Channel Myanmar

Mohan Kapur

Shankar’s I(2015) 7.3
Shankar’s I(2015) I 2015 ခါးကုန်းကြီး Imdb 7.4ခါးကုန်းကြီးဆိုပြီးလူသိပိုများတဲ့ တစ်ခေတ်တစ်ခါကနာမည်ကြီး‌ရုံတင်ကားကို ကြည့်ရှုသူများရဲ့တောင်းဆိုမှုများကြောင့် ပြန်လည်တင်ဆက်ပေးပါရစေဇာတ်လမ်းအစမှာတော့ မျက်နှာကကြောက်ဖို့ကောင်းအောင် အဖုအထစ်တွေနဲ့ ခါးကုန်းကြီးတစ်ယောက်က နာမည်ကြီးမင်းသမီးဖြစ်တဲ့ဒီယာ့မင်္ဂလာဆောင်ကိုခိုးဝင်ပြီး ဒီယာ့ကိုခိုးယူခဲ့ပါတယ် မင်္ဂလာပွဲမှာမင်းသမီးပျောက်သွားလို့ ဗြောင်းဆန်ကုန်ပြီး ရဲတိုင်တဲ့လူကတိုင် ရှာတဲ့လူကရှာနဲ့ပေါ့ ဘာကြောင့်များ ဒီခါးကုန်းကြီးက မင်းသမီးကိုဖမ်းခေါ်သွားတာများလဲအတိတ်ကိုပြန်ကြည့်ရရင် လင်ဂတ်ဆန်ဆိုတာက မစ္စတာတမီလ်နာဒူချန်ပီယံရှစ်ဝင်ပြိုင်ဖို့ ဘော်ဒီကိုဗလတွေထွက်အောင်‌နှစ်နဲ့ချီလေ့ကျင့်ထားသူတစ်ယောက်ပါ ဒီပွဲကိုဝင်ပြိုင်ဖို့သူ့ရဲ့အတိုက်အခံက ဗလတောင့်တောင့်လူမိုက်တစ်ယောက်ပေါ့ နောက်နှစ်ဆိုအသက်ပြည့်ပြီဖြစ်လို့ ဒီနှစ်တော့သူ့ကိုအနိုင်ပေးဖို့ လင်ဂတ်ဆန်ကိုခြိမ်းခြောက်ရင်း ရန်စရှိခဲ့တဲ့သူတို့၂ယောက်အနေနဲ့ ရှေ့လျှောက်ဘယ်လိုတွေဆက်ဖြစ်ဦးမလဲဒီယာဆိုတာ လင်ဂတ်ဆန်အသည်းစွဲမင်းသမီးတစ်ယောက်ပါ ကြိုက်လွန်းလို့ဒီယာကြော်ငြာသမျှပစ္စည်းမျိုးစုံကို အစုံဝယ်စုဆောင်းထားတတ်ပါတယ် ဒီလိုနဲ့တစ်နေ့ လင်ဂတ်ဆန်က ဒီယာ့ဘော်ဒီဂတ်ဖြစ်ဖို့အကြောင်းဖန်လာပြီး ကြော်ငြာအတူရိုက်ကူးရင်းနဲ့ ထိပ်တန်းမင်းသားထက်ကျော်လွန်လာတော့ ဒီမင်းသားကသူ့အပေါ်ထားမဲ့အမုန်းတရားတွေ။။ဒီလိုနဲ့ လင်ဂတ်ဆန်ကိုမုန်းကြတဲ့လူတစ်သိုက်ပေါင်းမိသွားပြီး လင်ဂတ်ဆန်ကိုကလဲ့စားချေဖို့ဖြစ်လာတဲ့အခါမှာတော့။။ အားရကျေနပ်ဖို့ကောင်းတဲ့ လက်စားချေမှုတွေကြား ရှုစားလိုက်ကြပါဦး( အညွှန်းကိုတော့ Yunni ကရေးသားထားပြီး ဘာသာပြန်ကတော့ CM ပဲဖြစ်ပါတယ် ) File size…5.59GB / 2.49GB  Quality…WebRIp Uncut 1080p / 720p Format…mp4 Duration….3h 8min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM
movie

Shankar’s I(2015)

