Channel Myanmar

Morning Chang

Soul Snatcher ( 2020 ) 6.2
Soul Snatcher ( 2020 ) ဒီတစ်ခေါက်မှာ 2020 ရဲ့ နာမည်ကြီးဇာတ်ကား တစ်ကားလို့ ဆိုနိုင်တဲ့ နာမည်ကြီး မိန်းမပျိုဝိညာဉ်လို့ နာမည်ကြီးပြီး version စုံထွက်တဲ့ တရုတ်ဇာတ်လမ်းကြီးကို အခြေခံပြီး ပုံစံတစ်မျိုးပြောင်းထားတဲ့ ဇာတ်ကားကောင်းလေးပေါ့...ဒီကားကို အဓိကကြည့်သင့်တာကတော့ go go squid မှာ နာမည်ကြီးခဲ့တဲ့ ပျိုတိုင်းစွဲ လီရှန့် နဲ့ nine percent က မန်ဘာဟောင်း မားမားတို့ရဲ့ ကလေးလေး နုံနုံ (ခ) ချန်လိနုံတို့ သရုပ်ဆောင်ထားတာကြောင့်ပါ ဒါဟာ နုံနုံရဲ့ ပွဲဦးထွက်ကားလေးမို့ အားလုံးက အချစ်ပိုပြီး အားပေးနေကြတာပေါ့ဇာတ်လမ်းလေးနည်းနည်းပြောပြမယ် ဒီကားလေးက အရင်အတိုင်း အမှုထမ်းစာမေးပွဲဖြေဖို့ ကြိုးစားနေတဲ့ စာကြမ်းပိုးလေးနဲ့ လေလွင့် မိန်းမပျိုဝိညာဉ်ကြားက အချစ်ဇာတ်လမ်းလေးပါပဲဒါပေမယ့် မိန်းမပျိုလေးကတော့ ဇာတ်လိုက်မဟုတ် ဇာတ်လိုက်က နတ်ဖြစ်ဖို့ ကြိုးစားပြီး အမြုတေလိုက်ရှာနေတဲ့ မြေခွေးလေးပေါ့ ဖြစ်ချင်တော့ အမြုတေပိုင်ရှင်က စာကြမ်းပိုးလေးဖြစ်နေတော့ မြေခွေးလေးနဲ့ စာကြမ်းပိုးကြားက သူငယ်ချင်းသံယောဇဉ်ကို ပုံဖော်ထားတဲ့ ဇာတ်ကားလေးလို့ဆိုနိုင်မယ်ပါးပါးလေး bromance လည်းပါလို့ မှန်ဘီလူးမလေးတို့လည်း ကြည့်ကြည့်လိုက်ပါဦး Filesize : 5.22 GB / 1.88 GB ...
movie

Soul Snatcher ( 2020 )

4K HEVC
The Man On Credit ( 2024 ) 5.8
The Man On Credit ( 2024 ) မင်းကြီးကျောက်ကျုံးကို ထူးဆန်းတဲ့ဓားငှားသူတစ်ယောက်က ကျန့်လူဓားကိုငှားပေးခဲ့ရာက ကံကြမ္မာတစ်ဆစ်ချိုးပြောင်းလဲပြီး ကျင့်ပြည်ထောင်ကိုပါ ထူထောင်ခဲ့ပါတယ် ။ ဒါပေမဲ့ ဓားငှားသူဓားပြန်လာသိမ်းတဲ့အချိန်မှာပဲ ကျင့်ပြည်ထောင်ကပျက်သုဉ်းသွားခဲ့ပါတော့တယ် ။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ ဓားငှားသူဟာ နဉ်ယိုချူးလို့ခေါ်တဲ့သူတစ်ယောက်ကိုဓားငှားပေးခဲ့ပြီး ရန်သူကိုသတ်စေခဲ့ပြီး ကံကြမ္မာပြောင်းလဲကာ သိုင်းလောကတခွင်ကျန့်ခွမ်းဆိုတဲ့နာမည်ကြီးလာခဲ့ပါတယ်။ဒါပေမဲ့ ဓားငှားသူက ဓားလာသိမ်းတဲ့အချိန် နဉ်ယိုချူးက ပြန်မပေးခဲ့ပါဘူး ဒီလိုနဲ့ ဓားငှားသူက ဓားကိုတောင်းတဲ့အချိန်မပေးရင် တစ်နေ့နေ့ကျ အဲဒီဓားက မင်းချစ်ရတဲ့သူကိုပြန်သတ်လိမ့်မယ်လို့ပြောသွားခဲ့ပါတယ် ။ဇာတ်ကားထဲမှာတော့ ဒီကျိန်စာတကယ်ဖြစ်လာတဲ့အခါ နဉ့်ယိုချူးဘဝဘယ်လိုတွေပြောင်းလဲလာမလဲ ? ဘယ်လိုအခက်အခဲတွေနဲ့ သူ့ဘဝဘယ်လိုဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရမှာပဲဖြစ်ပါတယ် Filesize : 1.14 GB / 700 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Mystery Runtime : 1h 23 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK  
movie

