Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Philip Baker Hall
5.7
The Lodger (2009)
The Lodger (2009)============အယ်လင်ဟာ မပြေလည်တဲ့ အိမ်ထောင်ရေးနဲ့စိတ်ဒဏ်ရာတွေကြားမှာ ခက်ခက်ခဲခဲရှေ့ဆက်နေရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့တော့ သူတို့ခြံဝင်းထဲက ငှားစားတဲ့အိမ်အလွတ်ကို သူစိမ်းလူချောတစ်ယောက်ပြောင်းလာခဲ့ချိန်မှာတော့ ငြီးငွေ့ဖွယ် သူ့ဘ၀ထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစရာတွေဖြစ်ပေါ်လာပါတော့တယ်။ အဲ့ဒီသူစိမ်းဟာ သူ့ကိုယ်သူ စာရေးဆရာတစ်ယောက်အဖြစ်မိတ်ဆက်ပါတယ်။စိတ်ကူးနဲ့လုပ်ရတဲ့အလုပ်ဖြစ်တဲ့အတွက်အနှောင့်အယှက်မခံနိုင်လို့ဆိုပြီး သူငှားနေတဲ့ အိမ်ထဲကိုအယ်လင်ကိုပါအလာမခံပါဘူး။ ဒါပေမယ့် သူ့ဆင်ခြေနဲ့သူ ဟုတ်နေတဲ့အတွက်သံသယတစ်စုံတစ်ရာမရှိပဲ ပဟေဠိဆန်တဲ့လူတစ်ယောက်ကို အယ်လင့်အနေနဲ့လက်ခံထားမိရက်သားဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်ဟာ ဝက်စ်ဟောလိ၀ုဒ်မှာ ရက်စက်ကြမ်းတမ်းလွန်းတဲ့လူသတ်မှုတွေစပြီးဖြစ်ပေါ်နေတဲ့အချိန်ပါ။ အသတ်ခံရသူတွေဟာ ပြည့်တန်ဆာတွေဖြစ်ပြီး သတ်ပုံသတ်နည်းတွေ သားကောင်ရွေးချယ်မှုတွေဟာ လွန်ခဲ့တဲ့ ၁၈၈၈ ခုနှစ်က လန်ဒန်မှာဖြစ်ပေါ်ခဲ့ပြီး အခုချိန်ထိတရားခံမပေါ်ခဲ့တဲ့ Jack the Ripper ကိုပုံတူကူးထားတာဖြစ်ပါတယ်။ အဲ့ဒီလိုပုံစံတူလူသတ်မှုတွေဟာ လွန်ခဲ့တဲ့ ခုနှစ်နှစ်ကလည်းဖြစ်ပွားခဲ့ဖူးပြီး အဲ့ဒီအမှုတွေရဲ့တရားခံကိုဖော်ထုတ် ကွပ်မျက်ခဲ့ပြီးပါပြီ၊ ဒါဆိုရင်အခုထပ်ဖြစ်လာတဲ့လူသတ်မှုတွေကရော ပုံတူကူးလူသတ်သမားနောက်တစ်ယောက်လား? ဖမ်းဆီးကွပ်မျက်ခံလိုက်ရတဲ့သူဟာ တရားခံအစစ်ဖြစ်နိုင်ပါ့မလား? အဲ့ဒီလူသတ်မှုတွေဟာ အယ်လင်နဲ့ ဘယ်လိုပတ်သက်လာမလဲ ဆက်လက်ရှုစားကြပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2.1GB)/(1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:35:00 Genre_Crime, Horror , Mystery Subtitle_Myanmar Subtitle ...
movie
The Lodger (2009)
6.8
Bruce Almighty(2003)
စူပါဟာသမင်းသားကြီး Jim Carrey ရဲ့ နာမည်ကြီး ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားဟာ ၂၀၀၃ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး Box Office မှာ 486$ Millions နဲ့ အောင်မြင်မှု သရဖူဆောင်းသွားခဲ့ပါတယ်။ လက်ရှိ IMDb 6.8 ရထားပြီး ဇာတ်လမ်းအကျဉ်းကတော့ ဘရုစ် ဆိုတဲ့ အားလုံးကို ပျော်ရွှင်စေတတ်တဲ့ အငယ်တန်း သတင်းကြေညာသူလေးဟာ အဓိက သတင်းကြေညာသူနေရာကို အမြဲရည်မှန်းနေပေးမယ့် ဘယ်တော့မှ မရခဲ့ပါဘူး။ ဒါ့အပြင် တခြားအဆင်မပြေမှုတွေ အတွက် ဖန်ဆင်းရှင်ကို အမြဲအပြစ်တင် ပြောဆိုနေခဲ့ပါတယ်။ တစ်နေ့မှာတော့ ထူးဆန်းတဲ့ ဖုန်းခေါ်ဆိုမှုတစ်ခုကနေ ဖန်ဆင်းရှင်ဘုရားနဲ့ တွေ့ဆုံခဲ့ရပြီး သူ့ကို တစ်ပတ်တိတိ ဖန်ဆင်းရှင်အဖြစ် တာဝန်လွှဲအပ်လိုက်တဲ့အခါ.......တစ်ကားလုံး ရယ်နေရသလို တွေးတောစရာ သင်ခန်းစာယူစရာတွေ အပြည့်နဲ့ ကြည့်နိုင်ဖို့ တင်ပေးလိုက်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / ...
