Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Pruthvi Ambaar
4.7
Mazhai Pidikatha Manithan (2024)
Mazhai Pidikkatha Manithan (2024) "ဇာတ်မြှုပ်သူ"ဒီနေ့မှာတော့ 2024 ခုနှစ်ထွက် အသစ်စက်စက် ဘောလိဝုဒ်အက်ရှင်ခပ်ကြမ်းကြမ်းကားလေး တစ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကိစ္စတစ်ခုကြောင့် ဇာတ်မြှုပ်နေထိုင်ရဖို့ဖြစ်လာတဲ့ လျို့ဝှက်အထူးအေးဂျင့်တစ်ယောက်ဟာ နယ်မြို့လေးမှာ လာပြီးအခြေချပါတယ်။ အဲ့ဒီမြို့လေးမှာနေတဲ့ အခြေခံလူတန်းစား အတော်များများက ကျပန်း အလုပ်လုပ်ဖို့လာခေါ်တဲ့နေ့စားအလုပ်တွေကို လိုက်လုပ်ကြ လေ့ရှိပါတယ်။ဆိုတော့ တစ်နေ့မှာ ဒါလီလို့ခေါ်တဲ့ ငွေတိုးချေးစားလုပ်ငန်းက လူမိုက်လုပ်ဖို့ လူလာငှားတဲ့အခါ ကျွန်တော်တို့ဇာတ်လိုက် အထူးစစ်သားဟောင်းကြီးကိုလည်း ခေါ်သွားပါတယ်။ အဲ့ဒီမှာ သူတို့ဘယ်လောက် အနိုင်ကျင့်ပြီးငွေကိုညှစ်ယူနေကြလဲဆိုတာ သူအတိုင်းသား သိခဲ့မြင်ခဲ့ရတာပေါ့။အဲ့ဒီနောက်မှာပဲ အမျိုးသမီးတစ်ယောက်ဟာလည်း ဒီလို အကြွေးကိစ္စတွေနဲ့ လုံးပါးပါးမှာကိုမြင်ပြီး သူဝင်ပါဖို့ဆုံးဖြတ်လိုက်ပါတယ်။ တစ်မြို့လုံးက ငွေတိုးချေးစားသမား လက်အောက်လူမိုက်တွေနဲ့ ဇာတ်မြှုပ်နေတဲ့ အထူးစစ်သားတစ်ယောက် ထိပ်တိုက်တွေ့ကြမယ့် ကားလေးပါ။ စိတ်ဝင်စားစရာကောင်းပြီး အက်ရှင်ဇာတ်ကြမ်းတွေကို ကြိုက်တတ်တဲ့ ပရိသတ်တွေကြည့်သင့်တဲ့ကားလေးတစ်ကားပါပဲဗျ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်ခင်ဗျ။) File size… 2.96GB / 1.4GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie
Mazhai Pidikatha Manithan (2024)
2024
7.2
For Regn (2024)
For Regn (2024) အချစ်နဲ့အတူIMDb - 7.9/10ကန်နာဒါစကားပြော အိန္ဒိယဟာသ အချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။အရာရာနားလည်လက်ခံကြပြီး သိပ်ကိုချစ်ကြပါတယ်ဆိုတဲ့ချစ်သူတွေလည်း လက်ထပ်ခါနီးမှ သောကဝေ ဒုက္ခတွေများကြရပါတယ် အကြောင်းအရင်းကတော့ နှစ်ဖက်အသိုင်းအဝိုင်းမိဘတွေရဲ့ လွှမ်းမိုးမှုပါပဲ နှစ်ယောက်တည်းတုန်းက ညှိလွယ်ပြေလွယ်ခဲ့ကြတဲ့အရာတွေက အသိုင်းအဝိုင်းကြီးနှစ်ခုထိပ်တိုက်တွေ့တဲ့အခါ ထင်သလောက်မလွယ်တော့ပါဘူး အချစ်နဲ့ ရအောင်ကျော်ဖြတ်နိုင်ကြသူတွေ ရှိသလို ဒီနေရာမှာ အချစ်ဇာတ်လမ်းတစ်ခန်းရပ်သွားသူတွေ ဒုနဲ့ဒေးပါအာရှူနဲ့ အန်ဗီတို့က ရှေးရိုးစွဲမိသားစုတွေကြားထဲကနေမှ ဆွေမျိုးမိဘတွေ မသိအောင် အတူပေါင်းသင်းနေထိုင်နေကြတဲ့ လူငယ်စုံတွဲလေး။ ဒီကြားထဲမှာ ဆွေမျိုးမိဘတွေကြောင့်ပဲ ပြဿနာတွေတက်၊ နှစ်ယောက်ကြားမှာ အဆင်မပြေမှုတွေဖြစ်လာရာကနေ သူတို့နှစ်ယောက်အချစ်ခရီးဟာ ရှေ့တိုးရမလို နောက်ဆုတ်ရမလိုတွေ ဖြစ်လာပါတော့တယ်နှစ်ဖက်အသိုင်းအဝိုင်းအရှိန်အဝါတွေကြောင့် အချစ်ဇာတ်သိမ်းသွားမလား အချစ်နဲ့ပဲရအောင်ကျော်ဖြတ်မလားဆိုတာ ပေါ့ပေါ့ပါးပါးအချစ်ကားလေးကို အကဲဖြတ်ရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် File size…1.9GB / 934MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
