Channel Myanmar
Neal McDonough
1922 (2017) 6.3
1922 (2017)  1922 (2017) IMDb Rating (6.2) / Rotten Tomatoes (91%)Stephen King ရဲ့ ဝတ္ထု​ကို အသက်​သွင်း​ထားတဲ့ Horror​/Drama​ အမျိုး​အစား​ရုပ်ရှင်​ ဖြစ်ပါ​တယ်။ 2017 အောက်​တို​ဘာ​ ၂၀ ရက်​မှာ Netflix​ ကနေ ထုတ်​လွှင့်​ခဲ့ပါတယ်။ The​ Punisher နဲ့ The Mist ရုပ်ရှင်​တွေရဲ့ မင်းသား​ကြီး Thomas Jane က အဓိက​ ပါဝင်​သရုပ်ဆောင်​ထား​ပါတယ်။ဇာတ်လမ်း​အကျဥ်းကတော့ Wilfred James ဆိုတဲ့​ လယ်သမား​တစ်ဦး​ဟာ ဇနီး​ဖြစ်သူ​ Arlette နဲ့ သား​ဖြစ်သူ​ Henry တို့​နဲ့အတူ​ နီဘရားစကားပြည်နယ်မှာ နေထိုင်​ပါတယ်။ ဇနီး​ဖြစ်သူ​ Arlette က အမွေရထားတဲ့ လယ်​ဧကတစ်ရာကို ရောင်း​ပြီး မြို့​ပြောင်း​ချင်​ပေမဲ့ James နဲ့ Henry တို့သားအဖကတော့ မပြောင်း​ချင်တဲ့အတွက် စကား​များ​ရန်​ဖြစ်​ကြကာ သား​အဖနှစ်ဦးပေါင်းပြီး Arlette​ ကို အပျောက်​ရှင်း​ပါတော့တယ်။ ဒီကိစ္စ​ ဒီမှာ​တင်ပြီးပြီလို့ ...
movie
1922 (2017)
2017
4K HEVC
Batman: Assault on Arkham (2014) 7.4
Batman: Assault on Arkham (2014) Batman: Assault on Arkham (2014) IMDb: 7.4/10Assault On Arkham အတွက် အညွှန်းအနေနဲ့ကတော့ Suicide Squad ဇာတ်ကားမှာတုန်းကAmanda Waller ကို သိခဲ့ကြမှာပါအဲ့ဒီ့ Amanda Waller ဟာ ဒီကားမှာလည်း Mission တစ်ခုအတွက်Suicide Squad အဖွဲ့သားတွေကို စုဆောင်းပါတယ် အဖွဲ့ဝင်အဟောင်းတွေ ပါသလိုအဖွဲ့ဝင် အသစ်တွေလဲ ပါဝင်ပါတယ်။ Amanda ဟာ ပစ္စည်း တစ်ခု အတွက်Gotham မြို့မှာ ရှိတဲ့ Arkham စိတ္တဇအကျဉ်းထောင်ကို သူ့ရဲ့ Suicide Squad အဖွဲ့သားတွေကို ချိုးဖောက်ဝင်ရောက်စေပါတယ်ဒါပေမယ့် သူတို့အတွက် ခက်ခဲတဲ့ အဟန့်အတားတစ်ခုကတော့ Gotham မြို့ဆိုတာကအားလုံးသိတဲ့ အတိုင်းပဲ Batman ရဲ့ မြို့တော်ဖြစ်တဲ့အတွက် သူတို့လို Villianတွေခြေရှုပ်ဖို့သိပ်မလွယ်ကူပါဘူး ဒီလို စိတ်လှုပ်ရှား စရာတွေ နဲ့ ပြည့်နေတဲ့ ဒီဇာတ်ကားမှာAmanda ဟာ Arkham မှာ ...
