Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Pandiarajan
7
PT Sir (2024)
PT Sir 2024 (ကာယဆရာ) IMDb - 7.6/10ကျောင်းတစ်ကျောင်းမှာ စာပေပိုင်းတင်မဟုတ်ဘဲ စိတ်ဓာတ်ပိုင်းဆိုင်ရာ, အားကစားကျွမ်းကျင်မှုတွေပါ သင်ကြားပေးကြတာကတော့ ကျောင်းတိုင်းရဲ့ ထုံးစံပါပဲ။ ကျောင်းတစ်ကျောင်းကတော့ နှစ်အစပိုင်းမှာ သင်ရိုးညွှန်းတန်းကို သေချာမသင်ဘဲ ကျောင်းပိတ်ခါနီးပြီဆိုတော့မှ အတင်းတွေ ဇွတ်သင်ရင်း အချိန်မလောက်တဲ့အချိန်မှာ ကာယအတန်းချိန်ကိုပါ မျက်စောင်းထိုးလာကြရင်း ကျောင်းရဲ့နှစ်စဉ်ပြုလုပ်မြဲဖြစ်တဲ့ အားကစားနေ့ကိုပါ ဖျက်သိမ်းဖို့အတွက် ဆရာ/ဆရာမတွေစုပြီး ကျောင်းအုပ်ကြီးကို ပြောကြပါတော့တယ်။ဒီအချိန်မှာ ကာယဆရာဖြစ်တဲ့ ကာနာဂါဗယ်လ်ကတော့ အားကစားနေ့ဖျက်သိမ်းတာကို လက်မခံဘဲ ပြန်လည်တိုက်ခိုက်ပါတော့တယ်။ကာယဆရာရဲ့အကြောင်းလေးကိုလည်း ပြောပြချင်ပါတယ်၊ ဗယ်လ်ဟာ ထူးခြားတဲ့ဇာတာခွင်နဲ့လာသူဖြစ်ပြီးတော့ သူဟာ အိမ်ထောင်မကျခင်မှာ ဒုက္ခအကြီးကြီးနဲ့ တွေ့ကြုံရနိုင်တယ်လို့ ဗေဒင်ဆရာက ဟောကြားခဲ့ပါတယ်။ ဒီအတွက်နဲ့ပဲ မိခင်ဖြစ်သူဟာ သူ့သားကို မျက်စိအောက်က အပျောက်မခံနိုင်ဘဲ အိမ်ထောက်ဖက်ကောင်းတွေ့နိုင်ဖို့အတွက် အမြဲကြိုးစားနေသူပါ။ ထူးဆန်းတာကတော့ ဇာတာခွင်တွက်ကြည့်လိုက်တဲ့အခါမှာ ဗယ်လ်ဟာ ဘယ်သူနဲ့မှ လိုက်ဖက်မနေတာပါပဲ။ ဗယ်လ်ကတော့ သူတို့ကျောင်းက အင်္ဂလိပ်စာဆရာမဖြစ်တဲ့ ဗာနသီကိုတော့ စိတ်ဝင်စားနေပါတယ်။ ဒီလို သူ့ရဲ့ထူးခြားတဲ့ဇာတာနဲ့ သူစိတ်ဝင်စားတဲ့ ဆရာမလေးနဲ့တွေ့တဲ့အခါမှာရော ရှေ့ဆက်အဆင်ပြေနိုင်ပါ့မလား ....ကာယဆရာတစ်ယောက်အနေနဲ့ သူ့ကလေးတွေအတွက် အားကစားနေ့ပြန်လုပ်ဖြစ်အောင် ဘယ်လိုတိုက်ခိုက်သွားမလဲ ....... ဆိုတာတွေကို ကြည့်ရှုရမယ့် ပေါ့ပေါ့ပါးပါး ...
