Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Norman Chui Siu-Keung
5.8
Detective Dee And The Punished Swellhead ( 2024 )
စုံထောက်ကြီးဒီးနဲ့နဂါးနက်အမှုဖြစ်ပါတယ်။ ဒီအမှုမှာတော့ အာဏာတည်မြဲခြင်းကိုကိုယ်စားပြုနိုင်ဖို့ ဧကရီဝူကျယ်ထျန်းဟာ ရေလှောင်တမံတစ်ခုကိုတည်ဆောက်ပြီး ပူဇော်ပွဲကျင်းပဖို့ပြင်ဆင်နေပါတယ်။ ပူဇော်ပွဲမတိုင်ခင် ၃ရက်မှာ ရေလှောင်တမံဆောက်လုပ်ရေးမှာပါဝင်တဲ့ အလုပ်သမားတွေ ရာချီပြီးတော့သေတဲ့အမှုဖြစ်ခဲ့ပါတယ်။အဲဒီမတိုင်ခင်မှာ ကောင်းကင်မှာနဂါးနန်းတော်ကိုမြင်ရတယ်လို့ ဆိုတဲ့လူတွေရှိတာကြောင့် ဒါကနဂါးနတ်မင်းရဲ့ကျိန်စာလား ဆိုပြီးထင်ယောင်ထင်မှားဖြစ်နေကြပါတယ်။ ဒီးရန်ကျယ်ဟာအမိန့်တော်အရ ဒီအမှုကိုလိုက်ရင်း ဒီနဂါးကျိန်စာရဲ့နောက်ကွယ်က ကြီးမားတဲ့အကြံအစည်ကို သိလိုက်ရတာကြောင့် ပူဇော်ပွဲကိုဖျက်သိမ်းဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမယ့် ဧကရီဝူကျယ်ထျန်းက သူ့ရဲ့အာဏာကိုပြဖို့ပဲ စိတ်အားထက်သန်နေပြီးတော့ ဖျက်သိမ်းဖို့ငြင်းဆန်ခဲ့ပါတယ်။ ပြည်သူတွေရဲ့အသက်နဲ့ အာဏာကြားမှာ ဝူကျယ်ထျန်းကဘာကိုရွေးမလဲ...... စုံထောက်ကြီးဒီးကရော ဒီအမှုကိုဘယ်လိုများပါးပါးနပ်နပ်ဖြေရှင်းသွားမလဲ...... Filesize : 1.35 GB / 835 MB Quality : WEB-DL 1080p , 720p Format : mkv Genres : Action , Mystery Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Detective Dee And The Punished Swellhead ( 2024 )
5.7
The Legend of Yang Jian ( 2024 )
ဒီဇာတ်ကားလေးကတော့ တရုတ်ပြည်မှာနာမည်ကြီး တန်ခိုးကြီးနတ်မင်းတစ်ပါးဖြစ်တဲ့ယန်ကျန်နတ်မင်းရဲ့ လူ့ဘဝတုန်းကအကြောင်းလေးကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးကတော့ : လူ့ပြည်မှာကောင်းကင်နဲ့မြေကြီးကိုတောင်ခွဲနိုင်တယ်ဆိုတဲ့ ဖန့်ကူပုဆိန်တစ်လက်ရှိပါတယ် ။ အဲဒီပုဆိန်က ကောင်းတဲ့လူ လက်ထဲရောက်ရင်တော့ လောကသားတွေအတွက် အကျိုးရှိမှာဖြစ်ပြီးတော့ မကောင်းတဲ့သူရဲ့လက်ထဲမှာဆိုရင်တော့ တော်တော်လေး ဒုက္ခများစေမဲ့အရာလည်းဖြစ်ပါတယ် ။အဲဒါကြောင့် အဲဒီဖန့်ကူပုစိန်ထဲက ဖန့်ကူနှလုံးကို နတ်မင်းကြီးဖုရှီးက ထုတ်ယူပြီးတော့ မျိုးနွယ်စုနှစ်ခုကိုကာကွယ်စောင့်ရှောက်စေခဲ့ပါတယ် ။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ ယန်ကျန်ဟာ သူတို့ကျင်းရှားဂူမှာအတော်ဆုံးတပည့်လည်းဖြစ် ဆရာဖြစ်တဲ့သူကလည်း သူ့ကိုယုံကြည်တာမို့ ဆရာတံခါးပိတ်မကျင့်ကြံခင်မှာ သူ့ကို ဓားစံအိမ်ကဖန့်ရှင်းနှလုံးကိုကြည့်ရှုကာကွယ်ထားဖို့တာဝန်တစ်ခုပေးခဲ့ပါတယ် ။ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းတဲ့ယန်ကျန်ဟာ သတိလက်လွတ်နေရင်းနဲ့ ဖန့်ကူနှလုံးဟာလည်း အခိုးခံလိုက်ရပါတော့တယ် ။အပြစ်ရှိစိတ်နဲ့ယန်ကျန်ဟာ သူ့တာဝန်သူကျေပွန်စေရမယ်ဆိုပြီး ဖန့်ကူနှလုံးကိုခိုးသွားတဲ့သူနောက်ကိုလိုက်ရင်းနဲ့ သူ့ရဲ့စွန့်စားခန်းစာတင်ခဲ့ပါတော့တယ် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : History , Fantasy Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK
movie
The Legend of Yang Jian ( 2024 )
5.7
The Monster Is Coming ( 2024 )
အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် သဲထိတ်ရင်ဖိုရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ပင်လယ်နယ်နိမိတ်အတွင်းမှာ နိုင်ငံတကာက ပူးပေါင်းထူထောင်ထားတဲ့ ခါအော်စီးကျွန်းဟာ ပတ်ဝန်းကျင်လှပပြီး သဘာဝအရင်းအမြစ်ပြည့်ဝတဲ့ ရှားပါတောရိုင်းတိရစ္ဆာန်တွေ ရှင်သန်ရာ နယ်မြေလေးတစ်ခု ဖြစ်ပါတယ်။ ကျွန်းပေါ်မှာ လက်ဝါးကြီးအုပ်ထားတဲ့ ဟော်ကျုံနည်းပညာကုမ္ပဏီရဲ့ အပေးအယူတစ်ခုမှာ ဗီဇပြောင်းတိရစ္ဆာန်ကြီး ၂ ကောင်က လွတ်မြောက်သွားခဲ့ပြီး လူသားတွေကို အန္တရာယ်ပြုနေခဲ့ပါတယ်။ဇီဝဗေဒပညာရှင် စုန်နန်ဟာလည်း ဒီကိစ္စကို လိုက်လံစုံစမ်းချိန်မှာ သူ့သမီးလေးရှောင်ထင်ကို တိရစ္ဆာန်ကြီးက ဖမ်းခေါ်သွားခဲ့ပါတယ်။ စုန့်နန်အတွက် မထင်ထားရဆုံးအဖြစ်က ဒီတိရစ္ဆာန်ကြီး ၂ ကောင်ကို တီထွင်ဖန်တီးသူက သူ့ရဲ့ ဇနီးဟောင်းဖြစ်သူ ကျိုးချန့်ပဲ ဖြစ်နေပါတယ်။ ရှာဖွေစုံစမ်းမှုတွေနဲ့ တိရစ္ဆာန်ကြီးတွေကို ပြန်လည်ထိန်းသိမ်းဖို့ ရှောင်ထင်ကို ကယ်တင်ဖို့ တာဝန်ကြီးက စတင်ရပါတော့တယ်။ဒီလို အန္တရာယ်တွေကို စုန့်နန်တစ်ယောက် ဘယ်လို ဖြေရှင်းမလဲ...... သူ့ကို ဘယ်လို အန္တရာယ်အသစ်တွေကရော စောင့်နေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action , Adventure Runtime ...
