Channel Myanmar

Nivin Pauly

Malayalee from India (2024) 6
Malayalee from India (2024) Malayalee From India 2024 ကြုံရဆုံရ ဒီဘဝIMDb - 6.1/10Heavy plotတွေပဲကြည့်ရတာ ရိုးအီနေသူတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ ဟာသခပ်များများပါတဲ့ ရိုးရှင်းတဲ့ဇာတ်လမ်းကောင်းလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းကတော့ ယဉ်ကျေးမှုမတူ လူမျိုးမတူ အတွေးအမြင်မတူတဲ့ ဆရာတပည့်နှစ်ယောက်ကြားက သံယောဇဉ်အကြောင်းလေးကို ပုံဖော်ထားတာပါ။မလေယာလီသား ဂိုပီဟာ သူငယ်ချင်းနဲ့ပေါင်းပြီး ပြဿနာအိုးလုပ်နေတဲ့ ဇိုးတစ်ယောက်၊ ဒီလိုနဲ့ အရေးအခင်းတစ်ခုမှာ သူငယ်ချင်းနှစ်ယောက် ပဲလှော်ကြားဆားညှပ်အဖြစ်ရောက်ပြီး ဂိုပီတစ်ယောက် နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ ပို့ခံလိုက်ရပါတော့တယ်။ ဖြစ်ချင်တော့ ဂိုပီရဲ့ဆရာက ပါကစ္စတန်လူမျိုးအိန္ဒိယနဲ့ပါကစ္စတန်ရဲ့ ရန်စတွေက အခုထိလည်း မငြိမ်းသေးတာမလို့ ဘုနဲ့ဘောက်ဖြစ်ရတဲ့ထဲ ဆရာသမားက မလေယာလီသားတစ်ယောက် တစ်ပတ်ရိုက်တာခံရဖူးတာကြောင့် မလေယာလီသားကို ပိုပြီးတော့ မျက်စိဆံပင်မွေးစူးနေတဲ့အခါ....အလွဲလွဲအချော်ချော်နဲ့ ဘယ်လောက်ပဲမတည့်အတူနေဖြစ်နေပါစေ အရေးကြုံလာတော့ သွေးစည်းရသလိုပဲ ဒီဆရာတပည့်နှစ်ယောက်လည်း ရန်ဖြစ်ငြင်းခုန်ရင်းနဲ့ ဘယ်လိုသံယောဇဉ်တွယ်လာကြမလဲ။ ဘဝကပေးတဲ့အတွေ့အကြုံတွေကြောင့် ဇိုးလေးဂိုပီတစ်ယောက်ရော လူကောင်းတစ်ယောက်ဖြစ်လာမလားဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 1.8GB / 946MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie

Malayalee from India (2024)

2024
Varshangalkku Shesham (2024) 7.2
Varshangalkku Shesham (2024) Valshangakku shesham 2024 (ရုပ်ရှင်အိပ်မက်လေးတစ်ခု)ရုပ်ရှင်ဝါသနာအိုးလေးတွေ ရှိကြလား ရှိကြတယ်ဆိုရင်တော့ ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကို လက်မလွှတ်တမ်း ကြည့်ရှုအားပေးကြဖို့ တိုက်တွန်းပေးချင်ပါတယ်အခုတစ်ခါ ကျွန်တော်တို့ Channel Myanmar ကနေ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Valshangakku shesham ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့် IMDb rating မှာ 7.2 အထိတောင် ရရှိထားတာမလို့ အရမ်းကိုမှ စိတ်ဝင်စားဖွယ်ကောင်းမှာကတော့ အသေအချာပါပဲဒီဇာတ်ကားလေးကို Vineeth Sreenivasan ရိုက်ကူးပေးထားပြီး သရုပ်ဆောင်တွေအနေနဲ့ကတော့ Dhyan Sreenivasan, Pranav Mohanlal တို့က အဓိကထားပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့ ၁၉၇၀ ဝန်းကျင်မှာ ဇာတ်အိမ်တည်ထားပြီး သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ဗီနူနဲ့ မိုရာလီတို့ဟာ သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဇာတိမြေဖြစ်တဲ့ ကီရာလာကနေ မာဒရက်စ်(ယခု ချန်နိုင်း) မှာ ရှိတဲ့ ကိုဒမ်ဘက်ကမ်ကို ရောက်လာခဲ့ကြတယ်။အဲဒီအချိန်တုန်းက ကိုဒမ်ဘက်ကမ်ဟာ တောင်အိန္ဒိယရဲ့ ရုပ်ရှင်လောကအချက်အချာနေရာဖြစ်နေသလို ဗီနူနဲ့ မူရာလီတို့ဟာလည်း ဆန်းကြယ်လှတဲ့ ရုပ်ရှင်လောကမှာ နေရာတစ်ခု ရဖို့အတွက် စိတ်အားထက်သန်စွာ ကြိုးပမ်းကြပါတော့တယ်။ဒီဇာတ်လမ်းလေးမှာဆိုရင် ...
movie

