Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Poorna
6.4
Bhimaa (2024)
Bhimaa (2024)ဒီတစ်ခါ CM ဘောလီးဝုဒ်ပရိသတ်ကြီးအတွက် တီလဂူလ်အက်ရှင်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ် တောင်ပိုင်းကားတွေထုံးစံ အိုဗာလေးတော့ပါပေမယ့် အက်ရှင်ခန်းတွေကတော့ အားရစရာတွေမို့ ပရိသတ်ကြီးတို့ အကြိုက်တွေ့ကြမှာပါပဲမဟာသျှီဝကိုးကွယ်တဲ့သူတွေမှာ ယုံကြည်ချက်တစ်ခုရှိပါတယ်တဲ့ သူ့ကျောင်းတော်မှာ သေဆုံးသူတစ်ယောက်အတွက် လာဆုတောင်းတဲ့အခါ အဲ့လူရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းဖို့အတွက် သူ့ဆွေမျိုးထဲက လူတစ်ယောက်ကို ဝင်ပူးခွင့်ပေးပါတယ်တဲ့ဒီဇာတ်ကားထဲမှာလည်း နယ်မြို့မှာ ရာဇဝတ်မှုတွေကြီးစိုးနေတဲ့ ဂိုဏ်းကြီးတစ်ခုလုံးကို ရဲအရာရှိလေးတစ်ယောက်က သွားပြီး လူကုန်ကူးမှုကို တားဆီးတဲ့အခါမှာ ဂိုဏ်းခေါင်းဆောင်က အဲ့ရဲအရာရှိကို သတ်ပြီးတော့ လက်စဖျောက်လိုက်ရာကစပါတယ် သူ့ရဲ့မပြီးပြတ်သေးတဲ့တာဝန်တွေကို လူဝင်စားပူးကပ်သလို သူ့ညီက ဆက်လက်ဆောင်ရွက်ပြီး ဂိုဏ်းခေါင်းဆောင်ကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်လာတဲ့အခါမှာတော့.....အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ် File size…2.7GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Bhimaa (2024)
2024
7.8
Suvarna Sundari (2023)
Suvarna Sundari 2023 "မရဏရုပ်တု" IMDb - 7.9/10လွန်ခဲ့တဲ့ ၁၅ရာစုလောက်ကပေါ့ ကာလာကယ်တိုင်းပြည်ကို အုပ်စိုးရတဲ့ ရာဂျာမဟာဒေ့ဗ်ရတ်ဒီဘုရင်ဟာ သူ့ဆရာရဲ့အမိန့်အရ တိုင်းပြည်သာယာဝပြောပြီး နတ်ဆိုးတို့ရန်ကနေ ကာကွယ်နိုင်အောင် လှပတဲ့နတ်ဘုရားမှ ထရီနထရီရုပ်တုကို ကိုးကွယ်ခဲ့တယ်။ ဒါပေမဲ့လည်း အဲဒီကိုးကွယ်ခဲ့တဲ့ ရုပ်တုက မကောင်းတဲ့စွမ်းအင်တွေကို စုပ်ယူပြီး သွေးဆာနေတဲ့ရုပ်တုဖြစ်နေခဲ့ပါတယ်။ဒီရုပ်တုကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့သူမှန်သမျှဟာ အသေဆိုးနဲ့ သေရတာကြည့်ပါပဲ။ ဒီလိုနဲ့ ဒီရုပ်တုကို ဖျက်စီးဖို့ ကြိုးစားရင်း ဖျက်စီးလို့မရနိုင်ဖြစ်ပြီး ခေတ်တွေအလီလီပြောင်းလာခဲ့ပါတော့တယ်။ဒီလိုရုပ်တုမျိုးကိုမှ ကံကောင်းတယ်ဆိုပြီးတော့ ရှေးဟောင်းပစ္စည်းရောင်းဝယ်ရေးသမားတွေက ငွေကို ကုဋေနဲ့ချီပြီး လိုက်ဝယ်နေရာကနေ ဘယ်သူတွေက ဘယ်လိုအဖြစ်ဆိုးတွေနဲ့ ကြုံတွေ့ရမလဲ ....... ဒီရုပ်တုကြောင့်နဲ့ ဘယ်သူတွေက ဘယ်လိုဒုက္ခတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex~V~ToMo~Yunni တို့ပဲဖြစ်ပါတယ်) File size…2.21GB / 1.1GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Alex~V~ToMo~Yunni
movie
Suvarna Sundari (2023)
2023
7.3
Dasara (2023)
