Channel Myanmar

Mitsuru Fukikoshi

Winny (2023) 6.5
Winny (2023)  ၂၀၀၂ ခုနှစ်မှာ ဂျပန်လူမျိုးဆော့ဖ်ဝဲလ်အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ အီစာမူခါနဲကိုက ဖိုင်ဝေမျှတဲ့ဆော့ဖ်ဝဲလ်ဖြစ်တဲ့ "ဝင်နီ" ကိုဖန်တီးခဲ့ပါတယ်။ ဆော့ဖ်ဝဲလ်မှာ ဖိုင်တွေအပြန်အလှန်ဝေမျှလို့ရတဲ့အတွက် တရားမဝင်ဖြန့်ချိမှုတွေ ‌‌ဒေါင်းလုပ်ဆွဲမှုတွေပေါ်လာပြီး မူပိုင်ခွင့်ပြဿနာတွေဖြစ်လာပါတော့တယ်။ အဲ့နောက် ရဲတပ်ဖွဲ့ကနေပြီး မူပိုင်ခွင့်ချိုးဖောက်တဲ့သုံးစွဲသူတွေကိုလိုက်ဖမ်းပြီး ဖန်တီးရှင် ခါနဲကိုလည်း အဖမ်းခံလိုက်ရတယ်။ဒါပေမဲ့ ခါနဲကို့မှာအပြစ်မရှိဘူးဆိုပြီး ထောက်ခံအားပေးကြတဲ့လူတစ်စုက သူ့အတွက် ရှေ့နေအဖွဲ့တစ်ဖွဲ့ကိုငှားပေးလိုက်တဲ့အခါမှာတော့ ခါနဲကို့အတွက် တရားသေလွတ်ဖို့အတွက် ရှေ့နေအုပ်စုပ်က မဆုတ်မနစ်ကြိုးစားရပါတော့တယ်။ ဒီဇာတ်ကားလေးက ဖြစ်ရပ်မှန်အကြောင်းပြန်ရိုက်ထားတာဖြစ်လို့ စိတ်ဝင်တစားကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ )File size_(1.5GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:00:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing
movie

Winny (2023)

Red Post on Escher Street 2020 7.6
Red Post on Escher Street 2020 Red Post On Escher Street ====================== ကိုယ်တို့ဟာ ရုပ်ရှင်တွေကြည့်ကြတယ် ရုပ်ရှင်ကားဖန်တီးမှုကိုတော့ မကြည့်ဖြစ်ကြတာများပါတယ် ရုပ်ရှင်ကားတွေထဲမှာ လက်တွေ့ဘဝကိုရိုက်ပြကြပေမယ့် ဒီကားကတော့ ရုပ်ရှင်ထဲမှာပါဝင်တဲ့ သရုပ်ဆောင်တွေရဲ့ဘဝတွေကိုပုံဖေါ်ပြထားတာဖြစ်ပါတယ် ဒါရိုက်တာတကယ်ပြချင်တာကတော့ ကိုယ်တို့တွေရဲ့စိတ်တွေကိုဖေါ်ပြချင်တာဖြစ်နိုင်ပါတယ် ပေါ့ပေါ့လေးကြည့်ရင် ခပ်ပေါ့ပေါ့ကားလေးပါပဲ တွေးယူရင်တော့ တွေးယူသလောက် နက်နဲတဲ့ကားလေးပါ ဂျပန်တွေရဲ့ထုံးစံအတိုင်း တခြားသူတွေနဲ့မတူညီတဲ့ပြသပုံနဲ့ ရိုက်ပြထားတဲ့ဇာတ်ကားလေးပါ ကိုယ်ကတော့ ကြည့်ရင်းက ကိုယ့်ဘဝကိုပါ ကိုယ်ပြန်တွေးဖြစ်ပါတယ် ကိုယ့်ဘဝနဲ့ကိုယ်နေလာခဲ့တာ အရံအဖြစ်နဲ့လား ဇာတ်ဆောင်အဖြစ်နဲ့လားပေါ့ သူများဘဝမှာ ကိုယ်ဟာ အရံဖြစ်ပေမယ့် ကိုယ့်ဘဝမှာတော့ ကိုယ်ဟာ ဇာတ်ဆောင်အဖြစ်နဲ့ တောက်ပနိုင်ပါတယ် ခံယူချက်လေးပဲလိုတာပါ ဟုတ်တယ်မဟုတ်လား ပရိတ်သတ်ကြီးလည်း ဒီကားလေးကြည့်ရင်းက အတွေးတွေနယ်ချဲ့လိုက်ပါဦး Translator : Thinzar Htet Encoder : Thit San Khant Quality : 1080p and 720p File Size : 1.55GB and 759MB
movie

Red Post on Escher Street 2020

2020