Channel Myanmar

Mukesh Tiwari

Poojai (2014) 5.3
Poojai (2014) Poojai (2014)"ဆုတောင်းပွဲ" ======================တမီလ်နာမည်ကျော်မင်းသား ဗစ်ရှယ်နဲ့ မင်းသားကြီး ကာမယ်လ်ဟာဆန်ရဲ့သမီး ရှရူတီဟာဆန်တို့ရဲ့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ အက်ရှင်ကားဟောင်းလေးတစ်ပုဒ်ကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဗာဆူဟာ အတိုးနင်းကန်တောင်းပြီး ငွေတိုးချေးစားတဲ့ တက်သစ်စ စီးပွားရေးသမားလေးပါ။ သူဟာ ဇာတ်လိုက်တွေရဲ့ထုံးစံ မဟုတ်မခံစိတ်ရှိသူဖြစ်ပြီး ထောင့်လည်းမကျိုးတာကြောင့် နယ်ခံဂိုဏ်းစတားတွေ မျက်မုန်းကျိုးတာခံနေရတဲ့သူပေါ့။အလိုလိုမှ မျက်မုန်းကျိုးခံနေရတဲ့ဗာဆူဟာ တစ်နေ့မှာ ရဲတစ်ယောက်ကို သဝာ်ဖို့ကြိုးစားတဲ့ လုပ်ကြံရေးဂိုဏ်းတစ်ခုရဲ့အစီအစဉ်ကို မတော်တဆ ဖျက်မိသွားတဲ့အတွက် တစ်နွယ်ငင် တစ်စင်ပါဆိုသလို နောက်ဆက်တွဲပြဿနာတွေကြုံလာရတဲ့အတွက် ဖြေရှင်းဖို့ကြိုးစားရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…5.3GB / 2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Poojai (2014)

2014
Bhimaa (2024) 6.4
Bhimaa (2024) Bhimaa (2024)ဒီတစ်ခါ CM ဘောလီးဝုဒ်ပရိသတ်ကြီးအတွက် တီလဂူလ်အက်ရှင်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ် တောင်ပိုင်းကားတွေထုံးစံ အိုဗာလေးတော့ပါပေမယ့် အက်ရှင်ခန်းတွေကတော့ အားရစရာတွေမို့ ပရိသတ်ကြီးတို့ အကြိုက်တွေ့ကြမှာပါပဲမဟာသျှီဝကိုးကွယ်တဲ့သူတွေမှာ ယုံကြည်ချက်တစ်ခုရှိပါတယ်တဲ့ သူ့ကျောင်းတော်မှာ သေဆုံးသူတစ်ယောက်အတွက် လာဆုတောင်းတဲ့အခါ အဲ့လူရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းဖို့အတွက် သူ့ဆွေမျိုးထဲက လူတစ်ယောက်ကို ဝင်ပူးခွင့်ပေးပါတယ်တဲ့ဒီဇာတ်ကားထဲမှာလည်း နယ်မြို့မှာ ရာဇဝတ်မှုတွေကြီးစိုးနေတဲ့ ဂိုဏ်းကြီးတစ်ခုလုံးကို ရဲအရာရှိလေးတစ်ယောက်က သွားပြီး လူကုန်ကူးမှုကို တားဆီးတဲ့အခါမှာ ဂိုဏ်းခေါင်းဆောင်က အဲ့ရဲအရာရှိကို သတ်ပြီးတော့ လက်စဖျောက်လိုက်ရာကစပါတယ် သူ့ရဲ့မပြီးပြတ်သေးတဲ့တာဝန်တွေကို လူဝင်စားပူးကပ်သလို သူ့ညီက ဆက်လက်ဆောင်ရွက်ပြီး ဂိုဏ်းခေါင်းဆောင်ကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်လာတဲ့အခါမှာတော့.....အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ် File size…2.7GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team
movie

Bhimaa (2024)

