Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Nataša Stanković
5.3
FryDay (2018)
FryDay (2018)"ပျော်ရွှင်စရာ သောကြာနေ့လေး" ====================================နာမည်ကြီး ဘောလိဝုဒ် ဟာသ သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသားကြီး ဂိုဗင်ဒါနဲ့ ဗာရွန်ရှာရ်မာတို့ရဲ့ ၂၀၁၈ က ထွက်ရှိခဲ့တဲ့ တုတ်ထိုးအိုးပေါက် ဟာသဒရာမာရုပ်ရှင်လေးကို ပရိသတ်တွေအတွက် ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ထဲက ဇာတ်လိုက်ဖြစ်သူ ရာဂျစ်ဗ်ကတော့ အလုပ်မထွက်ရဖို့ကို မနည်းရုန်းကန်နေရတဲ့ ရေသန့်စက်ကုမ္ပဏီက ခပ်ညံ့ညံ့ အရောင်းသမားတစ်ယောက်ပဲဖြစ်ပါတယ်။တစ်လလုံးနေလို့ ရေသန့်စက်တစ်လုံးတောင် ရောင်းမထွက်တဲ့သူ့ကို သူ့ရဲ့ဘော့စ်ဖြစ်သူက လာမယ့်သောကြာနေ့ရောက်လို့မှ ရေသန့်စက်တစ်လုံး ရောင်းမထွက်ရင် မင်းအလုပ်ထွက်လို့ ရာဇသံပေးလိုက်ပါတယ်။အဲဒီလို ဘော့စ်က အကြပ်ကိုင် စော်ပစ်သွားတာလည်း ခံရလို့ ကျဉ်းထဲကြပ်ထဲရောက်ပြီး တိုင်ပတ်နေတဲ့ ရာဂျစ်ဗ်ဟာ မိတ်ဆွေတစ်ယောက်ရဲ့ ချိတ်ဆက်ပေးမှုနဲ့ ရေသန့်စက်ဝယ်မယ့်သူကို ရှာတွေ့ခဲ့ပေမဲ့ အဲဒီ ဝယ်သူရဲ့အိမ်ကိုရောက်တဲ့အချိန်မှာ ကိစ္စတစ်ခုနဲ့ ပက်ပင်းတိုးခဲ့ရပြီး ရာဂျစ်ဗ်ရဲ့ဘဝ ပိုမိုရှုပ်ထွေးကာ ဘဝတဆစ်ချိုးပြောင်းလဲသွားရပုံကို ဟာသဖောက်ပြီးတင်ဆက်ထားတာကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ခံစားရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 1.9GB / 866MB Quality…WEB DL 1080p / 720p Format...mp4 Duration….1h 54m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
FryDay (2018)
6.9
Fukrey Returns (2017)
ဒီတစ်ခါမှာတော့စီအမ်ပရိတ်သတ်တွေအတွတ်ဘောလိဝုကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။Fukrey Returns (2017) ဆိုတဲ့ ဟာသကားလေးပါ။IMDb rating 6.8/10 ရထားတာဆိုတော့ဒီလောက်ကြီးညွှန်းစရာမလိုတော့ပါဘူး။ဒါပေမယ့်ဘောလိဝုပေါကားလေးတစ်ကားလို့လည်းသတ်မှတ်လို့တော့ရပါတယ်။ပေါကားဆိုပေမယ့်ဇာတ်လမ်းထဲမှာပြောတဲ့စကားလုံးတွေကမြန်မာပေါကားတွေလိုအောက်ပိုင်းပြက်လုံးတွေနဲ့ရူးတူးတူးစကားလုံးတွေမဟုတ်ပါဘူး။ဇာတ်လမ်းရဲ့ဖြစ်စဉ်ထဲမှာပဲအလွဲလွဲအချော်ချော်လေးတွေဖြစ်သွားရင်းနဲ့ရယ်ရမယ့်ဟာသမျိုးတွေပါ။မြန်မာတွေအတိုင်းပဲအိမ်မက် မက်တဲ့ဟာလေးကိုအတိတ်ကောက်ပြီး၂လုံး၃လုံးထိုးကြသလိုဒီဇာတ်လမ်းလေးထဲမှာလည်းကောင်လေးတစ်ယောက်ရဲ့အိမ်မက်နဲ့လူငယ်လေးယောက်ကံစမ်းရင်းပိုက်ဆံတွေအများကြီးရလာပါတယ်။အဲ့အချိန်ကောင်မလေးတစ်ယောက်ကလည်းသူတို့လေးယောက်နဲ့ပူးပေါင်းပြီးအလုပ်အတူတူလုပ်ခဲ့ကြပေမယ့်ကောင်လေး၄ယောက်ရဲ့ထောင်ချောက်ဆင်ခံရမှုကြောင့်ထောင်ကျသွားခဲ့ပါတယ်။ထောင်ကလွတ်ဖို့နိုင်ငံရေးသမားတစ်ယောက်နဲ့ကတိလုပ်ပြီးပြန်လွတ်လာချိန်မှာကောင်လေး၄ယောက်ဆီကနေအကြွေးပြန်တောင်းပါတော့တယ်။တစ်ဖက်ကကောင်လေးတွေမှာလည်းလုပ်ငန်းတစ်ခုလုပ်ကိုင်ရင်းနဲ့မီလီယံပေါင်းများစွာအရှုံးပေါ်နေခဲ့ပါတယ်။အဲ့အချိန်မှာပဲအိမ်မက် မက်တဲ့ကောင်လေးကရတနာပစ္စည်းတွေကိုမြင်မက်လာပါတယ်။ဒီရတနာပစ္စည်းတွေကသူတို့အတွတ်ရည်မှန်းချက်တစ်ခုဖြစ်လာပါတယ်။ဒါပေမယ့်တစ်ဖက်မှာလည်းအကြွေးတွေပေးဖို့ရှိနေတော့ဒီရတနာတွေကိုရှာဖို့အကြောင်းဖန်လာပါတော့တယ်။ဒီရတနာတွေရဖို့ကိုတော့ဘယ်လိုဆက်ကြိုးစားမလဲဒီရတနာတွေကဘယ်လောက်တောင်အဖိုးတန်နေလဲဒီရတနာတွေကိုရောတကယ်ပဲရလာပါ့မလားဘယ်လိုအန္တရာယ်မျိုးတွေနဲ့ရင်ဆိုလာရမလဲ စတဲ့မေးခွန်းတွေကိုတော့ဇာတ်လမ်းအဆုံးမှာပရိသတ်ကြီးကအဖြေရှာတွေ့ကြမှာပါ။ဇာတ်လမ်းလေးကိုပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုခံစားရင်းရယ်မောလိုက်ကြပါဦး(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုနေမျိုးပါ) File Size : (999 MB) and (400 MB) Quality : WEB-DL 720p Running Time : 2hr 21min Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.H264.AAC2.0-DTOne Translated by Nay Myo Encoded by Thanhtike Zaw
movie
Fukrey Returns (2017)
2017