Channel Myanmar

Omakuchi Narasimhan

Indian (1996) 8.1
Indian (1996) Indian 1996 (အင်ဒီးယန်း)IMDb 8.1/10ဒီဇာတ်ကားလေးဟာ ၁၉၉၆ ခုနှစ်ဝန်းကျင်တုန်းက အိန္ဒိယပြည်ရဲ့ အစိုးရဝန်ထမ်းတွေ အကျင့်ပျက်ခြစားမှုကို မီးမောင်းထိုးပြထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းလေးကတော့ အသက် ၇၀ အရွယ်ရှိတဲ့အဘိုးတစ်ယောက်ဟာ အကျင့်ပျက်ခြစားနေတဲ့ အစိုးရဝန်ထမ်းတွေကို တွန်းလှန်လာရာကနေ ဇာတ်လမ်းလေးကိုအစပျိုးထားတာပဲဖြစ်ပါတယ်။ဒီလိုနဲ့သူယှဉ်ပြိုင်လာရာကနေ သုံးယောက်မြောက်ကျော်လာပြီးတဲ့အခါမှာတော့ သူ့ရဲ့သားဖြစ်သူဟာလည်း ခြစားနေတဲ့သူတွေထဲကတစ်ယောက်ဆိုတာ သူသိလာရတဲ့အခါ သားနဲ့အဖေကြား ပြဿနာတွေနဲ့ရင်ဆိုင်လာရပါတော့တယ်။ သူစက်ဆုတ်ရွံရှာနေတဲ့အကျင့်ပျက်ခြစားမှုနဲ့ ချစ်ရတဲ့သားဖြစ်သူတို့ကြား လွန်ဆွဲလာရတဲ့အခါ သူဘာကိုရွေးချယ်ရမလဲဗျာများလာရပါတော့တယ်။ဒီလိုနဲ့ပဲသူမုန်းတီးနေတဲ့အရာကို ဆက်တွန်းလှန်သွားနိုင်မလား သားဖြစ်သူရဲ့အကျိုးကိုငဲ့ပြီး နောက်ဆုတ်သွားရမလားဆိုတာကို အချစ်၊ အမုန်း၊ နာကြည်းမှုတွေနဲ့စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားတာဖြစ်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 3.8GB / 1.76GB Quality…WEB DL 1080p / 720p Format…mp4 Duration….3h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Indian (1996)

1996