movie
PT Sir (2024)
2024
5.3
Ippadiku Kadhal (2024)
Ippadikku Kaadhal (2024) မေ့ဖျောက်မလွယ် IMDb- 5.4/10ဆယ်နှစ်လောက်ချစ်လာခဲ့ကြပြီးမှ အခက်အခဲတွေကြားထဲကနေ လက်ထပ်ခဲ့ကြတဲ့ ရှီဗာနဲ့ ရမ်ယာတို့အတွဲလေးဟာတော့ ကံဆိုးမိုးမှောင်ကျစွာနဲ့ လက်ထပ်တဲ့ညမှာပဲ ကားအက်စီးဒန့်ဖြစ်ပြီးတော့ ရမ်ယာလေးဟာ လူ့လောကကြီးထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။ဒဏ်ရာပြင်းထန်ခဲ့တဲ့ ရှီဗာကတော့ တဖြည်းဖြည်းသက်သာလာခဲ့ပေမဲ့ စိတ်ထဲက ဒဏ်ရာကတော့ မပျောက်ကင်းနိုင်သေးပါဘူး။ ဒီလိုနဲ့ ဆေးရုံဆင်းပြီးနောက်မှာ သူ့ရဲ့စိတ်တွေ လန်းဆန်းပြီး စိတ်ခံစားချက်တွေ သက်သာအောင် သူငယ်ချင်းဖြစ်သူက ရှီဗာကို ချန်းနိုင်းကိုခေါ်သွားပြီး သူနဲ့အတူတူအလုပ်လုပ်စေပါတယ်။ နေရာအသစ် မြင်ကွင်းအသစ် အလုပ်အသစ်နဲ့အတူ ရှီဗာဟာလည်း တော်တော်လေး လန်းဆန်းလာခဲ့ပါတော့တယ်။နောက်ပြီး အန်ဂျနာဆိုတဲ့ကောင်မလေးတစ်ယောက်၊ အချစ်ကိုယုံကြည်ပြီး ပုံအပ်ခဲ့ပေမဲ့ သူယုံကြည်တဲ့သူ့ချစ်သူက သူ့ရဲ့ ရေချိုးအဝတ်စားလဲနေတဲ့ ဗီဒီယိုကို အင်တာနက်ပေါ်တင်လိုက်ရာကနေ သူ့ကို ဘယ်သူမှ မသိတဲ့ ချန်နိုင်းကို ထွက်လာခဲ့ရင်း ဘဝသစ်စခဲ့သူတစ်ယောက်။ဒီလို ဘဝအခက်အခဲတွေရှိနေတဲ့ သူတို့နစ်ယောက် တိုက်ခန်းတစ်ခုတည်းမှာ အိ မ်နီးချင်းတွေဖြစ်ရာက ခင်မင်သွားကြရင်းနဲ့ အချင်းချင်း ရိုင်းပင်းကူညီကြရင်း သူတို့ရဲ့ ခင်မင်မှုကနေ ဘယ်လိုဇာတ်လမ်းလေးတွေ ဖြစ်ပေါ်လာမလဲဆိုတာကို ကြည့်ရှုခံစားရမဲ့ ဒရာမာဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~BpL~V~Alex~ToMo တို့ပဲဖြစ်ပါတယ်)(CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ...
movie
Ippadiku Kadhal (2024)
2024
6.1
Velayudham (2011)
Velayudham 2011 ( IMDb 6.1/10)ပရိတ်သတ်များအချစ်တော် စွယ်စုံရမင်းသားဗီဂျေးရဲ့ ရုံတင်ငွေအရလဲအောင်မြင်ခဲ့ပြီး ဇာတ်လမ်းအရလဲ ရသစုံလင်တဲ့ ဇာတ်ကားကောင်းတွေကို CM Bollywood ပရိသတ်ကြီးအတွက် တင်ဆက်ပေးပါရစေဇာတ်လမ်းအစမှာတော့ အိန္ဒိယတောင်ပိုင်းမှာ လူကုန်ကူးမှုတွေ ဗုံးခွဲမှုတွေကို စီစဉ်နေတဲ့အဖွဲ့ကို ဝင်ရောက်သတင်းထောက်တဲ့ မင်းသမီးတို့ သူငယ်ချင်းသုံးယောက်နဲ့စပါတယ်…လူဆိုးတွေက သူတို့ကို သတင်းခိုးယူနေတာသိလို့ လိုက်သတ်တဲ့အခါမှာ မင်းသမီးက ဓားဒဏ်ရာနဲ့လွတ်သွားပြီး ကျန်တဲ့နှစ်ယောက်ကသေဆုံးသွားပါတယ်.. လူဆိုးတွေလဲ ကံဆိုးချင်တော့ အပြန်မှာ အက်ဆီးဒင့်ဖြစ်ပြီး သေသွားပါတယ်… အဲ့ဒါကို မင်းသမီးက အမှန်တရားဘက်တော်သား ဗယ်လာယူဒမ်က လုပ်ကြံခဲ့တာလို့ စာရေးခဲ့ပြီး ဘတ်မန်းလိုမျိုး နာမည်ကြားတာနဲ့ လူဆိုးတွေကြောက်ရွံ့မဲ့ အမှတ်အသားတစ်ခုကို စတင်ဖန်တီးခဲ့ပါတော့တယ်နာမည်အရင်းက တကယ့် ဗယ်လာယူဒမ်ဖြစ်တဲ့ ရွာသားတွေ ဗယ်လူလို့ခေါ်ကြတဲ့ ဗီဂျေးကတော့ ဒါတွေကိုဘာမှမသိပဲ သိပ်ချစ်ရတဲ့ ညီမလေးကိုခေါ်ပြီး မြို့တက်လာခဲ့တဲ့ တောသားလေးပါ ဒါပေမဲ့ တိုက်ဆိုင်မှုတွေဖြစ်လာပြီး ဗယ်လူဟာ ဗယ်လာယူဒမ်ဖြစ်လာတဲ့အခါ….ဇာတ်လမ်းလေးလန်းသလို ဗီဂျေးရဲ့ အချစ်အကြမ်းအကခန်းတွေနဲ့ မြိုင်ဆိုင်တဲ့အပြင် ဂိမ်မာတွေအတွက် Assassin Creed စတိုင် ဗီဂျေးရဲ့ သောက်ကြမ်းကြီး ဗယ်လာယူဒမ်ကို ခံစားကြည့်ရှုနိုင်ဖို့ ...
movie
Velayudham (2011)
2011
6.2
Partner (2023)
Partner 2023 (သို့) ညိုကီမှပျိုမဒီ IMDb - 6.3/10တောင်ပိုင်းမင်းသားချော အာဒီနဲ့ သူမပါရင်တောင်ပိုင်းကားမဟုတ်သလို ဇာတ်ကားတိုင်းမြင်နေရတဲ့ ဟာသမင်းသားကြီး ယိုဂီဘာဘူတို့ရဲ့ ထူးခြားဆန်းကြယ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။အာဒီက အကြွေးပူနေလို့ ငယ်သူငယ်ချင်း ဘာဘူကြီးရှိရာ ချန်နိုင်းကို ရောက်လာခဲ့ရော။ အဲဒီမှာ အသက်ရှင်ဖို့အရေး ခိုးဝှက်စားသောက်နေကြလေရဲ့။ ရိုးရိုးခိုးတာမဟုတ် ကုမ္ပဏီထောင်ခိုးတာ။ တစ်ရက် အချီကြီးကြံဖို့အရေး သူဌေးကို ဂွင်ကျော်ရိုက်ရာကအစ သိပ္ပံပညာရှင်ကြီးတစ်ယောက်ရဲ့ စမ်းသပ်ခန်းထဲက ချစ်ပ်ပြားလေးတစ်ခုကို ဝင်ခိုးရင်း ဇာတ်လိုက်ကျော်ယိုဂီဘာဘူတစ်ယောက် ဘုန်းကညာတပါး လုံးရာကပြားပြီး မင်းသမီးချောလေး ဟန်စီကာအဖြစ်ပြောင်းသွားပါရောလား။အဲဒီကနေ ဘယ်လိုတွေတိုင်ပတ်ပြီး ပျိုကညာမဒီတပါး ပြားရာကပြန်လုံးဖို့ ကြိုးစားကြပုံကို ဝါးလုံးမကွဲဘဲ ပြုံးဖြဲဖြဲရယ်မောရင်း ကြည့်ရှုအမောဖြေကြစို့လေ။(အညွှန်းနဲ့ဘာသာပြန်သူတွေက Zwe~BpL~V~YH~ToMo~KKKZတို့ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here ) File size…2.45GB / 1.16GB Quality…1080p WEB DL /720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Zwe~BpL~V~YH~ToMo~KKKZ
