Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Nanase Nishino
6.9
52-Hertz Whales (2024)
မိသားစုရဲ့နှိပ်စက်မှုဒဏ်တွေကိုငယ်စဉ်ကတည်းက ခံစားလာခဲ့ရတဲ့ မီရှီမာခီကို ဆိုတဲ့ အမျိုးသမီးငယ်လေးတစ်ယောက် တစ်နေ့မခံတော့တဲ့အဆုံး စူစိုက်လုပ်ဖို့ကြိုးစားနေစဉ်မှာပဲ ကျောင်းတုန်းကသူငယ်ချင်းနဲ့ အန်ကိုဆိုတဲ့ကျောင်းဆရာလေးနဲ့တွေ့ပြီး သူ့ဘဝလေး တဆစ်ချိုးပြောင်းလဲသွားပါတော့တယ်။သုံးယောက်သား ပျော်ရွှင်စွာအချိန်တွေအတူကုန်ဆုံးပြီးနောက် အန်ကိုက ခီကို့အပေါ် ချစ်ကြိုက်မိသွားတယ်။ တစ်နေ့မှာတော့ ခီကိုက အိုအီတာမြို့လေးကို ပြောင်းသွားပြီးနောက် မူရှိ(ပိုးကောင်) ဆိုတဲ့ ကလေးလေးနဲ့ဆုံတွေ့ခဲ့တယ်။ပိုးကောင်လေးက မိခင်ဖြစ်သူရဲ့ရိုက်နှက်မှုဒဏ်တွေခံလာခဲ့ရတဲ့ကလေးဆိုတော့ ခီကိုက နားလည်ခံစားမိသွားပြီး ကလေးကိုကာကွယ်ပေးဖို့ဆုံးဖြတ်လိုက်တယ်။အဲလိုနဲ့ ခီကိုတစ်ယောက် သူအလုပ်လုပ်နေတဲ့နေရာကအလုပ်ရှင်နဲ့ချစ်ကြိုက်သွားမိတဲ့အချိန်မှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုရမဲ့ ဂျပန်ဒရာမာကားကောင်းလေးပဲဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ )File size_(1.7GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:10:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing
movie
52-Hertz Whales (2024)
5.7
Ichikei’s Crow The Movie (2023)
Michio Iruma ကတော့ တိုကျိုခရိုင်တရားရုံးရဲ့ ပထမဆုံးပြစ်မှုဆိုင်ရာတရားရုံးမှ ထွက်ခွာပြီး နှစ်နှစ်အကြာမှာ အိုကာယာမစီရင်စုရှိ Setouchi မှာ တရားသူကြီးတစ်ဦးအဖြစ် လုပ်ဆောင်နေတာပေါ့ ....လက်ရှိမှာတော့ သူက ဂျပန်နိုင်ငံရဲ့ အသက်အငယ်ဆုံး ကာကွယ်ရေးဝန်ကြီးနှင့် ပတ်သက်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးနေရတာပါ...နောက်ထပ် အမှု့တစ်ခုကိုလည်း လက်ခံထားပြီးနောက်ဒီအမှု့နှစ်ခုက ဆက်စပ်မှု့တွေ ရှိနေတယ်ဆိုတာသိလိုက်ရတဲ့အခါ ဘာတွေ ဆက်လုပ်မလဲ...( ဘာသာပြန်ပြိး အညွှန်းရေးသားထားသူကတော့ Kiwi ပါ )File size_(1.6GB)/(850MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Kiwi
movie
Ichikei’s Crow The Movie (2023)
6.6
Shin Kamen Rider (2023)
Shin Kamen Rider (2023)~ IMDb - 6.6/10, Rotten Tomatoes - 82% ~မှတ်မှတ်ရရဆို Kamen Rider ခေါ် နှံကောင်ရိန်းဂျားကားတွေကို စကြည့်ကြတော့ ပါဝါရိန်းဂျားတွေထက်တောင် စောဦးမယ်။ ဇာတ်ကိုမမှတ်မိရင်တောင် ကလေးဘဝကကြည့်ခဲ့တဲ့သူတွေ တော်ရုံတော့မေ့မှာမဟုတ်ဘူး။ ဟီးရိုးကားပေမဲ့ ရုပ်ထွက်တွေက ဒိဒတ်ပြီး ကြမ်းသကိုး။ ဗီလိန်တွေဆိုလည်း တော်တော်ရွံစရာကောင်းနေတယ်။ ဒီနှစ်မှာတော့ ဒီ Kamen Riderရဲ့ အနှစ်ငါးဆယ်ပြည့်အထိမ်းအမှတ်အနေနဲ့ Shin Kamen Riderဆိုပြီး ထွက်လာတယ်။ ၂၀၂၁မှာပြည့်ဝာာပေမဲ့ ကိုဗစ်ကြောင့် နောက်ကျသွားတာပေါ့။ ဇာတ်ကလည်း ကျွန်တော်တို့ငယ်ငယ်က ဇာတ်ကိုမှ ဒါရိုက်တာကလည်း Hideaki Anno ဆိုတော့ အတိုင်းအထက်အလွန်ပါပဲ။Evangelion တွေရဲ့ ပဲ့ကိုင်ရှင် Hideaki Anno ကိုတော့ ဂျပန်အန်နမဲဖန်တွေထဲ မသိတဲ့လူမရှိလောက်ဘူး။ သူ့အနေနဲ့ Shin Japan Heroes Universe ...