2024
Son of Sardaar (2012) 4.2
Son of Sardaar (2012) Son of Sardaar (2012)မင်းသားကြီး အဂျေးသရုပ်ဆောင်ထားတဲ့ ဟင်ဒီစကားပြောဒီရုံကားက 2010 ကထွက်ရှိထားတဲ့ တမီလ်စကားပြော "Maryada Ramanna" ကို remake ပြန်လည်ရိုက်ကူးထားတာပါ တိုက်ဂါး မင်းသားကြီး Salman Khan လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်မွေးရပ်မြေ အိန္ဒိယကို မြေကွက်ရောင်းဖို့ပြန်လာတဲ့ အဂျေး ..ဒီမွေးရပ်မြေမှာကသူတို့မိသားစုနဲ့ ကမ္ဘာ့ရန်သူတွေဖြစ်တဲ့ စန်ဒူးမိသားစုရှိတယ်ပေါ့ဗျာ မျိုးဆက်သာတုန်းမယ် တွေ့ရာသင်္ချိုင်းဓားမဆိုင်းဘဲ တွေ့တာနဲ့အချင်းချင်းသတ်နေကြတဲ့ ဒီ၂ဖက်မိသားစု ဒီရန်ပွဲမှာ သူ့အဖေကနစ်နာသူအဖြစ်နဲ့ အသတ်ခံလိုက်ရတယ် ဒီ ရန်ငြိုးကို ဦးလေးဖြစ်သူက အဂျေးတို့ကိုပြန်ဆပ်ခိုင်းပြီး ရန်ကြွေးကိုမဆပ်ရသေးဘဲ မင်္ဂလာမဆောင်ရဘူးဆိုပြီး ရာဇသံပေးလို့ အဂျေးရဲ့မိခင်ဖြစ်သူက သားတွေခေါ်ပြီးထွက်ပြေးလာခဲ့ရာက အခုဒီမွေးရပ်မြေကို အဂျေးတစ်ယောက် မြေပြန်ရောင်းဖို့ဇာတ်လမ်းစလာခဲ့တာပေါ့ဖူးစာလူးလာ ဒူးကာလို့မရဆိုသလိုပဲရွာမှာ စောင့်ဆိုင်းနေတဲ့ သူတို့ရဲ့ကမ္ဘာ့ရန်ဘက်ကြီးရဲ့သမီးကိုမှ မြင်မြင်ချင်းချစ်မိသွားတဲ့ အဂျေးတစ်ယောက် ဘယ်လိုဇာတ်လမ်းနဲ့နှစ်ပါးသွားကြမလဲ တစ်ဖက်ကကလဲ့စား တစ်ဖက်ကချစ်ခြင်းမေတ္တာနဲ့ ဘယ်လမ်းကိုရွေးမယ်ဆိုတာကိုတော့...(အညွှန်းကိုတော့ Yunniမှရေးသားပေးထားပြီး Khaing Swe Swe Theint မှ ဘာသာပြန်ဆိုပေးထားပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် ...
movie

Son of Sardaar (2012)

2012
Anegan (2015) 6.7
Anegan (2015) Anegan (2015) သို့ သံသရာတည်မဲ့ချစ်ခြင်းIMDb --- 6.7/10ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ အတိတ်ဘဝကိုပြန်မှတ်မိနိုင်စွမ်းရှိသူတစ်ယောက်အကြောင်း.. ဒီကားကိုမြန်မာနိုင်ငံမှာပါမက ဗီယက်နမ် ကမ္ဘောဒီးယား မလေးရှားတို့မှာသွားရောက်ရိုက်ကူးထားပြီး ၄ ဘဝဆက်တိုက်ချစ်ကြိုးသွယ်ခဲ့ကြတဲ့ အတွဲလေးရဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ရုံတင်ငွေကလည်း ၅၅ကုဋေထိ ပြန်ရခဲ့တဲ့ တစ်ခေတ်တစ်ခါက နာမည်ကြီး ရုံကားတစ်ကားဆိုလည်းမမှား ဇာတ်လမ်းအစကိုက မြန်မာကစခဲ့ပြီး မြန်မာ့အလှ မြန်မာ့ယဉ်ကျေးမှုတွေ တစ်ပုံတစ်ပင်နဲ့ မြန်မာတို့မြတ်နိုးတန်ဖိုးထားကြတဲ့ ပုဂံ အင်းလေး ဦးပိန်တံတားပေါ်မှာပါ ရိုက်ကူးထားတဲ့ဇာတ်ဝင်ခန်းတွေဆိုရင်လည်း ကြည်နူးစရာအပြည့်ပါပဲ မာဒူလို့ခေါ်တဲ့ ဂိမ်းကုမ္ပဏီမှာလုပ်တဲ့ ကောင်မလေးဟာ သူ့ရဲ့ အရင်အတိတ်ဘဝတွေကို ပြန်မြင်လေ့ရှိတဲ့အတွက်ကြောင့် စိတ်ရောဂါကုဆရာဝန်နဲ့ သေချာပြကြည့်ပေမဲ့ ဆရာဝန်ကတော့ သူ့အလုပ်ရဲ့ လွှမ်းမိုးမှုဒဏ်ကြောင့် အမြင်အာရုံတွေ မှားပြီးဖြစ်တာလို့ပဲ ထင်နေပါတယ်။ဒါပေမဲ့ အံ့ဩဖို့ကောင်းတာက မာဒူလေး သူ့ရဲ့ အတိတ်ဘဝတွေထဲမှာ တွေ့ခဲ့ရတဲ့သူတွေအကုန်လုံးကို အခုလက်ရှိဘဝမှာပါ ပြန်ပြီး တွေ့ဆုံနေရလို့ပါပဲ။ အတိတ်ဘဝတွေမှာ ချစ်သူတော်စပ်ဖူးခဲ့တဲ့ကောင်လေးနဲ့ ပြန်လည်တွေ့ဆုံပြီးနောက်ပိုင်းမှာတော့ မာဒူလေးက မှတ်မိနေပေမဲ့ ကောင်လေးကမမှတ်မိတဲ့အခါမှာ မာဒူလေးက ကောင်လေးအနားကို ချဉ်းကပ်ဖို့ ဘယ်လိုနည်းလမ်းတွေ သုံးမလဲ.......မာဒူလေးက အခုလိုမျိုး ...
movie

