Channel Myanmar

Prabhu Deva

Tutak Tutak Tutiya aka Devi(L) (2016) 5.5
Tutak Tutak Tutiya aka Devi(L) (2016) Tutak Tutak Tutiya (2016) "ရွာသူမတစ္ဆေ"ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးအတွက် မဆလာ comedy/horror ရုပ်ရှင်အဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်မွန်ဘိုင်းကို နယ်ကနေတက်လာတဲ့ လူတွေအားလုံးမှာ အိပ်မက်ကိုယ်စီရှိကြပေမယ့် ခရစ်ရှ်နားမှာတော့ ခေတ်ဆန်တဲ့ မိန်းကလေးနဲ့ လက်ထပ်ရမယ်ဆိုတဲ့ အိပ်မက်တစ်ခုပဲ ရှိပါတယ်အင်္ဂလိပ်စာ ဂရမ်မာမှန်မှန် ပြောတတ်တဲ့ ခေတ်ဆန်တဲ့ မိန်းကလေးတွေကိုမှ ရွေးလိုက်ပေမယ့် သူ့ကိုဘယ်သူမှ ပြန်မကြိုက်ကြတာမို့ လူပျိုဂုဏ်ကို ဆက်ထိန်းထားနေရင်းမှမွေးရပ်မြေရွာက အဘွားဆုံးခါနီးလို့ ရွာပြန်ရပြီး လမ်းမှာ နွားကျောင်းနေတဲ့ ရွာသူမနဲ့ ကတောက်ကဆဖြစ်လိုက်ပါသေးတယ်ဖြစ်ချင်တော့ အဘွားမဆုံးခင် နွားကျောင်းသူမရဲ့ လက်ကိုမှ ဆွဲကိုင်သွားတဲ့အတွက် ခရစ်ရှ်နားမိဘတွေက အဲဒီကောင်မလေးနဲ့ အတင်းအကျပ်ပေးစားလိုက်ရာမှာ horror ဇာတ်လမ်းတစ်ပုဒ် ဘယ်သို့ ဘယ်ပုံဖြစ်လာမှာလဲ ဆိုတာကတော့ ...ဟုတ်သော်ရှိ မဟုတ်သော်ရှိ ခဏတာတော့ ရယ်မောလို့ရမယ့် ဇာတ်ကားလေးကို အားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 2.18GB / 1.1GB Quality…WEB DL 1080p / 720p Format… mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard ...
movie

Tutak Tutak Tutiya aka Devi(L) (2016)

Karataka Damanaka (2024) 6.5
Karataka Damanaka (2024) Karataka Dhamanaka (2024) "ဆရာနှစ်ပါး"IMDb 6.5အသစ်ထွက် ကန်နားဒါး ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်ရွာလေးတစ်ရွာမှာ မိုးခေါင်ရေရှားမှုတွေ နှစ်ချီကြာညောင်းခဲ့ပြီး အဆင်မပြေကြလို့ ပြောင်းရွှေ့သွားတဲ့သူတွေလည်း ဒုနဲ့ဒေးပါ နိုင်ငံရေးသမားတွေရဲ့ အကျင့်ပျက်ချစားမှုကြောင့် မြေစာပင်ဖြစ်ရတဲ့ ရွာသားတွေမှာ အံတကြိတ်ကြိတ်ပေါ့တစ်ချိန်တည်းမှာပဲ လိမ်လည်ခြင်းအတတ်ကို တစ်ဖက်ကမ်းခတ် တတ်ကျွမ်းတဲ့ နိုင်ငံကျော်လူလိမ်နှစ်ယောက်ဟာ နိုင်ငံရေးသမားတစ်ဦးကို မလှိမ့်တစ်ပတ်လုပ်ပြီး အရှက်ရစေခဲ့တဲ့အတွက် ထောင်ထဲရောက်လာတယ်သူတို့ရဲ့ အရည်အချင်းကို သိသွားတဲ့ ထောင်မှူးဟာဆိုရင် လူလိမ်နှစ်ယောက်ကို မိုးခေါင်ရေရှား ရွာလေးကို လွှတ်လို့ အထူးတာဝန်တစ်ခု ပေးလာတဲ့အခါ …ဘယ်လိုအလွဲတွေ ဆက်ဖြစ်မှာလဲ လူလိမ်နှစ်ယောက်ကရော ရွာလေးအတွက် ကယ်တင်ရှင်ဖြစ်လာမှာလား ဆိုတာကတော့ ……အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2.94GB / 1.7GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by M Bollywood Team 
movie

