Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Nandhu
6.1
Adios Amigo (2024)
Adios Amigo(2024) နှုတ်ဆက်ပါတယ် သူငယ်ချင်းသြဂုတ်လအတွင်း လောလောလတ်လတ်ထွက်ထားတဲ့ ဘောလီးဝုဒ်ဟာသ ဒရမ်မာကားလေးကို တင်ဆက်သွားမှာပဲဖြစ်ပါတယ်။မိခင်ဖြစ်သူ ဆေးရုံတင်ထားရလို့ သောကဗျာများနေရပြီး ဆေးရုံစရိတ်အတွက်ပူပန်နေရတဲ့သူနဲ့ ဥစ္စာကြွယ်ဝလှပြီး ဘဝကိုပေါ့ပေါ့ဖြတ်သန်းနေတဲ့သူ..ဘဝအခြေအနေမတူလှတဲ့လူနှစ်ယောက် ဥဒဟိုသွားလာနေကြတဲ့ ဘတ်စ်ကားမှတ်တိုင်လေးတစ်ခုမှာ ဆုံစည်းခဲ့ကြပြီး ခရီးတစ်ခုတည်းသွားဖြစ်ခဲ့ရာမှာတော့ ဘာတွေဖြစ်လာမှာလဲ...IMDB 6.1/10 ရရှိထားပြီး အခြေအနေမတူတဲ့ လူနှစ်ယောက်ရဲ့ဘဝကို ခံစားကြည့်ရှူရမယ့် ကားလေးဖြစ်လို့ ကြည့်ရှုလိုက်ပါဦးနော်။(ဘာသာပြန်နဲ့ အညွှန်းကိုတော့ CM Bollywood Team က ခံစားရေးသားထားပါတယ်) File size… 2.69GB / 1.25GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Adios Amigo (2024)
6
Malayalee from India (2024)
Malayalee From India 2024 ကြုံရဆုံရ ဒီဘဝIMDb - 6.1/10Heavy plotတွေပဲကြည့်ရတာ ရိုးအီနေသူတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ ဟာသခပ်များများပါတဲ့ ရိုးရှင်းတဲ့ဇာတ်လမ်းကောင်းလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းကတော့ ယဉ်ကျေးမှုမတူ လူမျိုးမတူ အတွေးအမြင်မတူတဲ့ ဆရာတပည့်နှစ်ယောက်ကြားက သံယောဇဉ်အကြောင်းလေးကို ပုံဖော်ထားတာပါ။မလေယာလီသား ဂိုပီဟာ သူငယ်ချင်းနဲ့ပေါင်းပြီး ပြဿနာအိုးလုပ်နေတဲ့ ဇိုးတစ်ယောက်၊ ဒီလိုနဲ့ အရေးအခင်းတစ်ခုမှာ သူငယ်ချင်းနှစ်ယောက် ပဲလှော်ကြားဆားညှပ်အဖြစ်ရောက်ပြီး ဂိုပီတစ်ယောက် နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ ပို့ခံလိုက်ရပါတော့တယ်။ ဖြစ်ချင်တော့ ဂိုပီရဲ့ဆရာက ပါကစ္စတန်လူမျိုးအိန္ဒိယနဲ့ပါကစ္စတန်ရဲ့ ရန်စတွေက အခုထိလည်း မငြိမ်းသေးတာမလို့ ဘုနဲ့ဘောက်ဖြစ်ရတဲ့ထဲ ဆရာသမားက မလေယာလီသားတစ်ယောက် တစ်ပတ်ရိုက်တာခံရဖူးတာကြောင့် မလေယာလီသားကို ပိုပြီးတော့ မျက်စိဆံပင်မွေးစူးနေတဲ့အခါ....အလွဲလွဲအချော်ချော်နဲ့ ဘယ်လောက်ပဲမတည့်အတူနေဖြစ်နေပါစေ အရေးကြုံလာတော့ သွေးစည်းရသလိုပဲ ဒီဆရာတပည့်နှစ်ယောက်လည်း ရန်ဖြစ်ငြင်းခုန်ရင်းနဲ့ ဘယ်လိုသံယောဇဉ်တွယ်လာကြမလဲ။ ဘဝကပေးတဲ့အတွေ့အကြုံတွေကြောင့် ဇိုးလေးဂိုပီတစ်ယောက်ရော လူကောင်းတစ်ယောက်ဖြစ်လာမလားဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 1.8GB / 946MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie
Malayalee from India (2024)
2024
8.3
Anweshippin Kandethum (2024)
Anweshippin Kandethum (2024) အင်စပတ်တာနဲ့ လူပျောက်မှု Imdb 8.3/10ပရိသတ်ကြီးအတွက် ဒီနေ့ပဲ netflix ကနေ ott လွှင့်ပေးလိုက်တဲ့ အိန္ဒိယစုံထောက်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်စုံထောက်ကားကောင်းမှကြိုက်တယ်တို့ ဇာတ်လမ်းဇာတ်အိမ်ကောင်းတာမှကြည့်ချင်ဝာာတို့ ရှားလော့ဟုမ်းတို့လို အခင်းနေရာစိတ်ထဲပုံဖော်တဲ့ အကွက်တွေ ဟာကျူလီပွန်ရိုးတို့လို သက်သေရှာတဲ့အကွက်တွေ စတဲ့ စုံထောက်ပညာအစုံနဲ့ မှုခင်းကားကောင်းလေးပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ကောလိပ်ကျောင်းသူ ကောင်မလေးတစ်ယောက် ကျောင်းကအပြန် အိမ်ပြန်ရောက်မလာလို့ သူ့အဖေက ရဲစခန်းမှာ လူပျောက်လာတိုင်တာကနေ ဘတ်စကားဂိတ်ကနေစပြီး အမှုပေါ်တဲ့ထိ စုံထောက်ကြီးရဲ့ ခရေစေ့တွင်းကျ သဲလွန်စတွေတစ်ခုချင်းစီ လိုက်ဖော်ထုတ်တာကို တွေ့ရမှာပါ ကောင်မလေးက ဘာလို့ပျောက်သွားတာလဲ ပြန်ရောတွေ့မှာလား ဘယ်သူက ဘာလုပ်သွားတာလဲ အသက်ရောရှင်နေသေးလား စတဲ့ အကြောင်းအရာပေါင်းများစွာကို အဖြေသိချင်ရင်တော့ ဒီဇာတ်ကားလေးကိုပဲ ကိုယ်တိုင်ကြည့်ရှုကြဖို့ ပြောကြားညွှန်းဆိုပေးလိုက်ပါတယ်(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်) File size…2.11GB / 980MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Anweshippin Kandethum (2024)
2024
7.8
Neru (2023)
Neru (2023) "အမှန်တရား" IMDb - 7.8/10(function(f,b,n,j,x,e){})();လေးတန်းတောင်မအောင်ဘဲ မိသားစုကိုစော်ကားဖို့ကြံတဲ့သူရဲ့အလောင်းကို ဖျောက်ပြခဲ့တဲ့ မူရင်းမလေယာလမ်းရုပ်ရှင်ထဲက မင်းသားကြီး Mohanlal Viswanathanရဲ့ ရုံတင်ဇာတ်လမ်းကို တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ကို အမေရိကန်ဒေါ်လာ တစ်သန်းကျော်အသုံးပြုရိုက်ကူးခဲ့ပြီး ဆယ်ဆကျော် ပြန်လည်ရရှိခဲ့တာပါ။ Jawan (2023)ရုပ်ရှင်ထဲမှာပါခဲ့တဲ့ မင်းသမီးချောလေး ပါရီယာမာနီလည်း ပါဝင်ထားပါသေးတယ်။ပန်းပုပညာရှင် မျက်မမြင်အမျိုးသမီးလေးရဲ့ ပုံဖော်မှုကြောင့် မုဒိမ်းသမားကို ဖမ်းဆီးနိုင်ခဲ့ပေမဲ့ သက်သေမခိုင်လုံတာကြောင့် မုဒိမ်းကောင်က အာမခံနဲ့ လွတ်သွားခဲ့ပါတယ်။မုဒိမ်းကောင်မိသားစုက အင်မတန်ချမ်းသာတဲ့မိသားစု ဖြစ်တာရော သူတို့အမှုကို လိုက်ပေးတဲ့ရှေ့နေရဲ့ ဂုဏ်သတင်းကျော်ဇောမှု ဩဇာညောင်းမှုတွေကြောင့်ရောနဲ့ ကျူးလွန်ခံရတဲ့ အမျိုးသမီးငယ်ဘက်ကနေ လိုက်ပေးမဲ့ ရှေ့နေကို ရှာဖို့ရာမလွယ်ကူခဲ့။ဒီမှာပဲ ကျွန်တော်တို့ရဲ့ လေးတန်းမအောင်တဲ့ဇာတ်လိုက်ကျော်ကြီးက အဓိကနေရာကိုရောက်လာပါတော့တယ်။ တရားကိုစောင့်ပါတယ်ဆိုတဲ့ နတ်က တကယ်ပဲရှိတာလားဆိုတာ ကြည့်ရှုသူအပေါင်းတို့ကပဲ ဝေဖန်သုံးသပ်ကြပါဦးတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…5.23GB / 2.16GB / 918MB Quality…4k ...
movie
Neru (2023)
2023
4K HEVC
5.6
Dhoomam (2023)
Dhoomam (2023) "မှတ်ဉာဏ် မီးခိုးငွေ့များ"အတိတ်က မွှေးခဲ့တဲ့မီးက ပစ္စုပ္ပန်အထိ လိုက်ပါပြီး မီးခိုးငွေ့တွေ တရိပ်ရိပ်လောင်နေတုန်းပဲ အတိတ်စာမျက်နှာရဲ့ ဘယ်နေရာမှာ ဘာတွေ မှားခဲ့လဲ အခုခံစားနေရတဲ့ အကျိုးဆက်တွေက ဘာကြောင့်လဲ ဆိုတာတောင် မသိရတဲ့ အခြေအနေ...CM ပရိသတ်ကြီး ရုံးပိတ်ရက်မှာ အနားယူဖို့ ဇာတ်အိမ်ခိုင်ခိုင်နဲ့ Malayalam စကားပြော mystery/thriller ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ အာဗီဆိုတဲ့ စီးကရက်ကုမ္ပဏီတစ်ခုက မားကတ်တင်းမန်နေဂျာနဲ့ သူ့ရဲ့ ဇနီးသည်ဖြစ်သူ ဒီယာ တို့က ညဖက် ကားမောင်းနေတုန်း မတော်တဆမှုတစ်ခု ကြုံရပါတယ် ဇာတ်လမ်းကို အတိတ်ဖြစ်ရပ် ကာလအပိုင်းအခြားနဲ့ လက်ရှိဖြစ်နေတဲ့ timeline ကို တစ်လှည့်စီ ရိုက်ကူးပြထားပါတယ် အတိတ်နဲ့ ပစ္စုပ္ပန်တို့ရဲ့ ဇာတ်ကြောင်းနှစ်ခုဟာ ဘယ်လိုမှ မသက်ဆိုင်အောင် ကွာခြားနေပြီး ဒါကပဲ ဒီဇာတ်ကားမှာ ပရိသတ်အနေနဲ့ ဘာဆက်ဖြစ်မလဲ ခန့်မှန်းချင်စိတ်ပေါ်လာအောင် ဆွဲဆောင်ထားနိုင်တဲ့ အချက်ပါအာဗီက လက်ရှိပစ္စုပ္ပန်မှာ အတိတ်မေ့နေပြီးတော့ သူလုပ်ခဲ့တဲ့အရာနဲ့ လက်ရှိသူ့မိန်းမနဲ့ သူတို့နှစ်ယောက်ဖြစ်နေတဲ့ ပြဿနာကို ဆက်စပ်မရဖြစ်နေပါတယ်အတိတ်ဖြစ်ရပ်မှာတော့ သူ့မိန်းမဖြစ်သူနဲ့ ...
