ်ခုရခဲ့ပါတယ်အချစ်ရေးမှာလည်း ယောက္ခမလောင်းကြီးနဲ့တွေ့ရတော့မှာမို့ ပျော်ရွှင်နေတဲ့အချိန်ပေါ့ ဘဝကြီးဟာချိုမြသာယာနေပြီဆိုတော့သောက်ပြီပေါ့လေ မူးမူးနဲ့အိမ်ပြန်တဲ့အချိန် ရဲအစစ်ခံရမှာဆိုးတာနဲ့ အရှိန်တင်မောင်းရင်း လမ်းဘေးပလက်ဖောင်းနဲ့ခေါင်းနဲ့ဂဟေဆက်ပါရောသတဲ့ ဘာဒဏ်ရာမှမရခဲ့ပေမယ့် ဘဝရဲ့အရေးကြီးဆုံးနောက်ရက်မနက်မှာပဲ သူ့ပါးစပ်ကပြောနေတဲ့စကားတွေကို သူ့ဘေးကဘယ်သူမှနားမလည်တဲ့အဖြစ်ရောက်သွားပါတယ်တစ်ခြားသူတွေပြောသမျှကိုသူနားလည်နေပေမယ့်သူပြောတဲ့စကားတွေကိုဘယ်သူမှနားမလည် သူကလည်းအဲဒီနားမလည်တဲ့စကားတွေနဲ့ပဲ ရှင်းပြဖို့ထပ်ခါထပ်ခါကြိုးစားရင်း ရှင်းပြလို့နားမလည် နားမလည်လို့ရှင်းပြနဲ့ တစ်ယောက်တည်းလည်ထွက်နေရှာပါပြီချရေးပြပေါ့လို့ပြောရအောင်လည်းချလည်းမရေးတတ်တော့ဘူးတဲ့ ဒီလိုနဲ့ဘဝလောက်အရေးကြီးတဲ့အခွင့်အရေးကြီးလည်းဆုံးရှုံး ချစ်ရသူကိုလည်းဆုံးရှုံးရတော့မလိုဖြစ်နေပါပြီ ဘာဖြစ်နေမှန်းလည်းမသိ ရှင်းပြလို့လည်းမရနဲ့တစ်ယောက်တည်းတိုင်ပတ်နေတဲ့သူ့အဖြစ်ကို သိပ္ပံနဲ့ ယုံကြည်မှုဘယ်လိုတွေများပေါင်းစည်းပြီး ဖြေရှင်းသွားမှာပါလိမ့် ရှုစားကြည့်ပါဦး File size…2.3GB / 1.08GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ BpL ~ Sai ThuRein
movie
Cheppalani Undhi (2023)
2023
6.9
Love Story (2021)
Love Story (2021) IMDb - 6.92021တုန်းက Hitဖြစ်ခဲ့တဲ့ Romance Dramaလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးကတော့ မြို့ကို အလုပ်လုပ်ဖို့ တက်လာတဲ့ အင်ဂျင်နီယာမလေးကို ချစ်မိသွားတဲ့ ဇွန်းဘားကတဲ့သူတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။လူတိုင်းမှာ ကိုယ့်ရဲ့ဆိုင်ရာဆိုင်ရာ အချစ်ဇာတ်လမ်းလေးတွေရှိခဲ့ကြမှာပေါ့နော်။ ပျော်စရာ၊ ကြည်နူးစရာ၊ လွမ်းစရာ၊ ကြေကွဲစရာ မျိုးစုံထဲမှာမှ တွေ့တာနဲ့ သတ်နေကြတဲ့ ကြောင်နဲ့ကြွက်လို ဇာတ်လမ်းလေးတွေလည်း ရှိကြမယ်လို့ထင်ပါတယ်။ဒီဇာတ်လမ်းလေးကလည်း ဒီလိုပါပဲ။ အမေတစ်ခု၊ သားတစ်ခုဘဝမှာ ကြီးပြင်းလာရတဲ့ ရေးဗန်ဟာ သူ့ရဲ့အမေဖြစ်သူဆုံးမတဲ့ လူတွေဆီက အနှိမ်မခံစေရချင်ရင် ပိုက်ဆံရှာဆိုတဲ့ ဆုံးမစကားကြောင့် အိမ်ငှားခမပေးနိုင်တဲ့အချိန်မှာတောင် သူကိုယ်တိုင်ထောင်ထားတဲ့ ဇွန်းဘားစင်တာကို ကြိုးစားပမ်းစားအသက်ဆက်လို့နေပါတယ်။ သူဌေးသမီးလေး မောနီကတော့ စည်းကမ်းတင်းကြပ်တဲ့အဖွား၊ သူတို့မိသားစုအပေါ် ဂုတ်သွေးစုပ်နေတဲ့ ဉီးလေးဖြစ်သူကို ဆန့်ကျင်ပြီး အိမ်ပေါ်ကနေ လက်ဗလာနဲ့ဆင်းလာခဲ့တဲ့သူပါ။ မာနကြီးပြီး အထည်ကြီးပျက်ပုံစံဖြစ်နေတာကြောင့် အလုပ်လည်းမရနိုင်၊ တွေ့ရာအလုပ်ကိုလည်း ဝင်မလုပ်နိုင်တဲ့ အင်ဂျင်နီယာမလေး မောနီနဲ့ ငွေလေးတစ်ပြားဝင်ဖို့ ရုန်းကန်နေရတဲ့ ရေးဗန်တို့နှစ်ယောက်ဟာ တွေ့တာနဲ့ ကြောင်နဲ့ကြွက်လို တကျက်ကျက် ရန်ဖြစ်ကြရင်းကနေ မောနီ ကတာကို တွေ့ပြီး ရင်သပ်ရှူမောဖြစ်သွားတဲ့ ရေးဗန်က မောနီကို သူတို့ဇွန်းဘားစင်တာမှာ စပ်တူအလုပ်လုပ်ဖို့ ခေါ်ရင်းကနေ ...
movie
Love Story (2021)
2021
5.2
Touch Chesi Chudu ( 2018 )
ဘာဟီဆိုတဲ့လူတစ်ယောက်ဟာ အတော်လေးကိုနောက်ခံအင်အားကြီးမားပြီးတော့ ရဲတပ်ဖွဲ့ဝင်တွေကိုတောင်သြဇာအာဏာလွှမ်းမိုးတဲ့လူတစ်ဦးမကောင်းတာတွေလည်းလုပ်တယ်သူ့မှာအင်မတန်ချစ်ရတဲ့ညီမလေးတစ်ယောက်ရှိပါတယ်တနေ့မှာတော့ သူ့ရဲ့ညီမလေးဟာနာမည်ကျော်လူမှုရေးလှုပ်ရှားသူ ဆက်ရာဒေ့ဗ်အသတ်ခံရတဲ့အမှုကို မျက်မြင်ကိုယ်တွေ့မြင်လိုက်ရတယ်သူ့အကိုဖြစ်သူကိုပြောပြတော့ညီမဖြစ်သူကိုကာကွယ်ဖို့ကြိုးစားပါတော့တယ်ဒီလိုကြိုးစားရင်းနဲ့ပဲ သူ့ရဲ့ ဖုံးကွယ်ထားတဲ့အရာတချို့တွေမထင်မှတ်ပဲ ပေါ်ပေါက်လာတဲ့အခါမှာတော့
movie
Touch Chesi Chudu ( 2018 )
2018