Channel Myanmar

Mike Vogel

The Deaths of Ian Stone (2007) 5.5
The Deaths of Ian Stone (2007) အီယန်က ကောလိပ်တစ်ခုကကျောင်းသားတစ်ဖြစ်လည်း ကျောင်းကဟော်ကီအသင်းဝင်တစ်ယောက်ဆိုလည်းမမှားပါဘူး။တစ်နေ့ဟော်ကီပွဲအပြီး ချစ်သူကောင်မလေးဖြစ်တဲ့ ဂျန်နီကိုအိမ်ပြန်လိုက်ပို့ပေးပြီးအပြန်လမ်းမှာ တစ္ဆေလိုလို မ‌ကောင်းဆိုးဝါးတစ်‌ကောင်ရဲ့လက်ချက်ကြောင့် အသက်ပါသွားတယ်။အဲ့နောက် အီယန်ဟာ ရုံးခန်းတစ်ခုမှာ ရုံးဝတ်စုံနဲ့ပြန်နိုးလာတယ်။ သူ့ကိုယ်သူလည်းဘာဖြစ်ခဲ့မှန်းမသိဘဲ အခြားလူတစ်ယောက်ပုံစံအဖြစ်နဲ့လည်းပုံမှန်နေ့စဉ်ဘဝလိုနေထိုင်နေတယ်။အဲ့ညနေခင်းမှာပဲ သူဟော်ကီကစားခဲ့တယ်ဆိုတဲ့ တကယ်မရှိခဲ့တဲ့မှတ်ဉာဏ်က တရေး‌ရေးပြန်ပေါ်လာပေမဲ့ ကျောင်းမှတ်တမ်းတွေကိုပြန်ကြည့်လိုက်တဲ့အခါမှာလည်း ဟော်ကီအဖွဲ့ထဲ သူမဝင်ခဲကြောင်းသိလိုက်ရတယ်။ တချိန်တည်းမှာပဲ သူ့ကိုတစ္ဆေသရဲလိုအကောင်တွေက လိုက်ပြီးခြောက်လှန့်နေတဲ့အခါမှာတော့ အီယန်တစ်ယောက် ဘာတွေဖြစ်နေတာလဲ ဘယ်လိုတွေအဖြေရှာမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမဲ့ ဇာတ်ကားဟောင်း ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။( အညွှန်းနဲ့ ဘာသာပြန်ဆိုထားသူကတော့ Khant Sett Naing ပါ )File size_(1.4GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:27:00 Genre_Horror, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing
movie

The Deaths of Ian Stone (2007)

Blue Valentine (2010) 7.3
Blue Valentine (2010) Blue Valentine (2010)~ IMDb - 7.3/10, RT - 86%, Meta - 81% ~မပြေလည်ခြင်းများဟာ အနီရောင်နေ့ရက်တစ်ချို့ရဲ့အတွင်းသားထဲ စီးဆင်းသွားတဲ့နောက် ခရမ်းရောင်တစ်ခုက အရောင်ဗေဒတွေအတိုင်း ငါ့သွေးကြောထဲလှည့်ပတ်နေခဲ့ရင်း အခုဆိုဘယ်နှရာသီ။ ဘဝဟာ ချောကလက်ဘူးတစ်ဘူးနဲ့ သဏ္ဍာန်တူကြောင်း ရုပ်ရှင်ထဲက ခပ်အအ,ကာရိုက်တစ်ကောင်ပြောဖူးတာ ကြားဖူးမှာပါ။ ကိုကိုး၈၀ရာခိုင်နှုန်း ကိုကိုး၉၀ရာခိုင်နှုန်း ကိုကိုး၉၉ရာခိုင်နှုန်း။ များများစားစား မျှော်လင့်စရာဟာ အခါးဓာတ်နဲ့ အသားကျသွားဖို့ပေါ့။ အောင်မြင်တဲ့အချစ်ကို ဘဝတစ်ကွေ့မှာ ငါတို့ပက်ပင်းတွေ့ဖူးကြမှာပဲ။ ကမ္ဘာအဆက်ဆက်က ဖူးစာလို့ ထင်ကောင်းထင်ခဲ့ကြဖူးလိမ့်မယ်။ "ကြည်ဖြူနိုင်သူ နှစ်ဦး"လည်း ဖြစ်ခဲ့ကြဖူးတယ်။ မင်းအရိပ်မှာငါခို ငါ့သီချင်းမှာကခဲ့ဖူးတဲ့ ဆံပင်တွေလည်းမရှည်သေးဘူး။ ချိုသော နွေးသော မဖြောင့်တန်းသော လေမသွေးလက်များ ကံတော်မကုန်ခင်အထိတော့ တံလျှပ်တို့က အစစ်ပဲ အချစ်ရယ်။ နေဝင်သွားတဲ့ တံတားကြီးရဲ့ဟိုးတစ်ဘက်က ညနေဟာ ငါသိတဲ့ကဗျာတစ်ပုဒ်ကို လှိုက်စားသွားဖူးတယ်။ ဒါဟာ ရွှေရင်ပြုံးတုံ့အခါလည်ပေါ့။ မျက်ရည်တွေတောင်မှ ...
movie