Varshangalkku Shesham (2024)

2024
Mahaveeryar (2022) 6.4
Mahaveeryar (2022) Maharveerya 2022 IMDb - 6.4/10Maharveerya 2022 IMDb - 6.4/10အိန္ဒိယနာမည်ကြီး မင်းသား Nivin Pauly နဲ့ မင်းသမီးချောလေး Shanvi Srivastavaတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ဟာဆိုရင် ချစ်ကြိုက်ကွဲညား ကလဲ့စားစသဖြင့်မြင်နေကျအိန္ဒိယရုပ်ရှင်တွေလိုမျိုးမဟုတ်ပါဘူး။ အချိန်ခရီးသွားတွေပါမယ်၊ ရယ်စရာတွေပါမယ်၊ လူ့စရိုက်ကိုသရော်ထားတာပါမယ်၊ တရားခွင်မှာ အပြန်အလှန်လျှောက်လဲချက်တွေပါမယ် ဒါ့အပြင် rating ကောင်းကောင်းနဲ့ နာမည်ကြီးသရုပ်ဆောင်တွေပါတာ ကြိုက်ရင်တော့ ဒီကားကိုညွှန်းပေးချင်ပါတယ်ဇာတ်လမ်းလေးကတော့ တရားခွင်မှစပြီး တရားခွင်မှာဆုံးတယ်ဆိုရလောက်အောင် မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ရတာအားရလှပါတယ် ဆင်းတုတော်တွေအရမ်းပျောက်တဲ့မြို့မှာ ကိုယ်ရောက်လာမှ ဆင်းတုတော်သူခိုးလို့ စွပ်စွဲခံရလို့ကိုယ်တိုင်ရှေ့နေလုပ်မဲ့ စိတ်ဝင်စားဖွယ်ရသေ့ကြီး ဘုရင်ကြီးက မင်းတုန်းမင်းလို တစ်ထောင်တစ်ညပြည့်အောင် တော်ကောက်ခံလိုက်ရတဲ့ အသည်သားမိန်းကလေးတစ်ယောက်ရဲ့ တိုင်ကြားချက်ကို အပြိုင်အဆိုင်လျှောက်လှဲချက်တွေနဲ့ တရားခွင်တရားခွင်က လျှောက်လဲချက်ကနေတစ်ဆင့် ဇာတ်ကြောင်းကို narration လုပ်ပေးသလိုမျိုး ဇာတ်လမ်းကိုပြန်ရိုက်ပြထားတဲ့ စတိုင်နဲ့ ကြည့်ရတာ ပေါ့လဲမပေါ့ ပျင်းစရာမကောင်းပဲနဲ့ တရားကိုဘာနတ်စောင့်မလဲဆိုတာ အဆုံးထိခံစားကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ် File size…1.43GB / 614MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai ...
movie

Mahaveeryar (2022)