Karataka Damanaka (2024)

2024
Street Dancer 3D (2020) 3.4
Street Dancer 3D (2020) (Unicode)အခုတစ်ခေါက်ညွှန်းပေးချင်တဲ့ ဇာတ်ကားလေးကတော့ . . .ဟင်ဒီစကားပြောဇာတ်ကားတစ်ကားဖြစ်ပီး . . . လူငယ်တွေ အကပြိုင်ပွဲမှာ နိုင်ငံချစ်တဲ့စိတ် ၊နိုင်လိုစိတ်ထက်သန်မှုတွေနှင့်အတူ တက်ညီလက်ညီ . . . အပြိုင်အဆိုင် ကြိုးစားကြသည့် အဖြစ်အပျက်လေးကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားသစ်တစ်ကားပါ . . .အမှန်တကယ်တော့ ဒီဇတ်ကားဟာ ABCD(2015) အကကားရဲ့Sequel ဇာတ်ကားအဖြစ်ထွက်ရှိဖို့ လျာထားပေမဲ့ . . . Disney Company နဲ့ အကြောင်းမညီညွတ်တာကြောင့် Street Dancer ဆိုပီး သီးခြားနံမည်နဲ့ထွက်လာတာဖြစ်ပါတယ် . . .လန်ဒန်မှာနေတဲ့ အင်နာယာဆိုတဲ့ ပါကိစ္စတန်သူလေးနဲ့ ဆဟဂျ်ဆိုတဲ့ပန်ဂျာဗ်မြို့သားလေးတို့က မတူညီတဲ့အမြင်နဲ့ဝါသနာတစ်ခုတည်းကိုစိုက်စိုက်မတ်မတ်လုပ်ကြတယ် . . . တစ်နေ့မှာအင်နာယတ်ဟာ အိန္ဒိယနဲ့ပါကိစ္စတန်ကနေရွှေ့ပြောင်းလုပ်သားအနေနဲ့လာတဲ့ ဒုက္ခသည်တွေကို သူတို့နိုင်ငံပြန်ပို့ပေးဖို့ လန်ဒန်ရဲ့ အကြီးမားဆုံး အခန်းနားဆုံး ပြိုင်ပွဲကိုဝင်ပြိုင်ဖို့လုပ်ရင်းကိုယ့်အတွက်ကိုယ်ကြည့်တဲ့ဆဟဂျ်နဲ့ သူများအတွက်တွေးပေးတဲ့မေတ္တာရှင်မလေးအင်နာယာတို့ပူးပေါင်းပြီး လူသားချင်းစာနာမှုအတွက်ဘယ်လို့ကြိုးစားယှဉ်ပြိုင်မလဲဆိုတာ . . . ဘောလိဝုဒ် နာမည်ကျော်မင်းသား၊မင်းသမီးတွေဖြစ်တဲ့ ...
movie

Street Dancer 3D (2020)

