Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Pammi Sai
5.6
Gangs of Godavari (2024)
Gangs of Godavari (2024) "ဂိုဒါဗာရီလူမိုက်ကြီးများ" IMDb - 5.7/10အိန္ဒိယအက်ရှင်ရုပ်ရှင်နှစ်သက်သူတို့ စောင့်မျှော်နေကြတဲ့ တလေဂူးရုပ်ရှင်ဇာတ်ကားကြီးကိုတော့ Netflixကနေထုတ်လွှင့်ခဲ့ပြီမို့မနှေးအမြန်တင်ဆက်ပေးလိုက်ရပါတယ်။ တလေဂူးနာမည်ကျော်တေးရေးဆရာတဖြစ်လဲ ဒါရိုက်တာကြီး ခရစ်ရှ်နာချိုင်တန်ယာရဲ့ ရိုက်ကူးပုံဖော်ထားပြီး Hit(2020)ရုပ်ရှင်ထဲက မင်းသားကြီး Vishwak Senအဓိကပါဝင်ထားပါတယ်။၁၉၈၀နှောင်းပိုင်းကာလ ဂိုဒါဗာရီမြစ်ကမ်းအနီး ကျွန်းစုလေးတွေက နိုင်ငံရေးအရှုပ်တော်ပုံတွေနဲ့ ဒုစရိုက်မှုတွေကြားက အဖြစ်အပျက်တွေ။ရာသ်နာဆိုတာ ဆာလောင်တပ်မက်မှုဆိုတာကိုဗဟိုပြုပြီး ရှင်သန်နေရတာကို မုန်းတီးတဲ့သူ။ ဉာဏ်ကောင်းပြီး ဘ၀ကိုနေချင်သလိုနေတတ်သူ၊ နေရာတစ်ခုရောက်ဖို့ ဘာမဆိုလုပ်ဝံ့တဲ့သူ။ ဒီလိုလူမျိုးက ဒေသတစ်ခုလုံးကို ချုပ်ကိုင်နေတဲ့ ဂိုဏ်းတွေကြားကိုရောက်သွားတဲ့အခါ။ အတိုက်အခိုက်များစွာနဲ့မို့ အက်ရှင်ကားကြိုက်တတ်သူတို့အတွက် ရေကြည်တစ်ပေါက်ပါပဲ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.55GB / 1.12GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Gangs of Godavari (2024)
2024
6.1
Guntur Kaaram (2024)
Guntur Kaaram 2024 (IMDB 6.1/10) အမိမဲ့သားNF WEB DL အကြည်ဗားရှင်းကိုသာ တင်ဆက်ထားပါတယ်=======================================အားလုံးနဲ့ရင်းနှီးတဲ့ ဝန်ကြီးချုပ်မင်းသား တောင်ပိုင်းစတားမဟေ့ရှ်ဘာဘူရဲ့ ရုံတင်ကားသစ်လေးကို Netflix ကနေ ထုတ်လွှင့်လိုက်တာနဲ့ တစ်ပြိုင်နက် CM ကနေပါ တင်ဆက်ပေးလိုက်ပါတယ်....ခေါင်းဆောင်မင်းသား မဟေ့ရှ်ဘာဘူအပြင် ပရိသတ်တွေနဲ့မစိမ်းတဲ့ Dhamaka ထဲက မင်းသမီးချောလေး ဆရီလီလာကို အဆစ်ငမ်းရမယ့်အပြင် လတ်တလောထွက်ရှိထားတဲ့ Hi Nanna ထဲကယောက္ခထီးကြီး ဂျာရရမ် ပါလေရာမင်းသားကြီး ပရာကတ်ရှ်ရာ့ဂျ်တို့လို ဇာတ်ပို့တွေနဲ့ပါ မြိုင်မြိုင်ဆိုင်ဆိုင်ရိုက်ကူးထားတဲ့ ရုံတင်ကားကြီးပဲဖြစ်ပါတယ်ဇာတ်လမ်းအစ ရာမာနာ(မဟေ့ရှ်ဘာဘူ) ဆယ်နှစ်သားအရွယ်မှာ သူ့အမေကသူ့ကိုစွန့်ပစ်ခဲ့ပါတယ် သူ့အဖေကိုလည်းထားခဲ့ပြီးတော့ နောက်အိမ်ထောင်ပြု သားထပ်မွေးသွားပါတယ် အရွယ်ရောက်လာချိန်မှာတော့ ရာမာနာဟာ ဘယ်သူမှထိန်းမရတဲ့ ဘယ်သူ့ကိုဂရုမစိုက်တဲ့လူတစ်ယောက် ဖြစ်နေခဲ့ပါပြီ သူ့စိတ်ထဲမှာမမေ့နိုင်သေးတာတော့ သူ့အမေပေါ့သူ့အဘိုး ဗန်ကတ်ဆွာမိဟာ နာမည်ကြီး နိုင်ငံရေးသမားတစ်ယောက်ပါ အဲ့ဒါအပြင် သူ့အမေရော သူ့ရဲ့အဖေကွဲညီကိုပါ နိုင်ငံရေးလုပ်ခိုင်းထားပါတယ်သူတို့မိသားစုရဲ့နိုင်ငံရေးလောကမှာ ပထမသားကို စွန့်ပစ်ခဲ့တယ်ဆိုတဲ့ အမည်းစက်တစ်ခုဖြစ်နေတဲ့အခါမှာ ရာမာနာကို ဟိုက်ဒရာဘတ်ကိုခေါ်ပြီး အမွေ ဖြတ်ဖို့လုပ်ပါတော့တယ်အဲ့ချိန်မှာ ရာမာနာနဲ့ သူချစ်ရတဲ့အမေမိသားစုကြားဘာတွေဆက်ဖြစ်မလဲဆိုတာတော့....... CM ပရိသတ်ကြီးပဲ ဒီအချစ်အက်ရှင်ဇာတ်ကားလေးကို ဆက်လက်ခံစားကြည့်ရှုပေးကြပါလို့ ပြောကြားလိုပါတယ် အညွှန်းနဲ့ဘာသာပြန်ကိုတော့ CM Bollywood Team ...
movie
Guntur Kaaram (2024)
2024
4K HEVC
4.3
Agnyaathavaasi (2018)
Agnyaathavaasi (2018) "နန်းပြင်က အိမ်ရှေ့မင်းသား"2018 က ထွက်ရှိခဲ့တဲ့ နာမည်ကြီး တေလဂူး Action/Thriller ကားလေးကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် အိန္ဒိယရဲ့ အချမ်းသာဆုံးမင်းသားတွေထဲက တစ်ယောက်ဖြစ်တဲ့ မင်းသား Pawan Kalyan နဲ့ မင်းသမီးချောလေး Keerthy Suresh တို့ ပါဝင်ထားကြပါတယ်"Revenge is the best dish best-served cold" "လက်စားချေခြင်းဆိုတာ အေးမှ စားလို့ကောင်းတဲ့ ဟင်းလျာတစ်ခွက်ပါပဲ"တစ်ခုမတူတာကတော့ ဒီကားထဲက မင်းသားက လက်စားချေခြင်းကို အေးမှ စားသုံးမယ့်လူမျိုးမဟုတ်ပဲ... မြန်နိုင်သမျှအမြန်ဆုံး သူ့ရဲ့အဖေနဲ့ ညီလေးကို သတ်သွားတဲ့သူတွေကို လက်စားချေလိုစိတ်ဖြစ်နေသူပါ သူ့ရဲ့ ဝသီအရ "သစ်ပင်တွေကို အထပ်ထပ်ညှင်းပန်းပြီးမှ သက်တောင့်သက်သာ ထိုင်လို့ရတဲ့ ကုလားထိုင်တစ်လုံးဖြစ်သလိုမျိုးပဲ ... သူ့ရဲ့ ရင်ထဲက အာဃာတရန်ငြှိုးတွေ ချုပ်ငြိမ်းပြီး သက်တောင့်သက်သာ နေနိုင်ဖို့ လက်စားချေခြင်းကို အမြန်ဆုံးလုပ်နိုင်မှ အေးမယ်လို့ တွေးထားသူပါဇာတ်လမ်းအစမှာ ဗင်ဒါဆိုတဲ့ AB ...