movie
Dhoomam (2023)
2023
ABCD: American-Born Confused Desi (2013)
ABCD: American Born Confused Desi (2013) ဒေစီမှာရွာလည်IMDb-5.4/10အမေရိကမှာမွေး ဇိမ်ခံပစ္စည်းတွေကြား ပျော်ရွှင်မှုမျိုးစုံ သာယာနေတဲ့ ဂျွန်စ်(ဂျိုး) တစ်ယောက် ဥရောပတစ်ခွင်လည်ပတ်ရင်း စာမေးပွဲတွေတဖုန်းဖုန်းကျနေလေရဲ့အသက်ပြည့်လာတဲ့လူငယ်တစ်ယောက်ကို ကိုယ့်အားကိုယ်ကိုးရပ်တည်စေချင်လို့ အိမ်ကနေထွက်သွားခိုင်းတာတောင် ဟာဝိုင်အီကိုသွားမယ်ကြံနေတဲ့ ဂျွန်စ်တစ်ယောက်ကိုဖခင်က သင်ခန်းစာပေးပါတော့တယ်အဖေနဲ့အမေရဲ့ မွေးရပ်မြေကိုသွားလည်ဆိုပြီး ချောင်ကျကျနေရာကအိမ်တစ်လုံး အနံ့အသက်မလုံတဲ့အိမ်သာနဲ့ အိန္ဒိယရဲ့ အခြေခံလူတန်းစားဘဝကို နေထိုင်စေပြီး credit card တွေပါပိတ်ပစ်လိုက်တော့တယ်လိုတိုင်းရ ပျော်ရွှင်မှုအပြည့်နဲ့ ဂျွန်စ်တစ်ယောက် တစ်ခါမှမရောက်ဖူးတဲ့နေရာမှာ တစ်ခါမှမကြုံဖူးတဲ့အခြေအနေကို ရင်ဆိုင်ကျော်လွှားနိုင်မလား အပျော်တွေနောက်လိုက်ရင်းမိုက်တွင်းနက်နေဦးမလားဆိုတာတော့...အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team ဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…4.6GB / 1.8GB Quality…1080p Blu Ray /720p Format…mp4 Duration….2h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
ABCD: American-Born Confused Desi (2013)
5.5
Oh My Darling (2023)
IMDb - 6.9 /10 Oh my darling (2023)ဒီတစ်ခေါက်မှာကတော့မင်းသမီးချောလေး Anikha Surendran ပါဝင်သရုပ်ဆောင်ထားပြီး Malayalamအမျိုးအစားဖြစ်တဲ့အပြင် ရိုမန့်လည်းဆန် ရယ်လည်းရယ်ရတဲ့ Oh my darlingဆိုတဲ့ ၂၀၂၃ထွက်ဇာတ်ကားကောင်းလေးနဲ့ တင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းနာမည်နဲ့တင် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်မှာကို ခန့်မှန်းမိကြမှာပါ ဒီဇာတ်လမ်းလေးကတော့ လူငယ်တွေကြားမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ဇာတ်လမ်းလေးတွေကိုသဘာဝကျကျထည့်သွင်းပေးထားပါတယ်ဂျိုရယ်နဲ့ဂျန်နီက သိပ်ချစ်ကြတဲ့လူငယ်စုံတွဲလေးဖြစ်ပြီး သူတို့နှစ်ဦးကြားမှာလည်း ရိုဆန်ဆန်ဖြစ်ရပ်တွေ အချစ်တွေနဲ့ပြည့်နှက်နေတာပါ ဂျိုရယ်ကသူ့အိမ်မက်ကို