2020
ABCD 2: Any Body Can Dance 2 (2015) 5.4
ABCD 2: Any Body Can Dance 2 (2015) ABCD 2 (2015) "လက်စ်ဗီးဂတ်စ် အိပ်မက်ကမ္ဘာ ဆီသို့"ဒစ်စနေးက ထုတ်လုပ်တဲ့ ဟင်ဒီ drama ရုပ်ရှင် ဖြစ်ပြီး 2013 တုန်းက ထွက်ရှိခဲ့တဲ့ ABCD ရဲ့ နောက်ဆက်ကားဖြစ်ပါတယ် ရုံတင်ငွေ ရူပီး 1.6 ဘီလျံပြန်ရခဲ့တဲ့ ကားပါ ABCD (2013) က မင်းသား Prabhu Deva က ဗစ်ရှနူ အဖြစ် ပြန်လည်ပါဝင်ထားပါတယ် အရင်ကားကိုလည်း တင်ပေးထားပါတယ် ဒါပေမယ့် ဒီကားက သီးခြားဇာတ်လမ်းဖြစ်တာမို့ အရင်ကားမကြည့်ထားလည်း ကြည့်လို့ရပါတယ်ဇာတ်လမ်းအကျဥ်းကတော့ စားပွဲထိုး ဆူရက်ရှ်ဆိုတဲ့ ကောင်လေးက သေသွားတဲ့ သူ့အမေရဲ့ ဆန္ဒအတိုင်း နာမည်ကြီး dancer တစ်ယောက်အဖြစ် အိပ်မက်မက်သူပါ သူငယ်ချင်းဖြစ်သူ ပီဇာပို့တဲ့ ဗာနွန်နဲ့ ဆံပင်ညှပ်တဲ့ ဗင်နီတို့နဲ့ပေါင်းပြီး "Mumbai Stunners" ဆိုတဲ့ အကအဖွဲ့နဲ့ အိန္ဒိယ ဒိတ်ဒိတ်ကြဲအကပြိုင်ပွဲမှာ ယှဥ်ပြိုင်ကြပါတယ်အိန္ဒိယပရိသတ်ကြိုက်အဖွဲ့ဖြစ်နေပြီး တခဲနက် အားပေးမှုကို ရပေမယ့်လည်း ဒိုင်လူကြီးက "ဖိလစ်ပိုင်စတားများ" ...
movie

ABCD 2: Any Body Can Dance 2 (2015)

ABCD (Any Body Can Dance) (2013) 6.3
ABCD (Any Body Can Dance) (2013) ABCD: Any Body Can Dance (2013) အိပ်မက်ဟူသည် (IMDb Rating - 6.3/10)ပထမဆုံးအကြိမ်အနေနဲ့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Netflix ကပါ ထုတ်လွှင့်ထားတဲ့ ABCD: Any Body Can Dance ဇာတ်ကားကောင်းလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။" ကိုယ်နှစ်ချီလများ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတဲ့ အိပ်မက်တစ်ခုကို ငွေအင်အားကြီးတဲ့သူတွေက ဖိနှိပ်လို့ ရှုံးနိမ့်သွားတဲ့အခါမှာ လက်လျှော့လိုက်မှာလား..."ဒီကားလေးထဲမှာတော့ ဂီတသံစဉ်ကို အရူးအမူးဖြစ်ကာ လေထဲက သစ်ရွက်လေးတွေ လှုပ်ရှားတာ ငါးလေးတွေ ရေကူးတာ ငှက်ကလေးတွေပျံသန်းတာ ရေလေးတွေစီးဆင်းတာကအစ သံစဉ်လေးတွေနဲ့ လှုပ်ရှားကခုန်နေတယ်လို့ ခံယူထားတဲ့ ဗစ်ရှနူ။ ဒီလိုအကရူးသွပ်တဲ့ဗစ်ရှနူကို JDCသူဌေးက အကနည်းပြနေရာကို လူအသစ်ကို အစားထိုးလိုက်ပါတယ်။ ဒါ့အပြင် တွဲဖက်အလုပ်မလုပ်ခိုင်းဘဲ အက်မင်မန်နေဂျာရာထူးကို ပေးလိုက်တဲ့အခါမှာတော့ အလုပ်ကနေ နုတ်ထွက်ဖို့သာ အကြောင်းဖန်လာပါတော့တယ်။ဒီလိုဆိုရင်တော့ဖြင့် ရွာကိုပြန်ပြီး ကောက်ပဲစိုက်ရင်းသေဆုံးသွားမလား အိပ်မက်တစ်ခုကြောင့် ရောက်လာတဲ့မွန်ဘိုင်းမှာပဲ ရည်မှန်းချက်တွေနောက်ကိုလိုက်ဖို့ ဒုတိယအခွင့်အရေးရောက်ရှိလာမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှူပေးကြပါဦးရှင်။ဒီဇာတ်လမ်းလေးကိုတော့ Dee~ ...
movie

ABCD (Any Body Can Dance) (2013)

