Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Prudhviraj
6
Aa Okkati Adakku (2024)
Aa Okkati Adakku (2024) "မမေးသင့်သောအရာ" IMDb - 7.4/10တလေဂူးမင်းသား နာရက်ရှ်နဲ့ တလေဂူးမင်းသမီးချော ဖာရီယာအက်ဘ်ဒူလာတို့ရဲ့ rom-comဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ရှေ့တွဲကိုကျော်တက်ပြီး အိမ်ထောင်ကျသွားတဲ့ညီငယ်ဖြစ်သူက ကလေးတစ်ယောက်ရတဲ့ထိ ဂါနာတစ်ယောက် စင်ဂယ်ဘ၀နဲ့ လမ်းပျောက်နေခဲ့ပါတယ်။မိခင်နဲ့ ညီဖြစ်သူလင်မယားတို့ တစ်အိမ်တက် တစ်အိမ်ဆင်း အိမ်ထောင်ဖက်လိုက်ရှာပေမဲ့ အယောက်ငါးဆယ်မြောက်တဲ့ထိ အဆင်မပြေတဲ့အတွက် အိမ်ထောင်သည်ဖြစ်ချင်တဲ့ လူပျိုကြီးဂါနာတစ်ယောက် အိမ်ထောင်သည်တွေမြင်ရင်ကို စိတ်နာလို့နေပါတော့တယ်။ဆစ်ဒီဆိုတဲ့ မိန်းမပျိုလေးကတော့ ဘယ်ယောကျ်ားကိုမှအထင်မကြီးဘဲ ယောကျ်ားတွေမှန်သမျှ ဒီပုတ်ထဲက ဒီပဲပါဆိုတဲ့ ခံယူချက်ရှိသူလေး။အလွဲလွဲအချော်ချော်တွေနဲ့ သူတို့နှစ်ယောက်ဆုံတွေ့မှုကနေ အချစ်တွေပေါက်ဖွားလာမလားဆိုတာကိုတော့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.65GB / 1.24GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Aa Okkati Adakku (2024)
2024
6.6
Salaar: Part 1 – Ceasefire (2023)
Salaar: Part 1 – Ceasefire (2023) ==========================WEB DLအကြည်ဗားရှင်းကိုပဲ တင်ဆက်ထားပါတယ်သွေးသောက်ညီနောင်သစ္စာတရား CM တောင်ပိုင်းချစ်ပရိသတ်ကြီးတို့ မျှော်လင့်နေတဲ့ ဇာတ်ကားလေးကတော့ အကြည်WEB DL ဗားရှင်းထွက်ရှိလာခဲ့ပါပြီ၂၀၂၃ ဒီဇင်ဘာမှာ ရုံတင်ခဲ့တဲ့ ဒီဇာတ်ကားဟာ ၂၇၀ ကုဋေရင်းခဲ့ပြီး ၇၅၀ ကုဋေထိအမြတ်ရကာ အတော်လေးအောင်မြင်ခဲ့ပါတယ် ဦးဆောင်ပါဝင်ထားတဲ့မင်းသားကတော့ တောင်ပိုင်းရဲ့ကမ္ဘာသိမင်းသား ဘာဟုဗလီမင်းသားလို့ မြန်မာမှာ နာမည်ကြီးတဲ့ Prabhas နဲ့ ကားရိုက်ကျဲပေမယ့် ပါတဲ့ကားတိုင်းပေါက်တဲ့ မင်းသမီးချောလေး ရှရူသီအပြင် အခြားတောင်ပိုင်းနာမည်ကြီး ဇာတ်ပို့များစွာပါဝင်ထားပါတယ်ဇာတ်လမ်းအကျဉ်းကို မညွှန်းခင်မှာ ပထမဆုံးချီးကျူးလိုတာကတော့ တောင်ပိုင်းကားတွေဟာ အက်ရှင်ခန်းရိုက်တဲ့နေရာမှာ တော်တော်ကို ကောင်းမွန်နေပြီဆိုတာပါပဲ စလိုးမိုးရှင်းတွေ အနီးကပ်ရိုက်ချက်တွေကို သူ့နေရာနဲ့သူသုံးထားပြီး အရမ်းကြီးအိုဗာမဖြစ်ပဲ မင်းသားရော ဗီလိန်တွေပါ သွေးသံရဲရဲနဲ့ ဖိုက်နေကြတာ တကယ်အားရစရာပါပဲဇာတ်လမ်းကတော့ ကန်ဆာပြည်နယ်လို့ခေါိတဲ့ စိတ်ကူးယဉ်ပြည်နယ်တစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ် ပဒေသရာဇ်စနစ်နဲ့ မျိုးရိုးစဉ်ဆက်အုပ်စိုးတဲ့ နေရာမှာ မင်းသားဖြစ်တဲ့ ဗာရာဒါနဲ့ သာမန်လူ ဒေဗာ(ဘာဟုဗလီမင်းသား) က အသက်ပေးချစ်ကြတဲ့ ငယ်သူငယ်ချင်းတွေပါတစ်နေ့မှာ ဒေဗာက အဲ့နေရာကနေ ထွက်ခွာခဲ့ရပေမယ့် သူ့သူငယ်ချင်းလိုအပ်ချိန်တိုင်းမှာ ပြန်လာကူညီမယ်လို့ ...
