Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Philip Keung Hiu-Man
6
Crisis Negotiators ( 2024 )
ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းကတော့အမှုတစ်ခုဖြစ်တိုင်း ပြစ်မှုကျူးလွန်သူတွေ လက်နက်မချ အညံ့မခံတဲ့အခါမျိုးမှာတစ်ဖက်နဲ့ တစ်ဖက်ပြန်မတိုက်ခင်ရဲနဲ့ အပြစ်သားကြားမှာ ညှိနှိုင်းဆွေးနွေးမှုလုပ်ရတာပေါ့။ဒီလိုမှမရတဲ့အဆုံးမှာ လက်နက်သုံးတိုက်ခိုက်တဲ့အထိဖြစ်လာကြတာရဲဌာနရဲ့လုပ်ငန်းစဉ်ပါပဲ။ဒီဇာတ်လမ်းထဲမှာ ကျောဝန်ဝေ၊ရှဲ့ကျားကျွင့်၊ကျန်းရုံကျာတို့က အကျွမ်းကျင်ဆုံး ညှိနှိုင်းသူတွေဖြစ်ပြီး ရှဲ့ကျားကျွင့်ကလက်နက်မသုံးသွားပဲ တဖက်အပြစ်သားကိုလက်နက်အညံ့ခံလာအောင် လုပ်နိုင်တဲ့အထိ ညှိနှိုင်းနိုင်တဲ့အရည်အချင်းရှိသူ။ကျောဝန်ဝေကနည်းနည်းစိတ်ဆတ်သူဖြစ်ပြီး တည့်တိုးညှိနှိုင်းသည့်အဆုံးမရရင် လက်နက်သုံးတိုက်ခိုက်တဲ့အရည်အချင်းရှိသူ။ ဒီလိုနဲ့တစ်နေ့မှာရှဲ့ကျားကျွင့်အလုပ်ထွက်သွားပြီး လုပ်အားပေးအနေနဲ့လုပ်နေကာသုံးနှစ်ကြာပျောက်သွားခဲ့တယ်။ဒီသုံးနှစ်အတွင်းကျောဝန်ဝေနဲ့ကျန်းရုံကျာတို့ အတူတူအလုပ်ဆက်လုပ်ကြရင်းတစ်ဖက်မှာ ရဲဌာနလူမှုဖူလုံရေးရန်ပုံငွေ အလွဲသုံးစားမှုကိစ္စကို စုံစမ်းနေတယ်။ ဒီလိုနဲ့ကျောဝန်ဝေမွေးနေ့မှာ ကျန်းရုံကျာကသဲလွန်စရသွားပြီး နောက်တစ်နေ့ကျောဝန်ဝေကို ရန်ပုံငွေအလွဲသုံးစားလုပ်သူ မည်သူဖြစ်ကြောင်းပြောဖို့ချိန်းထားပေမဲ့ တဖက်ကတစ်လှမ်းရှေ့ရောက်ပြီး ကျန်းရုံကျာကိုသတ်သွားခဲ့တယ်။ဒီလိုနဲ့ ကျောဝန်ဝေကိုစွပ်စွဲပြီးဖမ်းဆီးစစ်ဆေးမေးမြန်းခဲ့ရာ ဘယ်လိုတွေဖြစ်လာမလဲ။ ဒီလိုအမှန်တရားကိုမြတ်နိုးပြီး အမြဲတမ်း တည့်တိုးပြောတတ်တဲ့ ကျောဝန်ဝေတစ်ယောက် ဘယ်လိုဒီအမှုကိုဖော်ထုတ်မလဲဆိုတာတော့ ဒီဇာတ်လမ်းလေးကို ဆက်လက်စောင့်မျှော်ကြည့်ရူလိုက်ရအောင် Filesize : 1.7 GB / 1 GB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Crime Runtime : 2h Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie
Crisis Negotiators ( 2024 )
6.2
Death Notice ( 2023 )
အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဟောင်ကောင်မှုခင်း ဇာတ်လမ်းကောင်းလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ -ကိုယ့်ကိုယ်ကိုယ် တရားမျှတသူအဖြစ် ခေါ်ဆိုနေတဲ့ လျှို့ဝှက်ကွင်းဆက်လူသတ်သမား Darker ဆိုသူဟာ ရဲတပ်ဖွဲ့ကို စိန်ခေါ်ခဲ့ပါတယ်။ "သေဆုံးခြင်းအကြောင်းကြားစာ" များကို ဆက်တိုက်ပို့ခဲ့ပြီး အပို့ခံရသူတွေကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။အမှန်တရားကို စုံစမ်းဖို့အတွက် ပေါက်ကွဲမှုမှာ မျက်မြင်သက်သေဖြစ်ခဲ့သူ ဟွမ်ရှောက်ဖျင်၊ ရဲမှူးလော်ဖေး၊ မှုခင်းတပ်ဖွဲ့အဖွဲ့ခေါင်းဆောင် ဟန်ဟောက်တို့ဟာ Darker ရဲ့ အစီအစဉ်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။Darker က ဘယ်သူဖြစ်မလဲ...... အသတ်ခံရတဲ့လူတွေကရော ဘယ်လို ပြစ်မှုတွေကို ဖုံးကွယ်ထားသလဲ...... ဆိုတာကို plot twist အပြည့်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဟောင်ကောင်ရှုပ်ရှင်ကောင်းတွေ ရှားပါးနေတဲ့အချိန်မှာ ဟောင်ကောင်ဝါရင့်သရုပ်ဆောင်ကြီးတွေနဲ့ အပြည့်အဝ အားဖြည့်ထားတဲ့ ဒီရုပ်ရှင်လေးကိုတော့ မကြည့်မဖြစ်ကြည့်ကို ကြည့်သင့်ပါတယ်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery Runtime : 1h 40 min Subtitle : Myanmar Subtitle ( ...