2013
GodFather (2022) 5.9
GodFather (2022) မင်းသမီး နာရန်သရာ ပါဝင်ထားတဲ့အပြင် ဆယ်လ်မန်ခန်းလည်း ပါတဲ့ နိုင်ငံရေးကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီကားထဲမှာ ပြည်သူလူထုရဲ့ အချစ်တော် ဝန်ကြီးတစ်ယောက် ဆုံးပါးသွားပြီးနောက် အဲဒီဝန်ကြီးနေရာကို အစားထိုးယူမယ့် သူနှစ်ယောက်ရဲ့ အားပြိုင်မှုကို ကြည့်ရမှာဖြစ်ပါတယ်ဘယ်နေရာမှာမဆို အကောင်းနဲ့အဆိုး ဒွန်တွဲနေသလိုပဲ သူတို့နှစ်ယောက်ကလည်း တစ်ယောက်က လူကောင်း တစ်ယောက်က လူဆိုးပေါ့နှစ်ယောက်စလုံးက ဩဇာအာဏာ အတော်ကြီးမားကြတဲ့သူတွေဆိုတော့ အားပြိုင်မှုကလည်း လက်ရည်တူတဲ့ လက်ဝှေ့သမားနှစ်ယောက် လက်ဝှေ့ထိုးသလိုပါပဲအဲဒါကြောင့် သူတို့နှစ်ယောက်ထဲက ဘယ်သူအနိုင်ရမလဲဆိုတာ ဒီကားထဲမှာ နိုင်ငံရေးသဘောတရားတွေနဲ့အတူ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…2.6GB / 1.3GB Quality…1080p True WEB DL  / 720p Format…mp4 Duration….2h 37m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Sora ~ OeliuJ ~ HayMan ~ KhamMon
movie

GodFather (2022)

2022
Poikkal Kuthirai (2022) 7.2
Poikkal Kuthirai (2022) Action, Drama IMDb - 7.0/ 10အိန္ဒိယဇာတ်ကားကောင်းတစ်ပုဒ် ရှာနေရင်တော့ ဒီဇာတ်ကားလေးက သင့်ရဲ့ တောင့်တမှုနဲ့ ကိုက်ညီစေမှာ အမှန်ပါပဲ၅၂၈ မေတ္တာကို ဖော်ကျူးပြသ‌ထားတဲ့ ကားတစ်ကားဖြစ်ပြီး သမီးအပေါ်ထားတဲ့ အဖေရဲ့မေတ္တာဟာ ဘယ်လောက်ကြီးမားကြောင့် သမီးဟာလည်း အဖေဖြစ်သူအပေါ် ဘယ်လောက်အားကိုးခိုလှုံ ချစ်ခင်ကြောင်း ရိုက်ကူးပြသထားတာပဲ ဖြစ်ပါတယ်ကာသီဟာ မတော်တဆမှုတစ်ခုကြောင့် မိန်းမဖြစ်သူကို ဆုံးရှုံးလိုက်ရပြီး ခြေထောက်တစ်ဖက်ပါ ဆုံးရှုံးလိုက်ရသူ ဖြစ်ပါတယ်သူ့မှာ သမီးလေးတစ်ယောက်လည်းရှိပြီး သူ့သမီးလေးက ရှားပါးရောဂါတစ်မျိုးကို ခံစားနေရသူ ဖြစ်ပါတယ်အဲဒီလိုနဲ့ သိပ်ပြီးအဆင်မပြေလှတဲ့ သူဟာ သူ့သမီး မိတဆိုးလေးအတွက် ဆေးကုဖို့ ပိုက်ဆံရှာနေတုန်းမှာပဲပြန်ပေးဆွဲမှုတစ်ခုနဲ့ ငြိစွန်းသွားခဲ့တဲ့ အခါမှာတော့.....ဘာတွေ ဘယ်လိုဆက်ဖြစ်မလဲ သူ့သမီးကို ကယ်ဖို့ ဘယ်အတိုင်းအတာအထိ ဆက်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်လို့ အခုလိုပဲ တင်ဆက်ပေးလိုက်ရပါတယ် File size…2.17GB / 1.03GB Quality…1080p True WEB DL / 720p Format…mp4 Duration….1h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & Sora & Poe & Myo Myo & ...
movie

Poikkal Kuthirai (2022)