movie
Agnyaathavaasi (2018)
2018
7.4
Vinaro Bhagyamu Vishnu Katha (2023)
Vinaro Bhagyamu Vishnu Katha (2023) Action, Comedy, Drama IMDb 7.7/10 (2.4K)တချို့ဇာတ်လမ်းလေးတွေက စိတ်ကူးကောင်းလေးတွေကနေ အစပျိုးလာသလို တချို့ဇာတ်လမ်းလေးတွေက ခင်မင်ရင်းနှီးမှုကနေ စတင်လာတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းလေးကတော့ ရန်ပွဲတစ်ခုကနေ စတင်လာခဲ့တယ်။အဲ့ဒီရန်ပွဲကနေပဲ ကောင်လေးတစ်ယောက်ရဲ့အမြင်တွေ ကောင်းမွန်လာခဲ့ပြီး တွေ့သမျှလူတိုင်းကို ကူညီတတ်လာခဲ့တယ်လေ။သူ ဒီလိုကူညီရင်းနဲ့ မကူညီသင့်တဲ့လူတွေကို ကူညီခဲ့ပြီး ဒုက္ခရောက်ခဲ့ရပုံ...။အချစ်ကိုရှာတွေ့ခဲ့ပုံနဲ့...။သူ့ဘဝရခဲ့တဲ့ အလှည့်အပြောင်းလေးတွေကိုတော့ ဒီဇာတ်ကားကြည့်ရင်း ခံစားကြည့်ကြပါနော်။ဒီဇာတ်ကားလေးက ဇာတ်လမ်းဘာညာ အသာထား တစ်ခုကြည့်လို့ကောင်းတာက ကျွန်တော်တို့ လက်တွေ့ဘဝနဲ့ တော်တော်နီးစပ်တာပါ ဘာလို့လဲဆိုတော့ မင်းသမီးက ယူကျုဆယ်လီလေ အဲ့တော့ ပရိသတ်ကြီးများအတွက် ဆယ်လီတွေဆိုတာလည်း သာမန်လူတွေလိုပဲ ချစ်ကြိုက်ကွဲငြားဇာတ်လမ်းလေးတွေရှိကြောင်း ရှုထောင့်အသစ်တစ်မျိုးကြည့်ရတာပေါ့ သီချင်းကောင်းကောင်းလေးတွေနဲ့ အက်ရှင်ခန်းအလန်းတွေရယ် မင်းသမီးအချောလေးတစ်ယောက်ရယ်ပါရင် ကျန်တာဘာလိုဦးမှာလဲ ဒီဇာတ်ကားကိုချက်ချင်းပါ ပြေးဒေါင်းပြီးကြည့်လိုက်ပါတော့ ပရိသတ်အပေါင်းတို့......... File size…2.13GB / 1.01GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 18m Subtitle….Myanamr Subtitle (HardSub) Encoder….YK Translated by Sai ~ BpL~ Taylor ~Yunni
movie
Vinaro Bhagyamu Vishnu Katha (2023)
2023
7.6
Vaathi(2023)
