Channel Myanmar

Raffi

Adios Amigo (2024) 6.1
Adios Amigo (2024) Adios Amigo(2024) နှုတ်ဆက်ပါတယ် သူငယ်ချင်းသြဂုတ်လအတွင်း လောလောလတ်လတ်ထွက်ထားတဲ့ ဘောလီးဝုဒ်ဟာသ ဒရမ်မာကားလေးကို တင်ဆက်သွားမှာပဲဖြစ်ပါတယ်။မိခင်ဖြစ်သူ ဆေးရုံတင်ထားရလို့ သောကဗျာများနေရပြီး ဆေးရုံစရိတ်အတွက်ပူပန်နေရတဲ့သူနဲ့ ဥစ္စာကြွယ်ဝလှပြီး ဘဝကိုပေါ့ပေါ့ဖြတ်သန်းနေတဲ့သူ..ဘဝအခြေအနေမတူလှတဲ့လူနှစ်ယောက် ဥဒဟိုသွားလာနေကြတဲ့ ဘတ်စ်ကားမှတ်တိုင်လေးတစ်ခုမှာ ဆုံစည်းခဲ့ကြပြီး ခရီးတစ်ခုတည်းသွားဖြစ်ခဲ့ရာမှာတော့ ဘာတွေဖြစ်လာမှာလဲ...IMDB 6.1/10 ရရှိထားပြီး အခြေအနေမတူတဲ့ လူနှစ်ယောက်ရဲ့ဘဝကို ခံစားကြည့်ရှူရမယ့် ကားလေးဖြစ်လို့ ကြည့်ရှုလိုက်ပါဦးနော်။(ဘာသာပြန်နဲ့ အညွှန်းကိုတော့ CM Bollywood Team က ခံစားရေးသားထားပါတယ်) File size… 2.69GB / 1.25GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Adios Amigo (2024)

Thundu (2024) 5.5
Thundu (2024) Thundu (2024) ရဲအရာရှိဘေဘီIMDb-5.7/10ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ စိတ်သဘောထားကောင်း ရိုးသားကြိုးစားပေမဲ့ လုပ်သမျှတလွဲတွေချည်းဖြစ်နေတဲ့သူတွေမြင်ဖူးကြမှာပါ သူတို့လုပ်လိုက်တိုင်း ရယ်ရခက် စိတ်ဆိုးရခက်တွေချည်းပဲ ရဲအရာရှိဘေဘီဆိုတာလည်း အဲဒီလိုလူစား။ဘေဘီက ရဲအရာရှိ ၊ သူ့ဇနီးက ကလေးတွေအိမ်ခေါ်သင်ပေးတဲ့ဆရာမ ၊ သူ့သားက ၁၁ တန်းကျောင်းသား၊ တစ်တန်း‌လုံးကကျောင်းသားတွေအတွက် ခိုးစာပုံစံမျိုးစုံလုပ်ပေးလို့ ဆရာမကဘေဘီ့ကိုလှမ်းတိုင်တာပေါ့ ၊ ဘေဘီကလည်း အလျင်စလိုထွက်လာရင်း စစ်ဆေးရေးဂိတ်မှာဖမ်းထားတဲ့ သုံးဘီးတက်မောင်းပြီး ယာဉ်တိုက်မှုဖြစ်။နောက်ရက်မှာ အက်ဆီးဒင့်အမှုကိုစစ်မေးပြီးအပြန် ခွေးဝင်တိုက်ပြီးလဲ သူ့နောက်ကအရာရှိလက်ကျိုးပြီး တိုက်ခံရလို့ သေသွားတဲ့ခွေးကလည်း ဗိုက်ထဲမှာကလေးရှိနေတဲ့ ရဲခွေး...။ဒီလိုအလွဲလွအချော်ချော်နဲ့ဘေဘီဟာ သူ့နောက်မှလာပြီး စာမေးပွဲတွေအောင် ရာထူးတွေတက်သွားတဲ့အငယ်တွေကြား သူလည်းရာထူးတက်ချင်လို့ စာမေးပွဲ ဝင်ဖြေဖို့လုပ်တော့တာပဲ။အသက်ကကြီးနေတဲ့ကြားက အမြဲလွဲချော်နေတဲ့ဘာဘီတစ်ယောက် သူလိုချင်တဲ့ရာထူးတိုးရသွားမလား။ဝါးလုံးကွဲ ရယ်မောရတဲ့ကားမဟုတ်ဘဲ ရိုးသားဖြူစင်တဲ့လူတစ်ယောက်ရဲ့ တလွဲတချော်လေးတွေနဲ့ ပြုံးမိစေမဲ့ ဇာတ်ကားတစ်ကားပါ။အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ် File size…1.5GB /  771MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ...
movie

Thundu (2024)

2024
Voice of Sathyanathan (2023) 6.9
Voice of Sathyanathan (2023) Voice of Sathyanathan (2023) (IMDb 7.2/10)ရယ်ရယ်မောမောနဲ့ အက်ရှင်အကွက်တွေကို ကြည့်ရှုလို့ရ‌မယ့် ဇာတ်‌လမ်းကောင်းလေးကို စောင့်မျှော်နေတာဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ကြည့်ကြည့်လိုက်ပါနော်။မင်းသားကြီး Dileepရဲ့ ရယ်ရမလိုလို ငိုရမလိုလို သရုပ်ဆောင်ချက်တွေကိုလည်း ကြည့်ရှုခံစားနိုင်မယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ဇာတ်ကောင်"ဆပ်သရာနာသ်"တစ်ယောက်ကတော့ ပေါက်ပန်းလေးဆယ်ပြောတတ်တဲ့တစ်ယောက်ဖြစ်ပါတယ်။ ပြောချင်တာပြောပြီးလို့ ပြဿနာတွေတတ်လာရင် ဒရာမာတွေခင်းပြီး ဖြေရှင်းလို့ရမယ်လို့ ယုံကြည်ထားတဲ့သူတစ်ယောက်။တစ်နေ့မှာတော့ အရမ်းကြီးတဲ့အမှုကိစ္စတစ်ခုမှာ မထင်မှတ်ပဲပါသွားမိရာက.... ပတ်ဝန်းကျင်က ပြဿနာတွေကို ဒရာမာအမျိုးမျိုးခင်းဖြေရှင်းလို့ရပေမဲ့ ရဲတွေနဲ့ကျရင်ရော ဒရာမာတွေခင်းခွင့်ရပါဦးမလား... ဒါ့အပြင် တွဲဖက်တွေနဲ့ ဟန်ချက်ညီညီဟာသရုပ် သရုပ်ပေါ်အောင်တစ်မျိုး thriller ပုံစံတစ်မျိုး ပေါ်အောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးကို ဇာတ်အိမ်ထဲမျောရင်းတစ်ခါတည်း ကြည့်လိုက်ကြရအောင်ပါ....ဒီဇာတ်လမ်းလေးကိုတော့ CM Bollywood Team မှ ဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။ File size… 2GB  / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Voice of Sathyanathan (2023)

2023