movie
Batman: Assault on Arkham (2014)
2014
The Shift (2023) 6
The Shift (2023) The Shift (2023)Arrow စီးရီးထဲမှာ ဒေမီယန်ဒါ့ခ်အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ Neil McDonough နဲ့ LoTR သုံးကားမှာ ဆမ်ဝှိုက်ဂမ်ဂီးလုပ်ခဲ့သူ Sean Astin တို့ ပါဝင်ထားတဲ့ ဒီကားမှာတော့ God နဲ့ Devil ဘယ်သူ့ကိုးကွယ်မလဲဆိုတဲ့ ဘာသာရေးနဲ့ဆိုင်တဲ့ မက်ဆေ့ကို Sci-Fi ရုပ်ရှင်ထဲမှာ ပုံဖော်ထားပါတယ်။အဓိကဇာတ်လိုက်ဖြစ်တဲ့ ကယ်ဗင်ဟာ သူ့ဘဝခက်ခဲနေချိန်မှာ မော်လီဆိုတဲ့မိန်းကလေးနဲ့တွေ့ပြီး ချစ်ကြိုက်ခဲ့ပါတယ်။ သူတို့မှာ သားလေးပါရလာပြီး ပျော်ရွှင်နေခဲ့ရာကနေ တစ်နေ့မှာ သူတို့သားလေးပျောက်သွားပြီး တစ်စတစ်စနဲ့ သူတို့နှစ်ယောက်လည်း အဆင်မပြေတော့ပါဘူး။ တစ်ရက်မှာတော့ ကယ်ဗင် ကားထဲမှာ မော်လီနဲ့ ဖုန်းပြောနေတုန်းကားတိုက်ခံရပြီး ထူးဆန်းတဲ့နေရာကို ရောက်သွားပါတယ်။တကယ်တော့ အဲဒီကမ္ဘာကို Benefactor ဆိုတဲ့လူက ကယ်ဗင်ကို ပြန်ပေးဆွဲလာတာဖြစ်ပြီး ကယ်ဗင်ကို သူ့အလုပ်အတွက် ကမ်းလှမ်းချင်တာပါ။ သူက လူသားတွေကို ကိုယ်ပွား ကလုန်းတွေအများကြီးဖန်တီးပြီး Reality တစ်ခုကနေတစ်ခု လဲပေးနိုင်စွမ်းရှိပါတယ်။ ...
movie
The Shift (2023)
2023
Buddy Games (2019)
Buddy Games (2019) Buddy Games (2019)အခုမိတ်ဆက်ပေးမယ့် Buddy Games ဆိုတဲ့ ဇာတ်ကားလေးကတော့ အချစ်ဆုံးသူငယ်ချင်း ပေါက်ဖော်လေးယောက်အကြောင်းကို ဇာတ်အိမ်တည်ပြီးတော့ ရိုက်ကူးထားတာပါ။Buddy Games ဆိုတဲ့အတိုင်း သူတို့လေးယောက်က မိတ်ဆွေဖြစ်ဂိမ်းကို ငယ်ငယ်ကတည်းကနေ ကြီးကောင်ကြီးမား လူလတ်ပိုင်းရောက်တဲ့အထိကို ကလေးတွေလို ပျော်ပျော်ပါးပါးဆော့ကစားခဲ့ကြပါတယ်။ ဒီလိုနဲ့ တစ်နှစ်မှာ ဒီဂိမ်းလေးကိုဆော့နေရင်း ဘန်ဒါလို့ခေါ်တဲ့ သူငယ်ချင်းလေးယောက်ထဲကတစ်ယောက်က နောက်တစ်ယောက်ဖြစ်တဲ့ ရှယ်လီဆိုသူကိုစနောက်ရင်း စိတ်ဆိုးသွားပြီး သူ့ကို သေနတ်အတုနဲ့ ပစ်လိုက်ရာကနေ ပြဿနာတွေတက်ပြီး ဇာတ်လမ်းလေးက အကြောင်းဖန်လာပါတော့တယ်။ဒီဇာတ်ကားလေးက အရမ်းကိုပျော်ဖို့ကောင်းပြီး အခုလိုမေတ္တာတရားတွေခေါင်းပါးလာတဲ့ မျက်မှောက်ခေတ်ကြီးမှာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူငယ်ချင်းအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီတတ်တဲ့ သူငယ်ချင်းစိတ်ဓာတ်ကို ကွက်ကွက်ကွင်းပေါ်လွင်အောင်ရိုက်ပြထားပေးတဲ့ ဟာသပေါကားလေးတစ်ကားဖြစ်လို့ အပန်းဖြေရင်း ကြည့်ရှူလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 780MB Quality - 1080p, 720p Format - mp4 Duration - ...
