Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Prathap Pothan
5.3
Poojai (2014)
Poojai (2014)"ဆုတောင်းပွဲ" ======================တမီလ်နာမည်ကျော်မင်းသား ဗစ်ရှယ်နဲ့ မင်းသားကြီး ကာမယ်လ်ဟာဆန်ရဲ့သမီး ရှရူတီဟာဆန်တို့ရဲ့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ အက်ရှင်ကားဟောင်းလေးတစ်ပုဒ်ကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဗာဆူဟာ အတိုးနင်းကန်တောင်းပြီး ငွေတိုးချေးစားတဲ့ တက်သစ်စ စီးပွားရေးသမားလေးပါ။ သူဟာ ဇာတ်လိုက်တွေရဲ့ထုံးစံ မဟုတ်မခံစိတ်ရှိသူဖြစ်ပြီး ထောင့်လည်းမကျိုးတာကြောင့် နယ်ခံဂိုဏ်းစတားတွေ မျက်မုန်းကျိုးတာခံနေရတဲ့သူပေါ့။အလိုလိုမှ မျက်မုန်းကျိုးခံနေရတဲ့ဗာဆူဟာ တစ်နေ့မှာ ရဲတစ်ယောက်ကို သဝာ်ဖို့ကြိုးစားတဲ့ လုပ်ကြံရေးဂိုဏ်းတစ်ခုရဲ့အစီအစဉ်ကို မတော်တဆ ဖျက်မိသွားတဲ့အတွက် တစ်နွယ်ငင် တစ်စင်ပါဆိုသလို နောက်ဆက်တွဲပြဿနာတွေကြုံလာရတဲ့အတွက် ဖြေရှင်းဖို့ကြိုးစားရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…5.3GB / 2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Poojai (2014)
2014
5.3
Ippadiku Kadhal (2024)
Ippadikku Kaadhal (2024) မေ့ဖျောက်မလွယ် IMDb- 5.4/10ဆယ်နှစ်လောက်ချစ်လာခဲ့ကြပြီးမှ အခက်အခဲတွေကြားထဲကနေ လက်ထပ်ခဲ့ကြတဲ့ ရှီဗာနဲ့ ရမ်ယာတို့အတွဲလေးဟာတော့ ကံဆိုးမိုးမှောင်ကျစွာနဲ့ လက်ထပ်တဲ့ညမှာပဲ ကားအက်စီးဒန့်ဖြစ်ပြီးတော့ ရမ်ယာလေးဟာ လူ့လောကကြီးထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။ဒဏ်ရာပြင်းထန်ခဲ့တဲ့ ရှီဗာကတော့ တဖြည်းဖြည်းသက်သာလာခဲ့ပေမဲ့ စိတ်ထဲက ဒဏ်ရာကတော့ မပျောက်ကင်းနိုင်သေးပါဘူး။ ဒီလိုနဲ့ ဆေးရုံဆင်းပြီးနောက်မှာ သူ့ရဲ့စိတ်တွေ လန်းဆန်းပြီး စိတ်ခံစားချက်တွေ သက်သာအောင် သူငယ်ချင်းဖြစ်သူက ရှီဗာကို ချန်းနိုင်းကိုခေါ်သွားပြီး သူနဲ့အတူတူအလုပ်လုပ်စေပါတယ်။ နေရာအသစ် မြင်ကွင်းအသစ် အလုပ်အသစ်နဲ့အတူ ရှီဗာဟာလည်း တော်တော်လေး လန်းဆန်းလာခဲ့ပါတော့တယ်။နောက်ပြီး အန်ဂျနာဆိုတဲ့ကောင်မလေးတစ်ယောက်၊ အချစ်ကိုယုံကြည်ပြီး ပုံအပ်ခဲ့ပေမဲ့ သူယုံကြည်တဲ့သူ့ချစ်သူက သူ့ရဲ့ ရေချိုးအဝတ်စားလဲနေတဲ့ ဗီဒီယိုကို အင်တာနက်ပေါ်တင်လိုက်ရာကနေ သူ့ကို ဘယ်သူမှ မသိတဲ့ ချန်နိုင်းကို ထွက်လာခဲ့ရင်း ဘဝသစ်စခဲ့သူတစ်ယောက်။ဒီလို ဘဝအခက်အခဲတွေရှိနေတဲ့ သူတို့နစ်ယောက် တိုက်ခန်းတစ်ခုတည်းမှာ အိ မ်နီးချင်းတွေဖြစ်ရာက ခင်မင်သွားကြရင်းနဲ့ အချင်းချင်း ရိုင်းပင်းကူညီကြရင်း သူတို့ရဲ့ ခင်မင်မှုကနေ ဘယ်လိုဇာတ်လမ်းလေးတွေ ဖြစ်ပေါ်လာမလဲဆိုတာကို ကြည့်ရှုခံစားရမဲ့ ဒရာမာဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~BpL~V~Alex~ToMo တို့ပဲဖြစ်ပါတယ်)(CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ...
