Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Muthukumar
8.4
Visaranai (2015)
Visaranai (2016) "ထောင်ချောက်"CM ပရိသတ်ကြီးအတွက် ဖြစ်ရပ်မှန်ဝတ္ထုတစ်ပုဒ်အား ပြန်လည်အသက်သွင်းထားတဲ့ တကားအဟောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ရီဗျူးကောင်းတွေရထားသလို ဒီရုပ်ရှင်ထဲက အကြောင်းအရာတစ်ချို့ကြောင့် အတော်လေးလူပြောစရာဖြစ်ခဲ့ပြီး သရုပ်ဆောင်တွေကိုအမှန်တကယ် ရိုက်နှက်ခဲ့တယ်ဆိုကာ ဝေဖန်ခံခဲ့ရပါသေးတယ်တေလဂူးစကားပြောတဲ့ အန်ဒရာပရာဒက်ရှ်ပြည်နယ်မှာ တမီးလ်ရွှေ့ပြောင်းလုပ်သားတွေက ဘာသာစကားတောင် မတတ်ဘဲ ပင်ပင်ပန်းပန်းရပ်တည်ကြရပါတယ်အိမ်ခြေရာမဲ့ တမီးလ်အလုပ်သမားလေးယောက်ဟာ ပန်းခြံထဲမှာအိပ် ကြုံရာကျပန်းလုပ်ကိုင်ကြရင်း ဘုမသိဘမသိ ရဲဖမ်းတာခံလိုက်ရပြီး စခန်းရောက်တော့ ဘာမပြောညာမပြော ရိုက်နှက်စစ်ဆေးခံရပါတယ်ဘာအကြောင်းရင်းမှ မသိဘဲ ဒုစရိုက်ကျော့ကွင်းထဲ သွတ်သွင်းခံလိုက်ရတဲ့ သူတို့တွေ ဘာဆက်ဖြစ်မှာလဲ ဘယ်လိုမြှုပ်ကွက်တွေရှိနေမှာလဲ ...တမီးလ်မဆလာရုပ်ရှင်တွေနဲ့ ကွဲထွက်နေတဲ့ ဒီရုပ်ရှင်လေးမှာ ပရိသတ်ကြီး ခံစားအားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…1.79GB / 851MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Visaranai (2015)
6.8
Kuiko (2023)
Kuiko 2023 (ကိုလူကြမ်းတို့ဘဝအဖုံဖုံ)IMDb-7.7/10ဟာသမင်းသားကြီး ယိုဂီဘာဘူနဲ့ တမီးလ်မင်းသားကြီး Vidharth တို့ပါဝင်ထားတဲ့ Netflix ကနေထုတ်လွှင့်လာတဲ့ ဟာသဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ဒဿနပေါင်းများစွာနဲ့ ဘဝကြီးကိုပုံဖော်နေတဲ့ ကျောင်းဆရာတစ်ယောက်က ဆေးလိပ်ခိုးသောက်နေတဲ့ ကျောင်းသားတွေဆီက အကြံနဲ့ဆေးလိပ်လုသောက်ပြီး ဆေးလိပ်ဒဿနဖွင့်နေတဲ့အချိန် ကျောင်းအုပ်ကြီးနဲ့တွေ့ပြီး အလုပ်ထုတ်ခံလိုက်ရပါတယ် အလုပ်မရှိဝင်ငွေမရှိနဲ့ ချန်နိုင်းမှာလုပ်မဲ့ IPL ပွဲကြည့်ချင်စိတ်ပြင်းပြလာတော့ ရှေ့အကြွေးတွေမဆပ်ရသေးတဲ့ ဦးလေးဆီကိုပဲ မျက်နှာပြောင်တိုက် ထပ်ချေးငှားရတာပေါ့ဦးလေးဖြစ်သူဟာလည်း ငွေတိုးပေးစားနေပေမဲ့ အရမ်းသနားတတ်တော့ ငိုပြလိုက်ချေးလိုက် ပြန်မရလိုက်နဲ့ သဘောမနောကောင်းငွေတိုးရှင်ကြီးပါတဲ့။ ဇာတ်လိုက်ကျော်ယိုဂီဘာဘူကြီးကတော့ ဆော်ဒီရောက် အသဲကွဲသမားလေး။ မိခင်ဖြစ်သူနာရေးကြောင့် ဇာတိကိုပြန်လာမဲ့သူ။ဒီနာရေးမှာ အခေါင်းအတွက် ချေးငှားပေးရသူက သဘောမနောကောင်းငွေတိုးရှင်ကြီး။ IPL ပွဲသွားကြည့်ချင်တဲ့ အလုပ်လက်မဲ့ ဒဿနကျောင်းဆရာလေးက ဒီအခေါင်းကို လိုက်တာဝန်ယူစောင့်ရှောက်ပေးရမဲ့သူ။ ဒီသုံးယောက်ရဲ့ အလွဲအချော်လေးတွေက တဟားဟားရယ်မောရတာမဟုတ်ဘဲ ကြည့်ရင်းတွေးရင်းသဘောပေါက်ရင်းပြုံးမိရင်း ရှုစားရမဲ့ဇာတ်လမ်းတစ်ပုဒ်ပါအညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.68GB / 1.2GB Quality…WEB DL 1080p /720p Format…mp4 Duration…1h 54m Subtitle….Myanmar ...
movie
Kuiko (2023)
2023
7.8
Pathu Thala (2023)
Pathu Thala 2023 (IMDb 7.8/10)ယခုတခါ တင်ဆက်ပေးမှာက ဒီနှစ်မှထွက်လာတဲ့ တောင်ပိုင်းတမီလ်စကားပြော မှုခင်းအက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်AGR ဆိုတာ တမီနဒူလ်ပြည်နယ်မှာ နောက်ကွယ်ကအစိုးရလို့တောင်ပြောလို့ရပါတယ် သူတို့သဘောကျတဲ့ပါတီ သူတို့နဲ့အဆင်ပြေတဲ့သူမှဝန်ကြီးချုပ်ဖြစ်တဲ့အထိ ဩဇာကြီးမားတဲ့အဖွဲ့အစည်းပါ တစ်ရက်မှာလက်ရှိဝန်ကြီးချုပ်ကို အဲ့အဖွဲ့ကပြန်ပေးဆွဲပြီး သူတို့အလိုကျ ဝန်ကြီးချုပ်တစ်ယောက်ကိုတင်ပေးလိုက်ပါတယ်ဒါကိုလိုက်စုံစမ်းဖို့ ရဲတစ်ယောက်က ဂိုဏ်းစတားအသွင်ယူပြီး တစ်ဆင့်ပြီးတစ်ဆင့်ယုံကြည်မှုရအောင် လုပ်ပါတော့တယ် ထိုအချိန်မှာပဲ AGR ပြုသမျှကို ခေါင်းငုံ့မခံတဲ့ အမျိုးသမီးအရာရှိတစ်ယောက်ကလဲ အဲ့နယ်ကိုပြောင်းလာတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ပရိသတ်ကြီးပဲ အက်ရှင်ခန်းတွေမြိုင်မြိုင်နဲ့ ကြည့်ရှုရမှာဖြစ်လို့ ကိုယ်တိုင်ပဲဆက်ခံစားပေးကြဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…2.95GB / 1.3GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Nyein~Sai~Yunni~BpL
movie
Pathu Thala (2023)
2023