2022
Padavettu (2022) 8.5
Padavettu (2022) Padavettu (2022) ————————————————— အိန္ဒိယနိုင်ငံက စိုက်ပျိုးရေးရွာငယ်လေးတစ်ရွာကိုအခြေတည်ပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ နိုင်ငံရေး action thriller အမျိုးအစားmovie ဖြစ်ပြီး IMDb rating 9/10 ရရှိထားတာဖြစ်ပါတယ် စိုက်ပျိုးရေးကိုပဲ အခြေတည်ပြီး ရှင်သန်စားသောက်နေကြတဲ့ ရွာငယ်လေးမှာ ဒေသနိုင်ငံရေးပါတီပဋိပက္ခတွေကြား ရင်ဆိုင်ကြရတဲ့အခါ..အားကစားသမားbiker တစ်ယောက်ဖြစ်ခဲ့တဲ့ Ravi ဟာ မတော်တဆမှုတစ်ခုကြောင့် လုပ်ချင်ကိုင်ချင်စိတ်မရှိတဲ့ introvert တစ်ယောက်ဖြစ်သွားပါတော့တယ်ဒါပေမယ့် သူ့ဘဝကိုတစ်ဖန်ပြန်ပြောင်းလဲစေတဲ့ ဖြစ်ရပ်တစ်ခုနဲ့ ကြုံလာရတဲ့အခါမှာတော့ ရွာရဲ့လွတ်လပ်ခွင့်အတွက် နိုင်ငံရေးစနစ်ကြီးကို တွန်းလှန်ဖို့ကြိုးစားရပါတော့တယ် .. နိုင်ငံရေးသမားတွေနဲ့ ယှဉ်ပြီး ကြိုးစားနေတဲ့ Ravi တစ်ယောက် ရွာသူရွာသားတွေရဲ့ ထောက်ခံအားပေးမှုကိုရော ရရှိလာမှာလား.. ဘယ်အရာကများသူ့ကို တော်လှန်ရေးသမားတစ်ယောက်ဖြစ်စေဖို့တွန်းအားပေးခဲ့တာလဲ.. စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်လို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်.. File size…2.8GB  / 1.26GB Quality…1080p TRUE WEB DL /720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~HayMan~Go-O
movie

Padavettu (2022)

2022
The Elder One (2019) 7.6
The Elder One (2019) The Elder One (2019)================IMDb Rating - 7.6/10#Unicodeဒီဇာတ်ကားလေးကတော့ အိန္ဒိယနိုင်ငံက လိင်တူချစ်သူတွေရဲ့ ပြဿနာနဲ့ ကျွန်းက ထွက်သွားတဲ့အကိုဖြစ်သူကို ရှာဖွေတဲ့ ယောက်ျားလျှာကောင်မလေးတစ်ယောက်ရဲ့ ကြုံတွေ့ရတဲ့ ပြဿနာတွေကို မီးမောင်းထိုးပြထားတဲ့ ကားလေးပါ။ ကလေးမလေးဟာ ယောက်ျားလို ဝတ်ဆင်ပြီး ယောက်ျားလိုနေပင်မဲ့ ပတ်ဝန်းကျင်ရဲ့ လက်မခံနိုင်မှု့တွေကြောင့် မြို့ပေါ်တက်သွားတဲ့ အကိုကို သွားရှာရင်းကလေးရောင်းစားတဲ့ ဂိုဏ်းနဲ့တွေ့ပြီး ရောင်းစားခံရတော့မဲ့ စဲစဲ သူ့အကိုကို ပြန်တွေ့ပြီး မောင်နှမတွေပြန်လည်ဆုံစည်းသွားတဲ့ ကားလေးပါ။ ဇာတ်လမ်းလေးဟာ ရိုးရှင်းပေမဲ့ အိန္ဒိယနိုင်ငံရဲ့ လူနေမှု့ဘဝတွေကလေးရောင်းဂိုဏ်းတွေရဲ့ အင်အားကြီးမားပုံနဲ့ ပျက်စီးနေတဲ့ ရဲတွေရဲ့ ကျင့်ဝတ်တွေကို ဒါရိုက်တာကအဓိကထား ရိုက်ကူးထားတာဖြစ်ပါတယ်။တကယ်ကို ကြည့်သင့်တဲ့ ပညာပေး ကားလေးပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Thinzar Lwin ပဲဖြစ်ပါတယ်။)#Zawgyiဒီဇာတ်ကားလေးကတော့ အိန္ဒိယနိုင်ငံက လိင်တူချစ်သူတွေရဲ့ ပြဿနာနဲ့ ကျွန်းက ထွက်သွားတဲ့အကိုဖြစ်သူကို ရှာဖွေတဲ့ ယောက်ျားလျှာကောင်မလေးတစ်ယောက်ရဲ့ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ...
movie

The Elder One (2019)

2019