2022
My Dear Bootham (2022) 6.7
My Dear Bootham (2022) My dear Bootham (2022)IMDb - 6.8ဟိုးရှေးရှေးတုန်းက ဝိဉာဉ်လောကရဲ့ ဘုရင်ကြီးတစ်ပါးရှိပါသတဲ့။ သူက သူ့သားလေးနဲ့ သူတော်စင်တွေနေတဲ့ မာကရလောကထဲကို အလည်အပတ်သွားရင်း တရားကျင့်နေတဲ့ သူတော်စင်တစ်ပါးကို သူ့ရဲ့သားလေးက နှောက်ယှက်မိတာကြောင့် စိတ်ဆိုးသွားတဲ့ သူတော်စင်ကြီးရဲ့ ကျိန်စာကို သူ့သားလေးအစား သူက လက်ခံလိုက်ပါတယ်။ အဲ့ဒီကျိန်စာကတော့ သူ့ဟာ ရုပ်ထုတစ်ခုအဖြစ်ပြောင်းလဲသွားပြီး သူ့ကို ပိတ်လှောင်ထားတဲ့ ရုပ်ထုကြီးပေါ်က စာတွေကို ဖတ်နိုင်တဲ့သူမှသာ ဒီကျိန်စာကနေ လွတ်မြောက်အောင်လုပ်ပေးနိုင်တယ်ဆိုတာပါပဲ။နောက်ထပ် နှစ်ပေါင်း3000ကြာမြင့်သွားတဲ့နောက်။ ကျောင်းမှာ တခြားကလေးတွေက ဝိုင်းပြောင်လှောင်၊ ဆရာမတွေက ကြည့်မရ၊ လူတွေက မျက်မုန်းကျိုး၊ ဘဝကို အရှုံးသမားပေါက်စလေးလိုနေနေရပေမဲ့ သာမန်ကလေးတွေလို စကားပြောချင် ရယ်ရယ်မောမောနေချင်တဲ့ သီရူနာဆိုတဲ့ စကားထစ်နေတဲ့ ကလေးလေးတစ်ယောက်က ဝိဉာဉ်လောကဘုရင်ကြီးရဲ့ ကျိန်စာကို ပယ်ဖျက်ပေးဖို့ ကံဖန်လာတဲ့အခါမှာတော့....။ ဟာသနှောထားတဲ့ ကားလေးမို့ ရယ်ရယ်မောမောကြည့်လို့ရတာတင် မဟုတ်သေးပါဘူး။အားနည်းသူကို နှိမ်ပြီး လှောင်ပြောင်တတ်တဲ့ လောကရဲ့ သဘာဝအပြင် မှတ်သားစရာ အချက်လေးတွေအများကြီး ထည့်ရိုက်ထားတဲ့ ကားကောင်းလေးပဲ ဖြစ်ပါတယ်။ IMDb rating 6.8အထိရရှိထားပြီး အိမ်က ...
movie

My Dear Bootham (2022)