movie
Partner (2023)
2023
5.9
Tamilarasan (2023)
Tamilarasan (2023) IMDb - 6.2/10တမီးလ်အနုပညာလောကမှာ တေးရေး၊တေးဆို၊ရုပ်ရှင်အယ်ဒီတာ၊အသံဖမ်းအင်ဂျင်နီယာ၊ ဒါရိုက်တာအဖြစ်နဲ့ ဘက်စုံထူးချွန်လှတဲ့ မင်းသားကြီး ဗီဂျေးအန်တိုနီ၊ Ramaiya Vastavaiya (2013)ထဲမှာ ညီမဖြစ်သူကို သိပ်ချစ်ပြီး မြင်းရုပ်လေးလုပ်ပေးတဲ့ အကိုကြီးနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး ဆိုနူး၊ ပရိသတ်အချစ်တော် ဟာသမင်းသား လူရွှတ်ကြီး ယိုဂီဘာဘူတို့ပါဝင်ထားပါတယ်။ မင်းသား ဗီဂျေးအန်တိုနီက ဇာတ်လမ်းရဲ့နာမည်အတိုင်းပဲ တမီးလ်ရာဆန်နေရာကနေ ရဲတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း "ကျွန်တော့်ရင်ထဲကအထက်အရာရှိအပေါ် လေးစားမှုက အပြင်မှာရှိနေတဲ့အရာရှိအပေါ် လေးစားမှုထက်ပိုနေပါတယ် ကျွန်တော့်ရင်ထဲကအရာရှိက ဆရာခိုင်းတာကို မလိုက်နာဖို့ပြောပါတယ်" ဆိုတဲ့ အရာရှိတမီးလ်တစ်ယောက် ဆန္ဒပြပြည်သူတွေကို အသက်အန္တရာယ်ပြုဖို့ ငြင်းဆန်မှုကြောင့် တာဝန်ကရပ်ဆိုင်းခံခဲ့ရပါတယ်။ချစ်ရတဲ့ ဇနီးရယ်သားလေးရယ်နဲ့ ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားပေမဲ့ သားဖြစ်သူကို နှလုံးအစားထိုးကုသမှရမယ်ဆိုတဲ့ အဖြစ်ဆိုးကြီးနဲ့ကြုံလိုက်ရပါတယ်။သွားတက်မိတဲ့ဆေးရုံကလည်း သပွတ်အူလိုရှုပ်ထွေးလှတဲ့ လူကြီးချင်းလက်ဝါးရိုက်လုပ်နေတဲ့ ကိစ္စတွေများတဲ့ဆီဖြစ်နေတော့ နှလုံးအစားထိုးကုသဖို့ စာရင်းစောင့်နေရတာရယ် ငွေရေးကြေးရေးမပြည့်စုံတဲ့အတွက် ကုသစရိတ်လိုက်ရှာရတဲ့ အရာရှိတမီးလ်တစ်ယောက်၊ သားဖြစ်သူအတွက် အသက်ကိုပါ ပေးဆပ်ဖို့အသင့်ဖြစ်နေတဲ့ တမီးလ်ရာဆန်တစ်ယောက် သူ့အပေါ်ကျရောက်လာမယ့် ကံကြမ္မာဆိုးတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းပြီး အခက်အခဲတွေကို ကျော်လွှားနိုင်ပါ့မလားဆိုတာ ကြည့်ရှုရမှာပါ။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Thaik San ~ chiclon3 ~ Khin Khin ~ BpL ~ Yunni ~Zwe ...