movie
Salaar: Part 1 – Ceasefire (2023)
2023
4K HEVC
5.5
Katamarayudu (2017)
Katamarayudu (2017) "ဒုတိယမြောက် ရင်ခုန်သံ"Pawan Kalyan နဲ့ Salaar ကားထဲက မင်းသမီးချော ရုရူသီတို့ ပါဝင်ထားတဲ့ တေလဂူး Action/Drama ကားဟောင်းလေးတစ်ကား တင်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ရွာတစ်ရွာမှာ ကာတာမာရာယူဒူက သူ့ရဲ့ညီ ၄ ယောက်နဲ့ အတူ နေထိုင်ပါတယ် မကောင်းမှုကို လက်မခံဘဲ သူ့ကိုပြဿနာရှာတဲ့သူကို မှတ်လောက်သားလောက်အောင် ဆုံးမတတ်တဲ့ ရွာက နာမည်ကြီးလူမိုက်ဖြစ်ပါတယ်သူတို့မိသားစုရဲ့ ရှေ့နေဖြစ်သူ လင်ဂါက သူတို့ရဲ့ရန်ပွဲက ဖြစ်တဲ့ ကိစ္စအဝဝကို ဖြေရှင်းပေးရပြီး တစ်ရွာလုံးမှာလည်း ကာတာမာကို သွားထိလို့မရတဲ့ လူတစ်ယောက်အဖြစ် သတ်မှတ်ထားကြတာပါဒါ့အပြင် အစ်ကိုကြီး ကာတာမာ သတ်မှတ်ထားတဲ့ စည်းမျဥ်းတစ်ခုကတော့ သူ့ရဲ့အိမ်မှာ ဘယ်မိန်းမရဲ့ မျက်နှာကိုမှ မမြင်စေရဘူးဆိုတာပါပဲဒါပေမဲ့လည်း ရှေ့နေအပါအဝင် ညီ ၄ ယောက်လုံးက ကွယ်ရာမှာတော့ သူတို့အစ်ကိုမသိအောင် ချစ်သူကိုယ်စီ ခိုးထားနေကြပါတယ် သူတို့တွေ မိန်းမလိုချင်တာကြောင့် ကျောက်တုံးလို မာကျောတဲ့ သူတို့အစ်ကိုရဲ့ နှလုံးသားကို မိန်းမတစ်ယောက်အတွက် အရည်ပျော်အောင် ဝိုင်းဝန်းကြံဆကြရပါတော့တယ်ကာတာမာတစ်ယောက် အတိတ်မှာ ချစ်ခဲ့ဖူးတဲ့ မိန်းကလေးတစ်ယောက်ရှိခဲ့ပေမဲ့ သူနဲ့ ဘယ်လိုတွေ ...
movie
Katamarayudu (2017)
2023
7.3
Extra Ordinary Man (2023)
Extra Ordinary Man (2023) "တမူထူးတဲ့ ဘူလူ" =====================================အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် IMDb 7.3 ရရှိထားတဲ့ တေလဂူးစကားပြော အက်ရှင်ဒရာမာရုပ်ရှင်လေး တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်မှာ Vikram Vedha ထဲက ရီသိက်လိုလို ပွတ်ရှ်ပါထဲက အာလူးအာဂျွန်လိုလိုဒီဇိုင်းကာလာနဲ့မင်းသားက ဇာတ်လိုက်ဇာတ်ကောင် အာဘီနေးအဖြစ် သရုပ်ဆောင်ထားတာပါ။အာဘီနေးဆိုတဲ့ တက်သစ်စအနုပညာသမားလေးဟာ ငယ်ငယ်ကတည်းက ဇာတ်လိုက်မင်းသားဖြစ်ချင်ခဲ့ပေမဲ့ တချို့ရုပ်ရှင်ကားကြီးတွေရဲ့ ဘက်ဂရောင်းတွေမှာသာ မထင်မရှားပါဝင်ရင်း မင်းသားဖြစ်ဖို့ အခွင့်အရေးကို စောင့်စားနေသူပါ။သူဟာ ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ကြိုးစားနေရင်း တစ်နေ့မှာ သူဌေးမတစ်ယောက်က သူ့ကိုသဘောကျသွားပြီး ဇာတ်လိုက်ဖြစ်ဖို့ အခွင့်အရေးရခါမှ မမျှော်လင့်တာတွေဖြစ်ပျက်ရင်း ဘဝတဆစ်ချိုး ပြောင်းလဲသွားပါတော့တယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…4.03GB / 1.8GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 37mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie
Extra Ordinary Man (2023)
2023
6.2
Maya Petika (2023)
Mayapetika ( 2023) IMDb 7/10နေဟာ နေ့ဘက်မှာထွက်ပြီး လဟာညဘက်မှာထွက်ပါတယ် ဖုန်းတွေဈေးကွက်ထဲရောက်လာပြီးနောက် ဒီသဘောတရားကိုမေ့လျော့နေသူတွေကတော့ ဖုန်းကိုဆေးစွဲသလိုစွဲနေတဲ့ လူသားတွေပါပဲလူတစ်ယောက် ဘာလုပ်တယ် ဘာကိုင်တယ် ဘာစားတယ်ကအစ ဆိုရှယ်မီဒီယာမှာတင်နေကြတဲ့ ဒီကမ္ဘာကြီးက လမ်းကိုတည့်မတ်စွာလျှောက်ဖို့တောင် မေ့လျော့နေလေရဲ့လေ ကံကြမ္မာက လူသားတွေလက်ထဲမှာပဲရှိပေမဲ့ လူသားတွေလက်ထဲမှာ ဖုန်းတွေကနေရာယူနေကြပါပြီဒီဇာတ်ကားကတော့ တမူထူးခြားတဲ့ ဖုန်းတစ်လုံးရဲ့ အတ္ထုပ္ပတ္တိကိုကြည့်ရှုရမှာပါ လူတစ်ယောက်ပြီးတစ်ယောက်ရဲ့လက်ထဲ ကူးပြောင်းနေတဲ့ဒီဖုန်းက ဖုန်းပိုင်ရှင်ရဲ့ကံကြမ္မာကိုပြောင်းလဲပေးနိုင်ပါတယ် ပါယယ်ဆိုတဲ့ ရုပ်ရှင်မင်းသမီးတစ်ယောက် ဖုန်းကျကွဲသွားလို့ သူ့ပရိုဂျူဆာက နောက်ဆုံးပေါ် အမိုက်စားဖုန်းတစ်လုံးဝယ်ပေးလိုက်ပါတယ်နောက်ဆုံးပေါ်ဆိုတာနဲ့အညီ ကင်မရာကောင်းကောင်းလှတပတဒီဖုန်းရောက်လာပြီးနောက်မှာတော့ ပါယယ်နဲ့ သူ့ဘေးကလူတွေရဲ့ကံကြမ္မာ သူတို့ဘဝတွေ ဘယ်လိုပြောင်းလဲသွားမလဲ ဘယ်လိုဖြစ်ရပ်တွေ တွေ့ကြုံရမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Dee ~ToMo ~KKKZ ~Aditi ~V တို့ပဲဖြစ်ပါတယ် ) File size…2.6GB / 1.2GB Quality…1080p WEB DL /720p Format…mp4 Duration…2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ Dee ~ToMo ~KKKZ ~Aditi ~V
movie
Maya Petika (2023)
2023
7.0
Bhaag Saale (2023)
Bhaag Saale 2023 (IMDb 7/10)CM ဘောလိဝုဒ် ပရိသတ်ကြီးကို ယခုပဲထွက်ရှိလာတဲ့ comedy-crime ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်အာဂျွန်နဲ့မာယာက ချစ်သူတွေပါ မာယာထင်နေတာကတော့ အာဂျွန်ကို ချမ်းသာတဲ့မိသားစုရဲ့သားလေး အောင်မြင်တဲ့စီးပွားရေးသမားလေးပေါ့ အဲ့လိုထင်အောင်လည်း ဟိုငတိက ရှစ်စပ်ကဂျင်ခြေလည်သလိုကို မွှတ်ထွက်နေတဲ့အပြင် မှင်မောင်းလဲကောင်းပြီး အရမ်းကို ချမ်းသာချင်နေတဲ့ လူလည်တစ်ယောက်ပါအဲ့ဇာတ်လမ်းထဲမှာ အဓိကပါဝင်အသုံးတော်ခံမှာကတော့ လက်စွပ်တစ်ကွင်းပါ one ring to rule them all ဘာညာဆိုတဲ့ LOTR ထဲက လက်စွပ်တော့မဟုတ်ပါဘူး ဒါပေမဲ့ ဒီလက်စွပ်ကလဲမခေပါဘူး ကိုလိုနီခေတ်ဗြိတိသျှလက်ထက်တည်းက လူအဆင့်ဆင့် တိုင်းပြည်အနှံ့ရောက်နေတဲ့ စိန်ကြီးကိုကွပ်ထားတဲ့ စိန်လက်စွပ်ပါ ဒီလက်စွပ်ကိုပိုင်ဆိုင်သူဟာ ကံကောင်းခြင်းများစွာရရှိမှာဖြစ်သလို ကံဆိုးမှုတွေလည်း ဒွန်တွဲပါလာပါတယ်တဲ့....ကဲ အဲ့တော့ ဒီလက်စွပ်က အာဂျွန်ရဲ့ဘဝနဲ့ အချစ်ရေးနဲ့ ဘယ်လိုသက်ဆိုင်လာမလဲ တခြားဘယ်လိုလူတွေကရော ပါဝင်ပတ်သတ်နေလဲ စသည်ဖြင့် ဇာတ်လမ်းအမိုက်စားလေးကို ကြည့်ရှုရမှာဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးတွေလည်း ပါတာမို့ ပရိသတ်ကြီး အကြိုက်တွေ့စေမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size…2.13GB / 1022MB Quality…1080p WEB ...
movie
Bhaag Saale (2023)
2023
6.9
Bhuvanavijayam (2023)
Bhuvana Vijayam(2023) IMDb-6.9/10ပေါ့ပေါ့ပါးပါးနဲ့ အပျင်းတော်ပြေစေမယ့် တလေဂူးကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့လူသားတိုင်းမှာ ကိုယ်ပိုင်ဆန္ဒတွေရှိကြတယ်။အဲဒီဆန္ဒတွေက အောင်မြင်မှုနဲ့အတူ တွဲပါလာတတ်ကြပါမယ့် အဲဒီအောင်မြင်မှုအတွက် အများကြီးပေးဆပ်ပြီး တိုက်ပွဲဝင်ကြရတာ။ အမြဲတမ်းရှုံးနေတဲ့လူတောင် တခါတလေအောင်နိုင်ပါသေးတယ်။အကြိမ်ရေနည်းပေမယ်လို့ပေါ့။ အဲဒီလိုအချိန်တွေမှာ ဘုရားရဲ့ပါဝင်မှုက ရှိလာတတ်တာပဲ။ဒီဇာတ်လမ်းကလည်း ဘုရားတွေထဲကမှ ဘဟူဗာနာဗီဂျေယမ်ဆိုတဲ့လူသားရဲ့ဇာတ်လမ်း။ သေဆုံးပြီးနောက် ဘယ်လိုတွေဖြစ်လဲဆိုတာရယ်ရုပ်ရှင်တစ်ကားအတွက် နောက်ခံဇာတ်ကြောင်းတွေ မတူညီကြတဲ့ လူခြောက်ယောက် ဇာတ်ညွှန်းအတွက်ပြိုင်ကြတာကို ပေါ့ပေါ့ပါးပါးနဲ့ ခွီရမယ့်ဇာတ်လမ်းပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~Aditi~BpL~Yunniတို့ပဲဖြစ်ပါတယ်) File size…2.04GB / 863MB Quality…WEB DL /720p Format…mp4 Duration….1h 55mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~Aditi~BpL~Yunni
movie
Bhuvanavijayam (2023)
2023
8.0
Meter (2023)