အကောင်အထည်ဖော်ဖို့ကြိုးစားနေတဲ့လူငယ်တစ်ယောက်ဖြစ်ကာ ဂျန်နီကတော့ ကိုရီးယားကားတွေကိုရူးသွပ်တဲ့ခေတ်မိန်းမပျိုလေးတစ်ယောက်ဖြစ်ပါတယ် ရိုးရှင်းနေတဲ့ သူတို့ရဲ့ဘဝထဲကို ရှုပ်ထွေးတဲ့ဇာတ်လမ်းလေးတစ်ပုဒ်က ဂျန်နီရဲ့မွေးနေ့ကိုအစပြုပြီး ထွက်လာပါတော့တယ် ဂျန်နီရဲ့မွေးနေ့ကနေထွက်လာတဲ့ဇာတ်လမ်းလေးက သူတို့နှစ်ဦးကိုဘယ်လိုပြောင်းလဲသွားစေမလဲ သူတို့ကရောဒီဖြစ်ရပ်ကိုဘယ်လိုမျိုးတွေ ရင်ဆိုင်ကျော်ဖြတ်ကြမလဲဆိုတာကို ဟာသဇာတ်နှောပြီးရင်ခုန်စွာကြည့်ရှူ့လိုက်ရအောင် File size…1.87GB/ 801MB Quality…1080p WEB DL /720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ZweYan~Yunni~KhinKhin
movie
Oh My Darling (2023)
2023
6.8
Paappan(2022)
Paappan 2023ယခုတစ်ခါတင်ဆက်ပေးမဲ့ကားလေးကတော့ မှုခင်း Thriller ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအစကနေအဆုံးထိ တရားခံကို သိတာလိုလိုမသိတာလိုလို မိတော့မှာလိုလို မမိတော့ဘူးလိုလိုနဲ့ ဖမ်းရခက်ပြီး အန္တရာယ်များတဲ့ ကွင်းဆက်စိတ္တဇလူသတ်သမားတစ်ယောက်ကို ကြည့်ရှုရမှာပါဇာတ်လမ်းအစမှာ တောနက်တစ်နေရာက အိတ်ထဲထည့်ဆွဲထားတဲ့ အလောင်းတစ်ခုကို တွေ့ရှိရကစပါတယ် အဲ့အမှုကို တာဝန်ယူရတာက ရဲအရာရှိဗင်ဆီအေဗရာဟမ် ဖြစ်ပါတယ်အဲ့အလောင်းနားမှာ နာမည်ကြီးမင်းသားတစ်ယောက်ရဲ့ ကားတွေဖုန်းတွေကိုတွေ့လို့ မင်းသားကိုသတ်တဲ့အမှုလို့ထင်လိုက်ပေမဲ့ မထင်မှတ်ပဲ ကွင်းဆက်လူသတ်မှုတစ်ခုဖြစ်နေတဲ့အခါ ဒီအမှုက ရဲမေဗင်ဆီအတွက်တင်မက အတိတ်က ရဲဟောင်းသူ့အဖေမစ္စတာအေဗရာဟမ်နဲ့ပါ ပတ်သတ်လာတဲ့အခါ ဇာတ်လမ်းအစကနေအဆုံး ရင်တမမနဲ့ စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်လို့ မှုခင်းစုံထောက်ကားကြိုက်သူတွေအတွက် လက်မလွှတ်သင့်ကြောင်း ပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ် File size…2.43GB / 1.2GB Quality…1080p HD RIP/ 720p Format…mp4 Duration….2h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder...YK Translated by Nyein~Sai~Yunni~BpL
movie
Paappan(2022)
2022
4.4
Alone(2023)
