Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mrinal Kulkarni
7
Shivrayancha Chhava (2024)
Shivrayancha Chhava (2024)"ဧကရာဇ်ဆမ်ဘာဂျီ" =======================================ရုံတင်စဉ်က ဒုတိယဝင်ငွေအကောင်းဆုံး မာရသီစကားပြောရုပ်ရှင်ဖြစ်ခဲ့တဲ့ ဒီသမိုင်းနောက်ခံရုပ်ရှင်ကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် မာရသာအင်ပါယာကို တည်ထောင်ခဲ့တဲ့ မင်းကြီးရှီဗာဂျီရဲ့အကြီးဆုံးသား မင်းကြီး ဆမ်ဘာဂျီရဲ့ဘဝကိုပုံဖော်ပြထားတာပဲဖြစ်ပါတယ်။မင်းကြီးရှီဗာဂျီ နတ်ရွာစံသွားတဲ့အတွက် မာရသာအင်ပါယာပြိုကွဲပြီလို့ထင်နေတဲ့ မိုဂူလ်ဧကရာဇ် အာရန်ဇက်ဟာ ဘူဟန်ပူရ်မြို့ကို အိန္ဒိယတောင်ပိုင်းရဲ့ မြို့တော်အဖြစ်ပြောင်းလဲဖို့ သူ့ရဲ့တပ်မှူး ဗဟာဒူးရ်ကို တာဝန်ပေးခဲ့ပါတယ်။ရက်စက်ကြမ်းကြုတ်တဲ့ တပ်မှူးဗဟာဒူးရ်ဟာ ဘူဟန်ပူရ်မြို့ကို မတရားသဖြင့်အုပ်ချုပ်နေတဲ့အတွက် အသက်ငယ်ရွယ်ပေမဲ့ ပညာဉာဏ်ပြည့်ဝတဲ့ မင်းကြီးဆမ်ဘာဂျီက ဗဟာဒူးရ်လက်ထဲကနေ ဘူဟန်ပူရ်မြို့ကို ကယ်တင်ဖို့ကြိုးစားပုံကို ဒီရုပ်ရှင်ထဲမှာ အဓိကမြင်တွေ့ရမှာ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 3.17GB / 1.44GB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Shivrayancha Chhava (2024)
2024
7
Subhedar (2023)
Subhedar 2024 (တပ်မှူးကြီး တန်ဟာဂျီရာဝ်) IMDb - 8.1/10ဒီတစ်ခေါက်မှာတော့ ဝက်ဝံကြီးကိုတောင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်တဲ့ တပ်မှူးကြီး တန်ဟာဂျီရာဝ်ရဲ့ ရဲစွမ်းသတ္တိတွေကို ထုတ်ဖော်ပြသသွားမယ့် သမိုင်းကားကောင်းလေးတစ်ကားဖြစ်ပါတယ်။အရှင်ရှီဗာတို့ရဲ့ ခေတ်မှာ ဆူလတန်တွေဟာ အရမ်းကို သောင်းကြမ်းလွန်းနေပြီး မိန်းကလေးတွေကိုလည်း ကျွန်ပြုရောင်းစားတာမျိုးတွေ ပြုလုပ်တဲ့အထိ ဆိုးဝါးလို့နေခဲ့ပါတယ်။ ဒီလိုအချိန်မှာပဲ အရှင်ရှီဗာဟာ သူရဲ့မိတ်ဆွေဖြစ်သူ တန်ဟာဂျီရာဝ်ဆီကို သွားလည်ရင်းနဲ့ လယ်စိုက်နေတဲ့ မိတ်ဆွေဖြစ်သူ တန်ဟာဂျီရာဝ်ဟာ အရှင်ရှီဗာရဲ့ လက်အောက်မှာ ဓားကိုင်ပြီး တိုင်းပြည်အတွက် တိုက်ခိုက်ခြင်းကြောင်းပြောပြီး လိုက်ပါလာခဲ့ပါတော့တယ်။ပြည်သူတွေကို အနိုင်ကျင့် နှိပ်စက်နေတယ်လို့ သတင်းထွက်လာတဲ့ ကိုနာဒါခံတပ်ကို အရှင်ရှီဗာဟာ သိမ်းပိုက်ဖို့လုပ်တဲ့အခါမှာတော့ သူ့ရဲ့လက်ရုံး တန်ဟာဂျီရာဝ်က ဦးဆောင်ပြီး တိုက်ခိုက်ပေးရပါတော့တယ်။ ဒီလိုနဲ့ ဆိုးဝါးသောင်းကြမ်းလွန်းနေတဲ့ ဆူလတန်တွေကို ဘယ်လိုနှိမ်နင်းသွားမလဲ .... ဝက်ဝံကြီးနဲ့ တစ်ယောက်ချင်းတိုက်နိုင်တဲ့အထိ ရဲစွမ်းသတ္တိကြီးတဲ့ တပ်မှူးတစ်ယောက် ကိုနာဒါခံတပ်ကို ဘယ်လိုတွေ တိုက်ခိုက်ချေမှုန်းသွားမလဲ ........ဆိုတာတွေကိုကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ခန်းတွေနဲ့အတူ ကြည့်ရှုရမယ့် သမိုင်းဒရာမာကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~Suri~Zwe~V~Alex~ToMo တို့ပဲဖြစ်ပါတယ်) File size…2.71GB / 1.2GB Quality…WEB DL 1080p / ...