movie
The Monster Is Coming ( 2024 )
5.7
League of Gods: Leizhenzi ( 2024 )
ဒီတစ်ခါတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ ယင်နှင့် ရှန်မင်းဆက်နှောင်းပိုင်းခေတ်မှာဖြစ်ပွားခဲ့ပါတယ် လိမ်းကျန့်ကျီလို့ခေါ်သူနဲ့ အားလုံးသိကြပြီးသားဖြစ်တဲ့ မြေခွေးမိစ္ဆာ စူးတာကျီတို့ရဲ့ ချပွဲလေးကိုအဓိကထားပြီး ရိုက်ကူးပြသထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်သာမာန်လူသားတစ်ယောက်လို ဘာသိုင်းပညာမှမတတ်ကျွမ်းတဲ့ လိမ်းကျန့်ကျီက သိုင်းပညာမြင့်မားတိုးတက်အောင် သင်ယူလေ့လာရင်းနဲ့ လိပ်ပြာလေးလို့ခေါ်သူ လိပ်ပြာနတ်လေးနဲ့တွေ့ရှိခဲ့ပြီး အချစ်ဇာတ်လမ်းလေးတစ်ပုဒ်စတင်ခဲ့ရာမှ Happy Ending ဖြစ်မလား Sad Ending ဖြစ်မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Mystery , Fantasy Runtime : 1h 05 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Xing Xing Encoded by LK
movie
League of Gods: Leizhenzi ( 2024 )
5.7
Rage Chase ( 2023 )
ဒီတခေါက်CM ရဲ့ ပရိသတ်တွေအတွက် မှုခင်းအက်ရှင်ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- တစ်ချိန်က အထူးတပ်ဖွဲ့မှာ အဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့တဲ့ လင်ယွမ့်ဟာ အထူးလှုပ်ရှားမှု တစ်ခုမှာ သူ့ရဲ့အမှားကြောင့် အဖွဲ့သားတွေနဲ့ ဓားစာခံတွေ အကုန် စတေးသွားခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ သူ့ဘဝအမှန်ကို ဖုံးကွယ်ပြီး နေထိုင်ခဲ့ပါတယ်။နာရီပြင်သူ တစ်ယောက်အနေနဲ့ နေထိုင်နေတဲ့ လင်ယွမ့်ဟာ အပေါ်ထပ်က ရှောင်ယွဲ့ဆိုတဲ့ ကလေးမလေးတစ်ယောက်ကို သမီးလေးတစ်ယောက်လို သံယောဇဉ် တွယ်မိသွားပါတယ်။ ဒုစရိုက်ဂိုဏ်းတွေက ရှောင်ယွဲ့တို့ သားအမိကို အန္တရာယ်ပြုဖို့ ဦးတည်လာသောအခါ......လင်ယွမ့်တစ်ယောက် ဒုစရိုက်ဂိုဏ်းရဲ့ ပြစ်မှုတွေကို တားဆီးနိုင်ပါ့မလား...... ဒုစရိုက်ဂိုဏ်းရဲ့ နောက်ကွယ်က ခေါင်းဆောင်ကြီးကိုရော ဖမ်းဆီးနိုင်လိမ့်မလား...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုအဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , War Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie
Rage Chase ( 2023 )
5.9
Magic Man ( 2023 )
ရှိုးလော်ဂိုဏ်းလို့ခေါ်တဲ့ လူသတ်သမားအဖွဲ့အစည်းတစ်ခုက လူသတ်သမားဖြစ်တဲ့ လန်ကန်းဟာ မွေးရာပါသတ္တုနှင့်ထိတွေ့ခဲ့ရင် ဏ်ရာပြန်ကောင်းလာနိုင်တဲ့ ထူးခြားစွမ်းအင်တခုရှိပါတယ်လန်ကန်းဟာတပ်မှူးကြီးကိုလုပ်ကြံတဲ့ လှုပ်ရှားမှုတစ်ခုမှာ ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး အရက်ဆိုင်ပိုင်ရှင်ဟုန်လော်နဲ့ သူ့ညီမမိုက်ကျစ်ရဲ့ ကယ်တင်ခြင်းကိုခံခဲ့ရတယ်ကျေးဇူးပြန်ဆပ်ဖို့အတွက် လန်ကန်းကအရက်ဆိုင်မှာ ယာယီနေပြီးစားပွဲထိုးအဖြစ်လုပ်ခဲ့တယ် ဒီလိုအေးချမ်းသာယာတဲ့ဘဝမျိုးက မှောင်မိုက်ပြီးဓားကိုင်လူသတ်တဲ့ဘဝကိုဖြတ်သန်းရတဲ့လန်ကန်းကို စိတ်လှုပ်ရှားစေခဲ့ပြီး သာမန်အေးချမ်းတဲ့ဘဝကိုဖြတ်သန်းချင်ခဲ့တယ်ဒီလိုမျိုးအေးဆေးတည်တည်ငြိမ်ငြိမ်လေးနေချင်တဲ့သူ့ဘဝကို တနေ့မှာ ဇောက်ထိုးမိုးမျှော်ဖြစ်စေမယ့် ကိစ္စတခုကျရောက်လာတဲ့ အခါမှာတော့ လန်ကန်းတစ်ယောက်ဘယ်လိုတွေရင်ဆိုင်မလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mary Eaint Encoded by LK
movie
Magic Man ( 2023 )