Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Park Hae-il
5.6
High Society (2018)
High Society (2018)(ကိုရီးယား Drama က မင်းသားမင်းသမီးကြီးတွေပါဝင်ပေမယ့် +18 အခန်းများလဲပါဝင်တာမို့ မိသားစုနဲ့ကြည့်ရှုရန် မသင့်တော်ပါ)လိုချင်တပ်မက်မှုဆိုတဲ့ စိတ်ခံစားချက်ကို အလိုလိုက်ခဲ့မိလို ဘဝဒုက္ခပင်လယ်ဝေခဲ့ရတဲ့သာဓကတွေကို ပရိသတ်ကြီးတို ကြားဖူးမြင်ဖူးနေကျဖြစ်မှာပါ ဒီ High Society ဆိုတဲ့ဇာတ်ကားကလည်း ဂုဏ်သရေရှိ လူထုအသိုင်းအဝိုင်းထဲဝင်ဆံ့ချင်ပြီး ရာထူးအာဏာကို မက်မောမိလို့ စိတ်အလိုလိုက်ခဲ့ကြတဲ့ လင်မယားနှစ်ယောက်ရဲ့ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်ဂျန်ထယ်ဂျွန်းဟာ စီးပွားရေးမေဂျာသင်ကြားပြသတဲ့ တက္ကသိုလ်ကျောင်းဆရာတစ်ဦးဖြစ်ပြီး သူ့အတန်းချိန်ဆို နေရာလွတ်ဆိုတာ မမြင်ရလောက်တဲ့အထိ မေဂျာပေါင်းစုံက ကျောင်းသားပေါင်းစုံလာတတ်ကြတဲ့ နာမည်ကြီးပါမောက္ခတစ်ဦးပါ နိုင်ငံရေးဆိုင်ရာအကြောင်းအရာတွေကို ဝါသနာထုံပြီး နိုင်ငံရေးလောကထဲ ခြေဆန့်ဖို ကြိုးစားနေတဲ့သူပါအိုဆူယွန်းကတော့ မီရယ်ယဉ်ကျေးမှုစင်တာမှာ လက်ထောက်ဒါရိုက်တာတာဝန်ကို ထမ်းဆောင်နိုင်ပြီး ဒါရိုက်တာရာထူးကို တပ်မက်နေတဲ့သူပါ ကိုယ်စီလိုအင်ဆန္ဒတွေနဲ့ လင်မယားနှစ်ယောက်ဟာ ဖြစ်ချင်တဲ့ဆန္ဒလမ်းကို လမ်းလျှောက်ဖို အလင်းတန်းပေါ်လာချိန်မှာ လောဘရှေ့တန်းတင်ကာ ရတဲ့အခွင့်အရေးကို ဖမ်းဆုပ်ရင်း လောဘနွံထဲတိုးဝင်ကြပါတော့တယ်တစ်ဖက်မှာလည်း သူတိုအလုပ်ဝင်လုပ်နေတဲ့ အဖွဲအစည်းကြီးတွေဟာ အကျင့်ပြခြစားမှုများစွာရှိပြီး ငွေမည်းခဝါချမှုတွေအပြင် ပြည်သူ့အသက်ကို ခုတုံးလုပ်ဖိုဝန်မလေးကြပါဘူး....... မကောင်းမှုတွေကြီးစိုးနေတဲ့အမှောင်ထုထဲမှာ လင်မယားနှစ်ယောက် ဘယ်လိုရုန်းထွက်ကြမလဲဆိုတာကို ကြည့်ရှုရမယ့်အပြင် မကောင်းမှုမှာ ပျော်မွေ့တတ်တဲ့လူ့သဘာဝ လောဘရဲ့နိဂုံး မိမိကိုယ်ကို ပြန်ကယ်တင်လိုရတဲ့နည်းလမ်းတွေကိုပါ ပရိသတ်ကြီးတို Message ...
