Channel Myanmar

Rachael Leigh Cook

The Lodger (2009) 5.7
The Lodger (2009) The Lodger (2009)============အယ်လင်ဟာ မပြေလည်တဲ့ အိမ်ထောင်ရေးနဲ့စိတ်ဒဏ်ရာတွေကြားမှာ ခက်ခက်ခဲခဲရှေ့ဆက်နေရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့တော့ သူတို့ခြံဝင်းထဲက ငှားစားတဲ့အိမ်အလွတ်ကို သူစိမ်းလူချောတစ်ယောက်ပြောင်းလာခဲ့ချိန်မှာတော့ ငြီးငွေ့ဖွယ် သူ့ဘ၀ထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစရာတွေဖြစ်ပေါ်လာပါတော့တယ်။ အဲ့ဒီသူစိမ်းဟာ သူ့ကိုယ်သူ စာရေးဆရာတစ်ယောက်အဖြစ်မိတ်ဆက်ပါတယ်။စိတ်ကူးနဲ့လုပ်ရတဲ့အလုပ်ဖြစ်တဲ့အတွက်အနှောင့်အယှက်မခံနိုင်လို့ဆိုပြီး သူငှားနေတဲ့ အိမ်ထဲကိုအယ်လင်ကိုပါအလာမခံပါဘူး။ ဒါပေမယ့် သူ့ဆင်ခြေနဲ့သူ ဟုတ်နေတဲ့အတွက်သံသယတစ်စုံတစ်ရာမရှိပဲ ပဟေဠိဆန်တဲ့လူတစ်ယောက်ကို အယ်လင့်အနေနဲ့လက်ခံထားမိရက်သားဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်ဟာ ဝက်စ်ဟောလိ၀ုဒ်မှာ ရက်စက်ကြမ်းတမ်းလွန်းတဲ့လူသတ်မှုတွေစပြီးဖြစ်ပေါ်နေတဲ့အချိန်ပါ။ အသတ်ခံရသူတွေဟာ ပြည့်တန်ဆာတွေဖြစ်ပြီး သတ်ပုံသတ်နည်းတွေ သားကောင်ရွေးချယ်မှုတွေဟာ လွန်ခဲ့တဲ့ ၁၈၈၈ ခုနှစ်က လန်ဒန်မှာဖြစ်‌ပေါ်ခဲ့ပြီး အခုချိန်ထိတရားခံမပေါ်ခဲ့တဲ့ Jack the Ripper ကိုပုံတူကူးထားတာဖြစ်ပါတယ်။ အဲ့ဒီလိုပုံစံတူလူသတ်မှုတွေဟာ လွန်ခဲ့တဲ့ ခုနှစ်နှစ်ကလည်းဖြစ်ပွားခဲ့ဖူးပြီး အဲ့ဒီအမှုတွေရဲ့တရားခံကိုဖော်ထုတ် ကွပ်မျက်ခဲ့ပြီးပါပြီ၊ ဒါဆိုရင်အခုထပ်ဖြစ်လာတဲ့လူသတ်မှုတွေကရော ပုံတူကူးလူသတ်သမားနောက်တစ်ယောက်လား? ဖမ်းဆီးကွပ်မျက်ခံလိုက်ရတဲ့သူဟာ တရားခံအစစ်ဖြစ်နိုင်ပါ့မလား? အဲ့ဒီလူသတ်မှုတွေဟာ အယ်လင်နဲ့ ဘယ်လိုပတ်သက်လာမလဲ ဆက်လက်ရှုစားကြပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2.1GB)/(1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:35:00 Genre_Crime, Horror , Mystery Subtitle_Myanmar Subtitle ...
movie

The Lodger (2009)

A Tourist’s Guide to Love (2023) 5.7
A Tourist’s Guide to Love (2023) A Tourist's Guide to Love (2023)~ Rotten Tomatoes - 71% ~ဒီဇာတ်ကားကတော့ American နဲ့ Asian ဒရာမာနှစ်မျိုးလုံးကို ပေါင်းစပ်တင်ဆက်ပေးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာဆိုရင်တော့ တစ်ချိန်က She's All That ဇာတ်ကားနဲ့ နာမည်‌ကျော်ခဲ့ဖူးပြီး အခုလက်ရှိမှာတော့ Producer Writer အဖြစ်နဲ့ပါ လုပ်ကိုင်နေတဲ့ Racheal Leigh Cook ကနေ ဇာတ်ဆောင်မင်းသမင်းအဖြစ်ပါဝင်ထားပါတယ်။ တစ်ဖက်မှာ​တော့ ဗီယက်နမ်သွေးပါတဲ့ အမေရိကန်မင်းသား Scotty Ly က ဇာတ်ဆောင်မင်းသားအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အမန်ဒါရိုင်လေ ဆိုတဲ့ အမျိုးသမီးလေးဟာ မကြာခင်ကမှ အူကြောင်ကြောင်ရည်းစားနဲ့ မထင်မှတ်ဘဲလမ်းခွဲခဲ့ရပါတယ်။ ဒီအခါမှာ သူဟာ စိတ်ထွက်ပေါက်လည်းရ၊ အလုပ်အတွက်ပါ ခွင်တည့်တယ်ဆိုပြီး ဗီယက်နမ်မှာ ခရီးသွားလုပ်ငန်းအကြောင်း သွားစုံစမ်းဖို့သွားပါတော့တယ်။ ဒီလိုနဲ့ပဲ ဗီယက်နမ်ရောက်တဲ့အခါ ဆင်းဆိုတဲ့ သူက သူ့ရဲ့ခရီးသွားအကြံပေးအနေနဲ့ စောင့်နေခဲ့ပါတယ်။ ...
movie

