Channel Myanmar

Patricia Lin

Geylang (2023)
Geylang (2023) မကာအိုလိုပြောလိုက်ရင် အပျော်အပါးမျိုးစုံ ဒုစရိုက်မျိုးစုံနဲ့ပြည့်နှက်နေတဲ့နေရာဆိုတာ အားလုံးသတိထားမိကြမှာပါ။ ဒီတစ်ခါမှာလည်း မကာအိုလိုအပျော်အပါးမြိုကြီးကို အခြေခံပြီး​တော့ ဂေးလန်းဆိုတဲ့ လောင်းကစား၊ အပျော်အပါးရမ္မက်မျိုးစုံနဲ့ ပြည့်နှက်နေတဲ့ မြိုကြီးအကြောင်းကို တစိုးတစွင့်ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းတစ်ညမှာ ဂေးလန်းက လိင်လုပ်သားအမျိုးသမီးတစ်ယောက်ဟာ အသတ်ခံလိုက်ရပါတယ်။ ဖြစ်ချင်တော့ အမတ်ရွေးကောက်ပွဲကလည်နောက်တစ်နေ့ဆိုစတော့မှာဖြစ်ပါတယ်။ အမတ်အဖြစ်ဝင်ပြိုင်ချင်တဲ့လူရဲ့ အမျိုးသမီးစီလင်းက ဒီကိစ္စသူနဲ့ဆက်စပ်နေတာကိုသိလိုက်ရတဲ့အခါမှာ ဒီကိစ္စကိုဖြေရှင်းဖိုကြိုးစားရင်း ကိစ္စတွေက ထင်ထားတာထက် ပိုပြီးရှုပ်ထွေနေတယ်ဆိုတာကို ဒီဇာတ်ကားထဲမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။( ဘာသာပြန််ပြီး အညွှန်းရေးသားထားသူကတော့ Mark ပါ )File size_(1.4GB)/(680MB) Quality_Web DL 1080p HEVC / 720p Format_mp4 Duration_01:27:00 Genre_Action, Crime, Drama, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark
movie

Geylang (2023)

Do You Love Me as I Love You ( 2020 ) 5.8
Do You Love Me as I Love You ( 2020 ) ကြည်နူးစရာကောင်းတဲ့ ထိုင်ဝမ်အချစ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် လူတိုင်းက သူများရဲ့အချစ်ရေးကို အရမ်းစိတ်ဝင်စားပြီး အတင်းအဖျင်းတွေ ပြောလေ့ရှိပါတယ် အဲ့လိုပဲ ဒီကားလေးထဲမှာလည်း ကျောင်းကလူတွေရဲ့ အတင်းအဖျင်းတွေထဲမှာ နာမည်ကြီးနေတဲ့ လုံးဝအတွဲမ​ဖြစ်နိုင်ဘူးလို့ သတ်မှတ်ထားတဲ့ စုံတွဲစာရင်း (MI စာရင်း) ဆိုတာရှိပါတယ်ဒီဇာတ်လမ်းရဲ့ ဇာတ်ကောင် ရှောင်ရှန်းကတော့ ရူပဗေဒမေဂျာ ကျောင်းသူတစ်ယောက်ဖြစ်ပြီး ဗေဒင်ကို အရမ်းစိတ်ဝင်စားတဲ့အပြင် သူ့ရဲ့ငယ်သူငယ်ချင်းလေးကျူးဟောက် ကို ကြိတ်ကြွေနေတဲ့ ကောင်မလေးတစ်ယောက်ပါတစ်နေ့မှာ သူဟာ သူငယ်ချင်းဇုန်ထဲကနေရုန်းထွက်ပြီး အဲ့ဒီကောင်လေးကို ဗေဒင်ယ​တြာတွေကအစ အသေးစိတ်ပြင်ဆင်ပြီးဖွင့်ပြောဖို့လုပ်ထားပေမဲ့ သူလုပ်ထားသမျှသဲထဲရေသွန်ဖြစ်သွားခဲ့ပါတယ် အကြောင်းကတော့ အဲ့ဒီနေ့မှာပဲ ကျူးဟောက်က တခြားကောင်မလေးကို ဖွင့်ပြောလိုက်တာပါ ရှောင်ရှန်းရဲ့ ဇာတ်လမ်းလေးက ဒီမှာတင်ပြီးပြတ်မသွားပါဘူး သူ့ရဲ့ အကြီးမားဆုံးကံဆိုးမှုက အခုမှရောက်လာတာပါအဲ့ဒါကတော့... တစ်ကျောင်းလုံးရဲ့ နတ်ဘုရားမလို့ တင်စားရလောက်တဲ့ အင်တာနက်ဆယ်လီ ရီကျင်းက ကျူးဟောက်ဖွင့်ပြောချိန်မှာ ကျူးဟောက်သာ MI စာရင်းရဲ့ ထိပ်ဆုံးသုံးတွဲကို အောင်သွယ်ပေးနိုင် မယ်ဆိုရင် တွဲမယ်လို့ပြောလိုက်တာပါပဲဒီလိုနဲ့ ပိုချစ်ရတဲ့လူက ရှုံးရတယ်ဆိုတဲ့အတိုင်း ကြိတ်ကြွေနေတဲ့ ရှောင်ရှန်းလေးတစ်ယောက် ကျူးဟောက်ကို ကူညီပေးရပါတော့တယ် ကဲ ဒီတော့ ကျူးဟောက်နဲ့ ရှောင်ရှန်းတို့နှစ်ယောက် လုံးဝတွဲဖို့မဖြစ်နိုင်ပါဘူးလို့ တွေးရလောက်တဲ့ထိ အကျင့်စရိုက်တွေဆန့်ကျင်ဖက် ကွဲပြားနေတဲ့ အတွဲသုံးတွဲကို ဘယ်လိုတွေအောင်သွယ်ပေးမလဲ ရှောင်ရှန်းလေးရဲ့အချစ်ရေးကရော ဘယ်လိုဆက်ဖြစ်ဦးမှာလဲဆိုတာကို စိတ်ဝင်စားရင်တော့ CM က တင်ဆက်ပေးမဲ့ ဒီဇာတ်လမ်းလေးကို အခုပဲကြည့်လို့ရပါပြီနော် Filesize : 1.78 GB / 1.01 GB Quality ...
movie

Do You Love Me as I Love You ( 2020 )