movie
Subhedar (2023)
2023
7.2
Once Upon Two Times (2023)
Once Upon Two Time (2023) တစ်ချိန်ကနှစ်ကိုယ်တူချစ်ခြင်းဒီတစ်ခါမှာတော့ အိန္ဒိယဒရာမာကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ အာဟန်ဆိုတဲ့ကောင်လေးတစ်ယောက် သူ့အမေရဲ့ဖြစ်ချင်စိတ်နဲ့ သီချင်းတွေနောက်ကို လိုက်ရင်း စီးပွားရေးနဲ့ ပတ်သတ်တဲ့ ဘွဲ့တစ်ခုကို နိုင်ငံခြားမှာ ယူဖို့ ကျောင်းသွားတက်ချင်သူတစ်ဦး။သူ့မှာ ရူဟီဆိုတဲ့ အရမ်းကိုချစ်ရတဲ့ ချစ်ရသူလေးတစ်ယောက်ရှိပြီးတော့ ကျောင်းသွားဖို့ ဝေးရမယ်ဖြစ်လာတော့ ချစ်သူတို့ရဲ့ ထုံးစံအတိုင်း မခွဲနိုင်ဖြစ်ကြပြီး လက်ထပ်ဖို့အတွက် ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။တစ်ဖက်မှာလည်း ရူဟီရဲ့အဖေက သူ့အလုပ်ကနေ ထွက်ခဲ့ပြီး အလုပ်ထွက်လို့ဆိုပြီး သူဌေးက လက်ဆောင်အနေနဲ့ ပေးတဲ့ လေးရက်တာ မိသားစုနဲ့အတူခရီးသွားခွင့်ရပြီးတော့ ခရီးထွက်ခဲ့ကြရင်းနဲ့ အာဟန်ရဲ့အဖေနဲ့ ရူဟီရဲ့အမေကလည်း တစ်ချိန်က အခုအာဟန်နဲ့ရူဟီလိုပဲ ခွဲရဖို့ဖြစ်လာတဲ့အတွက် ခိုးပြေးဖို့အထိ ဇာတ်လမ်းတွေရှိခဲ့ပြီးမှ ချစ်တိုင်းလည်းမညားဖြစ်ခဲ့ရတဲ့အကြောင်းကို သိလိုက်ရပြီးတော့ နှစ်ဖက်မိဘလုံးက သူတို့လက်ထပ်ဖို့ကို ခါးခါးသီးသီးငြင်းဆန်လာချိန်မှာတော့... အာဟန်နဲ့ ရူဟီတို့ရဲ့ အချစ်ဇာတ်လမ်းကရော ဘယ်လိုရှေ့ဆက်မလဲ.... သူတို့ မိဘတွေကရော ဘယ်လို ဇာတ်လမ်းတွေရှိခဲ့ကြလဲ …….သူတို့ဖြစ်နေတဲ့ ပြဿနာတွေကရော ပြေလည်သွားပါ့မလား။ တစ်ချိန်က သူတို့မိဘတွေလိုမျိုး ခါးသီးတဲ့ဇာတ်သိမ်းဖြစ်လာမလား၊ ချိုမြိန်တဲ့ချစ်ခြင်းနဲ့အဆုံးသတ်သွားမလားဆိုတာတွေကို ဒရာမာကားပီသစွာနဲ့ ကြည့်ရှူရမယ့် ဒရာမာကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ BpL~Alex~V~Yunni~ToMo ...