2022
Ramaiya Vastavaiya (2013) 5.7
Ramaiya Vastavaiya (2013) Ramaiya Vastavaiya (2013) ========================အခုတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးကို Ramaiya Vastavaiya လို့ အမည်ရတဲ့ ကားဟောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားကတော့ Romantic Drama ဆိုတဲ့ အမျိုးအစားဖြစ်တဲ့အလျောက် လူငယ်လေးနှစ်ယောက် ဖူးစာစုံမက်ကာ ချစ်ကြိုက်ခဲ့ပြီး တူနှစ်ကိုယ်ပေါင်းဖက်ခွင့်ရဖို့ အခက်အခဲတွေ ကျော်လွှားရပုံကို ဟာသနှောရင်း ရိုက်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ်ရမ်လို့အမည်ရတဲ့ ကောင်လေးဟာ ဘီလီနာမိဘနှစ်ပါးကနေ ပေါက်ဖွားလာပြီး ဩစတြေးလျမှာ ကြီးပျင်းလာခဲ့တဲ့ မြို့ကြီးသားသူဌေးသားလေးပါ ဆိုနာဆိုတဲ့ ကောင်မလေးကတော့ အစ်ကိုဖြစ်သူ ရတ်ဒ်ဟူးဗီကို ဖခင်လိုမိခင်လို ဆည်းကပ်ရင်း အစ်ကိုတစ်ယောက်ညီမတစ်ယောက်ဘဝနဲ့ ဘဝကိုဖြတ်သန်းနေတဲ့ ရိုးရိုးသားသား ကျေးတောသူလေးပေါ့တစ်နေ့မှာတော့ သူငယ်ချင်းဖြစ်သူက မင်္ဂလာပွဲကို လာဖို့ အိမ်ကိုဖိတ်ရင်း ရမ်နဲ့ဆိုနာတို့ ကံကြမ္မာစုံမက် ဖူးစာဖက်ကာ နှစ်ယောက်သားအတူ ချစ်ကျွမ်းဝင်ခဲ့ကြပါတယ် ဒါပေမဲ့လည်း ရမ်ရဲ့မိခင်ဟာ ဒီအကြောင်းကို သိသွားပြီးတဲ့နောက် ရမ်ကို သူမမောင်ရဲ့စီးပွားရေးမိတ်ဖက်ရဲ့သမီးဖြစ်သူနဲ့ နေရာချထားပေးဖို့ စီစဥ်ပါတော့တယ် ကံဆိုးမသွားရာ မိုးလိုက်လို့ရွာတယ်လို့ပဲ ပြောရမလား ရမ်ရဲ့အမေ ဆိုနာ့ကို ငွေကြေးချို့တဲ့တဲ့အတွက်ကြောင့် ပုတ်ခတ်ပြောဆိုနေစဥ် ဆိုနာ့အစ်ကိုဖြစ်သူ ရတ်ဒ်ဟူးဗီ ရောက်လာပါတော့တယ် ရမ်တစ်ယောက် အကြပ်တွေ့ပြီး အမေဖြစ်သူနဲ့နေခဲ့ရင် မချစ်နှစ်သက်တဲ့သူနဲ့ လက်ထပ်ပြီး ...
movie

Ramaiya Vastavaiya (2013)

2013
Pon Manickavel(2021) 4.9
Pon Manickavel(2021) Pon Manickavel (2021)ဒီတစ်ခေါက်မှာတော့ နာမည်ကြီးမင်းသား Prab Deva ရဲ့ အကြိမ် ၅၀ မြောက်သရုပ်ဆောင်မှုဖြစ်တဲ့ တမီးလ်ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေအရင်ဆုံး ဇာတ်လမ်းအကျဥ်းကို ကြည့်လိုက်ကြရအောင်ပွန် မာနီကယ်လ်ဗီဆိုသူက သေနတ်ပစ်တဲ့နေရာမှာ အထူးကျွမ်းကျင်တဲ့သူဖြစ်ပြီးတော့ နိုင်ငံတကာလေ့ကျင့်ရေးသင်တန်းမှာလည်းရွှေတံဆိပ်ဆုရထားတဲ့ ထိပ်တန်း ရဲအရာရှိတစ်ယောက်ဖြစ်ပါတယ်ဒါမဲ့ ပွန်ဟာ အတိတ်က အမှုတစ်ခုကို စုံစမ်းပြီးတဲ့ချိန်မှာပဲ ရုတ်တရက် ရဲအလုပ်ကနေနှုတ်ထွက်ပြီးတော့ ရွာပြန်ပြီး နွားကျောင်းနေပါတော့တယ်ပွန့်လို ထိပ်တန်းရဲအရာရှိတစ်ဦးက ဘာအကြောင်းကြောင့်ဒီလိုနှုတ်ထွက်ခဲ့လဲဆိုတာကို ဘယ်သူမှလည်း မသိခဲ့ကြပါဘူးဒီလိုနဲ့ တစ်နေ့မှာ နာမည်ကြီး ဗဟိုရုံးကတရားသူ​​ကြီးတစ်ဦးသဲလွန်စ မကျန်အောင် ရက်ရက်စက်စက်ပစ်သတ်ခံရလိုက်ရပါတယ်ဒီအမှုကို စုံစမ်းဖို့အတွက် အထက်က မာနီကယ်လ်ဗီကို တာဝန်ပေးအပ်လိုက်တဲ့အခါ......ရွာပြန်နွားကျောင်းပြီး အထက်ကတာဝန်ပေးမှ အမှုပြန်စုံစမ်းတဲ့ ပွန်တစ်ယောက်လက်ဖက်ရည်လေးသောက်လိုက် မိန်းမနဲ့ အချိန်ဖြုန်းလိုက်နဲ့ အမှုကိုအေးဆေးစုံစမ်းနေပြန်တော့ ကျန်တဲ့ အဖွဲ့ဝင်တွေကလည်း သူ့ကို အမြင်မကြည်ကြတော့ပါဘူးအမှုစုံစမ်းနေရင်းမှာပဲ ဆက်တိုက်ဆိုသလို နာမည်ကြီးစုံထောက်တွေပါ အသတ်ခံနေရတဲ့အခါ.....ဒီအမှုတွေရဲ့ လူသတ်တရားခံက ဘယ်သူလဲ???အမှုတစ်ခုနဲ့ တစ်ခုရော ဘယ်လိုတွေဆက်စပ်နေတာလဲအတိတ်တုန်းက ပွန့်ကို ရဲအဖြစ်က ...
movie