Meter (2023) IMDb 8.1/10ယခုတစ်ခါအလှည့်ကျလာတဲ့ဇာတ်ကားလေးကတော့ အားလုံးနဲ့မစိမ်းတဲ့ မင်းသားချောလေး Kiran Abbavaram နဲ့ မင်းသမီးလေး Athulya Ravi တို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ဒီကားမှာဆိုရင် Rating ကလည်းအမိုက်စားမို့ သဘာဝဆန်ဆန်အမှုလိုက်ပုံလိုက်နည်းတွေနဲ့ ကြည့်ကောင်းနေမှာအမှန်ပါပဲ...ဖြောင့်မတ်တည်ကြည်တဲ့ရဲကို ဖခင်အဖြစ်ပိုင်ဆိုင်ထားရတဲ့ အာဂျွန်ကလျန် .. အဖေ့အတွက်ဆိုအမြဲဂုဏ်ယူနေတတ်သူလေးပေါ့ ဒါပေမဲ့ သူ့အဖေကတော့ ဖြောင့်မတ်မှုကြောင့်နဲ့ပဲ ခဏခဏ ရွှေ့ပြောင်းခံရပါတယ် လမ်းမှားနေရင်အထက်လူကြီးအလိုကိုတောင်မလိုက်တတ်လို့ အငြိုးထားခံရသူပေါ့ ဒီလိုဒုက္ခတွေခံရပေမဲ့လည်း သားဖြစ်သူအာဂျွန်ကလျန်က သူ့လမ်းစဉ်လိုက်နင်းပြီး ဖြောင့်မတ်တည်ကြည်တဲ့ရဲအရာရှိတစ်ယောက်ဖြစ်သွားတာကို မြင်ချင်တာကသူ့အိပ်မက်.. ဒီလိုနဲ့တစ်နေ့ အာဂျွန်တို့လမ်းလျှောက်ထွက်ရင်း အမတ်တစ်ယောက်က အဖေဖြစ်သူကိုပါးရိုက်နေတာတွေ့လိုက်ပါတယ် ဖြောင့်မတ်ပေမဲ့လည်းရာထူးကွာရင် ဘာမှမလုပ်နိုင်တာကိုမြင်တော့ သူဒီရဲဆိုတာကိုမုန်းတီးလာပါတယ်ဖခင်အိပ်မက်ကလည်း အာဂျွန့်ကိုဖြောင့်မတ်တဲ့ရဲဖြစ်လာစေချင်တာဆိုတော့... ဒီအလုပ်ကိုမုန်းကြောင်းထုတ်မပြောရဲတဲ့အပြင် သူတလွဲတွေလုပ်တိုင်း အကောင်းဘက်ချည်းရောက်ရောက်သွားတဲ့အခါမှာတော့ .... ဖခင်အိပ်မက်ကိုသူဖြည့်ဆည်းပေးနိုင်မှာလား အလုပ်ကထွက်ရအောင် ဘယ်လိုဉာဏ်နီဉာဏ်နက်တွေသုံးပြီးခွီနေရမလဲဆိုတာ ကြည့်ရှုလိုက်ပါရှင် File size…1080p WEB DL / 720p Quality…2.2GB / 1GB Format…mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~Sai~Khin Khin
movie
Meter (2023)
2023
8.1
Organic Mama Hybrid Alludu (2023)
Organic Mama Hybrid Alludu(2023)IMDb-8.1/10တေလဂူးရဲ့ အကောင်းဆုံးဒါရိုက်တာ Flimfare ဆုရဖူးတဲ့ S.V Krishna Reddy ရိုက်ကူးထားတဲ့ တေလဂူး အချစ်ဇာတ်လမ်းပေါ့ပေါ့ပါးပါးလေးနဲ့ CM ပရိသတ်ကြီး အပန်းပြေနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအညွှန်းဒါရိုက်တာဖြစ်ရဖို့ရူးသွပ်လွန်းတဲ့ ဗီဂျေးဟာသူ့ရဲ့ပွဲဦးထွက်နှစ်ကားမှာပဲ အရှုံးပေါ်ခဲ့လို့ မိသားစုကယုံကြည်မှုမရပဲ မိသားစုစီးပွားရေးကိုပဲလုပ်ဖို့ဖိအားပေးနေရတဲ့လူငယ်လေးပါ ဗီဂျေးကလည်း ဒါရိုက်တာပဲလုပ်ချင်တဲ့ခေါင်းမာပြီး ပါးနပ်ထက်မြတ်တဲ့လူငယ်တစ်ယောက်ဆိုတော့ အိမ်နဲ့အတိုက်အခံပေါ့ တစ်နေ့အဖေစိတ်ချမ်းသာဖို့ဆိုပြီး ကြယ်ငါးပွင့်ဟိုတယ်မှာ ကွန်ဒါပီလီအရုပ်တွေတက်ရောင်းပေးရင်းကနေ မင်းသမီးလေးနဲ့ဆုံပါတော့တယ်မင်းသမီးလေးကလည်း သူကြွယ်သူဌေးမြေရှင်ကြီးရဲ့ တစ်ဦးတည်းသောချစ်မ၀သမီးလေးပေါ့ တွေ့ရာလူနဲ့ကြိုက်သွားမှာဆိုးလို့ ကျောင်းတောင်မထားရက်လောက်အောင် အချစ်ခံရတဲ့သမီးလေး သူဌေးသမီးလေး ဟာစီနီနဲ့ ရိုးသားကြိုးစားဖိုးသခွားဒါရိုက်တာလေးဗီဂျေး ရှေ့ဆက်ပေါင်းစည်းနိုင်မလား ဗီဂျေးကရောအိမ်မက်အတိုင်းအောင်မြင်တဲ့ဒါရိုက်တာကြီးဖြစ်နိုင်မလား ခံစားကြည့်ပါဦး File size…2.5GB / 1.26GB Quality…1080p WEB DL /720p Format…mp4 Duration….2 h 22 min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Cherry~Yunni~NyeinAye
movie
Organic Mama Hybrid Alludu (2023)
2023
7.2
Gaalodu(2022)