movie
Once Upon Two Times (2023)
2023
8.8
Rakshak – India’s Braves (2023)
Rakshak-India's Braves 2023အိန္ဒိယရဲ့သူရဲကောင်းများတဲ့ယူနီဖောင်းနဲ့ခန့်နေတဲ့ Jalebi မင်းသား Varun Mitra နဲ့ အပြုံးချိုချိုမင်းသမီးလေး Kanika Mann တို့အဓိကပါဝင်ထားပါတယ်ဇာတ်လမ်းအစမှာ သမီးဖြစ်သူကိုဘူတာလိုက်ပို့ရင်း ဖုန်းအားပြည့်ရဲ့လား မုန့်နဲ့ရေကပါရဲ့လားနဲ့ သဲသဲလှုပ်ဂရုစိုက်အချစ်ပိုနေကြတဲ့ မိသားစုလေးကိုကြည်နူးဖွယ်မြင်တွေ့ရမှာပါ အဲဒီချိန်မှာပဲ မထင်မှတ်တဲ့ပေါက်ကွဲမှုတစ်ခု .....ဆိုနူးကတော့ခါးပတ်ညိုရထားတဲ့ ဗိုလ်ကြီးတစ်ဦးပါ ခွင့်ရက်ပြန်လာချိန် အပြုံးချိုချိုမာလာလေးနဲ့ စေ့စပ်ပေးဖို့ အိမ်ကစီစဉ်ထားတာနဲ့တန်းတိုးတာပေါ့ အပြုံးချိုလေးဘယ်လောက်စွမ်းလဲဆို တစ်သက်လုံးမကြိုက်တဲ့ ခရမ်းသီးချက်တောင်စားမယ် ဖြစ်သွားသည်ထိပါပဲ ခွင့်ရက်မစေ့ခင်မှာပဲ တာဝန်ကျလို့ပြန်သွားရချိန်မှာတော့....သာမန်အရပ်သားဘဝမှာ မေတ္တာအပြည့်ကြည်နူးနေတဲ့သူတစ်ယောက် တာဝန်ဝတ္တရားနဲ့ နိုင်ငံ့အကျိုးသယ်ပိုးရချိန်မှာလည်း နိုင်ငံ့သားကောင်းတစ်ယောက်ဖြစ်နေရသူ မေတ္တာဖွဲ့ ၊ စိတ်ခွန်အား ၊ အက်ရှင်တို့ကို တစ်စုတစ်စည်းတည်းမြင်တွေ့ရမဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်(အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Cherry ~ V ~ Yunni တို့ပဲဖြစ်ပါတယ်) File size…1.59GB / 680MB Quality…1080p WEB DL /720p Format…mp4 Duration…1h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Cherry ~ V ~ Yunni
movie
Rakshak – India’s Braves (2023)
2023
8.3
Sher Shivraj (2022)
