Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rain
7.1
I’m a Cyborg, But That’s OK ( 2006 )
IMDb 7.1 ရရှိထားတဲ့ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းပုံစံကတော့ သူမတူတဲ့ပုံစံလေးပေါ့.. သူမတူဆို စိတ်မနှံ့တဲ့သူနှစ်ယောက်ကြားမှာ ဖြစ်ပေါ်တဲ့ အချစ်ဇာတ်လေးတစ်ခုပါ...ယောင်းဂွန်းဆိုတဲ့ ကောင်မလေးက ကိုယ့်ကိုယ်ကို စက်ရုပ်လို့ ယုံကြည်နေတဲ့ ကောင်မလေး တစ်နေ့ စိတ္တဇဆေးရုံကို တက်တဲ့အခါ လူတွေရဲ့ အရာအားလုံးကို ခိုးနိုင်တယ်လို့ ထင်ရတဲ့ ကောင်လေးတစ်ယောက်ကို ဆေးရုံမှာ တွေ့လိုက်ရတယ်...ဒီအခါမှာတော့ သူ့ဆီက တစ်ခုခုကို ခိုးပေးဖို့အတွက် တောင်းဆိုရင်း ရင်းနှီးမှုတစ်ခုရခဲ့ရာကနေ... စက်ရုပ်လို့ထင်နေတဲ့ ကောင်မလေးကို ဘယ်လိုတွေကူညီမယ်.. ဘာတွေဆက်ဖြစ်မယ်ဆိုတာ စိတ်ဝင်စားဖွယ်ရိုက်ပြထားတဲ့ ဇာတ်ကားဟောင်း ဇာတ်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ် Filesize : 2.12 GB / 1.04 GB Quality : WEB-DL HEVC 1080p , 720p Format : mkv Genres : Drama , Romance , Fantasy Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...
movie
I’m a Cyborg, But That’s OK ( 2006 )
2006
6.4
Ninja Assassin (2009)
IMDB: (6.4/10)ကိုရီးယား နာမည်ကြီး သရုပ်ဆောင် Rain ပါ၀င်သရုပ်ဆောင်ထားတဲ့ Ninja Assassin ကို BluRay HEVC Quality နဲ့ Update တင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းပုံစံကတော့ လူသတ်သမားဂိုဏ်းကို အစပျိုးဖို့ အတွက် မိဘမဲ့ လူငယ်လေးတွေကို သိုင်းသင်ပေးနေတဲ့ အဖွဲ့ အစည်းတစ်ခုမှာ ကြီးပြင်းလာရတဲ့ ကောင်လေး တစ်ယောက်အကြောင်းပါ အစကတော့ ဒီအသင်းအဖွဲ့ က မိဘမဲ့ကလေးတွေကိုစောင့်ရှောက်ပေးတယ်လို့ ထင်ရပေမယ့် ရက်စက်မှုများစွာနဲ့ ငရဲခန်းတစ်ခုအဖြစ်သိလာတဲ့နောက် ထွက်ပြေးဖို့ကြံရွယ်ကြသူတွေရှိကြသလို မိသွားခဲ့ရင်တော့ မတွေးရဲစရာ နှိပ်စက်အပြစ်ပေးတတ်ပါတယ်။ဒီလိုနဲ့ Rain တစ်ယောက်ဟာလဲ ဒီဂိုဏ်းအဖွဲ့ထဲကနေထွက်ပြေးခဲ့ပါတယ်... ဒါပေမယ့် ဘယ်လိုပဲ ထွက်ပြေးပြေး ဒီအဖွဲ့ဟာ နောက်ကနေ တစ်ကောက်ကောက်လိုက်ပြီး အဖွဲ့ပေါ် သစ္စာဖောက်သူတွေနဲ့ ထွက်ပြေးသူတွေကိုသတ်ဖြတ်ကြပါတော့တယ်...သွေးသံရဲရဲ မြင်ကွင်းတွေ အများကြီးပါ၀င်လို့ နှလုံးအားနည်းသူတွေ မကြည့်သင့်ပါဘူး။ File size…(1.9 GB) / (900 MB) Quality….BluRay HEVC 1080p / 720p Format…mkv/mp4 Duration….01:38:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Wai Zin
movie
Ninja Assassin (2009)
2009
HEVC 1080p
6.0
Race to Freedom: Um Bok-dong(2019)
Race to Freedom: Um Bok-dong(2019)1913 ခုနှစ်မှာ ဂျိုဆွန်းကို ဂျပန်တွေ သိမ်းပိုက်ထားခဲ့ပါတယ်....ဂျိုဆွန်းမှာ ဂျပန်လူမျိုးတွေက သူတို့ကျွမ်းကျင်တဲ့ စက်ဘီးစီးပြိုင်ပွဲတွေ ကျင်းပခဲ့ပါတယ်....ဂျပန်တွေဟာသူတို့ကျွမ်းကျင်တဲ့ စက်ဘီးစီးနင်းဖြစ်တဲ့အပြင် ပြိုင်ပွဲဝင်ဖို့ အဘက်ဘက်ကထောက်ပံ့မှုတွေကလည်းပြည့်စုံလေတော့ ပြိုင်ပွဲတိုင်းအနိုင်ရနေလေ့ရှိတယ်...အမြဲလိုလိုရှုံးနိမ့်တဲ့အပြင် နှိမ်ခံရလေတော့ ဂျိုဆွန်းပြည်သူတွေ စိတ်အပျက်ကြီး ပျက်ခဲ့ရပါတယ် ...