movie
Shin Kamen Rider (2023)
2023
5.2
XxxHolic (2022)
XXXholic 2022Clamp ရဲ့ mangaစီးရီးဖြစ်တဲ့ xxxHOLiC ကို Live action အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ "ဝါတနုကိ"ဆိုတဲ့ အထက်တန်းကျောင်းသားမှာ တခြားသူတွေမမြင်နိုင်တဲ့ အငြိုးကြီးတဲ့သရဲတစ္ဆေတွေကို မြင်နိုင်စွမ်းရှိပါတယ်။ တစ်ချိန်လုံး ဒါတွေကိုပဲမြင်နေရပြီး သူတို့လက်ကလွတ်အောင် ထွက်ပြေးနေရတာမို့ ဘယ်သူနဲ့မှ ခင်မင်ပေါင်းသင်းလို့မရဘဲ တစ်ယောက်တည်းဖြစ်နေပါတယ်။ သူက ဒီလိုမြင်နေရတဲ့ဘဝကနေလွတ်ပြီး သာမန်ဘဝမှာနေထိုင်ချင်နေတာပါ။တစ်နေ့မှာတော့ သူဒီလိုတွေမြင်နေရတုန်းမှာ လိပ်ပြာတစ်ကောင်ရောက်လာပြီး သူ့ကိုဆန်းကြယ်တဲ့ဆိုင်တစ်ခုဆီခေါ်သွားပါတယ်။ ဆိုင်ရဲ့ပိုင်ရှင်ဖြစ်သူကတော့ ယုကိုစံလို့ခေါ်တဲ့မှော်ဆရာမတစ်ယောက်ပါ။ ဒီဆိုင်က ဆုတောင်းတဲ့သူတွေရဲ့ရှေ့မှာမှပေါ်လာတတ်တာဖြစ်ပြီး ဆုတောင်းတစ်ခုကိုပြည့်အောင် ဖြည့်ပေးပါတယ်။ ဒါပေမဲ့ ဆုတောင်းနဲ့တန်တဲ့ တန်ကြေးတစ်ခုကိုတော့ ပြန်ပေးဆပ်ရပါတယ်။ ဝါတနုကိရဲ့ သရဲမမြင်လိုတဲ့ဆုတောင်းနဲ့ ပြန်ပေးဆပ်ရမဲ့တန်ကြေး၊ ပြီးတော့ သူဘာတွေကြုံရဦးမလဲဆိုတာတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File Size__(2GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__5.2/10 Format__mp4 Duration__02:00:00 Type__Adventure, Drama, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin ...
movie
XxxHolic (2022)
6.1
Last of the Wolves (2021)
ခပ်မိုက်မိုက် အက်ရှင်ကားကောင်းတွေကိုမှ တောင့်တနေပါတယ်ဆိုတဲ့ CM ပရိတ်သတ်တွေအတွက် အကြမ်းစားနဲ့ အလန်းကြီးလန်းမဲ့ ဂျပန်ယာခူဇာ ကားလေး တင်ဆက်ပေးလိုက်ပါတယ်နော်ဒီဇာတ်ကားလေးဟာ ရုပ်ရှင် နှစ်ကားထွက်ထားတာဖြစ်ပြီး ပထမတွဲမှာတော့ ဟီအိုခါနဲ့အိချီနိုစဲတို့ အတူ ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်း ကြားက ရန်ပွဲတွေကို ငြိမ်းချမ်းအောင်လုပ်ပေးခဲ့ပါတယ်အခု ဒုတိယတွဲမှာတော့ ဟီအိုခါတစ်ယောက် ငြိမ်းချမ်းရေးကို မလိုလားတဲ့ ဂိုဏ်းအကြွင်းအကျန်တွေလက်ထဲကနေ ငြိမ်းချမ်းရေးကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာကို ရိုက်ကူးပုံဖော်ထားတာပါ ဇာတ်ကြောင်းလေးကတော့...ခုရဲဟာရမြို့ရဲ့ အိုဒါနီ ဂိုဏ်းနဲ့ ဟီရိုရှီးမားမြို့ရဲ့ ဂျင်စေးခိုင်ဆိုတဲ့ ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်းကြားက ပဋိပခတွေကို ဂျင်စေးခိုင်ရဲ့ ခေါင်းဆောင်ရှိုဟေး သေဆုံးပြီးတဲ့နောက်ပိုင်းမှာ နှစ်ဖက်လုံးက အာဃာတတရားတွေ အငြှိုးအတေးတွေကို ဖယ်ရှားပြီး ယာယီစစ်ပြေငြိမ်းမှုရယူခဲ့ကြပါတယ်စစ်ပြေငြိမ်းမှုရယူပြီး နှစ်ဖက်လုံး ကိုယ့်စီးပွားရေးကိုသာအဓိက အားထားပြီးလုပ်နေချိန်မှာ ဟီအိုခါဆိုတဲ့ စုံထောက်က အဖွဲ့နှစ်ဖွဲ့ကြားမှာ ငြိမ်းချမ်းအောင် ဖျန်ဖြေရေး အကျိုးဆောင်လုပ်ပေးနေခဲ့ပါတယ်ဒီလိုနဲ့ သုံးနှစ်ကြာမြင့်ပြီးချိန်မှာတော့ သေသွားတဲ့ ဂျင်စေးခေါင်းဆောင် ရဲ့ ညာလက်ရုံး အူအဲဘာယရှီဟာ ထောင်ထဲမှ လွတ်မြောက်လာခဲ့ပါတယ်သူဟာ အရင်ကတည်းက သူ့ခေါင်းဆောင်အပေါ်သစ္စာရှိပြီး ...
movie
Last of the Wolves (2021)