A Tourist’s Guide to Love (2023)

2023
Spirit Halloween: The Movie (2022) 4.3
Spirit Halloween: The Movie (2022) Spirit Halloween: The Movie (2022)~ Rotten Tomatoes - 55% ~အားလုံးကို ဟောလို၀င်းအမှီ ဟောလို၀င်း vibe အပြည့်ရစေမယ့် ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Rating တွေက မစုတ်တစုတ်ဖြစ်‌နေသလို Effect တွေကလည်း မကောင်းတ‌ကောင်းပေမယ့် ၁နာရီခွဲစာလောက် အချိန်ဖြုန်းချင်သူတွေအတွက်တော့ အဆင်ပြေမယ့်ကားလေးပါ။လူပျိုဖော်၀င်စ သူငယ်ချင်းသုံးယောက် ဟောလို၀င်းကို ခါတိုင်းနှစ်နဲ့မတူဘဲ ဖြတ်သန်းချင်လို့ ပေါက်ကရလေးဆယ်လုပ်ရင်းနဲ့ မြို့ရဲ့ဒဏ္ဍာရီထဲက ဝိညာဉ်ကိုနှောင့်ယှက်မိသွားတဲ့အခါမှာတော့ အဲဒီဝိညာဉ်နဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ဟာသလေး‌တွေနဲ့ စခွီထရင်း ကြည့်ရှုရမှာပါ။ မိသားစုနဲ့အတူကြည့်ရင်း ဟာသလေးတွေနဲ့ fun ဖြစ်နိုင်တဲ့ကားမျိုးမလို့ တင်ဆက်ပေးလိုက်ရပါတယ်။ Deep plot တွေဘာတွေ မမျှော်လင့်ထားဘဲ ပေါ့ပေါ့ပါးပါးကြည့်ရင် အဆင်ပြေတဲ့ကားလေးပါ။ သရဲကားလည်းကြည့်ချင်တယ်၊ ကြောက်လည်း ကြောက်တတ်တယ်ဆိုတဲ့သူတွေလည်း လုံးဝလက်လွှတ်မခံသင့်တဲ့ကားဆိုတာကို သရဲကိုတွေ့တဲ့အချိန်မှာ သဘောပေါက်သွားပါလိမ့်မယ်...(ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Spirit Halloween: The Movie (2022)

2022
Love, Guaranteed (2020) 5.5
Love, Guaranteed (2020) အခုတင်ဆက်ပေးမှာကတော့ Sept 3ရက်နေ့ကမှ Netflix ထွက်ရှိထားတဲ့ ဇာတ်ကား​သစ်လေးပါစိတ်ရင်းကောင်းပြီး အားနည်းတဲ့သူတွေကိုကူညီတတ်လွန်းလို့ သူ့ရုံးခန်းပါပိတ်ပစ်ရတော့မယ့်အခြေအနေဖြစ်နေတဲ့ရှေ့နေမလေး ဆူဇန်Online Dating ပေါင်း 986ခု ဒိတ်ခဲ့ပေမယ့် ခုထိလက်တွဲဖော်ရှာမတွေ့သေးလို့Dating Website ကိုတရားစွဲချင်နေတဲ့ နစ််ခ်သူတို့နှစ်ဦးတွေ့ကြတဲ့အခါ ဆူဇန် က နစ်ခ်ကို ဘယ်လိုတွေအထင်လွဲမှာလဲနစ်ခ်ကရော ဘာလို့ 986 ကြိမ်တောင် ချိန်းတွေ့ခဲ့ရတာလဲနစ်ခ် က သူ့အချစ်ကိုရော ရှာတွေ့သွားမှာလားတရားစွဲတဲ့ကိစ္စကော ဘယ်လိုဖြစ်သွားမှာလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ ကြည့်လိုက်ကြပါဦးနော်ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရမယ့် အချစ်ဟာသကားလေးပါအညွှန်းနဲ့ ဘာသာပြန်ကတော့ Alicia ပဲဖြစ်ပါတယ် File Size : ( 855 MB , 278 MB) Quality : WEBRip 720p Running Time : 1 hr 30 min Format : ...
movie

Love, Guaranteed (2020)