Pon Manickavel(2021)

2020
R… Rajkumar (2013) 5.2
R… Rajkumar (2013) ဒီတစ်ခါတော့ ဘောလီဝုဒ်ပရိတ်သတ်တွေအတွက် အလန်းစားCrime,Comedy,Action ကားကောင်းတကားကိုိ တင်ဆက်ပေးလိုက်ပါတယ်။Prabhu Deva ရိုက်တဲ့ ဇာတ်ကားဖြစ်တာကြောင့် ဇာတ်လမ်းက ခပ်မြူးမြူးနဲ့ ပေါ့ပေါ့ပါးပါးလေး တင်ဆက်ထားပြီးMusic ပိုင်းတွေ၊ Action ပိုင်းတွေကို အမှန်အကန် ပုံဖေါ်ထားပါတယ်။Rody Rahtore, Boss တို့လို ဇာတ်လမ်းမျ်ိုးတွေ ကြိုက်တဲ့သူတွေအတွက်တော့ လက်လွတ်မခံသင့်ပါဘူးဒိုဟရ်ပူးရ်ဆိုတဲ့ရွာလေးမှာ အစိုးရဆိုတာ ဘယ်ဆီနေမှန်းမသိ၊ တရားဥပဒေဆိုတာ ဘာမှန်းမသိ အဲ့ဒီရွာကို အဓိက ဗိုလ်ကျနေတဲ့ လူနှစ်ယောက်ရှိတယ်ရှိဗ်ရာဂျ်နဲ့ ပရ်မာ နှစ်ယောက်လုံးက ဘိန်းဘုရင်အကြီးစားတွေ ဖြစ်ကြသလို ကို်ယ်ကျိုးတွက်ဆို လူသတ်ဖို့ ဝန်မလေး ဒုစရိုက်မှုကို ခါးဝတ်ပုဆိုးလို ဖြစ်နေကြတယ်။အဖွဲ့နှစ်ဖွဲ့က တဖက်နဲ့တဖက် အမြဲလိုလို ချောင်းမြောင်းလုပ်ကြံနေကျ ဒါပေမဲ့ ရှိဗ်ရာဂျ်ကံကောင်းတယ်ပဲ ပြောရမလား ဂျာရ်ကူမားရ်ဆိုတဲ့ လူငယ်တစ်ယောက် သူ့ဆီရောက်လာတယ်bရာဂျ်ကူမားရ်ဆိုတာ ဇသိပ်ပြင်းတဲ့ မြွေပွေးလိုကောင်မျိုး သူနဲ့ ထိပ်တိုက်တွေ့မိသမျှ ဘယ်သူမှ အသက်ဆိုးမရှင်ကြဘူး" အသံတိတ်နေလိုက် ... မဟုတ်လို့ကတော့ အကြမ်းပတမ်းဖြစ်သွားမယ်"သူပြောသလို အသံတိတ်နေလိုက်တာ အကောင်းဆုံးဖြစ်လိမ့်မယ် မဟုတ်ရင် တကယ့်ကို ...
movie

R… Rajkumar (2013)

2013