Vaathi (2023)IMDb-7.6/10သရုပ်ဆောင် ဒါရိုက်တာ ပရိုဂျူဆာ တေးရေး ဇာတ်ဝင်တေးသီချင်းအဆိုတော် စွယ်စုံရမင်းသား Dhanush နဲ့ မင်းသမီးချောလေး Samyuktha Menon တို့ အဓိကပါ၀င်သရုပ်ဆောင်ထားတဲ့ Rating လည်းကောင်း ကြည်နူးမှုကြောင့်လည်းမျက်ရည်စို့ရမဲ့ အိန္ဒိယဇာတ်ကားသစ်လေးနဲ့မိတ်ဆက်ပေးပါရစေ ဇာတ်ကားအစမှာကျောင်းသားသုံးယောက်ဟာသူတို့အဘိုးပိုင်ခဲ့တဲ့ ဗီဒီယိုခွေဆိုင်အဟောင်းလေးကို ရှင်းလင်းရင်းနဲ့ ဗီဒီယိုတိတ်ခွေဟောင်းတွေကို ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ သူတို့မနက်တုန်းမှာ ကျောင်းမှာသင်ခဲ့တဲ့ သင်္ချာပုစ္ဆာကို ဆရာငယ်ငယ်တစ်ယောက်က သင်ပေးနေတဲ့ ဗီဒီယိုမှတ်တမ်းကိုတွေ့လိုက်ပါတယ် အဲဒါနဲ့ သူတို့ကစာမလိုက်နိုင်တော့ အဲဒီဆရာဆီမှာကျူရှင်သင်မယ်ဆိုပြီး အဲ့တိတ်ခွေအဖုံးပေါ်မှာပါတဲ့ နာမည်နဲ့လိပ်စာအတိုင်းလိုက်ရှာကြည့်တော့ သူတို့တွေ့လိုက်ရတာ အဲဒီဆရာရဲ့တပည့်ဖြစ်တဲ့သူကိုပါ အဲဒီကနေတစ်ဆင့် ဆရာ့ရဲ့နာမည်က ဘာလာဖြစ်ပြီး ဆရာဘာလာရဲ့အကြောင်းတွေကို နောက်ကြောင်းပြန်ပြောပြလိုက်တဲ့အခါမှာတော့..... ဇာတ်ကားကကြည့်လို့ကောင်းတယ်ဆိုတာ ဒီနေရာမှာတင်ရပါပြီ ဇာတ်လမ်းဇာတ်ကွက်ကောင်း ပေးချင်တဲ့ message ကောင်းတဲ့အပြင် cast ကလဲကောင်း အချစ်ဒရာမာအက်ရှင် အစုံပါဝင်တာမို့ ပေးတဲ့ rating နဲ့လဲထိုက်တန်ပါတယ် အောက်ကစာကတော့ ကျွန်တော် အာချောင်ထားတာပါဒီဇာတ်လမ်းလေးကို မချီးကျူးခင်မှာ နယ်ဆင်မင်ဒဲလားပြောခဲ့တဲ့ စကားလေးတစ်ခုရှိပါတယ် Education is the only weapon that can change the world တဲ့ ကမ္ဘာကြီးကိုပြောင်းလဲနိုင်တဲ့တစ်ခုတည်းသောလက်နက်ဟာ ပညာရေးပါတဲ့ ၁၉၉၀ ပြည့်နှစ်တွေမှာ အိန္ဒိယမှာ စီးပွားရေးတိုးတက်လာတာနဲ့အမျှ ...