Anegan (2015)

Bawaal (2023) 7.2
Bawaal (2023) Bawaal(2023) IMDb-7.0/10အောင်မြင်လာတဲ့နာမည်နဲ့အတူ ဗလကြီးပါရှယ်မိုက်လာတဲ့ မင်းသားဗာရွန်းနဲ့ မင်းသမီးချော ဂျန်ဗီကပူးရ်တို့အဓိကပါဝင်ထားတဲ့ ဟင်ဒီစကားပြော ဘောလိ၀ုဒ်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ကျွန်တော်တို့ဘ၀တွေမှာ ကိုယ်တကယ်မဟုတ်တဲ့ပုံစံကို ပတ်ဝန်းကျင်ကိုပြချင်ကြတာကိုက လူ့သဘောသဘာ၀လိုဖြစ်နေကြတယ်။အတွင်းစိတ်မှာ ပွက်လောရိုက်ဆူညံနေပေမယ့် အပြင်မှာကျ မပွင့်မလင်းနဲ့အေးတိအေးစက်နေတာမျိုး။သူများအထင်ကြီးလေးစားတာကို လိုချင်တော့ သူများဘယ်လိုမြင်သွားမလဲဆိုတဲ့စိတ်နဲ့ ကိုယ်တကယ်မဟုတ်တဲ့ပုံစံကို ပြပေးရင်း ပြပေးရင်း ကိုယ်ဘာကောင်လဲဆိုတာ ကိုယ်တိုင်မသိနိုင်တော့တာတွေ။ကျွန်တော်တို့ဇာတ်လိုက်ကျော်ကြီးက မြို့လေးမှာရှိတဲ့ လူတကာအထင်ကြီးအားကျရတဲ့ အကိုကြီးအဂျူး။ အထင်မကြီးကြီးအောင် အားမကျကျအောင်လည်း အဂျူးက မုသားမျိုးစေ့တွေဖြန့်ကြဲထားခဲ့လေတော့။ ကိုယ်စိုက်တဲ့အပင်ဆိုတာ ကိုယ်ရိတ်သိမ်းရတာပဲမလား။ဒီလိုအလိမ်အညာတွေနဲ့ အဂျူးတစ်ယောက် သတို့သမီးလောင်းပေါ်မှာလည်း ပုံစံမှန်မပြခဲ့ဘဲ မုသားတွေနဲ့ပဲလက်ထပ်တာကအစ။အထင်အကြီးခံချင်တဲ့အဂျူး လူတကာလေးစားစေချင်တဲ့အဂျူး သူ့ဇနီးသည်ဆီမှာရှိတဲ့ရောဂါက သူ့ကိုလူပုံအလယ်မှာ အရှက်ကွဲစေမှာပဲလို့တွေးခဲ့တယ်။အဲဒီစိတ်နဲ့ပဲ ဘယ်သွားသွားဇနီးဖြစ်သူကို ခေါ်မသွားခဲ့ပါဘူး။ ဒီလိုနဲ့ပဲ သူတို့ရဲ့ကြားထဲက ဆက်ဆံရေးကဘယ်လိုဘယ်ဝယ်ဖြစ်လာမလဲဆိုတာ သင်ခန်းစာယူရင်း ရှင်သန်ကြရတဲ့ဘ၀မှာ မိမိရဲ့အစစ်အမှန်ပုံစံအတိုင်းပဲ နေကြည့်ကြရအောင်လား။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Cherry~Zwe~BpL~Aditi~Yunniတို့ပါ) File size…5.1GB / 1.89GB / 791MB Quality…4k HEVC AMZ WEL DL /1080p WEBDL AAC5.1CH /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Cherry~Zwe~BpL~Aditi~Yunni
movie