movie
Ippadiku Kadhal (2024)
2024
7.7
Guru (2007)
Guru (2007) Drama IMDb 7.7/10 (24K)အခုတစ်ခါမှာလည်း အရှ်တို့လင်မယားရဲ့ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးပါ့မယ်။ ဒီဇာတ်ကားမှာ မင်းသား အဘီရှိခ်ဘဂျမ်း..3Idiots ဇာတ်ပို့မင်းသား ရန်ဂါနာဒန်မာဒဗန်..မင်းသားကြီး မီထွန်းချက်ကရဗာတီ(ကုလားကျော်ဟိန်း)..မင်းသမီးအရှ်ဝါရီယားရိုင်းဘဂျမ်းနဲ့ ဗစ်ဒယားဘာလန်တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဒီဇာတ်ကားလေးက ရွာတစ်ရွာကနေ ဘုံဘေမြို့ကိုတက်လာပြီး လမ်းဘေးဘဝကနေ အိန္ဒိယစီးပွားရေးသမားကြီးတစ်ယောက်ဖြစ်လာခဲ့တဲ့ ဂုရုကန့်ဒေဆိုင်းဆိုသူရဲ့အကြောင်းကို တင်ဆက်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ရွာကနေ မြို့တက်စီးပွားရေးလုပ်ဖို့ မတည်ငွေကို မိန်းမယူပြီး ရတဲ့တင်တောင်းငွေနဲ့ စတင်လုပ်လာခဲ့ပုံ...။လက်ရှိဦးဆောင်နေတဲ့ စီးပွားရေးသမားကြီးတွေရဲ့အတ္တကိုဖြိုဖျက်ပြီး နေရာယူခဲ့ပုံ...။သူ့ထက်ငါနှာတစ်ဖျားသာစေရမယ်ဆိုတဲ့ စိတ်နဲ့ကြိုးစားရင်း အားလုံးအပေါ်ဩဇာလွှမ်းမိုးသက်ရောက်ခဲ့ပုံ...။ စသဖြင့် ဗဟုသုတရစေမယ့် အချက်တွေအများကြီးပါပါတယ်။သူ့ရဲ့လက်ကိုင်ဆောင်ပုဒ်က "ကျွန်တော်က ငြင်းတဲ့စကားလုံးဆို မကြားရဘူးဗျ" တဲ့လေဆိုတော့ ဂုရုကန့်ဒေဆိုင်းဖြစ်ချင်ရင်တော့ ဂုရုကန့်ဒေဆိုင်းလိုပြုမူနေထိုင်မှဖြစ်မယ်နော်ဆိုတဲ့ ဇာတ်ကားပါ ဒိုင်ယာလော့ခ်နဲ့အတူ ဇာတ်ကားလေးကို စီးမျောလိုက်ကြပါဦးနော်။ File size…3.1GB / 1.4GB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Guru (2007)
2007
7.8
Yugi (2022)
Yugi (2022) Drama, Thriller IMDb 7.8/10အခုတစ်ခါထွက်ရှိလာတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးရဲ့ဇာတ်လမ်းလေးကတော့ နည်းနည်းဆန်းပါတယ် ကောင်မလေးတစ်ယောက်ပျောက်နေပါတယ်...ပျောက်သွားတဲ့ကောင်မလေးနေတဲ့ အိမ်ကလည်း အဲ့ဒီနားတဝိုက်မှာ ခြောက်တယ်လို့ ဂုဏ်သတင်းကြီးနေပါတယ်ပိုပြီးထူးဆန်းဖို့ကောင်းတာက အဲ့ဒီကောင်မလေးကို ရဲတပ်ဖွဲ့ကရော... နိုင်ငံရေးသမားတွေကပါ အပူတပြင်းလိုက်ရှာနေကြပါတယ်အဲ့ဒီလို လိုက်ရှာနေရတာကိုလည်း သူတို့လည်း ဘာလို့လိုက်ရှာနေရမှန်း မသိကြပါဘူးဆိုတော့ တမီလ်ကားတွေရဲ့ထုံးစံအတိုင်း ဇာတ်လမ်းကို ဇာတ်သိမ်းထိ ဆွဲဆောင်သွားမှာမို့ ရှေ့ဆက်ဘယ်လိုစိတ်လှုပ်ရှားစရာကောင်းလာမှာလဲဆိုတာကိုတော့ ဇာတ်ကားကြည့်ရင်းနဲ့ပဲ အဖြေရှာကြည့်ကြတော့နော်....။ File size…1.94GB / 917MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Poe & Yunni & Cherry
movie
Yugi (2022)
2022