Sher Shivraj (2022) *************************** IMDb-8.3/10ဘယ်လိုလက်နက်ပဲဖြစ်နေပါစေ..... လူသားပဲဖြစ်ဖြစ် တိရိစ္ဆာန်ပဲဖြစ်ဖြစ်..... နေ့ပဲဖြစ်နေနေ ညပဲဖြစ်နေနေ..... အိမ်တွင်းမှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ်.... သင်ဟာ သတ်လို့မသေနိုင်တဲ့ မသေမျိုးဖြစ်စေဆိုပြီး အရှင်ဗြမ္မဟာက ဒီဆုလာဘ်ကို ဟီရန်ရာကာ့ရှပ်ဆီ ပေးအပ်ခဲ့တယ်။ဒီဆုလာဘ်ကြောင့်ပဲ ဆိုးသွမ်းလာတဲ့ ဟီရန်ရာကို နတ်ဘုရားတွေကပါ ကြောက်လန့်လာကြခဲ့တယ်။ဒါပေမယ့် သူ့သားတော် ပရယ်လားဒ်ကတော့ အရှင်ဗိဿနိုးကို ဆည်းကပ်တဲ့သူ။ဒါကြောင့်ပဲ ဟီရန်ရာကာ့ရှပ်က ပရယ်လားဒ်ကို အကြိမ်ပေါင်းများစွာသတ်ဖို့ကြံစည်ခဲ့တယ်။ ဒါပေမဲ့လည်း အရှင်ဗိဿနိုးရဲ့ဘုန်းတန်ခိုးကြောင့် ပရယ်လားဒ်ကို အကြိမ်ကြိမ်သတ်ဖို့ကြံစည်တာ မအောင်မြင်ခဲ့တဲ့နောက်မှာတော့ ပရယ်လားဒ်ကိုမေးခဲ့တယ် မင်းရဲ့အရှင်ဗိဿနိုးဘယ်မှာလဲဆိုပြီး။ပရယ်လားဒ်ကပြန်ပြောခဲ့တယ် စကြာဝဠာကြီးရဲ့ အစိတ်အပိုင်းတိုင်းမှာ အရှင်ကတည်ရှိနေပါတယ်တဲ့။ဒီတော့ ဟီရန်ရာက ဒီတိုင်မှာရှိတာလားလို့မေးလေတော့ ပရယ်လားဒ်က ဟုတ်တယ် ဒီတိုင်လုံးထဲမှာလည်းရှိတယ်ဆိုတော့ တိုင်ကို ဒေါသတကြီးနဲ့ကန်ပါလေရော။အဲဒီမှာပဲ တိုင်လုံးကအစိတ်စိတ်အမွှာမွှာကွဲပြီး လူခန္ဓာကိုယ် ခြင်္သေ့ခေါင်းနဲ့ ဗိဿနိုးရဲ့အဝတာတစ်ဆူဖြစ်တဲ့ အရှင်နာဆင်မာပေါ်လာပြီး ဟီရန်ရာကိုပွေ့ချီသွားပြီး အတွင်းလည်း မဟုတ် အပြင်လည်းမဟုတ် လူလည်းမဟုတ် တရိစ္ဆာန်လည်းမဟုတ် ဘယ်လိုလက်နက်မှလည်းမသုံးဘဲ သုတ်သင်ရှင်းလင်းခဲ့ပါတယ်။ဒီဇာတ်လမ်းကိုကြားတော့ မင်းသားလေးက သူလည်းအရှင်နာဆင်မာလို မကောင်းဆိုးဝါးတွေကို သုတ်သင်ရှင်းလင်းမယ်ဆိုပြီး တိုင်တည်ပါတယ်။ တိုင်းပြည်ရဲ့ခေါင်းဆောင်ဖြစ်လာတဲ့ တစ်နေ့မှာတော့ ဟီရန်ရာလိုမကောင်းဆိုးဝါးနဲ့ စစ်ခင်းဖို့ဖြစ်လာတဲ့အချိန်မှာ မင်းသားလေးအဆင်သင့်ဖြစ်နေမလားဆိုတာတော့ ခမ်းခမ်းနားနားနဲ့ ကြည့်ရမယ့် အိန္ဒိယနန်းတွင်းကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Moon~BpL~Cherry~Yunniတို့ပဲဖြစ်ပါတယ်) File size…3.4GB / 1.3GB Quality…1080p WEBRIP / 720p Format…mp4 Duration….2h 23m Subtitle….Myanmar ...