Alone 2023ဒီဇာတ်ကားလေးမှာ Drishyam(Tamil Version)ရဲ့မင်းသားကြီး Mohanlal ကဦးဆောင်ပါဝင်ထားပါတယ် ဇာတ်လမ်းလေးက မင်းနဲ့စပြီး မင်းနဲ့ဆုံးတယ်လို့ ပြောရလောက်အောင် ကိုဗစ်ကာလမှာ မင်းသားတစ်ယောက်တည်း ဖုန်းတွေပတ်ပြောနေတဲ့ပုံစံနဲ့ ရိုက်ကူးထားတာပါကျွန်တော်တို့အနေနဲ့ ရှယ်ခြောက်ပါတယ်ဆိုတဲ့ Annabelle တို့ Conjuring တို့လိုမျိုး jumpscare တွေနဲ့ ရှယ်ဖြဲခြောက်ခံရတဲ့အရသာမျိုးကိုသဘောကျမှာပါဒီကားလေးမှာတော့ jumpscare တွေသိပ်မထည့်ဘဲနဲ့ ကာလာတွေကလဲလင်းချင်းနေပြီး တစ်ယောက်တည်းပါလားဆိုတဲ့ ခံစားချက်ကြောင့် တွေးရင်းနဲ့ ကျောထဲထိစိမ့်စိမ့်လာမှာပါဟုတ်ပါတယ် ကိုဗစ်ကာလတိုက်ခန်းအသစ်ကိုပြောင်းလာတဲ့ မင်းသားဟာ သူတစ်ယောက်တည်း စကားပြောသံတွေကို ကြားနေရတဲ့အခါမှာ ဒါကစိတ်ထင်မှားတာလား ဘာဖြစ်တာလဲဆိုတာ သူကိုယ်တိုင်အဖြေရှာရင်းနဲ့ အဲ့အသံတွေနောက်ကဇာတ်လမ်းကို အဖြေရှာဖို့ကြိုးစားမဲ့ ရုပ်ရှင်ကားလေးပါ တစ်စိမ့်စိမ့်တွေးကြောက်ရင်း ဘာကြောင့်လဲဆိုတာသိချင်တဲ့သူတွေအတွက် ဒီ horror/thriller ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ် File size…1.9GB /837MB Quality….1080p TRUE WEB DL / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~Sai Thu Rein
movie
Alone(2023)
2023
6.9
Kaapa (2022)
Kaapa (2022)IMDb 7/10 ပျိုမေတွေရဲ့အသည်းစွဲ မင်းသားကြီး Prithviraj Sukumaran ပါဝင်သရုပ်ဆောင်ထားတဲ့ Thriller/Crime အမျိုးအစားဇာတ်ကားကောင်းကိုတင်ဆက်ပေးချင်ပါတယ် အာနန်နဲ့ဘီနူဟာ ချစ်ကြည်နူး တစ်တီတူးလို့မဝသေးတဲ့ကြင်စဦးမောင်နှံလေးပါ သူတို့က ဘန်ဂလောကနေ သီရုဗနသာပူရန်လို့ခေါ်တဲ့မြို့လေးကို ပြောင်းလာခါစရှိပါသေးတယ် အဲ့အချိန်မှာပဲ အာနန်သိလိုက်ရတာက သူ့မဟေသီက မဟာ့မဟာလူဆိုးစာရင်း kaapa ဆိုတဲ့ စာရင်းထဲကို ပါနေတာပါပြီးတော့ အဲ့မြို့ကိုကြီးစိုးနေတဲ့ဂိုဏ်းက မာဒူဦးစီးတဲ့ ကိုလ်တာမာဒူဂိုဏ်းပါတဲ့ မာဒူနဲ့သူ့မိန်းမ ဘီနူရဲ့မျိုးနွယ်သီရိဗစ်ကရာမန်နဲ့က ကမ္ဘာမကြေတွေ့ရာသင်္ချိုင်း ဓားမဆိုင်းပြန်ဘူးဆိုတာလဲ သိလိုက်ရပါတယ် အာနန်တစ်ယောက် ဂိုဏ်းစတားကြီးကိုပဲ ပြေးတောင်းပန်ရမလား ရဲမှတ်တမ်းကပဲ သူ့မိန်းမနာမည်ဖျက်ပေးရမလား စသည်ဖြင့် ဇာတ်ရှုပ်ကြီးထဲဝင်ပါမိရာကနေ အပ်ချည်အစဖြေသလို နောက်ကွယ်ထိ ဘယ်လိုဝင်ပတ်သတ်ရမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး....... File size…2.01GB / 935MB Quality…1080p NF WEB DL /720p Format…mp4 Duration…2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai Thu Rein & OeliuJ & Yunni