movie
High Society (2018)
2018
5.9
Good Morning President (2009)
Good Morning Presidentထီဆုကြီးပေါက်ပေမယ့် သမ္မတဖြစ်နေတာကြောင့် ဆုငွေကို ယူဖို့ အခက်တွေ့ခဲ့ရတဲ့ သမ္မတ ဂင်ဂျောင်ဟို...ကျောက်ကပ်လှူပေးဖို့ လူအများရှေ့အကူအညီ တောင်းခံခဲ့ရလို့ အကျပ်ရိုက်ခဲ့ရတဲ့ သမ္မတ ချာဂျီဝုနဲ့...အိမ်ထောင်ရေး ကွာရှင်းဖို့ ပြဿနာရင်ဆိုင်ခဲ့ရတဲ့ အမျိုးသမီးသမ္မတ ဟန်ဂယောင်ဂျာ...သူတို့ ၃ဦးရဲ့ မတူညီတဲ့ ခေါင်းဆောင်စိတ်ထား ခံယူချက်တွေနဲ့ ပြည်သူတွေအတွက် အရာရာစွန့်လွှတ်ပြီး ပြည်သူတွေ ပျော်ရွှင်မှုကိုပဲ ရှေ့တန်းတင်ရတဲ့ သမ္မတတစ်ယောက်ရဲ့ ပျော်ရွှင်မှူဆိုတာကလည်း အရေးကြီးကြောင်းကို...တောင်ကိုရီးယား သမ္မတ (၃)ဆက်နဲ့အတူ နိုင်ငံရေးအရှုပ်တွေကြား သမ္မတစ်ယောက်ရဲ့ personal lifeကို ဟာသလေးတွေ နှောပြီး ရိုက်ကူးထားတဲ့ Political Comedy Movieဖြစ်လို့ ကြည့်ရှုလိုက်ကြရအောင်ပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ )File Size__(1GB) Quality__720p IMDb Rating__5.6/10 Format__mp4 Duration__02:10:00 Type__Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Hay Mann Thitsar Encoded ...
movie
Good Morning President (2009)
6,7
Moss (2010)
နာမည်ကြီး Webtoon ကိုအခြေခံရိုက်ကူးထားပြီး အချိန်ကြာမြင့်ပေမယ့် ဇာတ်သိမ်းထိဆွဲခေါ်သွားမယ့် ဇာတ်လမ်းမျိုးကိုတင်ဆက်ပေးချင်ပါတယ်ဆိုးလ်မြို့ကြီးမှာနေရတာ ပျင်းရိနေတဲ့ ရူဟေးဂုဆီကို ရွာမှာဇာတ်မြှုပ်နေတဲ့ဖခင်သေဆုံးသွားကြောင်းဖုန်းဝင်လာခဲ့ပါတယ် ဒီလိုနဲ့ဖခင်ဈာပနပွဲဆီသွားခဲ့ပေမယ့် ရွာကလူတွေဟာ တစ်ခုခုကိုဖုံးကွယ်ထားကြောင်း ရှေ့နေဟောင်းရူဟေးဂုက တန်းသိခဲ့ပါတယ် မြို့ကလူစိမ်းဖြစ်လို့ရွာမှာလက်မခံချင်ကြတာမှန်းသူနားလည်ပေမယ့် ဖခင်အကြောင်းတွေကိုပါလျှို့ဝှက်ထားကြတဲ့ ဒီရွာကို သူသံသယဝင်လာတော့ ဆိုးလ်ကိုမပြန်တော့ဘဲ ရွာမှာပဲခေတ္တအခြေချလိုကြောင်းပြောပြလိုက်တဲ့အခါ ရွာကလူတွေဆက်ဆံပုံက ပိုပြီးဆိုးရွားလာခဲ့တယ်ထူးဆန်းတာက ရွာရဲ့ ရွာသူကြီးဆိုတဲ့လူကို အကုန်လုံးက နတ်ဘုရားလိုကိုးကွယ်နေကြတာပါပဲ ဒီရွာရဲ့ဖုံးကွယ်ထားတာတွေကိုတစ်စတစ်စစုံစမ်းသိရှိလာချိန်မှာတော့ ရူဟေးဂုတစ်ယောက်ဘာဆက်ဖြစ်မလဲ ရွာသူကြီးကရော ဘယ်သူလဲ.. ရူဟေးဂုဖခင်သေဆုံးမှုကရော သွေးရိုးသားရိုးဖြစ်နိုင်ပါ့မလားဆိုတာတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါရှင် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yunni ပါ )File Size__(2.5GB) / (1.1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.7/10 Format__mp4 Duration__02:45:00 Type__Crime, Drama, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Yunni Encoded by Naing Aung Latt
movie
Moss (2010)
7
Hansan: Rising Dragon (2022)
Hansan: Rising Dragon (2022)(သမိုင်းကြောင်းပြန်လည်ပြောပြချိန် စာတန်းထိုး မညီခြင်းနှင့် ရှေးခေတ်စစ်ဘက်ဆိုင်ရာ အသုံးအနှုန်းလိုအပ်ချက်များအား ပြန်လည်ပြင်ဆင်ထားပါပြီ)ဒါရိုက်တာ Kim Han-min ဆိုတာကတော့ The Admiral: Roaring Current, War of the Arrows တို့လို နာမည်ကြီး ဇာတ်ကားတွေကို ရိုက်ကူးခဲ့သူပါ။ အခုလည်း ဂျိုဆွန်း ရေတပ် စစ်သူကြီး လီဆွန်းရှင်းအကြောင်း ထပ်မံရိုက်ကူးထားတဲ့ ဇာတ်ကားသစ် ထွက်လာခဲ့ပြန်ပါပြီ။အားလုံးသိကြတဲ့အတိုင်း စစ်သူကြီး လီဆွန်းရှင်းဟာ ဂျပန် ကျူးကျော်စစ်ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ပြီး စစ်ပရိယာယ် ကြွယ်ဝတဲ့ နည်းဗျူဟာမှုးအဖြစ်လည်း ကျော်ကြားပါတယ်။ဒီ Hansan: Rising Dragon ဆိုတဲ့ ရုပ်ရှင်ကတော့ စစ်သူကြီး လီဆွန်းရှင်းရဲ့ သမိုင်းဝင် အောင်ပွဲဆင်နိုင်ခဲ့တဲ့ ဟာဆန်းဒို တိုက်ပွဲ အကြောင်းကို အခြေခံပြီး အသေးစိတ် ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းလေး ဖြစ်ပါတယ်။တစ်ခေတ်တစ်ခါက အာရှကို ...
movie
Hansan: Rising Dragon (2022)
2022
4K HEVC
8.1
Memories of Murder (2003)
IMDb (8.1/10)....Rotten Tomatoes (95%) Rating တွေကြည့်ပြီး ကိုရီးယားဇာတ်ကားမှ ဟုတ်ရဲ့လားလို့ အတွေးမများပါနဲ့။ ကိုရီးယားဇာတ်ကားအစစ်ဖြစ်သလို မင်းသားမင်းသမီးချောချာလှလှတွေလဲ တစ်ယောက်မှမပါပါဘူး။ ဒီဇာတ်ကားဟာ ကိုရီးယားရဲ့ အနုပညာအရည်အသွေးကို ကမ္ဘာကိုချပြနိုင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ကြည့်ကိုကြည့်သင့်ပါတယ်။ ကျွန်တော်ကတော့ ဇာတ်ကားကိုကြည့်ပြီး ရင်ထဲတနုံ့နုံ့နဲ့ ဖြစ်နေတာ ဒီနေ့နဲ့ဆို သုံးရက်ရှိခဲ့ပါပြီ....သူငယ်ချင်းတို့လဲ ခံစားကြည့်ပါဦး....ဇာတ်လမ်းအညွှန်းကိုတော့ ဒီဇာတ်ကားကြည့်ဖြစ်စေခဲ့တဲ့ ကိုညီလင်းအိမ်ရဲ့အညွှန်းနဲ့ မိတ်ဆက်ပေးပါရစေ။ -------------------------------------------- Memories Of Murder ကိုယ်တွေကပဲ နောက်ပိုင်း အဲဒီလို အကြောင်းအရာတွေကိုပဲ ရွေးဖတ်မိကြည့်မိနေတာလား တိုက်ပဲတိုက်ဆိုင်နေသလား မသိဘူး။ စိတ်ထဲစွဲနစ်စွာ ကျန်ခဲ့တဲ့ ဇာတ်ကားတွေ စာအုပ်တွေမှာဆို အဓိက ခံစားခဲ့ရတာက "မရေရာမှု "ပဲ။အီးလိုဆို "Doubtful"လား "Inconclusively "လား ဘယ်ဟာက ပိုလေးနက်လဲတော့မသိဘူး။ အမှန်တရားလည်း မရှိဘူး ။အမှားတရားလည်း မရှိဘူး။ရှုံးတယ်လည်း မရှိဘူး။နိုင်တယ်လည်း မရှိဘူး။ ဘယ်သတ်မှတ်ချက်မှ မှန်တယ်လို့ တရားသေ ကောက်ချက်ဆွဲလို့မရတဲ့ စိတ်ခံစားမှု တွေပေးတဲ့ စာတွေ ရုပ်ရှင်တွေ မကြာခဏ ကြည့်ဖြစ်ဖတ်ဖြစ်ပါတယ်။ လတ်တလော ...
movie
Memories of Murder (2003)
2003
5.9
Doomsday Book (2012)
[Unicode]ဒီဇာတ်ကားလေးကတော့ Korean science fiction anthology film အမျိုးအစားလေးဖြစ်ပြီး လူသားတွေရဲ့ပျက်စီးခြင်းသဘောတရားကို ဇာတ်အိမ်သုံးမျိုးနဲ့ချပြထားတဲ့ကားလေးဖြစ်ပါတယ်The Brave new World: ဇွန်ဘီတွေပါဝင်နေတဲ့လောကကြီးThe Heavenly Creature: စက်ရုပ်လေးတစ်ရုပ်ရဲ့ လူသားနဲ့မခြားနားတဲ့ အသိတရားပိုင်ဆိုင်ထားခြင်းHappy Birthday: ကမ္ဘာပျက်ကိန်းကြုံခါနီးအချိန် မိသားစုတစ်စုရဲ့ဆန်းကြယ်တဲ့ဖြစ်ရပ်ကြားက အသက်ရှင်ကျန်မှုမတူညီတဲ့ဇာတ်အိမ်သုံးမျိုးနဲ့ မတူညီတဲ့စိတ်ခံစားမှုတွေကိုခံစားရစေမှာပါ( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် ) [Zawgyi]ဒီဇာတ်ကားလေးကတော့ Korean science fiction anthology film အမျိုးအစားလေးဖြစ်ပြီး လူသားတွေရဲ့ပျက်စီးခြင်းသဘောတရားကို ဇာတ်အိမ်သုံးမျိုးနဲ့ချပြထားတဲ့ကားလေးဖြစ်ပါတယ်The Brave new World: ဇွန်ဘီတွေပါဝင်နေတဲ့လောကကြီးThe Heavenly Creature: စက်ရုပ်လေးတစ်ရုပ်ရဲ့ လူသားနဲ့မခြားနားတဲ့ အသိတရားပိုင်ဆိုင်ထားခြင်းHappy Birthday: ကမ္ဘာပျက်ကိန်းကြုံခါနီးအချိန် မိသားစုတစ်စုရဲ့ဆန်းကြယ်တဲ့ဖြစ်ရပ်ကြားက အသက်ရှင်ကျန်မှုမတူညီတဲ့ဇာတ်အိမ်သုံးမျိုးနဲ့ မတူညီတဲ့စိတ်ခံစားမှုတွေကိုခံစားရစေမှာပါ( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် ) File size__( ...