movie
Buddy Games (2019)
2019
Minority Report (2002) 7.6
Minority Report (2002) Minority report (2002)IMDb Rating (7.6) / Rotten tomatoes (90%)တွမ်ခရုစ် ပါဝင်ထားတဲ့ sci-fi, thriller ဇာတ်ကားဖြစ်ပါတယ်။ နာမည်ကြီးဒါရိုက်တာ စတီဗင်စပီးဘာ့ဂ်ရိုက်ကူးထားတဲ့ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ဇာတ်အိမ်ခိုင်ခံ့မှု၊ ဇာတ်လမ်းဆန်းသစ်မှုအပိုင်းတွေမှာ ပြောစရာမလိုအောင်ကောင်းမွန်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ သက္ကရာဇ် ၂၀၅၄ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု ဖယ်ဒရယ်အစိုးရဟာ Precrime လို့ခေါ်တဲ့ တင်ကြိုမှုခင်းတားဆီးရေးအဖွဲ့ကို နိုင်ငံတော်အဆင့်ဖွဲ့စည်းဆောင်ရွက်ဖို့ ကြိုးစားနေတဲ့ကာလဖြစ်ပါတယ်။ Precrime ဆိုတာက မှုခင်းတွေ၊ အထူးသဖြင့် လူသတ်မှုတွေမဖြစ်အောင် တားဆီးကာကွယ်ရတဲ့ အထူးရဲတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ ဘယ်လိုတားဆီးသလဲဆိုတော့ precogs လို့ခေါ်တဲ့ မျိုးဗီဇမွမ်းမံထားတဲ့ လူသားတွေက အခင်းဖြစ်ပွားရာနေရာ၊ အချိန်နဲ့ လူပုဂ္ဂိုလ်တွေကို အတိအကျခန့်မှန်းဟောကိန်းထုတ်ပေးပြီးတော့ precops လို့ခေါ်တဲ့ အထူးရဲတွေက အဆိုပါနေရာကို အချိန်ကိုက်သွားရောက်ဝန်းရံပြီးတားဆီးရတာပါပဲ။precops အဖွဲ့မှူးဖြစ်တဲ့ ဂျွန်အန်ဒါတန်(တွမ်ခရုစ်)ဟာ မကြာသေးမီက သားဖြစ်သူပျောက်ထားတဲ့ အိမ်ထောင်ကွဲတစ်ဦးဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းတွေ၊ စစ်ဆင်ရေးတွေမှာ တာဝန်ကျေပွန်ပေမယ့် သားပျောက်မှုကြောင့်ရတဲ့စိတ်ဒဏ်ရာကို ကုစားရင်း ဆေးစွဲနေသူတစ်ဦးဖြစ်ပါတယ်။ Precrime ဌာနဟာ ကိုလံဘီယာခရိုင်မှာ စမ်းသပ်လည်ပတ်ဆဲကာလမို့ နိုင်ငံတော်အဆင့်တရားဝင်ဖြစ်အောင် ဖယ်ဒရယ်ကအရာရှိတွေရဲ့ စစ်ဆေးမှုခံနေရတဲ့ အခြအနေပါ။ အဲ့လိုကာလအတွင်းမှာ ...
movie
Minority Report (2002)
2002
Sonic the Hedgehog (2020) 6.8
Sonic the Hedgehog (2020) အရင်လက ရုံတင်သွားတဲ့ သိပ္ပံစိတ်ကူးယဉ်ကားလေးပါ။အခြားဂြိုလ်ကနေလာပြီး အမြန်နှုန်းနဲ့ပါဝါတွေရှိတဲ့ ဆောနစ်ဆိုတဲ့ ဖြူကောင်လေးဟာရန်သူတွေလက်ကနေ ပြေးရင် ကမ္ဘာပေါ်ကို ရောက်လာပါတယ်။ကမ္ဘာပေါ်မှာ ရဲတစ်ယောက်နဲ့မိတ်ဆွေဖြစ်ပြီးတစ်ချိန်တည်းမှာပဲ သူ့ကို ဖမ်းဖို့လိုက်လာတဲ့သိပ္ပံပညာရှင် ရိုဘော့နစ် နဲ့ပါ ရင်ဆိုင်လာရပါတော့တယ်။ဒီတော့ ရဲအရာရှိ သောမက် နဲ့ဆောနစ်တို့ သူ့လက်ကလွတ်အောင်ပြေးရင် ဘေကင်းတဲ့ဂြိုလ်တစ်ခုကို ဆောနစ်ကို ပြန်ပို့နိုင်ဖို့ ကြ်ိုးစားရပါတော့တယ်။ဆာနစ်အဖြစ် ဘန် ရှဝက်က သရုပ်ဆောင်ထားပြီးဗီလိန်နေရာကတော့ မတွေ့ရတော ကြာပြီဖြစ်တယ်မင်းသားကြိး ဂျင်မ် ကာရေးမို့ ကြည့်လို့သိပ်ကောင်းပါလိမ့်မယ်။rating လည်း 6.8 ဆိုတော့ အားလုံးအပမ်းပြေကြမယ်ထင်ပါတယ်File Size : ( 930 MB) Quality : HDRip 720p Running Time : 1 hr 39 min Format : Mp4 Genre : Action , Adventure , Comedy Subtitle : Myanmar ...