movie
Kaapa (2022)
2022
9.0
The Teacher (2022)
The Teacher (2022)IMDb-9.2/10ဒီတစ်ခါတော့ Mynaa(2013) , Cavader (2022)ဇာတ်ကားနဲ့ ပရိသတ်တွေ ရင်ထဲဝင်ရောက်လာတဲ့မင်းသမီး Amala Paul ပါ၀င်သရုပ်ဆောင်ထားပြီး Rating အမိုက်စား Thriller ကားလေး တင်ဆက်ပေးချင်ပါတယ်ဒီဗီကာဟာ ကျောင်းသားတွေကို ထူးထူးချွန်ချွန်ပျိုးထောင်နိုင်တဲ့ ဆရာမလေးတစ်ယောက် အိမ်ထောင်ရေးမှာလည်း သာယာပျော်ရွှင်နေတဲ့ ဇနီးအနေနဲ့ ဘ၀ကအေးချမ်းသာယာနေသူပါတစ်ခုရှိတာက သူတို့ဟာအိမ်ထောင်သက်လေးနှစ်ကြာသည်ထိ ကလေးမရသေးတဲ့အတွက် ဒီဗီကာနဲ့ ဆူဂျိတို့နှစ်ယောက်သား ရင်သွေးရဖို့အရေးအသည်းအသန်ကြိုးစားနေကြချိန်ပေါ့တစ်နေ့ဒီဗီကာဟာ ကိုယ်၀န်ရှိတဲ့အရိပ်အယောင်တွေတွေ့လို့ သွားစစ်ဆေးခဲ့ပါတယ် တကယ်ရလဒ်ထွက်လာချိန်မှာတော့ ဆန်ဂျိကိုဖွင့်မပြောရဲတဲ့အပြင် ဒီဗီကာဆီမှာလည်း ဖြစ်ရပ်ဆိုးကြီးတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်တစ်ဖက်မှာလည်း သူ့ကျောင်းကသူငယ်ချင်းနဲ့အတူ အတိတ်ကဖြစ်ရပ်တစ်ခုကို စုံစမ်းနေခဲ့တာပါမျှော်လင့်တောင့်တနေတဲ့ရင်သွေးရလာတာတောင် ဘာကြောင့် မပျော်နိုင်ရတာလဲ စုံစမ်းနေတာကရော ဘာတွေလဲ သူမရင်ဆိုင်ရမယ့်ဖြစ်ရပ်ဆိုးကြီးကရော ဘာဖြစ်မလဲဆိုတာတွေကိုတော့ဆက်လက်ခံစားကြည့်လိုက်ပါဦးနော် File size…1.8GB / 861MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Cherry ~ Yunni ~ OeliuJ
movie
The Teacher (2022)
2022
6.5
Vaashi (2022)
ဒီတစ်ခေါက်မှာလည်း 6.5 ရရှိထားတဲ့ ရှေ့နေကားတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ဗိုင်ရာဗရာကားထဲမှာမာလာဗီဇီအဖြစ်သရုပ်ဆောင်ခဲ့တဲ့တောင်ပိုင်းမင်းသမီးကီရာသီဆူရတ်ရှ်ခေါင်းဆောင်ပါဝင်ထားတာပါ။ဇာတ်လမ်းအကျဉ်း ============ရှေနေအဖြစ် ဥပဒေအဖွဲ့တစ်ခုမှာ အလုပ်လုပ်နေတဲ့ဥပဒေရှေ့ဖတ်စာရေးမလေး မတ်ဒ်ဟာဗီ။သူ့ကိုကျိတ်ပြီးသဘောကျနေတဲ့ရှေ့နေလေး အဘီ။အနေနီးစပ်ရင်း ချစ်သူတွေကတဆင့်လင်မယားတွေဖြစ်သွားချိန် အဘီကလည်းအစိုးရရှေ့နေဖြစ်သွားသလို မတ်ဒ်ဟာဗီလည်းထင်ရှားတဲ့ရှေ့နေတစ်ယောက်ဖြစ်လို့အပ်လာတဲ့အမှုတစ်ခုအတွက်လင်မယားနှစ်ယောက်တရားခွင်မှာထိပ်တိုက်ရင်ဆိုင်ရချိန်မှာတော့ဘာတွေဆက်ဖြစ်မယ်ဆိုတာရုပ်ရှင်မှာပဲ စီးမျောခံစားလိုက်ပါဦး............ File size…1.6GB/ 752MB Quality…1080p True WEB DL AAC5.1CH/ 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo & Yunni & Go-O & Lai Laii
movie
Vaashi (2022)
2022
7.2
12th Man (2022)
12th Man(2022)IMDb 7.2ရရှိထားပြီး မာလာယာလမ်း သဘာဝမင်းသားကြီးမိုဟမ်လယ်တော့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့တောင်ပိုင်းရုပ်ရှင်ကားကောင်းတခုတင်ဆက်ပေးချင်ပါတယ် အမြဲစည်းလုံးနေခဲ့တဲ့သူငယ်ချင်း၁၁ယောက် ဂိမ်းကစားကြရင်းတစ်ယောက်ရဲ့လျှို့ဝှက်ချက်တစ်ယောက်သိကုန်ကြပြီး အဖွဲ့ထဲကတစ်ယောက်ကထူးဆန်းစွာသေဆုံးသွားတဲ့အခါ....ကောလိပ်ကျောင်းသားဘဝတွေတည်းကလက်တွဲမဖြုတ်ဘဲတစ်တွဲတွဲဖြစ်လာခဲ့တဲ့သူငယ်ချင်း၁၁ယောက်ဟာ ဘဝကိုယ်စီနဲ့ဖြတ်သန်းနေကြပါတယ် တစ်နေ့တော့ သူငယ်ချင်းထဲကတစ်ယောက်ရဲ့လူပျိုပါတီမှာတွေ့ဆုံကြဖို့အပန်းဖြေခြံတစ်ခုဆီခရီးထွက်ခဲ့ကြပါတယ် ဒီခြံထဲမှာဆော့ကစားရင်းအရက်သမားချန်ဒရာဆီလ်ဆိုတဲ့တစ်ယောက်နဲ့အမှတ်မထင်တွေ့ဆုံခဲ့ပြီးကတောက်ကဆလေးတွေရှိခဲ့ကြပါတယ် ဒီလိုနဲ့ညဘက်ရောက်တော့ပါတီပွဲလုပ်နေရင်းဂိမ်းဆော့ကြမယ်ဆိုပြီး လျှို့ဝှက်ချက်ဖော်တဲ့ဂိမ်းကစားရာက အချင်းချင်းခိုက်ရန်ဖြစ်ပြီးကိုယ်စီအခန်းတွေကိုပြန်လာခဲ့ကြပါတယ် ဇာတ်လမ်းကဒီမှာတင်ပြီးမသွားပါဘူး၁၁ယောက်ထဲက မိန်းကလေးတစ်ယောက်ညဘက်ကြီးအသတ်ခံလိုက်ရပါတယ်ဒီကောင်မလေးကိုသတ်တာဟာအရက်သမားလို့ယုံကြည်နေကြပေမယ့်မြှုပ်ကွက်တွေရှိနေတဲ့အတွက်အရမ်းစိတ်ဝင်စားစရာကောင်းနေမှာပါ ဒီအရက်သမားရဲ့ဘဝဇာတ်ကြောင်းအမှန်ကရောဘယ်သူဖြစ်မလဲလူသတ်သမားက ၁၁ယောက်ထဲကပဲလားဆိုတာ သိချင်ဇောတွေတစ်ဟုန်ဟုန်နဲ့ကြည့်ရှုရမှာပဲဖြစ်လို့ အခုပဲအပြေးဒေါင်းလိုက်ကြဖို့တိုက်တွန်းလိုက်ပါတယ်ရှင်(အညွှန်းရေးသားသူက Yunni ဖြစ်ပါတယ်) File size…1.8GB / 871MB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Poe & Yunni
movie
12th Man (2022)