movie
Sher Shivraj (2022)
2022
8.3
The Kashmir Files (2022)
ဒီတစ်ခါမှာတော့ ၁၉၉၀ ကာလကို အခြေတည်ပြီး ဟိမဝန္တာတောင်တန်းတွေကြားက ကတ်ရှ်မီးယား ဒေသရဲ့ လွတ်လပ်ရေးရုန်းကန်ပုံ,လူမျိုးရေးရာပြဿနာတွေအကြောင်းကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ထားတဲ့ Historical/Drama အမျိုးအစား ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ IMDB 8.3 လောက်ရထားပြီး နိုင်ငံအချို့မှာရုံတင်ခွင့်ပိတ်တဲ့ကားမို့ ပေါ့သေးသေးတော့မဟုတ်ပါဘူး ဇာတ်လမ်းအကျဉ်း ===================ကတ်ရှ်မီးယားဒေသဟာ အိန္ဒိယအနောက်မြောက်ပိုင်းမှာရှိပြီး ဟိမဝန္တာတောင်တန်းတွေ ဝန်းရံထားပါတယ်။ အဲ့ဒီနယ်မြေဟာ ပါကစ္စတန်နဲ့ထိစပ်နေပြီး ကတ်ရှ်မီးယားပန်ဒစ် လို့ခေါ်တဲ့ ဟိန္ဒူလူမျိုးတွေအခြေချနေထိုင်လာတယ်၊ ခေတ်မှီလာတာနဲ့အမျှ ကတ်ရှ်မီးယား ပန်ဒစ်တွေဟာ သူတို့ကို လစ်လျူရှုတဲ့ အိန္ဒိယကနေ လွတ်လပ်ဖို့ တောင်းဆိုလာသလို အိမ်နီးချင်း ပါကစ္စတန်ရဲ့ အစ္စလာမ်မစ်တွေကပါကျူးကျော်လာတဲ့အခါမှာတော့..... ဒီကားက မင်းသားမင်းသမီးထက်စာရင် ဇာတ်လမ်းဇာတ်ကွက် နိုင်ငံရေး ဘာသာရေး စတဲ့ အကြောင်းတွေကို ပွင့်လင်းပြင်းထန်စွာ ရိုက်ပြထားတာမို့ သမိုင်းနောက်ခံနိုင်ငံရေး ကြိုက်သူတွေအတွက်ဖျော်ဖြေမှုရနိုင်မယ့် ရုပ်ရှင်တကားပဲဖြစ်ပါတယ်။အညွှန်း Lwin Htoo Aung File size…2.1GB / 1GB Quality…1080p WEBDL AAC5.1CH / 720p Format…mp4 Duration….2h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Oeliu J
movie
The Kashmir Files (2022)
9.5
Pawankhind (2022)
Pawankhind 2022ဒီတစ်ခါတင်ဆက်ပေးလိုက်တာကတော့ အိန္ဒိယသမိုင်းနောက်ခံစစ်ရာဇဝင်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။အိန္ဒိယရာဇဝင်မှာနာမည်ကျော်တဲ့ ပါဝမ်ခိုင်စစ်ပွဲအကြောင်းကိုမှတ်တမ်းမှတ်ရာတွေနဲ့ သူတို့ကိုးကွယ်ရာနတ်ဘုရားတွေနဲ့ပတ်သက်တဲ့လူကြီးတွေရဲ့ပါးစပ်ရာဇဝင်တွေ ပေါင်းစပ်ပြီး အချက်အလက်တွေထက်ရသဘက်ကိုဦးစားပေးရိုက်ကူးထားတယ်လို့ဆိုနိုင်ပါတယ်။ဆစ်ဒီဂျိုဟာရဲ့စစ်သည်တော်တွေဟာ ရှီဗာဂျီမာဟာရဂ်ျကို ပန်ဟာလာခံတပ်မှာလပေါင်းများစွာဝန်းရံထားသောကြောင့် အဝိုင်းခံတပ်များကပါးနပ်လှသောညနည်းဗျူဟာများဖြင့် ကြိုးပမ်းရုန်းထွက်ကြပုံကိုပုံဖော်ထားပြီး မာရသာစစ်သည်တော်တွေရဲ့ဘဝကိုအခြေခံရိုက်ကူးထားပါတယ်။Historical/Action/Drama ဖြစ်ပြီးနှစ်နာရီခွဲကြာပေမယ့်ထိုင်ရာမထကြည့်ချင်လောက်အောင် ဆွဲခေါ်သွားနိုင်တဲ့ဇာတ်ကားမျိုးဖြစ်လို့လက်မလွှတ်တမ်းကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေ။ File size…2.9GB / 1.5GB Quality…1080p WEBDL / 720p Format…mp4 Duration….2h 33min Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Shwe Pyae & Honey & Haruko
movie
Pawankhind (2022)
2022