Gaalodu (2022) IMDb 7.3/10 (2K)အခုတစ်ခါမှာတော့ တေလဂူကားကောင်းလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ရာဂျူးဟာ ခပ်မိုက်မိုက်နေတတ်ပြီး သူမှန်တယ်ထင်ရင် ဘယ်သူ့ကိုမှလည်း ဂရုမစိုက်သလို သူ မလုပ်ရဲတာလည်း ဘာမှမရှိပါဘူး။ဇာတ်လမ်းအစမှာ ရာဂျူးဟာ လူသတ်မှုနဲ့ထောင်ကျနေခဲ့ပါတယ်။ ထောင်ကျတာ တစ်ရက်တောင်မရှိသေးဘူး ရဲအရာရှိကို ရိုက်လွှတ်လိုက်ပါတယ်။ ဒီလိုနဲ့ ထောင်တွင်း နာမည်ကြီးသွားပြီး ထောင်သားတွေ လေးစားရတဲ့သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ငယ်ငယ်ရွယ်ရွယ်နဲ့ လူသတ်ပြီး ထောင်ကျခဲ့ရတဲ့ ဒီလိုလူအတွက်အချစ်နဲ့စစ်ရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်တွေဟာ ဘယ်လိုဖြစ်နေမလဲ ဆိုတာကတော့....။ သူထောင်သားတွေကို ပြောပြမယ့် နောက်ကြောင်းနဲ့အတူ ထပ်မံကြည့်ရှုပေးပါဦးနော်။ File size…1.94GB / 937MB Quality…1080p TRUE WEB DL /720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Khin Khin~BpL~Taylor
movie
Gaalodu(2022)
2022
7.6
PSV Garuda Vega(2017)
PSV Garuda Vega (2017) Action, Drama IMDb 7.6/10 (1.3K)ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ 2017တုန်းကထွက်ရှိခဲ့တဲ့ အက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ "PSV Garuda Vega"ဖြစ်ပါတယ်တရားဥပဒေကိုလိုက်နာပြီး အိုင်အက်အေအရာရှိတစ်ဦးဖြစ်တဲ့ဆီခါက သူ့ရဲ့အလုပ်ကိုတာဝန်သိတတ်မှုတွေကြောင့် ဇနီးဖြစ်သူဆွာတိနဲ့ အိမ်ထောင်ရေးပြိုကွဲတော့မလိုထိဖြစ်ခဲ့ပါတယ်အလုပ်နဲ့မိသားစုယှဉ်လာတဲ့အခါ မိသားစုကိုပဲရွေးဖို့ဆုံးဖြတ်ကာအလုပ်ထွက်ဖို့ လုပ်ခါနီးမှ လူသတ်မှုတစ်ခုကြောင့် အလုပ်ထွက်မယ့်အရေးကိုနောက်ဆုတ်ရင်း လူသတ်မှုကိုလိုက်စုံစမ်းရာမှ မီးခိုးကြွက်လျှောက်သလိုပေါ်ထွက်လာတဲ့ နိုင်ငံရေးလှည့်ကွက်တွေကြားထဲ ရောက်သွားတဲ့ဆီခါတစ်ယောက် ဘယ်လိုဖြေရှင်းမလဲတစ်ဖက်မှာလည်းနီရာဂျန်အမည်ရှိ လူငယ်ဟက်ကာလေးတစ်ယောက်က သူ့လက်ထဲမှာရှိနေတဲ့ အချက်အလက်တချို့ကြောင့် လူတစ်စုရဲ့အနောက်ကလိုက်သတ်တာကိုခံနေရပြီး ထွက်ပြေးရာမှဆီခါနဲ့ မတော်တဆတွေ့ဆုံပြီး သူတို့နှစ်ဦးလုံးရဲ့ရန်သူက တစ်ဦးတည်းဖြစ်နေသောအခါ နှစ်ယောက်သားဘယ်လိုဖြေရှင်းမလဲ ဆိုတာတွေကိုစိတ်ဝင်စားစရာကောင်းစွာကြည့်ရမှာဖြစ်ပါတယ်ဒီကားထဲမှာဆိုရင်ဇာတ်ကွက်အလှည့်အပြောင်းတွေကို မကြာခဏတွေ့ဆုံရမှာဖြစ်ပြီး မထင်မှတ်ထားတဲ့သူတွေရဲ့ ပူးပေါင်းပါဝင်နေမှုတွေကိုပါ ရင်ခုန်စွာကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…3.78GB / 1.93GB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin Khin
movie
PSV Garuda Vega(2017)
2017
8.5
Cheppalani Undhi (2023)
Cheppalani Undi 2022IMDb-8.6/10လူတွေရဲ့မျိုးစုံသောယုံကြည်မှုနဲ့ သိပ္ပံပညာဟာပြဒါးတစ်လမ်းသံတစ်လမ်းပဲလို့ လက်ခံထားတယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်ကြည့်ဖို့အရင်ဆုံးပြောချင်ပါတယ်ဇာတ်လမ်းအညွှန်းကတော့ တက်ကြွတဲ့စိတ်ဓာတ်တွေနဲ့ အပြင်းအထန်ကြိုးစားနေတဲ့လူငယ်လေးချန်ဒူးဟာ သူ့ရဲ့ကြိုးစားမှုနဲ့ဘဝအခြေတည်သွားစေမယ့် အခွင့်အရေးတစ်ခုရခဲ့ပါတယ်အချစ်ရေးမှာလည်း ယောက္ခမလောင်းကြီးနဲ့တွေ့ရတော့မှာမို့ ပျော်ရွှင်နေတဲ့အချိန်ပေါ့ ဘဝကြီးဟာချိုမြသာယာနေပြီဆိုတော့သောက်ပြီပေါ့လေ မူးမူးနဲ့အိမ်ပြန်တဲ့အချိန် ရဲအစစ်ခံရမှာဆိုးတာနဲ့ အရှိန်တင်မောင်းရင်း လမ်းဘေးပလက်ဖောင်းနဲ့ခေါင်းနဲ့ဂဟေဆက်ပါရောသတဲ့ ဘာဒဏ်ရာမှမရခဲ့ပေမယ့် ဘဝရဲ့အရေးကြီးဆုံးနောက်ရက်မနက်မှာပဲ သူ့ပါးစပ်ကပြောနေတဲ့စကားတွေကို သူ့ဘေးကဘယ်သူမှနားမလည်တဲ့အဖြစ်ရောက်သွားပါတယ်တစ်ခြားသူတွေပြောသမျှကိုသူနားလည်နေပေမယ့်သူပြောတဲ့စကားတွေကိုဘယ်သူမှနားမလည် သူကလည်းအဲဒီနားမလည်တဲ့စကားတွေနဲ့ပဲ ရှင်းပြဖို့ထပ်ခါထပ်ခါကြိုးစားရင်း ရှင်းပြလို့နားမလည် နားမလည်လို့ရှင်းပြနဲ့ တစ်ယောက်တည်းလည်ထွက်နေရှာပါပြီချရေးပြပေါ့လို့ပြောရအောင်လည်းချလည်းမရေးတတ်တော့ဘူးတဲ့ ဒီလိုနဲ့ဘဝလောက်အရေးကြီးတဲ့အခွင့်အရေးကြီးလည်းဆုံးရှုံး ချစ်ရသူကိုလည်းဆုံးရှုံးရတော့မလိုဖြစ်နေပါပြီ ဘာဖြစ်နေမှန်းလည်းမသိ ရှင်းပြလို့လည်းမရနဲ့တစ်ယောက်တည်းတိုင်ပတ်နေတဲ့သူ့အဖြစ်ကို သိပ္ပံနဲ့ ယုံကြည်မှုဘယ်လိုတွေများပေါင်းစည်းပြီး ဖြေရှင်းသွားမှာပါလိမ့် ရှုစားကြည့်ပါဦး File size…2.3GB / 1.08GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ BpL ~ Sai ThuRein
movie
Cheppalani Undhi (2023)
2023
5.9
Saakini Daakini (2022)
ကောင်မလေးနှစ်ယောက်ရှိတယ် သူတို့က ရဲသင်တန်းကျောင်းမှာ ကျောင်းလာအပ်ရင်းနဲ့ ဆုံကြတာ နှစ်ယောက်သားက စစဆုံကတည်းက ဘယ်လိုမှမတည့်ကြဘူး မတည့်တဲ့သူနှစ်ယောက်က အဆောင်မှာကျတော့လည်း အခန်းအတူတူကျပြန်ရောကြောင်နဲ့ကြွက် သူတို့နှစ်ယောက် သင်တန်းဆင်းနေရင်းနဲ့ တစ်ယောက်ကိုတစ်ယောက် အမြဲ ချောက်တွန်း၊ ချောက်ချကြရင်း ခင်မှန်းမသိ ခင်လာကြတာပေါ့အဲဒီလိုနဲ့ သူတို့တွေ လက်တွေ့ကွင်းဆင်းရမယ့် အချိန်ကိုရောက်လာပြီး တစ်ရက် သူတို့ရဲ့ အိမ်ပြန်လမ်းမှာ ကောင်မလေးတစ်ယောက် ပြန်ပေးဆွဲခံရတာကို မြင်လိုက်ရတယ်ကောင်မလေးရဲ့ နောက်ကြောင်းကို စုံစမ်းကြည့်တော့ ကောင်မလေးက မိသားစုမရှိတဲ့ တစ်ကောင်ကြွက်အဲဒီမှာ သူတို့သိသွားတာက အဲဒီပြန်ပေးဆွဲသမားတွေက မိသားစုမရှိတဲ့ မိန်းကလေးတွေကိုပဲ ပစ်မှတ်ထားပြီး ဖမ်းနေတယ်ဆိုတာပဲ ဘာလို့ဆို မိသားစုမရှိတော့ သူတို့အတွက် တိုင်ချက်ဖွင့်မယ့်သူလည်းမရှိဘူးလေ တိုင်ချက်တွေမရှိတော့ အဲဒီဒုစရိုက်ဂိုဏ်းကြီးရဲ့လုပ်ရပ်ကို သိသူလည်းမရှိတော့ဘူးပေါ့အဲဒါကို စုံစမ်းဖော်ထုတ်မှာက ဒီလေ့ကျင့်ရေးဆင်း မိန်းကလေးနှစ်ယောက်ပေါ့ ရဲအစစ်မဟုတ်သေးတဲ့ သူတို့နှစ်ယောက်.. ဒုစရိုက်ဂိုဏ်းအကြီးကြီးကို ဘယ်လိုဖော်ထုတ်အရေးယူမလဲ အဲဒီဒုစရိုက်လုပ်ငန်းကရော ဘာကြောင့် မိန်းကလေးတွေကိုပဲ ဖမ်းနေတာလဲဆိုတာ ဒီဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ် ဟာသအနှောလေးနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…1.9GB / 914MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Kko & BpL & Sora
movie
Saakini Daakini (2022)
2022
7.9
Black (2022)
ဒီတစ်ခေါက်မှာတော့ Opertaion Gold Fish ထဲက တောင်ပိုင်းမင်းသားချော အာဒီ ရဲ့ အက်ရှင်ကားလေးတစ်ကားဖြစ်ပြီး IMDB မှာ 7.9 ထိရရှိထားတဲ့ Black ဆိုတဲ့ ရုပ်ရှင်လေးနဲ့မိတ်ဆက်ပေးပါရစေဇာတ်လမ်းအကျဉ်းငယ်စဉ်ဘ၀ထဲက အစ်ကိုဖြစ်သူကို ချောက်တွန်းတတ်တဲ့ အာဒီသရ သူချောက်တွန်းတာကို အမြဲခံရပြီး အိမ်ကနေထွက်သွားခဲ့တဲ့ အစ်ကိုဖြစ်သူအာဂျွန်အစ်ကိုဖြစ်သူကို အမြဲအိမ်မက်ထဲထည့်မက်ပြီး နောင်တရနေတတ်တဲ့ အာဒီသရ တစ်ယောက် ဖခင်ဖြစ်သူရဲ့ဆန္ဒအရ ရဲတစ်ယောက်အဖြစ် အမှုထမ်းခဲ့ရတဲ့အခါသူအမှုထမ်းတဲ့နှစ်ရက်အတွင်းမှာပဲ ဓါးပြမှုတစ်ခု လူသတ်မှုတစ်ခုတို့ ဖြစ်ပေါ်လာခဲ့ပြီး အဲ့ဒီအမှုတွေထဲကို ပါဝင်ပတ်သတ်ဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲ။ သူ့အစ်ကိုနဲ့ကောပြန်ဆုံမှာလား ဆိုတာတော့ ဇာတ်လမ်းမှာပဲ ဆက်လက်လိုက်ပါစီးမျောခံစားလိုက်ပါဦး... File size…2.21GB / 1GB Quality…1080p AMZ WEB DL / 720p Format…mp4 Duration….2h 18mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Honey ~ Lwin Htoo Aung ~ Kevin Aung
