Channel Myanmar

Peter Moreton

The Secret Garden (1993) 7.3
The Secret Garden (1993) The Secret Garden (1993)~ IMDb - 7.3/10, RT - 88%, Meta - 74% ~ဒီတစ်ခေါက်မှာတော့ လျှို့ဝှက်ဥယျာဥ်တစ်ခုဆီအလည်သွားရ​အောင်။ စာရေးဆရာ Frances Hodgson Burnett ရဲ့ဝတ္ထုကိုပြန်ရိုက်ထားတဲ့ Fantasy Movie "The Secret Garden" ​ကို​ နွေရာသီနဲ့လိုက်ဖက်စွာတင်ဆက်ပေးလိုက်ရပါတယ်။အိန္ဒိယမှာ ဗြိတိသျှမိသားစုနဲ့အတူနေထိုင်တဲ့ မေရီလန်းနက်ခ်ဆိုတဲ့ ၁၀ နှစ်အရွယ်ကောင်မလေး။ မိဘတွေဆီက အာရုံစိုက်မှု ချစ်ခင်ကြင်နာမှုနည်းနည်းလေးတောင်မရတဲ့မေရီဟာ ခံစားချက်မဲ့ပြီး ရင့်သီးတဲ့သူတစ်ယောက်ဖြစ်လာခဲ့တယ်။ သူငယ်ချင်းရယ်လို့လည်းမရှိခဲ့ဘူး။ တစ်နေ့မှာ မေရီ့မိဘနှစ်ပါးလုံး ငလျင်တစ်ခုကြောင့် သေဆုံးသွားခဲ့တယ်။ မိဘမဲ့ဖြစ်သွားတဲ့မေရီကို အင်္ဂလန်ကဦးလေး ကရေဗင်ကခေါ်ယူမွေးစားခဲ့တယ်။ယော့ခ်ရှိူင်းယားပြည်နယ်ကမြက်ခင်းလွင်ပြင်မှာ ခြောက်ကပ်စွာတည်ရှိနေတဲ့ မစ်ဇယ်ဝိတ်ရဲတိုက်ကြီး။ ရဲတိုက်ရဲ့သခင် ကရေဗင်က လူတွေနဲ့အဆက်အသွယ်မလုပ်တော့လို့ ရဲတိုက်ကြီးလည်းတိတ်ဆိတ်ခြောက်ကပ်လာခဲ့တာ ၁၀ နှစ်ကျော်ကြာခဲ့​ပြီ။ အိပ်မက်ထဲကဝိညာဥ်တစ်ခုက မေရီ့ကို လျှို့ဝှက်ဥယျာဥ်တစ်ခုဆီခေါ်နေခဲ့တယ်။ ရဲတိုက်အပြင်ကို တစ်ယောက်တည်း ခိုးထွက်ခဲ့တဲ့အခါ ရဲတိုက်ကြီးရဲ့အလွန် တောစပ်တစ်နေရာမှာ ...
movie

The Secret Garden (1993)

1993