movie
Bruce Almighty(2003)
2003
7.3
Say Anything… (1989)
Say Anything... (1989)~ IMDb - 7.3/10, RT - 98%, Meta - 86% ~Say Anything က Ghostတို့ Titanicတို့ 10 Things I Hate About You တို့လို When Harry Met Sally... တို့လို Classic Romance ကားပဲ။ အနီးစပ်ဆုံးအရသာတူတာကတော့ When Harry Met Sally... နဲ့လို့ ပြောရမယ်။ တစ်နှစ်တည်းထွက်တဲ့ ရိုမန့်ဟာသကားချင်းအတူတူကိုး။ သူ့ဇာတ်ကတော့ အထက်တန်းကျောင်း ကျောင်းဆင်းပွဲနေ့ကနေစတယ်။ ကျောင်းက အရာရာတော်နေတဲ့ ထက်မြက်တဲ့ကျောင်းသူလေးကို သွားကြိုက်မိတဲ့ ပေတေတေနေတဲ့ကောင်လေးတစ်ယောက်က သူအဲဒီကောင်မလေးကို ချစ်မိနေတဲ့အကြောင်း သူ့ဘော်ဒါနှစ်ယောက်ကို ပြောရာကစတယ်။သူ့ဘော်ဒါမတွေကတော့ သူ့ကို မဖြစ်နိုင်တာတွေ မလုပ်နဲ့ ဘာညာ တားကြပေမဲ့ သူကတော့ ရအောင်လိုက်မယ်ဆိုပြီး ...
movie
Say Anything… (1989)
1989
6.2
Rush Hour 3 (2007)
(function(f,b,n,j,x,e){})();Rush Hour ရဲ့ တတိယမြောက်ဇာတ်ကားဖြစ်ပါတယ်...တရုတ်ကောင်စစ်ဝန် ဟန် လုပ်ကြံခံခဲ့ရခြင်းကြောင့် အင်စပက်တာလီ နဲ့ စုံထောက်ကာတာတို့နှစ်ဦး ပြန်လည်ပေါင်းစည်းကြဖို့အကြောင်းဖန်လာပြန်ပါတယ်။ဒီတစ်ခေါက်တော့ ပဲရစ်မြို့မှာပါ။ ဗီလိန်အဖြစ် ဝါရင့် ဂျပန်မင်းသားကြီး Hiroyuki Sanada လည်း ပါဝင် ထားပါတယ်။ File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre...Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wai Yan Htun
movie
Rush Hour 3 (2007)
2007
6.4
The Sum of All Fears (2002)
The Sum of All Fears (2002)~ IMDb - 6.4/10, Rotten Tomatoes - 59% ~ဒီဇာတ်ကားက Jack Ryan ရုပ်ရှင်တွဲရဲ့ ၄ကားမြောက်ရုပ်ရှင်ဖြစ်ပြီး Ben Affleck နုစဉ်အခါက ဇာတ်ကားလည်း ဖြစ်ပါတယ်။ သူ့အပြင် Morgan Freeman ကြီးလည်း ပါဝင်ပါသေးတယ်။ ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်အပြီး ယူအက်စ်နဲ့ ရုရှားရဲ့ စစ်အေးခေတ် လက်နက် အားပြိုင်မှုကို ကျောရိုးယူရိုက်ကူးထားတာပါ။~ ဇာတ်လမ်းအကျဉ်း ~အမေရိကန် ဘော်တီမိုးမှာ သမ္မတကိုယ်တိုင် တက်ရောက်အားပေးတဲ့ ဘောလုံးပြိုင်ပွဲကို အဏုမြူဗုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ သမ္မတက အသက်ရှင်ခဲ့ပေမဲ့ ဒီတိုက်ခိုက်မှုကြီးကြောင့် လူပေါင်းများစွာ သေကြေခဲ့တာပါ။ ဒီအကြမ်းဖက်မှုရဲ့ရှေ့မှာလည်း ရုရှားကနေ ခွဲထွက်ထားတဲ့ ချေချင်းညာဒေသအရေးကြောင့် ရုရှားနဲ့ အနောက်နိုင်ငံတွေ၊ အထူးသဖြင့် အမေရိကန်တို့ကြားမှာ တင်းမာမှုရှိခဲ့တာကြောင့် ဒီတိုက်ခိုက်မှုဟာ ရုရှားတွေရဲ့လက်ချက်လို့ယူဆပြီး ...