Bawaal (2023)

2023
4K HEVC
Cirkus (2022) 6.4
Cirkus (2022) Cirkus (2022) Comedy, Drama IMDb 6.4/10 (21K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဘောလီဝုဒ်ဟာသကားကောင်းလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ မင်းသားချော ရန်ဗီးဆင်းက Dual Role နေရာကနေသရုပ်ဆောင်ထားပြီး မင်းသမီး ပူးဂျာဟစ်ဂဒေ..ဂျက်ကလင်းဖာနန်ဒက်ဇ်တို့အပြင် ဟာသသရုပ်ဆောင်ကြီးတွေဖြစ်ကြတဲ့ ဂျွန်နီလီဗာ..ဆန်ဂျေးမစ်ရှရားစသဖြင့် သရုပ်ဆောင်ပေါင်းများစွာလည်း ပါဝင်အားဖြည့်ထားသလို မင်းသမီးချောလေး ဒီပီကားပါဒူကွန်ကလည်း Cameo အနေနဲ့ ပါဝင်ပေးထားပါတယ်နော်။ဆရာဝန်တစ်ယောက်ရဲ့စူးစမ်းချင်စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ စမ်းသပ်ချက်တစ်ခုပေါ်မူတည်ပြီး အလွဲကြီးလွဲခဲ့ရတဲ့ဇာတ်ကြောင်းလေးပေါ့ဗျာ။အငှားကိုယ်ဝန်ဆောင်ခြင်းတွေ ခေတ်မစားသေးခင်ကာလ ဒီကိစ္စကို လူတွေလက်မခံနိုင်ကြတဲ့အခါ...။ပြုစုပျိုးထောင်ပေးတဲ့ မိသားစုတူရင် ဒီညီအစ်ကိုမောင်နှမတွေဟာ ကိုယ့်သွေးသားမဟုတ်လည်း သွေးသားရင်းခြာလို့ မေတ္တာထားကြမယ်။ ကူညီရိုင်းပင်ကြမယ်ဆိုတာကို ဒီဆရာဝန်ဟာ လောကကြီးကို ချပြချင်ခဲ့ပါတယ်။ဒီလိုနဲ့ အမြွှာနှစ်တွဲကို တစ်ယောက်ဆီလွဲထည့်ပြီး မိသားစုနှစ်စုကို တစ်တွဲစီမွေးစားဖို့ပေးလိုက်ပါတော့တယ်။တစ်ရက်တော့ ရုပ်တူပြီး လူချင်းလွဲနေတဲ့ ဒီအမြွှာနှစ်တွဲဟာ တစ်မြို့တည်းမှာ အတူဆုံကြတဲ့အခါမှာတော့ ဖြစ်ပျက်သမျှအလုံးစုံဟာ စတင်ပြီး လွဲလာပါတော့တယ်။ အလွဲလွဲအချော်ချော်နဲ့ ဘယ်လိုတွေ ပါးစပ်မပိတ်တမ်း ရယ်ရမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ရှုစားကြည့်ပါတော့နော်။ File size…2.69GB / 1.25GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Taylor~Khin Khin~ Nyein Aye ...
movie

Cirkus (2022)