The Man On Credit ( 2024 )

Loser Hero ( 2023 ) 5.7
Loser Hero ( 2023 ) ဒီနေ့မှာတော့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောရတဲ့ Comedy ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်ဘယ်အိမ်ရောင်းရောင်း ရောင်းမထွက်တဲ့ ကံကောင်းအိမ်ခြံမြေလုပ်ငန်းက ကွမ်းမင်ရှင်း……နဲ့ ဘယ်အိမ်မဆို ရအောင်ရောင်းနိုင်တဲ့ လှပသောမြို့ပြ အိမ်ခြံမြေလုပ်ငန်းက ရှန့်ချင်း……သူတို့နှစ်ယောက်ဟာ ရောင်းအားရဖို့အရေးလုပ်ငန်းခွင်မှာ အပြင်းအထန်ယှဉ်ပြိုင်ကြတာပေါ့။ ဒီလိုနဲ့အကြိတ်အနယ်ပြိုင်ကြရင် အချစ်မီးပွါးလေးတွေဖြစ်လာကြတယ်။အချစ်စစ်အချစ်မှန်တွေရှားပါးနေတဲ့ခေတ်ကြီးမှာ သူတို့တွေဟာ အချစ်ကိုအမိအရဖမ်းဆုပ်ထားနိုင်မလား…… လောကဒဏ်ရဲ့ရိုက်ခတ်မှုတွေကြားမှာယိမ်းယိုင်သွားမလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်စောင့်ကြည်ရမှာဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Loser Hero ( 2023 )

Army Soul of Han Dynasty ( 2022 ) 6
Army Soul of Han Dynasty ( 2022 ) ရှေးသမိုင်းတွေစိတ်ဝင်စားတဲ့သူတွေအကြိုက်တွေ့စေမယ့် ဟန်ခေတ်ကနယ်စပ်မြို့လေးမှာအခြေတည်ပြီး ရိုက်ထားတဲ့စစ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ဘီစီ၃၀၀ခုနှစ်လောက်မှာ အရှေ့ဥပရောပမှာနေထိုင်တဲ့ရှုံနူလူမျိုးတွေရှိခဲ့ပါတယ်။ သူတို့ဟာရေကြည်ရာမြက်နုရာလှည့်လည်ကျက်စားတတ်ပြီး တရုတ်ပြည်မြောက်ပိုင်းကိုအကြိမ်ကြိမ်ကျူးကျော်ဖို့ကြိုးစားခဲ့သူတွေလဲဖြစ်တယ်။ဒီဇာတ်ကားလေးမှာတော့ ဟန်တိုင်းပြည်နယ်စပ်မြို့လေးဖြစ်တဲ့ စူးလော့မြို့လေးကိုစစ်သည်အင်အား၃၀၀နဲ့စစ်သူကြီးတစ်ယောက်ဟာ ရှုံနူတွေရဲ့ရန်ကနေပြီး ဘယ်လိုခုခံကာကွယ်မလဲ..... မြို့လေးကိုသေသည်အထိကာကွယ်မယ်ဆိုပြီးသစ္စာဆိုခဲ့တဲ့ဟန်စစ်သားတွေဟာ သူတို့ရဲ့တာဝန်ကိုဘယ်လိုစိတ်ဓာတ်အားမာန်တွေနဲ့ ဘယ်လိုကျေပွန်အောင်ထမ်းဆောင်ခဲ့လဲဆိုတာကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ် [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action ,War Runtime : 1h 42 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Army Soul of Han Dynasty ( 2022 )