movie
Vaathi(2023)
2023
5.8
Veera Simha Reddy (2023)
Veera Simha Reddy (2023) Action/ Drama IMDb 5.8/10နှစ်ဘဝကလဲ့စားဇာတ်ကားနဲ့ ပုရိသတို့အသည်းစွဲဖြစ်ခဲ့တဲ့ မင်းသမီး Shruti Haasan ပါဝင်တဲ့ဇာတ်ကားအသစ်စက်စက်လေး ထွက်ရှိလာပါပြီ။ ဘက်ဂျက်၅ဆလောက်ကို ပြန်မြတ်ခဲ့တဲ့ကားလည်းဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျေးနဲ့မီနက်ရှီတို့သားအမိနှစ်ယောက်ဟာ အစ္စတန်ဘူလ်မှာ အခြေချနေထိုင်ရင်း ဘဝကို အေးချမ်းစွာဖြတ်သန်းနေတာပါ။ တစ်ရက်မှာတော့ ဂျေးတစ်ယောက် သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ဆိုသလို ချစ်ရတဲ့မိန်းကလေးနဲ့ အိမ်ထောင်တစ်ခုထူထောင်ဖို့ ဖြစ်လာပါတော့တယ်။ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုမိတဆိုးသားလေးလို့ထင်နေခဲ့တဲ့ ဂျေးကို မီနက်ရှီက ဖခင်ဖြစ်သူအကြောင်းထုတ်ပြောပြလာပါတော့တယ်။ဖခင်ဖြစ်သူဟာ စီမာဒေသနဲ့လူထုကို တရားသောနည်းလမ်းနဲ့အုပ်ချုပ်နေပြီး ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ ဗီရာဆင်းမ်ဟာရတ်ဒီဖြစ်ကြောင်း ဂျေးသိပြီးတဲ့အခါမှာတော့... ဖခင်ရဲ့ဆန္ဒကို ဘယ်လိုတွေဖြည့်ဆည်းပေးမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…5.19GB / 2.21GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Cherry ~ Yunni ~ Nyein Aye
movie
Veera Simha Reddy (2023)
2023
8.0
Krishna Vrinda Vihari (2022)
Krishna Vrinda Vihari (2022)အခုတစ်ခါထွက်ရှိလာတဲ့ ကားလေးကတော့ Chalo (2018) ကားမှာ ရက်ရှမီးကားမန်ဒါနားနဲ့အတူတွဲရိုက်ခဲ့တဲ့ တေလဂူမင်းသားချောလေး နာဂရှော်ရီယားရဲ့ရိုမန့် ဒရာမာကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်...ဒီဇာတ်ကားလေးက အချစ် အိမ်ထောင်ရေးနဲ့ မိသားစုအကြောင်း ဇာတ်အိမ်တည်ထားတယ်ဆိုရင် မမှားနိုင်လောက်ပါဘူး..ခုခေတ်လူငယ်တော်တော်များများကြည့်သင့်တဲ့ ဇာတ်ကားလေးပါပဲ...ခရစ်ရှနားဟာ ရှေးရိုးစွဲမိသားစုက ဆင်းသက်လာတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး အမဆို ယင်မတောင် မသမ်းဖူးတဲ့ ကောင်လေးတစ်ယောက်ပေါ့..ရွာမှာ အမေဖြစ်သူက ဩဇာညောင်းတော့ သားဖြစ်သူကို မိန်းကလေးတွေကတောင် စေ့စေ့မကြည့်ရဲကြဘူး..ဗရင်ဒါးကတော့ မြို့သူတစ်ယောက်ဖြစ်ပြီး ဘဝကို လွတ်လွတ်လပ်လပ်ဖြတ်သန်းချင်တဲ့သူ...သူ့မိသားစုကလည်း မော်ဒန်ဘဝကို ဖြတ်သန်းနေတဲ့မိသားစုခရစ်ရှနားဟာ ဗရင်ဒါးကို ချစ်ကြိုက်သွားတဲ့အခါ...။သူတို့နှစ်ယောက် အဆင်ပြေလာပါ့မလား...ဖြတ်သန်းလာတဲ့ ဘဝချင်းကလည်းမတူ မိသားစုအခြေအနေကလည်းမတူတဲ့အတွက် သူတို့မိသားစုတွေကရော အဆင်ပြေပါ့မလား...သူတို့ဘဝရဲ့ခရီးကြမ်းတွေနဲ့အတူ ပွင့်ချပ်နှစ်ရွက်ပေါင်းမှ တစ်ရွက်ဖြစ်လာနိုင်တဲ့ စွယ်တော်ရွက်လေးလိုပဲ နှစ်ကိုယ့်စိတ်တူဖြစ်လာနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါ။ File size…2.16GB / 1.01GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ BpL ~ Jerrica ~ OeliuJ
movie
Krishna Vrinda Vihari (2022)
2022