movie
Death Notice ( 2023 )
6.3
Fireflies in the Sun ( 2023 )
ဇာတ်ညွှန်းဆရာ လင်ရိချန်က အချစ်အတွက်သာဆို တစ်ကမ္ဘာလုံးကို မီးပြာချပစ်မယ်ဆိုတဲ့ ဇာတ်လမ်းမျိုးတွေ ရေးလေ့ရှိပါတယ်။ အဲ့လို ဇာတ်လမ်းတွေကိုရေးတဲ့ လင်ရိချန်ဆီမှာလည်း သူချစ်ရတဲ့ ဇနီးဖြစ်သူ အားလင်နဲ့ သားဖြစ်သူ ရှောင်ချုံ ရှိပါတယ်။ငွေကြေးမပြည့်စုံသည့်တိုင် မိသားစုကလေးက သိုက်သိုက်ဝင်းဝင်း၊ နွေးနွေးထွေးထွေးပါပဲ။ တစ်နေ့မှာတော့ သားငယ်လေး ရှောင်ချုံဆီ နှလုံးရောဂါစွဲကပ်နေပြီလည်း ကြားရော မိဘနှစ်ယောက်စလုံး ရင်မှာ ဗလောင်ကိုဆူသွားတော့တာပါပဲ။ သားငယ်ရဲ့ ရောဂါကို ကုသနိုင်ဖို့ ငွေကလည်းအလောတကြီး လိုအပ်နေချိန်ဖြစ်တယ်။ငွေကိုအလောတကြီးရှာနေရင်းနဲ့ပဲ ဆေးရုံအတွင်းက အကျင့်ပျက်ခြစားမှူတွေအကြောင်း သိလာရတယ်။ အကျင့်ပျက်ခြစားသူတို့ရဲ့ လုပ်ရပ်တစ်ခုက သားငယ်လေးရဲ့ အသက်ကိုပါ ထိပါးလာတဲ့အခါမှာတော့ လင်ရိချန်တစ်ယောက် လက်ပိုက်ကြည့်မနေနိုင်တော့ပါဘူး။ သူ့ဇာတ်ကောင်တွေနည်းတူ သူကလည်း သားလေးအတွက်၊ မိသားစုအတွက်ဆို လက်နှေးနေမဲ့သူ မဟုတ်ပါဘူး။လက်မနှေးတဲ့အပြင် မိသားစုကိုချစ်တဲ့အချစ်က လှုံ့ဆော်ပေးလိုက်တဲ့ ဒေါသမီးတောက်နဲ့ တစ်ကမ္ဘာလုံးကို ပြာချဖို့ စီစဉ်ပါတော့တယ်။ သူ ဘယ်လိုဘယ်ပုံတွေလုပ်မယ်ဆိုတာကိုတော့............. Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Drama , Family Runtime : 1h 58 min Subtitle : ...
movie
Fireflies in the Sun ( 2023 )
6.4
Call of Heroes (2016)
Call of heroes (2016)ဒီကားလေးကတော့ နိုင်ငံရေးအရှုပ်အထွေးတွေ ကွန်ဖူးသဘောကျသူတွေ ကြည့်သင်တဲ့ကားလေးပါနော် မြင်းတစ်ကောင်ကိုပဲ မှီခိုပြီး မြင်းသွားရာနောက်သာလိုက်တတ်တဲ့ မာဖုန်း... သူ့မှာဘယ်လိုအတိတ်တွေရှိခဲ့လို့ လောကကြီးကိုစိတ်ကုန်ပြီး လေလွင့်နေတာလဲ?တောမီးလောင် တောကြောင်လက်ခမောင်းခတ်သလို တိုင်းပြည်မငြိမ်သက်ချိန် ချောင်ယင်းက စစ်အင်အားစုပြီး မြို့လေးတွေကို လိုက်သိမ်းပိုက်ပါတော့တယ်စိတ္တဇဆန်ဆန် လူပဲသတ်ချင်နေတဲ့ ချောင်ယင်းရဲ့သား ချောင်ရှောလန်ကြောင့် မာဖုန်းနဲ့ ဆရာမလေးပိုင်တို့ တွေ့ဖို့ဖြစ်လာတဲ့အခါ...ဘယ်လိုကံကြမ္မာတွေကြုံတွေ့ရမလဲ?ချောင်ယင်းတို့ကို ဘယ်လိုနှိမ်နှင်းမလဲဆိုတာ ဇာတ်လမ်းလေးထဲ ကြည့်ရအောင်နော် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hlaing Theint Theint Latt ပါ )File Size__(2.7GB) / (1.3GB) Quality__Bluray_1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__02:00:00 Type__Action, Adventure, Crime Subtitle__Myanmar Subtitle (Hardsub) Translated by Hlaing Theint Theint Latt Encoded by Naing Aung Latt
movie
Call of Heroes (2016)