movie
Sonic the Hedgehog (2020)
Apex (2021) 5.7
Apex (2021)  Apex ဆိုတဲ့ကျွန်းကြီးပေါ်မှာ လစဉ်လတိုင်း ထိပ်တန်းလူချမ်းသာ၆ယောက်ဟာ လူတစ်ယောက်ကို သားကောင်အဖြစ်အမဲလိုက်ကစားကြပါတယ်။သူပါတဲ့ပွဲတိုင်းနိုင်နေတဲ့ ဒေါက်တာရိန်းစ်ဖို့ဒ်ဟာ ကစားပွဲစီစဉ်သူကို သတ်ရအခက်ဆုံးသားကောင် တောင်းဆိုလိုက်တဲ့အခါ...တစ်သက်တစ်ကျွန်းကျနေတဲ့ ဘရုစ်ဝီလီတစ်ယောက် လွတ်မြောက်ဖို့အခွင့်အရေး ရလာပါတော့တယ်ကစားသမား၆ယောက်ဟာ သားကောင်ဖြစ်တဲ့ လူအိုကြီးဘရုစ်ဝီလီကို လျှော့တွက်ထားရာကနေ ထင်မထားတဲ့ရလဒ်တွေဖြစ်လာမလားဆိုတာ ကြည့်ရမယ့်ဇာတ်လမ်းဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Pyi T. Nyein ပါ )File Size__1.6 GB, 900 MB Quality__1080p, 720p IMDb Rating__5.7/10 Format__mp4 Duration__01:30:00 Type__Action , Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Pyi T. Nyein Encoded by Naing Aung Latt
movie
Apex (2021)
Monsters of Man (2020) 5.2
Monsters of Man (2020) Monsters of Man (2020)===================IMDb Rating - 5.2/10 ဇာတ်လမ်းကိုတော့ ရွှေတြိဂံလို့ လူသိများကြတဲ့ ဘိန်းနဲ့ မူးယစ်ဆေးတို့ ကြီးစိုးရာနယ်မြေထဲ နှိမ်နင်းရေးမှာအသုံးချဖို့ စီအိုင်အေက နည်းပညာမြင့် စက်ရုပ်တွေကို စမ်းသပ်ဖို့ရာ အတော်ဆုံးနည်းပညာရှင်တစ်ဖွဲ့ကိုအဲ့ဒီဒေသနားမှာ ငှားရမ်းခေါ်ယူထားပါတယ်။ ရည်ရွယ်ချက်ကတော့ ဒီစက်ရုပ် ပရိုဂရမ်က ဘယ်လောက်တောင်အသုံး၀င်ကြောင်းပြသဖို့ပါ။ ထင်မှတ်မထားတာက အဲ့ဒီနယ်မြေထဲက ရွာလေးတစ်ရွာမှာ မရိန်းတပ်သားဟောင်းမေဆန်တစ်ယောက် တိတ်တဆိတ်အခြေချနေထိုင်နေတာရယ် လုပ်အားပေးဆေးကျောင်းသားတစ်ဖွဲ့ လမ်းပျောက်လို့ရောက်လာတာရယ်ပါ။ ဒီပရိုဂရမ်ကို လူသိခံလို့မဖြစ်တဲ့ စီအိုင်အေအနေနဲ့ နည်းပညာအဖွဲ့နဲ့ပူးပေါင်းပြီး မျက်မြင်သက်သေမကျန်အောင် လက်စဖျောက်ဖို့ကြိုးစားမယ့်ကြားက မေဆန်တို့အဖွဲ့လွတ်မြောက်မလား အဲ့ဒီစက်ရုပ်ပရိုဂရမ်ကရောဘယ်လိုတွေဖြစ်လာမလဲဆို‌တာ ကြည့်ရှုရမဲ့ Sci-fi Action ကားကောင်းတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chuck Chuck ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip 5.1CHDuration - 2h 11minSubtitle – Myanmar HardsubFormat – Mp4Genre : ...