For Regn (2024)
2024
8.6
Juni (2024)
Juni 2024 (ဂျူနီရဲ့ အချစ်ပုံပြင်) IMDb 8.6/10ဒီတစ်ခါမှာတော့ ကဖေးပိုင်ရှင်လေးနဲ့ ဂရပ်ဖစ်ဒီဇိုင်နာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ အချစ်ဇာတ်လမ်းလေးဖြစ်တဲ့အတိုင်းပဲ အလွမ်းအဆွေး အချစ်အမုန်း ခံစားချက်အစုံကို ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ဟင်းတစ်ပွဲကို အရသာမရှိရင် မစားတတ်တဲ့အဖေဖြစ်သူကြောင့်နဲ့ ငယ်စဉ်အရွယ်ကတည်းက မိဘဖြစ်သူတွေပျော်ရွှင်ဖို့ စမ်းချက်ကြည့်ရင်းနဲ့ အချက်အပြုတ်ကိစ္စတွေကို ဝါသနာထုံသွားတဲ့ ပါသာ။ ကြီးလာတဲ့အခါမှာတော့ ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး အမြဲတမ်း မီနူးအသစ်တွေကိုပဲ စဉ်းစားပြီး လုပ်နေသူ။ဒီလို အချက်အပြုတ်ကို ခုံမင်တဲ့ ပါသာတစ်ယောက် သူ့ကဖေးကို အမြဲလာနေတဲ့ ဖောက်သည်ဖြစ်သူ ဂရပ်ဖစ်ဒီဇိုင်နာ ဂျူနီကို တိတ်တခိုးလေးချစ်ကြိုက်မိရာကနေ ....... ပါသာတစ်ယောက် ဂျူနီ့ကို ဘယ်လိုတွေ ပိုးပန်းသွားမလဲ .....ပါသာတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းလေးကရော ဘယ်လိုတွေဖြစ်လာမလဲ.... ဆိုတာကို ခံစားကြည့်ရှုပေးကြပါဦးနော် (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ V ~ Suri ~ Alex ~ ToMo ~ Aditi တို့ပဲဖြစ်ပါတယ်) File size…2.3GB / 0.99GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 18m Subtitle….Myanmar ...
movie
Juni (2024)
2024
7.5
Bairagee (2022)
ကန်နာဒါလောကက ကိုယ်တွေမင်းသားကြီး ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်ရှီဗာဟာ ကျားပြဇာတ်ကို သရုပ်ဆောင်တဲ့ သူတစ်ယောက်ဖြစ်ပြီး "ကျားကြီး ရှီဗာ" ဆိုတဲ့ အမည်တွင်တဲ့အပြင် ဒေါသကြီးတဲ့သူအဖြစ်လည်း နာမည်ကြီးပါတယ်တစ်နေ့ သူ အဲဒီဒေါသကြောင့်ပဲ ထောင် ၁၅ လ ကျခဲ့ပြီး ပြန်လွတ်လာတော့ ဒေါသကြီးတာမကောင်းဘူးဆိုပြီး ဒေါသကို ချုပ်ထိန်းက ကျိုးနွံတဲ့စိတ်နဲ့ လူသစ်တစ်ယောက်လို နေထိုင်ခဲ့ပါတယ်အဲဒီလိုနဲ့ သူ အလုပ်အတူလုပ်တဲ့ ဗက်တာဗီဆိုတဲ့ ကောင်လေးနဲ့တွေ့ပြီး ညီအစ်ကိုအရင်းတွေကို ခင်လာခဲ့ပါတော့တယ်သူတိုတွေ အတူတူပျော်ပျော်ရွှင်ရွှင်နေထိုင်ကြပြီး သူတိုချစ်တဲ့ကောင်မလေးတွေကို ပိုးရင်းနဲ့ ဘဝကို အေးချမ်းစွာ ဖြတ်သန်းခဲ့ကြပေမယ့်မထင်မှတ်ထားတဲ့ ကံကြမ္မာအပြောင်းအလဲတစ်ခု (သိုမဟုတ်) မကောင်းတဲ့လူတစ်စုကြောင့် ရှီဗာရဲ့ ကိုယ်တွင်းမှာ ချုပ်တည်းထားတဲ့ ကျားတစ်ကောင်ဟာ ပေါ်ထွက်လာခဲ့ပါတော့တယ်မေတ္တာတရားတွေနဲ့ ချည်နှောင်ထားတဲ့ ဒီကားလေးဟာ ဝမ်းနည်းစရာများလည်း ရောယှက်လျက် ကြည့်ရှုသူများကို လူ့ဘဝဇာတ်ခုံရဲ့ စုံလင်လှတဲ့ အရောင်အသွေးတွေကို မြင်စေမယ့် ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်စေမှာ အသေအချာပါပဲရှင် File size…2.96GB / 1.43GB Quality…1080p AVC AAC5.1CH / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora & Kham Mon & OeliuJ & ...
movie
Bairagee (2022)
2022