movie
Doomsday Book (2012)
N/A
The King’s Letters (2019)
(Unicode)ဒီတစ်ခါ မိတ်ဆက်ပေးလိုက်တာကတော့ 2019 ခုနှစ်မှာ အသစ်စက်စက် ထွက် The King's Letter ဆိုတဲ့ ကိုရီးယားရာဇဝင်ကားကောင်းလေးပါကိုရီးယားအက္ခရာတွေ ပေါ်ပေါက်လာပုံနဲ့ ပတ်သက်ပြီး ကိုရီးယားမှာ ဇာတ်လမ်းမျိုးစုံရှိတဲ့အထဲကနေမှ တစ်ပုဒ်ကို အခြေခံပြီး ရိုက်ကူးထားတာပါဂျိုဆွန်းပြည်ဟာ ဗုဒ္ဓဘာသာနိုင်ငံဆိုတာကနေ ကွန်ဖြူးရှပ်ဝါဒီဖြစ်သွားတဲ့ ကာလအတွင်း ဖြစ်ခဲ့တာပါမင်းကြီးဟာ တရုတ်အက္ခရာကိုပဲ အသုံးပြုနိုင်ပြီး တရုတ်လက်အောက်ခံနိုင်ငံတစ်နိုင်ငံအဖြစ် နေရတာကို စိတ်ပျက်နေပြီး ကိုယ်ပိုင်အက္ခရာ တီထွင်ဖို့ ကြိုးစားနေခဲ့ပါတယ်တစ်နေ့တော့ ဂျပန်ဘုန်းကြီးတွေဟာ ဂျိုဆွန်းရဲ့ ရတနာဖြစ်တဲ့ တိပိဋကမူရင်းစာအုပ်တွေကို လာတောင်းရာမှ မင်းကြီးကိုယ်တိုင် မငြင်းသာတော့တဲ့အခါ ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးက ကူညီဖြေရှင်းခဲ့ပါတယ်ဒီကနေ အစပြုလို့ ကိုယ်ပိုင်အက္ခရာ တီထွင်နိုင်မယ့် လမ်းစကို တွေ့ခဲ့ပြီး ကြိုးစားခဲ့ပုံကို ရိုက်ကူးပြထားပါတယ်ကွန်ဖြူးရှပ်ဝါဒီနိုင်ငံမှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေနဲ့အတူ အက္ခရာ တီထွင်ရတဲ့အတွက် ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရတယ်ဆိုတာကိုလည်း စိတ်ဝင်စားဖွယ် ရိုက်ကူးထားပါတယ်ကိုရီးယားတွေရဲ့ ထုံးစံအတိုင်း ရာဇဝင်ကားတွေကို ပီပြင်အောင် ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်လို့ ညွှန်းပေးပါရစေဇာတ်လမ်းအညွှန်းနဲ့ ...