movie
Monsters of Man (2020)
2020
88 Minutes (2007) 6.0
88 Minutes (2007) 88 Minutes (2007)==============IMDb Rating - 6.0/10#Unicode2007 ကထွက်ခဲ့ပြီး . Rating အများစုရရှိထားတဲ့ Crime, Drama, Mystery ဇာတ်ကားလေးပါ။ဒီကားက ဇာတ်စ ဇာတ်လယ် ဇာတ်ဆုံး ထိ ကြည့်နေတဲ့သူကို ဆွဲခေါ်သွားနိုင်တဲ့ကားမျိုးပါ။ တကယ်လို့လူသတ်သမားက ၈၈ မိနစ် အသက်ရှင်ဖို့ပေးထားမယ်ဆိုရင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ဂျွန်ဖော်စတာက စိတ္တဇလူသတ်သမား။ သူ့ကိုထောင်ချလိုက်တာက စိတ်ရောဂါကုမှုခင်းဆရာဝန် ဂျက်။ဂျက်က နေ့ဘက်ဆို ဆရာဝန်၊ ညဘက်မှာ party ပေးပြီး ကဲတဲ့သူ။ ဂျက်မှာ ၈၈ မိနစ်ဘဲ အသက်ရှင်မယ်ဆိုပြီးခြိမ်းခြောက်ဖုန်းခေါ်ဆိုမှုခံရတယ်။ ဂျက်မှာလဲ အတိတ်ဟောင်းရှိခဲ့တယ်။ အတိတ်ဟောင်းနဲ့ ၈၈မိနစ်က ဘယ်လိုပတ်သတ်နေလဲ။ ဂျွန်ဖော်စတာက ဂျက်အတိတ်ဟောင်းကိုပြန်တူးဆွပြီး လူသတ်မှုတွေကိုထောင်ထဲကနေ ထပ်ဖန်တီးတယ်။ သူထောင်ကျလျက်နဲ့ လူသတ်မှုဖြစ်ရင် သူ အပြစ်လွတ်မှာမို့လို့။ ဂျွန်​ကဘယ်လိုမျိုး လူတွေထပ်သတ်တာလဲ။ ဂျက်ကကော အမှုမှန်ပေါ်အောင်လုပ်နိုင်မှာလားဆိုတာ စိတ်ဝင်တစားကြည့်ရမှာပါ။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Z ...
movie
88 Minutes (2007)
2007
The Guardian(2006) 7.0
The Guardian(2006) The Guardian(2006)IMDb...7.0ကယ်ဆယ်ရေး ရေကူးသမားသမိုင်းတစ်လျောက်မှာ ထင်ရှားတဲ့ ဘန် ရန်ဒဲလ် ဟာကယ်ဆယ်ရေးအလုပ်ကိုအလွန်ခုံမင်ပြီး ရာထူးတိုးမယူဘဲ ပင်လယ်မှာ စွန့်စားရတာကိုပဲ အထူးနှစ်သက်သူတစ်ယောက်ပါ...လှိုင်းတံပိုးကြားမှာ သေမင်းနဲ့လက်တစ်ကမ်းအလိုရောက်နေတဲ့ ဒုက္ခသည်ကိုကယ်ရတာလည်းမလွယ်လှပါဘူး...ပုံမှန်စိတ်ပျောက်ဆုံးနေတတ်တဲ့အပြင် သဘာဝဘေးအန္တရယ်ကလည်း မျှော်လင့်မထားတဲ့နည်းမျိုးစုံကြုံတွေ့နိုင်တာကြောင့်ဘန် တို့အဖွဲ့အတွက် အတော်ခက်ခဲတဲ့အလုပ်ပါပဲ...သူဟာဒီကယ်ရေးအလုပ်ကို အချိန်ပေးလွန်းလို့ချစ်ဇနီးနဲ့တောင်ကွာရှင်း၇တဲ့အနေအထားရောက်ခဲ့ပါတယ်..တစ်နေတော့ ညဘက် သဘေ်ာတစ်စီးဒုက္ခရောက်တာကို အရေးပေါ်ကယ်ဆယ်ဖို့အကြောင်းဖန်လာတယ်...ဒီကယ်ဆယ်ရေးလုပ်တဲ့အချိန်မှာ ဒုက္ခသယ်တစ်ယောက်ကိုမကယ်နိုင်တဲ့အပြင်ရဟတ်ယာဉ်နဲ့ သူကလွဲလို့ကျန်တဲ့သူတွေ အသက်ဆုံးရှုံးသွားတယ်...ဒီဖြစ်ရပ်ဆိုးပြီးတဲ့နောက်မှာတော့ ဘန်အတွက်အပြောင်းအလဲတွေအများကြီးဖြစ်ပါတော့တယ်...ဒီဇာတ်ကားဟာ မင်းသားကြီး Kevin Costner ဉီးဆောင်ထားပြီး  Ashton Kutcher နဲ့ အခြားနာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပါတယ်...ဆုကြီးတစ်ဆုရရှိခဲ့သလို အခြားဆု(၄)ဆုအတွက်လည်းဆန်ကာတင်စာရင်းဝင်ခဲ့တယ်...အစမှ အဆုံးထိ တော်တော်ကြီးကိုကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုပါ..ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thar Htet  ပဲဖြစ်ပါတယ်… File Size : (1.04 GB) and (442 MB) Quality : Blu-Ray 720p Format…mp4 Duration…02:19:00 Genre : Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