movie
The Sum of All Fears (2002)
2002
7.9
The Insider(1999)
The Insider(1999)IMDb.....7.9,,,Rotten....96IMDb rating 7.9 ရရှိထားတဲ့ ဒီ The Insider ဆိုတဲ့ဇာတ်ကားဟာဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်...ဒီကားထဲမှာ အဓိကသရုပ်ဆောင်ထားတဲ့ မင်းသားကြီး ၂ဦးဖြစ်တဲ့Russell Crowe,နဲ့Al Pacino တို့ကိုတော့ တော်တော်များများသိမယ်ထင်ပါတယ်.. နာမည်ကြီးဆေးလိပ်ကုမ္ပဏီ(၇)ခုရှိတယ် …အဲ့ဒီဆေးလိပ်ကုမ္ပဏီတစ်ခုမှာ ဆေးရွက်ကြီးသုတေသနပိုင်းနဲ့ပတ်သက်ပြီးအလုပ်လုပ်တဲ့ ဒေါက်တာတစ်ယောက်ရှိတယ်..စမ်းသပ်စစ်ဆေးချက်နဲ့ပတ်သက်ပြီး နီကိုဒင်းဓတ်ရဲ့ဆိုးကျိုးတွေအကြောင်းအထက်လူကြီးဆီကို အဲ့ဒီဒေါက်တာက တင်ပြခဲ့တယ်....အဲ့ဒီကုမ္ပဏီတွေက သူတို့ရဲ့ထုတ်ကုန်ဖြစ်တဲ့ ဆေးလိပ်တွေဟာ ဘေးဥပါဒ်ဖြစ်စေနိုင်တယ်ဆိုတာကိုသိပေမယ့် လျှို့ဝှက်ထားခဲ့ကြတယ်…ဆိုးကျိုးတွေတင်ပြခဲ့တဲ့ ဒေါက်တာဟာလည်း နောက်ပိုင်းမှာ အကြောင်းမဲ့ အလုပ်ထုတ်ခံလိုက်ရတယ်….. ဖြစ်ချင်တော့တိုက်တိုက်ဆိုင်ဆိုင် သူအလုပ်ဖြုတ်ခံရပြီးချိန်မှာ နာမည်ကြီးတီဗွီအစီအစဉ်တစ်ခုရဲ့ပရိုဂျူဆာတစ်ယောက် နဲ့အဆက်အသွယ်ရခဲ့တယ်...အဲ့ဒီမှာ ပရိုဂျူဆာ က အလုပ်ဖြုတ်ခံလာရတဲ့ ဒေါက်တာကိုဆေးလိပ်လုပ်ငန်းရဲ့အတွင်းရေးတွေနဲ့ပတ်သက်ပြီးလျှို့ဝှက်ထားတဲ့အချက်အလက်တွေကို ဖြေပေးဖို့သူတို့အစီအစဉ်မှာပါဝင်ဖို့ပြောလာပါတော့တယ်...….ဒီကားဟာ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်သလို ဇာတ်ကောင်တွေ ဒိုင်ယာလော့တွေကလည်းလက်တွေ့ဆန်ပြီး သဘာဝကျတဲ့ ဘက်ကို အားပြုချဉ်းကပ်ထားပါတယ်….ပြသချိန်၂နာရီကျော်ကြာမြင့်တဲ့ဒီကားဟာ အစပိုင်း နာရီဝက်ကျော်လောက်အထိတော့ လိုက်လံဆက်စပ်နေရလို့အနည်းငယ် ပျင်းဖို့ကောင်းနေနိုင်ပါတယ်....နောက်ပိုင်းမှာတော့ ကျွန်တော့်လိုခပ်ကြောင်ကြောင်ကားတွေကြိုက်တဲ့သူတွေအဖို့ လုံးဝသဘောကျစေရမယ်လို့တော့အာမခံပါတယ်…File Size : (3.7GB) (1.75GB) and (459MB) Quality : Blu-Ray1080P5.1Ch, 720p Format…mp4 Duration…02:37:00 Genre : ...