movie
The King’s Letters (2019)
2019
7.2
The Fortress (2017)
Lee Byun-Hun ပါဝင်သရုပ်ဆောင်ထားတဲ့ The Fortress ဆိုတဲ့ IMDB Rating 7 အထိရရှိထားတဲ့ ကိုရီးယားရာဇဝင်ကားတစ်ကားပါ။ကျွန်တော်တို့မြန်မာမှာက သီပေါမင်းပါတော်မူခန်းနဲ့ခပ်ဆင်ဆင်ပါပဲ။ကျူးကျော်လာတဲ့ Qing စစ်တပ်ကို တိမ်းရှောင်ရင်း Namham ခံတပ်မှာပိတ်မိနေတဲ့ ဘုရင် Injo အကြောင်းလေးပါ။ရန်သူတွေပတ်လည်ဝိုင်းနေတဲ့အချိန်မှာ Ming တွေနဲ့မဟာမိတ်ဖွဲ့ထားခဲ့တဲ့ Joseong တိုင်းပြည်ကဘုရင် Injo တစ်ယောက် Qing တွေကိုအညံ့ခံလိုက်ရမလား ပြန်တိုက်ရမလား ဆိုပြီးဒွီဟဖြစ်နေတဲ့ကြားမှာ အမတ်တွေရဲ့အမြင်တွေ တစ်ယောက်တစ်ပေါက်ဖြစ်နေတဲ့ လူယုံနှစ်ယောက်ရဲ့ အမြင်တွေကြားမှာကြားညပ်မိနေတာကို အပီအပြင်ဖော်ပြထားပါတယ်။ဇာတ်ကားကခပ်အေးအေးဖြစ်ပြီး ၂နာရီစာရှိပေမယ့် ပျင်းစရာမကောင်းပဲ ဇာတ်ကားရဲ့ခေါ်ဆောင်ရာကိုစီးမျောသွားစေမှာပါ။အမှန်နဲ့ အမှား၊ အသက်နဲ့သိက္ခာ၊ ဂုဏ်သိက္ခာမရှိတဲ့အသက်ရှင်ခြင်းနဲ့ အသက်ရှင်ခြင်းမရှိတဲ့ဂုဏ်သိက္ခာ၊ မာနကြီးမှု နဲ့လိုက်လျှောညီထွေနေတတ်မှု၊ နောက်ကျောကဓားနဲ့ထိုးတာတွေ ဓားအထိုးခံပေးမယ့်နောက်ကျောတွေ အားလုံးကိုဒီဇာတ်ကားမှာ စိတ်ဝင်စားစရာမြင်တွေ့ရမှာပါ ခင်ဗျာ(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ)File Size : (1.1 GB) and (500 MB) Quality : Blu-Ray 720p Running Time ...
movie
The Fortress (2017)
2017
6.8
A Muse (2012)
ဒီတစ်ခါတော့ ၂၀၁၂ ခုနှစ်က ထွက်ခဲ့တဲ့ A Muse ဆိုတဲ့တောင်ကိုရီးယားကားလေးကို တင်ဆက်ပေးလိုက်ပါတယ်စာရေးဆရာ Park Bum-shin ရဲ့ Eun-gyo ဆိုတဲ့ ဝတ္ထုကို ဇာတ်လမ်းအဖြစ် ဒါရိုက်တာ Ji-woo Jung ကရိုက်ကူးထားတာပါအဓိက သရုပ်ဆောင်တွေ အနေနဲ့တော့ Park Hae-il, Kim Mu-yeol နဲ့ Goblin ကားရဲ့ မင်းသမီးလေး Kim Go-eun တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်ဇာတ်လမ်းလေးကတော့ အသက် ၇၀ အရွယ် ကဗျာဆရာအိုကြီးရဲ့ အချစ်ဇာတ်လမ်းလေးပါသူ့မှာ အသက် ၃၀ အရွယ် သူ့အချစ်ဆုံးသဘောအကျရဆုံး တပည့်တစ်ယောက်ရှိပါတယ်တစ်နေ့မှာ ကဗျာဆရာကြီးဟာ မမျှော်လင့်ဘဲ အသက် ၁၇ နှစ်အရွယ် အထက်တန်းကျောင်းသူလေးနဲ့ ချစ်မိသွားပြီး သူ့အကြောင်းကို ဝတ္ထုတိုလေးရေးဖို့ စိတ်အားထက်သန်နေပါတယ်သူ့တပည့်က မနာလိုဖြစ်ပါတော့တယ် ...
movie
A Muse (2012)
2012