The Guardian(2006)
Flags of Our Fathers(2006) 7.1
Flags of Our Fathers(2006) Flags of Our Fathers(2006) IMDb....7.1,,,Rotten...73% "သူတို့အားလုံးကို ကျွန်တော်အိမ်ပြန်ပို့နိုင်စေရမယ်လို့ ကတိပေးထားတယ်....ဆိုလိုတာက တစ်ဝက်လောက်ကိုလိမ်လိုက်ရတဲ့ဆိုတဲ့သဘောပေါ့" ဒီစကားကိုတော့ တပ်ကြပ်ကြီးတစ်ဦးက ဂျပန်ကျွန်းဆွယ်ဖြစ်တဲ့ အီဝိုးဂျီဝါးကျွန်းကိုမသိမ်းခင် တပ်ခွဲမှူးအရာရှိကို ပြောနေတဲ့စကားပဲဖြစ်ပါတယ်.။ပြောချင်တာက ဥပမာလူ(၃၀၀)တက်ရင်၁၅၀သေမယ် ၁၅၀အသက်ရှင်မယ်ပေါ့လေ။..ဒီဂျပန်ကျွန်းတက်သိမ်းမယ့် စစ်ဆင်ရေးမှာ သူကိုယ်တိုင်လည်းအသက်ဆုံးရှုံးနိုင်ဖို့ ၇၀ရာနှုန်းလောက်သေချာနေပေမယ့် သူ့ကိုယ်သူထက် လက်အောက်ငယ်သားတွေ အတွက်စိတ်မကောင်းဖြစ်နေပုံပါပဲ....Flags of Our Fathers ဆိုတာ ဒုတိယကမ္ဘာစစ်အတွင်း အီဝိုးဂျီဝါးကျွန်းကိုတက်သိမ်းစဉ်ဖြစ်ပျက်ခဲ့တဲ့အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်မှီငြိမ်းဇာတ်ကားဖြစ်ပါတယ်.....ဒီကျွန်းကိုတက်မသိမ်းခင် ရေတပ်ကအမြှောက်ကြီးတွေက ဗုံးမိုး ရက်(၂၀)လောက်ရွာခဲ့လို့ မြက်ပင်တောင်မရှိတော့ဘူး....သို့ပေမယ့် ဂျပန်တို့ရဲ မြင့်မြတ်သောကျွန်းအဖြစ်ဦးထိပ်ထားတဲ့ ဒီကျွန်းကိုရဖို့ အမေရိကန်တို့ အရာအားလုံးနီးပါးစတေးခဲ့ရတယ်...ကျွန်တော်ဒါတွေပြောလို့ စပွိုင်လာဖြစ်သွားတယ်လို့မထင်လိုက်ပါနဲ့...တကယ့်ဒီဇာတ်ကားရဲ့ အဓိကအဖြစ်ဆုံးအကြောင်းအရာကအီဝိုးဂျီဝါးကျွန်းရဲ့တောင်ကုန်းပေါ်မှာ စိုက်ထူခဲ့တဲ့အလံဖြစ်ပါတယ်...ဒီအလံရဲ့နောက်ကွယ် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ အကောင်းဆုံးအပိုင်းဖြစ်လို့ ထိန်ချိန်ထားပါရစေ....ဒီကားက စစ်ကားထဲမှာဆို တကယ့် ဂန္တဝင်စားရင်းထဲကိုထည့်ရလိမ့်မယ်ထင်တယ်..ဒါရိုက်တာက  Clint Eastwood ကြောင့်လို့လည်းမထင်လိုက်ပါနဲ့...ကျွန်းသိမ်းစဉ်မှာ ကြည်း၊ရေ၊လေ (၃)ခုပေါင်းပြီး ထိုးစစ်ဆင်ခဲ့ပုံတွေကို တကယ့်ထိတ်လန့်စရာစစ်မြေပြင်အတိုင်းရိုက်ပြနိုင်သလို စစ်ရဲ့ဆိုးကျိုးတွေ တိုက်ပွဲဝင်စစ်သည်တွေရဲ့ ခံစားချက်အဖုံဖုံ ခံယူချက်အမျိုးမျိုးတွေကိုလည်းရိုက်ပြနိုင်ခဲ့တယ်...ဒါ့အပြင် အစိုးရပိုင်း ပြည်သူနဲ့ စစ်သည်တွေကြားရဲ့ ဆက်နွယ်မှုတွေကိုလည်း ခင်ဗျားတို့မြင်ရလိမ့်မယ်...ဒီကားက အော်စကာ ဆန်ကာတင်(၂)ဆုစာရင်းဝင်ခဲ့သလို အခြားဆု(၁၅)ဆုလည်းရရှိခဲ့တယ်...ကျွန်တော်တို့ရဲ့ ဒါရိုက်တာကြီး  Clint Eastwood ကတော့ ...