Hello Mr. Billionaire ( 2018 ) 6.2
Hello Mr. Billionaire ( 2018 ) Shen Teng  ရဲ့ ဇာတ်ကားကောင်းလေးတကားနဲ့မိတ်ဆက်ပေးချင်ပါတယ်အညွန်းလေးကိုဖတ်ကြည့်လိုက်ရအောင်Wang Duo Yu ဟာ သာမာန် လိဂ်တစ်ခုက မထင်မရှားတဲ့သာမန်ဂိုးဖမ်းသမားလေးတစ်ဦးပါပဲ..သူ့အဖိုးကတော့ ချမ်းသာကြွယ်ဝတဲ့ လူတစ်ဦးတစ်နေ့မှာတော့ ဂိုးသမားလေးအဖို့ ကံဇာတာတွေကောင်းမွန်လာပါတယ်အဲ့ဒါဘာလဲဆိုတော့ သူ့အဖိုးဆီကအမွေရမယ့်အကြောင်းကိုသိလိုက်ရတာပါပဲ..ရမယ့်ပိုက်ဆံကလည်း ယွမ် သုံးဆယ် ဘီလီယံဆိုတော့ မနည်းမနောပါပဲ..ဒါပေမယ့်သူ့အဖိုးက သူ့ကိုဒီအတိုင်းမပေးဘူး စိန်ခေါ်မှုလည်းတခု လုပ်လိုက်တယ်ဂိုးသမားလေးဟာ တစ်လအတွင်းမှာ ယွမ် တစ် ဘီလီယမ် တိတိကိုကုန်အောင်သုံးရပါမယ်..မဟုတ်တဲ့နေရာမှာလည်းမသုံးရဘူးပြီးတော့ တမင်မကုန်ကုန်အောင် ပစ္စည်းတွေကိုမတန်မဆပေးပြီးဝယ်တာမျိုးလည်းမဖြစ်ရဘူး..လက်ခံနိုင်တဲ့အတိုင်းအတာတခုမှာတလအတွင်းယွမ် တစ် ဘီလီယမ်ကိုသုံးနိုင်မှ ကျန်တဲ့အမွေကိုသူရမှာပါ..စိန်ခေါ်မှုကိုလက်မခံဘူးဆိုလည်းယွမ် 1 ဘီလီယံကိုယူပြီးထွက်သွားယုံပါပဲ..ရှုံးနိမ့်သွားရင်တော့အမွေတွေတပြားတချပ်မှရမှာမဟုတ်ပါဘူးကဲ..ဒီစိန်ခေါ်မှုကို ဂိုးသမားလေးဘယ်လိုဖြတ်ကျော်မလဲပြီးတော့ ဘာတွေဖြစ်လာမလဲ..ဘာတွေသင်ယူနိုင်မလဲဆိုတာကိုဆက်လက်ကြည့်ရှုခံစားကြပါ..အားကစားနဲ့ ဟာသလေးတွေအပြင်အချစ်ဇာတ်လမ်းလေးတပုဒ်ကိုပါကောင်းကောင်းခံစားရမှာဖြစ်လို့အပန်းဖြေကြည့်ရှုလိုသူ ရုပ်ရှင်ချစ်သူများအတွက်သင့်တော်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်  Quality : Bluray 1080p ( HEVC ) , 720p Format : mp4 Duration : 1h 58 min Genres : Comedy , Drama Subtitle : Myanmar Subtitle ( ...
movie

Hello Mr. Billionaire ( 2018 )

2018
HEVC 1080p 5.1