Dasara (2023) IMDb - 7.3/10မင်းသား Naniနဲ့ မင်းသမီးလေး Keerthy Suresh တို့ပါဝင်သရုပ်ဆောင်ထားတဲ့ရုံကားတစ်ကားဖြစ်ပြီး ဘတ်ဂျက်၆၅ကုဋေအထိ သုံးထားတဲ့အပြင် ၁၁၅ကုဋေအထိပြန်ရယူနိုင်တဲ့ ဇာတ်ကားကောင်းလေးဖြစ်တဲ့ Dasaraကိုတင်ဆက်ပေးချင်ပါတယ်ဗီရာလပိုင်ဆိုတဲ့ရွာလေးမှာ အရက်ကိုသူတို့ရိုးရာလို့ကိုမှတ်ယူထားကြတဲ့အထိ အရက်ကိုစွဲလမ်းကြတဲ့ လူတွေနေထိုင်ကြပါတယ် အရက်မသောက်ရရင် အလုပ်ပျက်အကိုင်ပျက်ထိုင်မှိုင်ကြတဲ့အထိကို အရက်စွဲနေကြသူတွေပါ ဒါတွေကြောင့်လည်း ဒီရွာလေးမှာဖွင့်ထားတဲ့ဆစ်ခ်ဘားအမည်ရှိ အ ရက်ဆိုင်ဟာအရက်ဝယ်သူတွေကြိတ်ကြိတ်တိုးတိုးနဲ့ ဝင်လာမစဲတသဲသဲပါပဲ ဒါတင်မကသေးပါဘူး ဒီဘားရဲ့ငွေကိုင်ရာထူးကလည်းတစ်ရွာလုံးကလူတွေအလေးစားရဆုံးရာထူးလည်းဖြစ်ပါတယ်တစ်ဖက်မှာလည်း ဒါရန်နီ ဆူရီ နဲ့ဗန်လာနီတို့က ငယ်ငယ်ကတည်းက သူငယ်ချင်းကောင်းတွေဖြစ်ကာ ဒါရန်နီဟာ ဗန်လာနီကို ဟိုးကလေးဘဝကတည်းကချစ်နေခဲ့ပေမယ့် သူငယ်ချင်းဖြစ်သူဆူရီက ဗန်လာနီနဲ့ချစ်နေတာကြောင့် ကိုယ်ကျိုးစွန့်လွှတ်ခဲ့ပြီး သူ့သူငယ်ချင်းနှစ်ယောက်အကျိုးကိုပဲ အမြဲကြည့်ပေးနေခဲ့သူပါတစ်နေ့မှာတော့ ဗန်လာနီကိုတခြားလူတစ်ယောက်နဲ့ အိမ်ထောင်ချပေးဖို့လုပ်ကြတဲ့မိဘတွေကြောင့် ဒါရန်နီဟာ ဆူရီကိုလည်းရွာကကြီးမှူးကျင်းပတဲ့ခရစ်ကတ်ပြိုင်ပွဲကိုဝင်ပြိုင်စေပြီး ဘားရဲ့ငွေကိုင်ရာထူးကိုရအောင်ကြိုးစားကြပါတော့တယ်ဒါပေမယ့်တကယ့်ပြိုင်ပွဲနောက်ကွယ်မှာတော့ ကြီးမှူးသူတွေရဲ့စနက်နဲ့ ပြိုင်ပွဲအနိုင်ရရှိသူကို သတ်မှတ်ထားပြီးသားမှန်းသိလိုက်ရတဲ့အခါ ဒါရန်နီနဲ့ဆူရီတို့အသင်းက ဘယ်လိုတွေလုပ်ကြမလဲ သူတို့တွေဒီလိုလှည့်ကွက်တွေနဲ့ပြည့်နှက်နေတဲ့ ပြိုင်ပွဲကိုနိုင်ပါ့မလား အကွက်ချစီစဥ်မှူတွေကို ဘယ်လိုဖြတ်ကျော်ကြမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှူ့လိုက်ရအောင်နော် File size…3.29GB / 1.45GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~KhinKhin
movie
Dasara (2023)
2023
8.5
Tees Maar Khan (2022)
Tees Maar Khan 2022 =============== 8.5/10 IMDb ဒီတစ်ခါတော့ တေလေဂူဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဇာတ်လမ်းအကျဥ်း.. သာယာမှုမရှိတဲ့မိသားစုနှစ်စုက ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက် တစ်ညမှာဆုံမိကြပြီး တစ်ယောက်နဲ့တစ်ယောက်အကူအညီပေးဖို့ကတိပြုခဲ့ကြပါတယ်အမေတစ်ယောက်ထက်သူ့အပေါ်မှာပိုကောင်းတဲ့အမကြီးကို အာဒီက အမေလို့ပဲခေါ်ခဲ့ပါတယ်... သူ့အမေကိုထိဓားကြည့်ဆိုတဲ့အတိုင်းသူ့အမေကိုလူတစ်စုက ထိပါးစော်ကားလို့အဲ့ဒီလူအယောက်သုံးဆယ်ကိုဆုံးမလိုက်ရာကနေ (Aadi)တီးစ်မာခန်းလို့အမည်တွင်လာခဲ့ပါတယ်...တစ်နေ့သူ့သူငယ်ချင်းရဲ့ကိစ္စတစ်ခုကိုလိုက်ဖြေရှင်းပေးရင်း အာနာဂါ (Payal Rajput)ဆိုတဲ့မိန်းကလေးတစ်ယောက်က သူကတဲ့ကကွက်တွေအတိုင်းလိုက်ကနေတာကိုမြင်ပြီး ချစ်မိသွားရာက ကျောင်းအထိပါလိုက်ကပ်ပါတော့တယ်သူတို့မြို့မှာ ဂီဂျာ (Thakur Anoop Singh)လို့ခေါ်တဲ့ ဥပဒေကိုလက်တစ်လုံးခြားလုပ်နေတဲ့လူဆိုးတစ်ယောက်ရှိနေလို့ ဝန်ကြီးချုပ်က သူ့ကိုဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်နှိမ်နင်းဖို့ အစီအစဥ်ဆွဲကြိုးစားခဲ့ပါတယ်..ဒီဇာတ်လမ်းထဲမှာ သူတို့ဘယ်လိုတွေထိပ်တိုက်တွေ့လာကြမှာလဲ.. တီးစ်မာခန်းကရော ဘယ်လိုစိန်ခေါ်မှုမျိုးတွေနဲ့ ကြုံတွေ့လာရမလဲဆိုတာ...ဆက်လက်ရှုစားပေးကြပါဦး File size…2.16GB / 1.06GB Quality…1080p AVC / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & ThuRa & Kevin
movie
Tees Maar Khan (2022)
2022