movie
Tamilarasan (2023)
2023
7.1
Ponmagal Vandhal (2020)
(မင်းသမီးလေး ရောက်လာပါပြီ)ကျောင်းအုပ်ဆရာမကြီးအဖြစ် အများသိကြတဲ့ တမီးလ်မင်းသမီးကြီး Jyotikaရဲ့ ကားသစ်စစ်စစ်က ကိုဗစ်ကာလမှာ ရုံမတင်ရဘဲ Amazonကနေ ဖြန့်ချိခဲ့ပါတယ်။ဇာတ်ကားကောင်းတစ်ကားဆိုတာလည်း ကြည့်ရှုပြီးကြသူတွေရော၊ မကြည့်ရသေးသူတွေပါ သိပြီးကြပြီထင်ပါတယ်။ဇာတ်လမ်းအကျဉ်းကို အနည်းငယ် ချပြပါမယ်။ကလေးမလေးတစ်ယောက်ကိုကယ်ဖို့ကြိုးစားရင်း လူငယ်လေးနှစ်ယောက် သေနတ်နဲ့ပစ်သတ်ခံလိုက်ရတယ်...တရားခံရဲ့နာမည်က ဂျိုသီ မြောက်ပိုင်းသူ...စိတ္တဇလူသတ်သမား သူ(မ)ရဲ့အိမ်ကို ရဲတွေရှာဖွေစစ်ဆေးကြည့်တော့ အိမ်အနောက်ဘက်မှာ ကလေးအလောင်း (၄)လောင်း မြှပ်ထားတာတွေ့ရတယ်...သေဆုံးသွားတဲ့ကလေးတွေရဲ့မိဘတွေသာမက ပြည်သူတွေကပါ သူ(မ)ကိုသတ်ပစ်ဖို့တောင်းဆိုကြတယ်...သတင်းအရ ဂျိုသီပုန်းနေတဲ့နေရာကိုသွားဖမ်းတော့ သေနတ်နဲ့ခုခံတဲ့အတွက် ဂျိုသီ့ကို ရဲတွေပြန်လည်ပစ်ခတ်ခဲ့ရတယ်...စိတ္တဇလူသတ်သမားဂျိုသီရဲ့ပုံပြင်ဟာ ဒီမှာတစ်ခန်းရပ်ခဲ့တယ်...အချိန်တွေ ရာသီတွေအလီလီပြောင်းလို့ (၁၅)နှစ်ဆိုတဲ့ အချိန်ကာလတစ်ခုကိုရောက်ခဲ့ပြီ...ဂျိုသီရဲ့အမှုကိုပြန်ဖွင့်ပြီး ပြန်လိုက်တော့မယ်ဆိုတဲ့သတင်းထွက်လာတော့ လူတွေအကုန်အံ့သြသွားကြတယ်...နဂိုတည်းက သွေးဆူခဲ့ကြတဲ့အမှုဆိုတော့ အားလုံးဝိုင်းပြီးကန့့််ကွက်ကြတယ်...တရားရုံးရှေ့အထိ လူစုလူဝေးနဲ့ဆန္ဒလာပြကြတယ်...လယ်ပြင်ဆင်သွားသလို ထင်းနေတဲ့အမှုကို နာမည်ကြီးချင်လို့အစပြန်ဖော်တယ်လို့ သူတို့တွေးမိကြတယ်...ဒီရှေ့နေမ ငွေလိုလို့လား...နာမည်ကြီးချင်လို့လားပေါ့...ဂျိုသီ့အမှုကို ပြန်လိုက်မဲ့ရှေ့နေမလေးနာမည်က ဗန်ဘာ... မစ္စစ်ဗန်ဘာ...ဂျိုသီ့အမှုက သူ့အတွက်ပထမဆုံးအမှု ပြည်သူတွေ ဆတ်ဆတ်ထိမခံတဲ့အမှု ဗန်ဘာ့အတွက်တော့ ဒါဟာ ရှေ့နေဘဝရဲ့ပထမဆုံးခြေလှမ်း...အမှားခံလို့မရတဲ့ ကိစ္စရပ်တစ်ခု... လူတွေရဲ့ပြစ်တင်ရှုံ့ချတဲ့အကြည့်တွေ ဖိနပ်တွေနဲ့ပစ်ပေါက်ခံရတာတွေကြားကနေ ဒီအမှုကိုဆက်လိုက်ဖို့ သူဆုံးဖြတ်ခဲ့တယ်...ကဲ ရှေ့ဆက်ဘယ်လို ဖြစ်ကြဦးမလဲ ...
movie
Ponmagal Vandhal (2020)
2020