Channel Myanmar

Naresh Kathooria

Honeymoon (2022) 6.2
Honeymoon (2022) Honeymoon (2022) Comedy, Drama IMDb 6.2/10ကဲ အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ပန်ချာပီအချစ်ဟာသကားလေးပဲဖြစ်ပါတယ်နော်စစ်ပွဲကာလအတွင်း ဗုံးကိုဘာမှန်းမသိဘဲ ပျော်ပြီး အိမ်ယူပြေးမိနေရင်းနဲ့မှ လမ်းမှာတင် ဗုံးပေါက်သေသွားခဲ့ရတဲ့ လူတစ်ယောက်ရဲ့နောင်လာနောက်သားတွေအကြောင်းပေါ့။ အူတူတူ အတတ မိသားစုလေး။အဲ့ဒီမိသားစုအတွင်း အနူတောမှာ လူချောဖြစ်နေတဲ့ နည်းနည်းဉာဏ်ရှိတဲ့ကောင်လေးရဲ့ နာမည်ကတော့ ဒီပ်ပဲဖြစ်ပါတယ်။အိမ်မှာမီးဖြတ်ခံရလို့ မီတာသွားဆောင်ရင်း မီတာရုံးမှာ စွတ်ခ်ဆိုတဲ့ ကောင်မလေးနဲ့ သွားဆုံမိတယ်။ဒီပ်ဟာ စွတ်ခ်ကို မြင်မြင်ချင်းပဲ ကြွေဆင်းမိသွားပါတော့တယ်။အဲ့ဒီမှာပဲ သူတို့နှစ်ယောက်ရဲ့အချစ်ရေးနဲ့ အိမ်ထောင်ရေးမှာ နှစ်ဖက်မိဘတွေရဲ့ရိုက်ခတ်မှုနဲ့ လွဲချော်မှုလေးတွေကို တလွဲဟာသလေးတွေနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်နော်။သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးမှာ အဓိကအလွဲကြီးတစ်ခုဖြစ်တဲ့ ဟန်းနီးမွန်းအလွဲကိုတော့ တစ်ဝကြီးခွီရဦးမှာဖြစ်လို့ ဇာတ်ကားကြည့်ရင်းနဲ့ ရယ်မောလိုက်ကြပါဦးလို့ ညွှန်းဆိုပေးလိုက်ပါတယ်။ File size…2.5GB  / 1.2GB Quality…1080p NF WEB DL / 720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Cherry ~ Taylor ~ Yunni
movie

Honeymoon (2022)

2022