Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Poonam Dhillon
6.8
Ek Kori Prem Katha (2024)
Ek Kori Prem Katha 2024 ရှေးရိုးစွဲရွာကခေတ်သစ်သမီးပျိုIMDb - 6.1/10ခုခေတ်မှာ virginityက ဘဝကြီးမဟုတ်ဘူးဆိုပြီး ပြောနေကြပေမဲ့ ကမ္ဘာကြီးရဲ့ တစ်ထောင့်တစ်နေရာထက်ပိုတဲ့နေရာမှာတော့ virgin serious တွေရှိနေဆဲပါပဲ။အခုဒီရုပ်ရှင်လေးကတော့ အပျိုရည်ကို ရွှေလိုသဘောထားပြီး မိန်းမတွေကို နှိပ်ကွပ်တတ်တဲ့ရွာကလေးကို ဇာတ်အိမ်တည်ရိုက်ထားတာပါ။ဒီရွာလေးမှာ Koriဆိုတဲ့ အစဉ်အလာတစ်ခုကို မင်္ဂလာဦးညမှာ လုပ်လေ့ရှိပါတယ်။ ရိုးရှင်းအောင်ပြောရရင် အပျိုစစ်ရင် မင်္ဂလာဦးညမှာ အတူနေပြီးရင် သွေးစွန်းရမယ် ဘာညာလေးတွေပေါ့။ အကယ်၍ သွေးမထွက်ခဲ့ရင်တော့ သတို့သမီးဘက်က ရာမာယနထဲကသီတာလို မီးပေါ်ဖြတ်လျှောက်လို့ သန့်စင်မှုကို သက်သေပြခိုင်းပါသတဲ့။ဒါပေမဲ့ လက်တွေ့ဘဝကြီးဟာ ရာမာယနဇာတ်မဟုတ်သလို သတို့သမီးလေးတွေလည်း သီတာမဟုတ်တဲ့ သာမန်သွေးနဲ့သားနဲ့လူသားဆိုတော့ မင်္ဂလာဦးညမှာ သွေးမထွက်တာနဲ့ ဒီမိန်းကလေးဘဝပျက်ပြီဆိုတာ အစဉ်အလာကြီးဖြစ်နေတော့တာပေါ့။ဒီလို ရှေးရိုးစွဲရွာမှာ ဆိုင်ကယ်ကို ခပ်မိုက်မိုက်မောင်းတတ်တဲ့ ဆဘ်ဟရာတာဆိုတဲ့ မိန်းကလေးတစ်ယောက်ရှိပါသတဲ့။ ခပ်မိုက်မိုက်နေတတ်သူပီပီ ရှေးရိုးတွေဘာတွေ သိပ်ဂရုမစိုက်တတ်တဲ့သူတစ်ယောက် ရွာအကြီးအကဲရဲ့သား လဒ်ဒူနဲ့မှ မေတ္တာမျှမိလေတော့......(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ Yunni ~ KKKZတို့ပဲဖြစ်ပါတယ်) File size…2.4GB / 1.1GB Quality…WEB DL 1080p / ...
movie
Ek Kori Prem Katha (2024)
2024
Jai Mummy Di (2020)
Jai Mummy Di (2020) ရန်ငြိုးကြားကအချစ် Comedy/ Romanceဒီတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းပြေစေမယ့် အချစ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။လူနှစ်ယောက် ပေါင်းဖက်ကြပြီဆိုရင် နှစ်ဖက်မိသားစုအသိုင်းအဝိုင်းကလည်း ပေါင်းစပ်ကြရတာပါ။ဒီကားထဲမှာတော့ ပူနိနဲ့ ဆန်ဂ်ျတို့နှစ်ဦးဟာ ကမ္ဘာ့ရန်ဘက်မိသားစုတွေဖြစ်ကြပေမယ့် လူငယ်သဘာဝ ချစ်မိသွားကြပါတယ်။ အမေတွေရဲ့ရန်ငြိုးကြောင့် နှစ်ဦးသားပေါင်းဖက်ရဖို့ဆိုတာ သူတို့အတွက် မဖြစ်နိုင်တဲ့ကိစ္စကြီးတစ်ခုပါပဲ။ဒီလိုတွေကြောင့် ချစ်သူနှစ်ဦး သဘောထားမတိုက်ဆိုင်ကြတာနဲ့ လမ်းခွဲလိုက်ကြပါတယ်။ ချစ်လျက်နဲ့လမ်းခွဲလိုက်ရတဲ့ သူတို့နှစ်ဦး ပြန်ပေါင်းထုတ်ဖို့ကြံတဲ့အခါ... ဒီတစ်ခါမှာတော့ သူတို့ဘဝနှစ်ခုကို ပေါင်းစပ်ဖို့အတွက် အမေတွေရဲ့မပြီးဆုံးနိုင်တဲ့ရန်ပွဲကို အဆုံးသတ်လိုက်ဖို့ ကြံစည်တဲ့အခါ...သူတို့နှစ်ဦးရဲ့ အချစ်ခရီးကဖြောင့်ဖြူးနိုင်မလား...ဘယ်လိုအလွဲတွေကြုံရဦးမလဲဆိုတာကို ဟာသလေးတွေနဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Teamပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…1.9GB / 856MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Jai Mummy Di (2020)
2020
6.8
Plan A Plan B (2022)