movie
The Insider(1999)
1999
6.4
Rules of Engagement(2000)
Rules of Engagement(2000) ဒီရက်ပိုင်း ပျင်းပျင်းနဲ့ဇာတ်ကားတွေ လိုက်ရှာကြည့်ရင်း အသိအစ်ကိုတစ်ယောက် ထည့်ပေးထားတဲ့ ထဲက ဇာတ်ကား တစ်ကား ကြည့်ဖြစ်လိုက်တယ် ကောင်းနိုး ကောင်းနိုးနဲ့ ဇာတ်ကားတွေ လိုက်ရှာကြည့်ရင်း ကြည့်မိလိုက်တာက rules of engagement ဆိုတဲ့ကား ဇာတ်လမ်းက စစချင်း အမေရိကန် ဗီယက်နမ် စစ်ပွဲထဲက တိုက်ပွဲတစ်ခုကနေ စတည်ထားတယ် စိတ်ထဲထင်လိုက်တာက စစ်ကားတစ်ကားပေါ့ စစ်ကားတွေလည်း မကြည့်ဖြစ်တာလည်း ကြာ နောက်ပြီး Marvel heroes ဇာတ်ကားတွေက မျက်စိတစ်ဖက်လပ်နဲ့ခပ်ကြမ်းကြမ်းဘဲကြီး Agents of shield ဒါရိုက်တာ Nick Fury အနေနဲ့လူသိများတဲ့ မင်းသား ကြီး Samuel L. Jackson တစ်ယောက် ဘယ်လိုပွဲထွက်လာမလဲ သိချင်လို့ဆက်ကြည့်ဖြစ်လိုက်တယ် ကြည့်နေရင်း ကြည့်နေရင်းနဲ့ဇာတ်ကားက အသွင်ပြောင်းလာတယ် သေနတ်သံတွေ တစ်ဒိုင်းဒိုင်းပစ်တာ မမြင်ရတော့ဘဲ စကားသံတွေပဲ အဆက်မပြတ်ကြားလာရတယ် ရုပ်ဆိုးဆိုး အဘိုးကြီး နှစ်ယောက်ဦးဆောင်ထားတဲ့ကား စကားတွေချည်းပဲ ပြောနေလို့ဇာတ်ကားပေါ် အာရုံတစ်ချက် လွတ်မသွားစေရဘူး သေသပ်တဲ့ ဒိုင်ယာလော့တွေ ဖုံးကွယ်ထားတဲ့ မြျုပ်ကွက်တွေ ...
movie
Rules of Engagement(2000)
2000
6.0
The Amityville Horror (2005)
CM Fan တွေ အတွက် Deadpool မင်းသား Ryan Reynolds ပါဝင်သရုပ်ဆောင်ထားတဲ့ Horror ဇတ်လမ်းကောင်း တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်ဂျော့ နဲ့ ကပ်သီ တို့ဟာ ညားခါစ အကြင်လင်မယားတွေ ဖြစ်ပေမယ့် ကပ်သီ ဘက်က ပါလာတဲ့ မယားပါ သားသမီး တစ်ချို့ကို ဂျော့က ကြည်ဖြူစွာ လုပ်ကျွေးနေခဲ့ပါတယ်...မကြာသေးတဲ့ အချိန်အတွင်းမို့ ကလေးတွေကတော့ ဂျော့ ကို သိပ်မကြည်ဖြူသေးဘူးပေါ့... မိသားစု များလာတဲ့အခါ ကိုယ်ပိုင်အိမ်လေးနဲ့နေချင်လာလို့ အိမ်ပွဲစားကနေ တဆင့် စျေးသက်သာတဲ့ အိမ်ရှာတဲ့အခါမှာ မြို့အစွန် တစ်နေရာမှာ ပေးရတဲ့ စျေးထက်မတန်တဆ ကို တန်နေတဲ့ ၂ ထပ်အိမ်ကြီးတစ်လုံးကို ရှာတွေ့ခဲ့ပါတယ် အိမ်ပွဲစားကတော့ ဒီအိမ်မှာ လူသေဖူးတယ်ဆိုတဲ့ သတင်းလောက်ကလွဲလို့ ဘာမှ ရေရေ ရာရာ မပြောပေမယ့် ကပ်သီ က အရမ်းလိုချင်နေတာမို့ ...
movie
The Amityville Horror (2005)
2005