2022
Chennai Express (2013) 6.0
Chennai Express (2013)  ဒီဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါး လေးနဲ့ ရယ်ရွှင်ကြည်နူးဖွယ် ဇာတ်ကားလေးပေါ့ ။ ရင်ဘတ်ကြီးရဲ့ သန်မာမှုက လက်ရုံး ခွန်အားထက် ပိုမိုသာမွန်ကြောင်း သက်သေပြစေခဲ့တဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။ဇာတ်လမ်းအကျဉ်း ရာဟူးဟာ လူပျိုကြီးတစ်ယောက်ပေါ့။ သူငယ်စဉ်ကတည်းက မိဘနှစ်ပါးစလုံးမှာ အက်စီးဒင့်ဖြစ်ခဲ့ကြပြီး အဘိုးက ကျွေးမွေး စောင့်ရှောက်ခဲ့ပါတယ်။ အဘိုးလည်း ကွယ်လွန်ပြီးနောက်မှာတော့ ရာဟူးဟာ အဘိုးရဲ့ဆန္ဒအရ အရိုးပြာတွေကို ယမုံနာမြစ်ထဲ မျောချစေချင်တဲ့ သူ့ အဘွားရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး တစ်ခြား နေရာကို ခရီးသွားဖို့ လုပ်ပါတယ်။ရာဟူးဟာ သူ့အဘွားကို လှည့်စားဖို့ ယမုံနာ မြစ်ဆီသွားဖို့ Chennai Express ရထားလေးစီးနင်းခဲ့ရပြီး ရထားပေါ်၌ မီရာကို တွေ့ခဲ့ပါသည်။ မီရာဟာ မာဖီယားခေါင်းဆောင်တစ်ဦး၏ သမီးဖြစ်ပြီး အခုလည်း လူဆိုးတစ်ဦးနှင့် အတင်းပေးစားခံရသောကြောင့် ထွက်ပြေးလာခဲ့သည်။ မီရာဟာ သူမ၏ ဘဝအကြောင်းပြောပြခဲ့ပြီး သူမ၏ ချစ်သူ အဖြစ် ...
movie

Chennai Express (2013)

HEVC 1080p 5.1
Pagalpanti (2019) 2.9
Pagalpanti (2019) (Unicode)၂၀၁၉ ခုနှစ်ထွက် John Abraham ရဲ့ ဟာသစစ်စစ် ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းထဲမှာတော့ ရာ့ချ်ကီရှော၊ဂျန်ကီ၊ချန်ဒူးဆိုတဲ့ ဂြိုလ်ဆိုးစုန်းပြူး သုံးကောင်ပေါ့။ကံဆိုးတာကတော့ ရာ့ချ်ကီရှောရဲ့ ဇာတာပါ။ သူ အလုပ်လုပ်သမျှ အရှုံးပေါ်တယ်။ဘဏ်မှာ အလုပ်လုပ်ရင် ဘဏ်အရှုံးပေါ်တယ်။ အဲ့လို ကံဆိုးမှုက အရိပ်လို လိုက်ခံနေရတဲ့ ကောင်။ ပိုက်ဆံတွေ လိမ်ပြီး ကုန်ပို့လုပ်ငန်းတစ်ခုလုပ်ခဲ့ပါတယ်။သူတို့ ပထမဆုံးပို့ပေးရမှာက လန်ဒန်မြို့ရဲ့ အိန္ဒိယဂန်းစတား သမီးယောက်ဖနှစ်ရဲ့ သမီး မွေးနေ့အတွက်ပါ။မမျှော်လင့်ဘဲ သွားပို့တဲ့ ပစ္စည်းက ပျက်စီးသွားတဲ့အခါမှာ သူတို့ သုံးကောင်ဟာ အဲ့ဒီဂန်းစတားအိမ်မှာ အစေခံလုပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ဂြိုလ်ဆိုးသုံးကောင်နဲ့ ဂန်းစတား သူဌေးကြီးတို့ကြား ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ။သူဌေးကြီးရဲ့ သမီးအချောလေးနဲ့လည်း သံယောဇဉ်တွေ ဖြစ်လာရင်း ချစ်ကြိုက်မိလာတဲ့အခါ သူဌေးကြီး ဘာလုပ်မလဲ။သူတို့ သုံးယောက် ရှိနေတဲ့ အိမ်မို့ ...
movie

Pagalpanti (2019)