Plan A Plan B (2022)အခုတစ်ခါထွက်ရှိထားတဲ့ ကားလေးကတော့ မင်းသားရီတေရှ်ဒေရှ်မွခ်နဲ့ မင်းသမီးချောလေး တမန်နားဘာတီယားတို့ရဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်...တစ်ယောက်က ကွာရှင်းပြတ်စဲပေးတဲ့ ရှေ့နေလေး ကော်စီ...နောက်တစ်ယောက်က အောင်သွယ်တော်လုပ်ပေးတဲ့ အိမ်ထောင်ရေးအေဂျင်စီမလေး နီရာလီ...ကော်စီက အတ္တကြီးပြီးတစ်ကိုယ်ကောင်းဆန်တယ် လက်ရှိအိမ်ထောင်ရေးအဆင်မပြေဘူးနီရာလီကတော့ ညှင်သာနူးညံ့လွန်းပြီး သူ့ကိုဖြတ်သွားတဲ့ ရည်းစားကို မမေ့နိုင်သေးတဲ့ ကောင်မလေး...အလုပ်မတူ စာရိတ္တချင်းမတူ စိတ်ဓါတ်မချင်းမတူတဲ့ ဒီလူနှစ်ယောက်ဟာ အဆောက်အဦးတစ်ခုထဲက ဘေးချင်းကပ်အခန်းမှာ ရုံးခန်းကိုယ်စီထိုင်ဖြစ်ကြတဲ့အခါ...သူတို့တွေ ကြောင်နဲ့ကြွက်လိုမျိုး ဘယ်လိုရန်ဖြစ်ကြမလဲ...တလွဲဟာသလေးတွေနဲ့ ဘယ်လိုတွေခွီရမလဲဆိုတာကို ဆက်လက်မြင်တွေ့ရမှာပဲဖြစ်ပါတယ်...အချစ်ဆိုတာက ဆန်းကြယ်တယ်လို့ ပြောစမှတ်တွင်ခဲ့ကြသလိုမျိုးပဲ သူတို့နှစ်ဦးကိုယ်စီကြားမှာ သံယောဇဉ်တွေ ရှိလာနိုင်မလားဆိုတာကို ဇာတ်ကားထဲမှာ ရှုစားပေးကြပါဦးနော် File size…1.8GB / 841MB Quality…1080p NF WEBDL AAC5.1CH / 720p Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Shwe Pyae & BpL & Taylor
movie
Plan A Plan B (2022)
2022
5.7
Ramaiya Vastavaiya (2013)
Ramaiya Vastavaiya (2013) ========================အခုတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးကို Ramaiya Vastavaiya လို့ အမည်ရတဲ့ ကားဟောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားကတော့ Romantic Drama ဆိုတဲ့ အမျိုးအစားဖြစ်တဲ့အလျောက် လူငယ်လေးနှစ်ယောက် ဖူးစာစုံမက်ကာ ချစ်ကြိုက်ခဲ့ပြီး တူနှစ်ကိုယ်ပေါင်းဖက်ခွင့်ရဖို့ အခက်အခဲတွေ ကျော်လွှားရပုံကို ဟာသနှောရင်း ရိုက်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ်ရမ်လို့အမည်ရတဲ့ ကောင်လေးဟာ ဘီလီနာမိဘနှစ်ပါးကနေ ပေါက်ဖွားလာပြီး ဩစတြေးလျမှာ ကြီးပျင်းလာခဲ့တဲ့ မြို့ကြီးသားသူဌေးသားလေးပါ ဆိုနာဆိုတဲ့ ကောင်မလေးကတော့ အစ်ကိုဖြစ်သူ ရတ်ဒ်ဟူးဗီကို ဖခင်လိုမိခင်လို ဆည်းကပ်ရင်း အစ်ကိုတစ်ယောက်ညီမတစ်ယောက်ဘဝနဲ့ ဘဝကိုဖြတ်သန်းနေတဲ့ ရိုးရိုးသားသား ကျေးတောသူလေးပေါ့တစ်နေ့မှာတော့ သူငယ်ချင်းဖြစ်သူက မင်္ဂလာပွဲကို လာဖို့ အိမ်ကိုဖိတ်ရင်း ရမ်နဲ့ဆိုနာတို့ ကံကြမ္မာစုံမက် ဖူးစာဖက်ကာ နှစ်ယောက်သားအတူ ချစ်ကျွမ်းဝင်ခဲ့ကြပါတယ် ဒါပေမဲ့လည်း ရမ်ရဲ့မိခင်ဟာ ဒီအကြောင်းကို သိသွားပြီးတဲ့နောက် ရမ်ကို သူမမောင်ရဲ့စီးပွားရေးမိတ်ဖက်ရဲ့သမီးဖြစ်သူနဲ့ နေရာချထားပေးဖို့ စီစဥ်ပါတော့တယ် ကံဆိုးမသွားရာ မိုးလိုက်လို့ရွာတယ်လို့ပဲ ပြောရမလား ရမ်ရဲ့အမေ ဆိုနာ့ကို ငွေကြေးချို့တဲ့တဲ့အတွက်ကြောင့် ပုတ်ခတ်ပြောဆိုနေစဥ် ဆိုနာ့အစ်ကိုဖြစ်သူ ရတ်ဒ်ဟူးဗီ ရောက်လာပါတော့တယ် ရမ်တစ်ယောက် အကြပ်တွေ့ပြီး အမေဖြစ်သူနဲ့နေခဲ့ရင် မချစ်နှစ်သက်တဲ့သူနဲ့ လက်ထပ်ပြီး ...
movie
Ramaiya Vastavaiya (2013)
2013