movie
Flags of Our Fathers(2006)
2006
Captain America: The First Avenger (2011) MCU 6.9
Captain America: The First Avenger (2011) MCU Marvel Cinematic Universe Intro=======================Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, ...
movie
Captain America: The First Avenger (2011) MCU
2011
Game Over, Man! (2018) 5.4
Game Over, Man! (2018) ဒီတစ်ခါတော့ CM Fan တွေကို Netflix ကဟာသ ကားလေး တစ်ခု နဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒါပေမယ့် ကြိုသတိပေးချင်တာကတော့18+ အဆင့် R- Rated အဆင့်ပါလိင်အင်္ဂါ ပုံတွေ အထင်းသား ပြထားတဲ့အပြင်သွေးထွက်သံယုံ အပြင်းစားတွေ နဲ့လူကြီး နဲ့ ကလေး အတူတူ မကြည့်သင့်တဲ့ဆဲဆိုတဲ့ အသုံးအနှုန်းတွေ အများကြီးပါဝင်တဲ့အတွက်အသက်မပြည့်သေးတဲ့ သူများ ၊ မိသားစု နဲ့ အတူကြည့်သော သူများကြည့်ရှုရန် မသင့်တော်ပါ နှလုံးရောဂါရှိသူများ မကြည့်သင့်ပါဇတ်လမ်းပုံစံကတော့ ထောင့်မကျိုး အပျင်းထူ လူတွေနဲ့အစေးမကပ် တဲ့ ဟိုတယ်တစ်ခုရဲ့ အခန်းရှင်း ၀ိတ်တာဘွိုင်း ၃ ယောက်နဲ့ဇတ်လမ်း စထားပါတယ်...သူတို့ ၃ ယောက်က မကောင်းတဲ့ အကျင့်တစ်မျိုးစီ ရှိပြီးဘာလုပ်လုပ် တလွဲတွေပဲ ဖြစ်နေပေမယ့် တူညီတဲ့အကြံတစ်ခုတော့ ရှိပါတယ် အဲ့ဒါကတော့ချမ်းသာချင်တဲ့ စိတ်ပါပဲ :Pတစ်ရက်မှာတော့ သူတို့ ဟိုတယ် ကိုVIP တစ်ယောက်လာတည်းပါတယ်အဲ့ဒီအတွက်လဲ ဟိုတယ်တစ်ခုလုံး တာဝန်တွေခွဲဝေယူရရင်း အလုပ်ရှုပ်နေတာပေါ့အဲ့ဒီ VIP ကတော့ ...