ဒါကြောင့် ဂျိုဆွန်းကုန်သွယ်အဖွဲ့ခေါင်းဆောင်က စက်ဘီးပြိုင်ပွဲမှာ ပြိုင်ပွဲ၀င်ဖို့ သူ့မှာရှိသမျှစည်းစိမ်လေးတွေပုံအောပြီးလူငယ်တွေကို လေ့ကျင့်ပေးခဲ့ပါတယ်....အဲ့ဒီလိုလူငယ်တွေကို ရွေးချယ်လေ့ကျင့်ပေးတဲ့အချိန်မှာ အံအားသင့်လောက်စရာပါရမီပါပြီး သန်မာတဲ့ လူငယ်လေးတစ်ယောက် မထင်မှတ်ဘဲ ပေါ်ထွန်းလာတဲ့အချိန်မှာတော့....ဒီကားက မင်းသား Rain အဓိကပါဝင်သရုပ်ဆောင်ထားသလိုကိုးရီးယားတွေရဲ့မျိုးချစ်စိတ်ကို အဓိကပုံဖော်ထားတဲ့ကားမို့ ဝါရင့်သရုပ်ဆောင်ပေါင်းများစွာနဲ့ခမ်းခမ်းနားနားရိုက်ကူးထားတာမို့ လက်မလွှတ်သင့်ပါကြောင်း..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်....File Size : (980 MB) and (349 MB) Quality :FHD-Rip 720p Format…mp4 Duration…01:58:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
Race to Freedom: Um Bok-dong(2019)
6.0
R2B: Return to Base (2012)
R2B: Return to Base (2012) IMDb - 6.0/10_____Rotten - 60% ဒီကားကတော့ အများကြီးမိတ်ဆက်ပေးစရာမလိုတော့တဲ့ ကိုရီးယားမင်းသားချော Rain ပါဝင်ထားတဲ့ နာမည်ကျော် Return To Base (ဌာနချုပ်သို့အပြန်)ကိုရီးယား စစ်ကားပဲဖြစ်ပါတယ်.. စစ်သားတွေရဲ့ဘဝဟာ အမိန့်ဆိုတာကိုအသက်အဖြစ်နဲ့နေနေကြတဲ့ လူတွေထဲကလူတွေပဲဖြစ်ပါတယ်... တစ်ခါတလေကိုယ်ချစ်တဲ့သူ ကိုယ်တန်ဖိုးထားရတဲ့လူတွေ အထက်အမိန့်မရလို့ မိမိမျက်စိရှေ့မှာသေသွားရတာတွေကို ဘာမှမလုပ်နိုင်ပဲကြည့်နေရတာတွေလည်းရှိပါတယ်..... စစ်သားတစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး....တိုင်းပြည်အပေါ်အနစ်နာခံတဲ့စိတ် ကိုယ့်မိသားစုထက်ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို အရင်ဆုံးအဓိကထားတတ်တဲ့စိတ်တွေကြောင့်လည်း စစ်သားတွေရဲ့ဘဝဟာ အမြဲခါးသက်လွန်းလှပါတယ်.... ကြည်းတပ်ပဲဖြစ်ဖြစ် ရေတပ်ပဲဖြစ်ဖြစ် လေတပ်ပဲဖြစ်ဖြစ် စစ်သားကစစ်သားပါပဲ.... ဒီကားမှာတော့ တိုက်လေယာဉ်မောင်းတဲ့လေသရဲတွေရဲ့ဘဝကို ရိုက်ပြထားပါတယ်.... လေသူရဲတွေရဲ့ ဒုတိယအသက်က သူတို့မောင်းတဲ့လေယာဉ်တွေပဲဖြစ်ပါတယ်.... လေယာဉ်တွေတစ်ခုခုအပစ်ခံရလို့ ပျက်ကျခဲ့ရင်တောင်မှ မတတ်သာတဲ့အခြေနေမှသာ ခုန်ဆင်းခွင့်ရှိပါတယ်....ဒါပေမယ့် တာဝန်သိတဲ့ လေသူရဲအများစုကတော့ မိမိရဲ့လေယာဉ်ကို လူနေအရပ်တွေနဲ့လွတ်တဲ့နေရာတွေမှာသာ အသက်ကိုပဓာနမထားပဲပျက်ကျခံကြပါတယ်.... စစ်သားတိုင်းကအိမ်ကိုပြန်ချင်ကြပါတယ်....အိမ်မှာသူတို့ကိုစောင့်မျှော်နေကြတဲ့ အိမ်သူဇနီးမယားတွေနဲ့ သားသမီးတွေရှိကြပါတယ်....တကယ်လို့ အိမ်ပြန်မလာနိုင်တော့တဲ့ စစ်သားတွေအဖို့ သူတို့ရဲ့ မိဘတွေဇနီးတွေရဲ့ နာကျင်မှု့တွေက မပြောပြတတ်လောက်အောင်ပါပဲ... ဒါကြောင့် Return To Base (ဌာနချုပ်)သို့ အပြန်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ရင်း ကမ္ဘာပေါ်မှာရှိတဲ့ စစ်သားတိုင်းအိမ်ပြန်နိုင်ကြပါစေ....အများကြီးကောင်းမွန်တဲ့ Old But Gold ကားလေးမို့ လေသူရဲများကိုဂုဏ်ပြုရင်း မကြည့်ရသေးသောပရိတ်သတ်များနဲ့ကြည့်ပြီးသားသူများလည်း မှန်ကန်တဲ့မြန်မာစာတန်းထိုးနဲ့ကြည့်ရလေအောင် တင်ဆက်ပေးလိုက်ပါတယ်.... Quality…..BluRay 1080p Duration…..01:53:00 Format…Mp4 File Size…(824 MB) Translator…..Myanmar Gyi Encoder…..Moe Myint Lwin
movie
R2B: Return to Base (2012)
2012