movie
Black (2022)
2022
6.5
Godse (2022)
Godse 2022IMDb 6.5/10တစ်ချိန်က နာမည်ကြီး Crash Landing On You ဒရမ်မာရဲ့ နာမည်ကြီးစုံတွဲ BinJin တို့ရိုက်ကူးထားတဲ့ Negotiation ဇာတ်ကားနဲ့ ဆင်တူသော ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ် Negotiation ကို မှီငြမ်းရိုက်ကူးထားတယ်ဆိုပြီး ပြောဆိုနေကြတဲ့ ဒီဇာတ်ကားလေးရဲ့အညွှန်းကိုဖတ်ကြည့်ရအောင်။ အိန္ဒိယနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲမင်းသမီး ဖြစ်တဲ့ Aiahwarya Lekshmiက ဗိုင်ရှာလီအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး မင်းသား Satyadev Kancharanaက ဂိုစီအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ် ညှိုနှိုင်းဆွေးနွေးရေးလုပ်တဲ့အခါ သူများနဲ့မတူ ကျွမ်းကျင်လှတဲ့ ဗိုင်ရှာလီက နောက်လိုက်အမှားကြောင့် ဓားစာခံကိုယ်ဝန်သည်တစ်ယောက်ကို ဆုံးရှူံးလိုက်ရပြီးသူမကိုယ်သူမအပြစ်ရှိတယ်ခံစားရကာ အလုပ်ထွက်စာတင်ခဲ့ပါတယ် ဒါပေမယ့် သူ့ရဲ့ဒုရဲအုပ်က ဆယ်ရက်အချိန်ပေးပြီးစဉ်းစားခိုင်းခဲ့ပါတယ် ဒီဆယ်ရက်အတွင်းမှာ ထင်မထားတဲ့ပြောင်းလဲမှုကြီး ထွက်ပေါ်လာခဲ့ပါတယ် အဲဒီပြောင်းလဲမှုကြီးကဘာများဖြစ်မလဲ Trauma ရနေတဲ့ ဗိုင်ရှာလီကရော ဓားစာခံတွေကို ထပ်ကယ်တင်ပေးနိုင်မှာလား မင်းသား မင်းသမီး သရုပ်ဆောင်မှုတွေ အထူးသဖြင့် မင်းသမီးနဲ့တင်ကြည့်ရတာတန်နေမှာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်ရှင် Reviewed By Yunni File size….........2.8GB / 1.3GB Quality…..........1080p WEB DL AAC5.1Ch / 720p Format…..........mp4 Duration…........2h 22mins Subtitle…..........Myanmar Subtitle (Hard Sub) Encoder…..........YK Translated by....Lwin Htoo Aung & Yunni & GuuGuu & ...
movie
Godse (2022)
2022
6.9
Zombie Reddy (2021)
Zoombie Reddy (2021)အိန္ဒိယ ဇွန်ဘီကားတဲ့ဗျ။ သည်းထိတ်ရင်ဖို Thriller တွေလူကြိုက်များလာတဲ့နောက်ပိုင်းမှာ အိန္ဒိယကလည်း လူကြိုက်များတဲ့genre တစ်ခုကို ထိုးဖောက်ဖို့ ကြိုးစားလာတဲ့ပုံပဲဗျ။ ဒါပေမယ့် ဒီရုပ်ရှင်ကတော့ဟာသဘက်ကို နှောပြီး ရီရီမောမောကြည့်ရမယ့် ပုံစံမျိုးပါ။မာရီယိုဆိုတဲ့ ဂိမ်းတွေရေးတဲ့ programmer တစ်ယောက်က သူထွင်ထားတဲ့ဂိမ်းပေါက်ခါနီးမှ error တက်တယ်ပေါ့ဗျာ။ ဒီတော့ ကုဒ်ရေးတဲ့ ဘော်ဒါကြီးကလည်းနှစ်ချို့ တစ်ကိုယ်တည်းသမားကြီး။ ကံကောင်းချင်တော့ ရည်းစားရပြီးချက်ချင်းမင်္ဂလာဆောင်ဖို့ ရာရ်လာဆီမာဆိုတဲ့မြို့ကို ရောက်နေတာပေါ့။ရာရ်လာဆီမာဆိုတဲ့မြို့က ဂိုဏ်းကြီးတွေ ကြီးစိုးပြီးမင်းမူနေတဲ့မြို့ဗျ။ဒီတော့ မာရီယိုတို့အုပ်စု မင်္ဂလာဆောင်သွားရင်း ဂိုဏ်းနှစ်ဂိုဏ်းရန်ပွဲကြားကမြေစာပင်ဖြစ်တော့တာပေါ့။ အဲဒီအပြင် အိန္ဒိယမှာ ကိုရိုနာကပ်ဘေးလည်းဖြစ်နေတဲ့ကာလ။ စိတ်ရူးပေါက်နေတဲ့ ဆရာဝန်အဖိုးတစ်ယောက်ကကိုဗစ်ကာကွယ်ဆေး ဖော်ရင်း ကျရှုံးပြီး ဆေးရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ဇွန်ဘီတွေကို မွေးထုတ်မိကုန်တော့ပေါ့။အဲဒီနောက်မှာတော့ ရာရ်လာဆီမာဆိုတဲ့မြို့မှာ ဖရိုဖရဲတွေဖြစ်၊ ဇွန်ဘီတွေကတစ်မျိုး၊လူမိုက်တွေတစ်မျိုး ယောက်ယက်ကိုခတ်ပြီး အကုန်အလွဲလွဲအချော်ချော်တွေပေါ့။ပေါ့ပေါ့ပါးပါးနဲ့ ရီရတဲ့ပုံစံမျိုးမို့ ခဏတာအပန်းဖြေဖို့ မဆိုးလှတဲ့ဇာတ်ကားလို့ညွှန်းရင်းChannel Myanmar မှာ လာရောက်ကြည့်ရှူဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ။ File size…4GB / 1.4Gb ...