movie
Game Over, Man! (2018)
2018
Walking Tall (2004) 6.2
Walking Tall (2004) အက်​ရှင်​ကားကြိုက်​တဲ့ပရိသတ်​​တွေအတွက်​ ဇာန်​ကား​ကောင်​း​လေးတစ်​ကားတင်​​ပေးလိုက်​ပါတယ်​Walking Tall ရုပ်​ရှင်​ဇာတ်​ကားဟာ ၂၀၀၄ခုနှစ်​ထွက်​ အက်​ရှင်​ဇာတ်​ကားတစ်​ကားဖြစ်​ပြီး Imdb rating 6.2/10 ရရှိထားပါတယ်​ပါဝင်​သရုပ်​​ဆောင်​ထားသူ​တွေက​တော့ အက်​ရှင်​မင်​းသားကြီးDwayne Johnson,မင်​းသမီး​ချော Ashley Scott,မင်​းသား Johnny Knoxville စတဲ့သူ​တွေဖြစ်​ပါတယ်​ဇာတ်​လမ်​းအကျဉ်​းက​တော့ ဂုဏ်​ထူး​ဆောင်​စစ်​သားဖြစ်​ဖူးတဲ့ Chris Vaughn တစ်​​ယောက်​ ရာထူးက​နေအနားယူပြီး ​မွေးရပ်​​မြေမြို့​လေးမှာ ပြန်​အ​ခြေချ​နေထိုင်​ခဲ့ပါတယ်​။သူပြန်​လာတဲ့အခါ တစ်​မြို့လုံးမှာအကြီးဆုံးစီးပွား​ရေးက အရင်​​ကျောင်​း​နေဖက်​​တွေဖြစ်​ခဲ့ဖူးတဲ့Jay Hamilton နဲ့ Ray Templeton တို့ဦးစီးလုပ်​ကိုင်​​နေတဲ့ ကာစီနို​လောင်​းကစားဝိုင်​းကြီးဖြစ်​​နေခဲ့ပါတယ်​။တစ်​မြို့လုံးမှာ ​လောင်​းကစား အရက်​ ​ဆေး စသည်​ဖြင်​့မ​ကောင်​းမှုမျိုးစုံနဲ့ပြည်​့​နေတာကိုမြင်​​နေရတဲ့အခါ Chris တစ်​​ယောက်​ ရဲ​တွေကိုယ်​စား သူ့လက်​နဲ့​ဖြေရှင်​းပါ​တော့တယ်​။သူတစ်​ကယ်​ပဲ​ဖြေရှင်​းနိုင်​ပြီး အရင်​ကလို​ကောင်​းမွန်​တဲ့မြို့​လေးပြန်​ဖြစ်​​အောင်​လုပ်​နိုင်​မှာလား....ဘယ်​လို ပြဿနာ​တွေကြုံ​တွေ့ရမှာလဲဆိုတာ စွန်​့စားခန်​းအပြည်​့နဲ့ရိုက်​ကူးထားတာမို့ အက်​ရှင်​ကားချစ်​ပရိတ်​သတ်​​တွေကြည်​့ရှု့အား​ပေးလိုက်​ပါဦး File Size : (750 MB) and (310 MB) Quality : Blu-Ray 720p Running Time : 1hr 26min Format : Mp4 Genre : Action, ...
movie
Walking Tall (2004)
2004
Proud Mary (2018) 5.0
Proud Mary (2018) ေကျးဇူးကြွေးတွေကြောင့် မလုပ်ချင်တဲ့အလုပ်တွေလုပ်နေရတဲ့ မယ်ရီတစ်ယောက်သူ့ကြောင့်ဖခင်မဲ့ဖြစ်သွားရတဲ့ ၁၂အရွယ် ခပ်ရိုင်းရိုင်းကောင်လေးကိုသနားစိတ်ဝင်ပြီး စောင့်ရှောက်ဖို့ကြိုးပမ်းရာမှ ပေါ်ပေါက်လာမယ့်ပြသနာတွေနဲ့အတူ သွေးမတော်သားမစပ်တဲ့သူ နှစ်ဦးကြားက သံဃောဇဉ်နဲ့မိခင်စိတ်တို့ကိုမြင်ရမှာပါမယ်ရီအဖြစ်သရုပ်ဆောင်တဲ့ မင်းသမီးကတော့ နာမည်ကြီးဇာတ်ကား Hidden Figures (2016) ထဲမှာ Katherine အဖြစ်ပါဝင်ခဲ့သူ Taraji P.Henson ပဲဖြစ်ပါတယ်သူရဲ့ပြောင်မြောက်လှတဲ့သရုပ်ဆောင်ပုံကြောင့်သာ ဒီဇာတ်လမ်းဟာပိုကြွလာတယ်လို့ Rotten Tomatoes မှာတော့ဆိုထားပါတယ်Action,Crime ကားကောင်းကောင်းတောင့်တ နေသူတွေအတွက်တော့ကြည့်လို့ကောင်းတဲ့အထဲမှာပါပါတယ်။IMDB - 4.9/10 ရရှိထားပါတယ်File Size : (700 MB) and (310 MB) Quality : Blu-Ray 720p Running Time : 1hr 29min Format : Mp4 Genre : Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-GECKOS Translated by May Myat Thu Encoded by Thanhtike Zaw
movie
Proud Mary (2018)
2018
Company of Heroes (2013) 5.1
movie
Company of Heroes (2013)
2013