2015
The Vaccine War (2023) 7.6
The Vaccine War (2023) The Vaccine War (2023) IMDb-7.6/10ဒီရုပ်ရှင်က လူသားအားလုံးရဲ့အကျိုးကို ဆောင်နေကြတဲ့သိပ္ပံပညာရှင်တွေကို ဂုဏ်ပြုထားတဲ့ဇာတ်လမ်းပါ။အထူးသဖြင့် အိန္ဒိယက အမျိုးသမီးသိပ္ပံပညာရှင်တွေကို ရည်ညွှန်းထားပါတယ်။ The Tashkent Files (2019)၊ Kashmir Files (2022)တို့လို့ ဆုတွေအများကြီးရခဲ့တဲ့ ရုပ်ရှင်တွေရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာကြီးဗီဗက်အက်ဂ်နီဟိုတရီရိုက်ကူးခဲ့တဲ့ ဆေးသိပ္ပံဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။အသည်းရောင်ဘီကာကွယ်ဆေးကို နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာမှ ပိုလီယိုကာကွယ်ဆေးကို နှစ်ဆယ့်နှစ်နှစ်ကျော်ကြာမှမေးခိုင်ကာကွယ်ဆေးကို နှစ်ပေါင်းသုံးဆယ်ကျော်ကြာမှ အိန္ဒိယပြည်သူတွေကို ထိုးပေးနိုင်ခဲ့တဲ့အတွက် သိပ္ပံပညာရှင် ဒေါက်တာတစ်စုကနေ ကိုဗစ်ကာကွယ်ဆေးကို အိန္ဒိယနိုင်ငံပိုင်ထုတ်လုပ်နိုင်ဖို့အတွက် ကြိုးစားကြပုံကို ရိုက်ကူးပုံဖော်ထားပါတယ်။ဆရာဝန်တွေရဲ့ မိသားစုပြဿနာတွေ အစိုးရတစ်ရပ်အနေနဲ့ ပြည်သူတွေအပေါ်ထားတဲ့စေတနာရယ် မလိုသူတွေရဲ့ ဒုက္ခပေးတိုက်ခိုက်မှုတွေရယ်နဲ့ ပေါင်းစပ်ဖန်တီးပုံဖော်ထားတာမို့ ကြည့်ရှုခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 2.18GB / 854MB Quality…1080p WEB DL /720p Format…mp4 Duration….2h 41m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

The Vaccine War (2023)

2023
Raaz 3 (2012) 4.1
Raaz 3 (2012) Raaz 3: The Third Dimension (2012)လောကမှာ လူတွေဟာ လိုအင်ဆန္ဒတွေနဲ့ ရစ်ပတ်ဖွဲ့နှောင်ထားတယ်... ဒီလိုအင်ဆန္ဒတွေဟာ တစ်ပါးသူအပေါ် ကောင်းကျိုးပြုနိုင်သလို သူများဘဝကိုစုတ်ပြတ်သပ်သွားအောင်လည်း လုပ်နိုင်ပါတယ်...ဒီလိုအင်ဆန္ဒတွေ မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားရင်တော့ လူ့အသက်ကိုတောင် နှုတ်ယူလိုက်နိုင်ပါတယ်...ဒီဇာတ်ကားလေးကတော့ ဒီ့ရဲ့သာဓကတစ်ခုပါပဲ...ရှနာယားဟာ ပြီးပြည့်စုံနေပေမယ့်လည်း ဒီနှစ်ရဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို လွန်စွာလိုချင်နေခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်...နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာလေး အာဒိသယနဲ့လည်း တိတ်တိတ်ပုန်းတွဲနေသူလေးပေါ့..ဒါပေမဲ့ ဒီဆုကို တက်သစ်စ မင်းသမီး ဆန်ဂျနားက ဆွတ်ခူးရရှိသွားခဲ့ပါတယ်...ကိုယ့်အတွက်လို့ ထင်ထားခဲ့တဲ့အရာက သူများလက်ထဲပါသွားလို့ စိတ်သောကရောက်ရတာကတစ်ဖက် တက်သစ်စလေးက ကိုယ့်ကိုကျော်တက်သွားလို့ ခံပြင်းတာကတစ်ဖက်နဲ့ သူမဟာ မကောင်းတဲ့အာဃာတအမုန်းတရားတွေ ဝင်လာပါတော့တယ်...ဒီလိုနဲ့ နတ်ဆိုးနဲ့အပေးအယူလုပ်ပြီး ဆန်ဂျနားကို ဒုက္ခပေးလာခဲ့တဲ့အခါမှာတော့...။စိတ်ဝင်စားစရာကောင်းတဲ့ တခြားအပိုင်းတွေကိုတော့ ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါဦးနော်..ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသား မင်းသမီးတွေဖြစ်ကြတဲ့ အင်မရန်းဟက်ရှမီ ဗီပါရှားဗာဆူး နဲ့ အေရှားဂုပ်သားတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်...ဘားဂျက် ရူပီ သန်း၂၅၀အသုံးပြုခဲ့ပြီး Box Office မှာ ရူပီ သန်း၉၇၀ပြန်လည်ရရှိခဲ့ပါတယ် World-wide အနေနဲ့ကတော့ အမေရိကန် ဒေါ်လာ 12million အထိရရှိခဲ့ပါတယ်.. File size…3GB / 1GB Quality…1080p WEBRIP / 720p Format…mp4 Duration….2h 19m Subtitle….Myanmar ...
movie

Raaz 3 (2012)

2012