movie
Zombie Reddy (2021)
2021
8.7
Baahubali 2: The Conclusion (2017) Bahubali 2
IMDb Rating (8.2) / Rotten Tomatoes (86%)ဘုရင့် သက်တော်စောင့် ကက်တာပါးက မဟစ်ရှ်မာတီ နိုင်ငံတော်က ထီးညွန့်နန်းလျာ အမန်ဒရာဘာဟုဘာလီကို သူ ကိုယ်တိုင် ဘာကြောင့်သတ်ဖြတ် ပစ်ရတဲ့အကြောင်းကို သားဖြစ်သူ မဟင်ဒရာဘာဟုဘာလီကို ရှင်းပြတဲ့ပုံစံနဲ့ ဇာတ်လမ်းဆက်ထား တာပါ။ဆူပူသောင်းကျန်းတဲ့ မ ကောင်းဆိုးဝါးတွေ နှိမ်နင်းအပြီး မှာတော့ ဘုရင်မကြီးဆီဗာဂါမိ ဟာ သားဖြစ်တဲ့ အမန်ဒရာဘာဟု ဘာလီကို ထီးနန်းဆက်ခံမယ့်သူ အဖြစ် ကြေညာခဲ့ပြီး တူဖြစ်တဲ့ ဘာလာကိုတော့ စစ်သူကြီးအဖြစ် ကြေညာခဲ့ပါတယ်။ ဘုရင်မကြီး က အမန်ဒရာကို တပ်မှူးကက် တာပါးနဲ့အတူ အနီးဝန်းကျင်က နိုင်ငံတွေနဲ့ ပြည်သူတွေကြားကို လေ့လာဖို့ စေလွှတ်ခဲ့ပါတယ်။အဲဒီလိုသွားရင်းနဲ့ တစ်နေ ရာအရောက်မှာတော့ တိုက်ရေး ခိုက်ရေးကျွမ်းကျင်ပြီး ထက်မြက် တဲ့ ကန်တာလာနိုင်ငံက မင်းသမီး ဒီဗာဆီနာနဲ့ဆုံခဲ့ပြီး မင်းသမီးကို သဘောကျမိတဲ့အတွက် အမန် ...
movie
Baahubali 2: The Conclusion (2017) Bahubali 2
2017
4K HEVC
7.1
F2: Fun and Frustration(2019)
F2: Fun and Frustration(2019) IMDb...7.1 ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်က စာအုပ်တစ်အုပ်မှာ ယောကျာ်းကောင်းတွေက မိန်းမကြောက်ကြတယ်လို့ရေးဖူးတယ်..... မည်သို့ပင်ဆိုစေကာမူ ကျွန်တော်တို့ပတ်ဝန်းကျင်မှာတော့ ယောက်ျားအားလုံးနီးပါး မိန်းမကြောက်ကြပါတယ်... ဒီကုလားကားကတော့ မိန်းမစိတ်ကိုနားလည်ဖို့ကြိုးစားကြတဲ့ မယားညီအစ်ကိုနှစ်ကောင်နဲ့ သူ့တို့မိန်းမတွေ အကြောင်းပေါ့။ ယေဘုယျဆန်ဆန်ပြောရမယ်ဆိုရင် ဒီကားထဲက ညီအကို(၂)ယောက်ဟာ ယောင်္ကျားထုအားလုံးကို ကိုယ်စားပြုပြီး မိန်းကလေး(၂)ယောက်ကတော့ မိန်းမထုအားလုံးကို ကိုယ်စားပြုနေပါတယ်... အချို့ ကုလားကားတွေလို Over actionတွေမပါတဲ့အပြင် Over actionတွေကို သရော်သွားပြီး သမီးရည်းစားအနေအထား အိမ်ထောင်သည်အနေအထား နှစ်ဘက်မိဘဆွေမျိုးတွေကိုပတ်သက်ရတဲ့အနေအထားအားလုံးကို ပညာသားပါပါလေးနဲ့ ဟာသလေးတွေစွက်ပြီး ပြသွားပါတယ်.... မိန်းမနိုင်ဖို့ကြိုးစားနေတဲ့သူတွေအဖို့ ရှောင်ရန်ပညာလေးတွေရနိုင်သလို မိန်းမကြောက်ရသူတို့အဖို့ ငါတို့သည် ယောင်္ကျားသားများသာလို့ ခပ်တည်တည်တွေးရမယ့် ကားလေးပါ.. အမျိုးသမီးတို့အဖို့တော့ ကမ္ဘာဦးကထဲက ရှိခဲ့တဲ့ နိယာမကို ဘယ်သူကများ တွန်းလှန်နိုင်ပါ့မလဲလို့ ပီတီဟန်တွေအပြည့်နဲ့ ပြုံးနိုင်မယ့်ကားဆိုပါတော့... ပေါ့ပေါ့ပါးပါးလေးနဲ့ ရယ်မောပျော်ရွှင်ရသလို ပညာလည်းရတဲ့ ကောင်းလည်းကောင်းတဲ့ ကုလားကားတွေမှ သဘောကျတဲ့သူတွေအဖို့ ခံစားကြည့်ကြပါလို့ တိုက်တွန်းအပ်ပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ အိမ်ထောင်မကျသေးတဲ့ WiRa Aung ပဲဖြစ်ပါတယ်... File Size : (1.24GB) and (400 MB) Quality : WEB-DL 720p, Format…mp4 Duration…02:28:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by WiRa Aung Encoded ...
movie
2019