Blue Valentine (2010)

2010
The Help (2011) 8.1
The Help (2011)  IMDb Rating (8.1)အားလပ်ရက်မှာ စာအုပ်ဖတ်သလို ဗဟုသုတရချင်ရင်၊စာအုပ်ထဲကရသမျိုးအတိုင်း ပေါ့မသွားစေတဲ့ဇာတ်ကားကောင်းမျိုးကြည့်ချင်တယ်ဆို The Help ဇာတ်ကားလေးကိုညွှန်ပေးပါရစေ။ဒီဇာတ်လမ်းကို Kathryn Stockettရဲ့ best seller စာအုပ်ပေါ်မှာ အခြေခံပြီးရိုက်ကူးထားကာRatingအနေနဲ့ကတော့ 8.1အထိရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။The Shawshank Redemption တို့လို Tom Hanksရဲ့ ဇာတ်ကားကောင်းတွေလိုပဲ အနှစ်သာရတစ်ခုခုပေးမယ် ဇာတ်ကားလေးပါ။ဒီဇာတ်လမ်းလေးကိုတော့ အမေရိကန်ပြည်ထောင်စု Mississippi တိုင်း Jacksonမြို့က၁၉၆၀ခုနှစ်လောက်ကဖြစ်ရပ် အပေါ်အခြေခံထားတဲ့ ဝတ္ထုအပေါ်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။တစ်နည်းပြောရရင် လူဖြူလူမဲခွဲခြားဆက်ဆံတဲ့အချိန်လေးပေါ့။ဒါပေမဲ့ ဇာတ်လမ်းမှာ ပျင်းစရာနိုင်ငံရေးတွေ ကြွေးကြော်သံတွေပါတာမျိုးမရှိပါဘူး။လူတိုင်းကြည့် ထိုက်တဲ့ ဇာတ်ကားကောင်းလို့မြင်ပါတယ်....Review Crd File size…(3.9 GB)/(1.2 GB) Quality….BluRay 1080p/ 720p Format…mp4 Duration….02:26:35 Subtitle….Myanmar Subtitle (Hardsub) Encoder….AKH
movie

The Help (2011)

2011
Collection (2021) 6.3
Collection (2021) Collection (2021)=============အခုတစ်ခေါက် တင်ဆက်ပေးမှာကတော့ Collection လို့ အမည်ရတဲ့ ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်ခေတ်ကာလ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လူနေထိုင်မှုစနစ်တွေကလည်း တစ်စတစ်စ တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ ဟိုးရှေးရှေးတုန်းက ပစ္စည်းအလဲအလှယ်လုပ်ပြီး ရောင်းဝယ်ဖောက်ကားခဲ့ကြတယ် နောက်တော့ ဒင်္ဂါးတွေသွန်းလုပ်တယ် အဲ့ဒီလိုနဲ့ အခုမျက်မှောက်ခေတ်မှာတော့ ငွေစက္ကူတွေ ပုံနှိပ်ပြီး ရောင်းဝယ်ကြတယ် Mobile bankingစနစ်တွေ အကြွေးဝယ်ကတ်တွေ စသဖြင့်ပေါ့ ။တိုးတက်လာတဲ့အပေါ်မှာ ကောင်းကျိုးတွေလည်း ရှိသလို ဆိုးကျိုးတွေဟာလည်း ဒွန်တွဲနေစမြဲပါပဲ လူတွေဟာ နည်းပညာတိုးတက်မှုကို အခွင့်ကောင်းယူပြီး သတင်းအချက်အလက်တွေ ခိုးယူကာ မသမာမှုကို ကြံစည်လာကြပါတော့တယ်။ဒီဇာတ်ကားလေးမှာတော့ ဘရန်ဒန်ဟာ သူငယ်ချင်းဖြစ်သူ ရော့စ်နဲ့အတူ အကြွေးဝယ်ကတ်ကိုင်ဆောင်သူတွေရဲ့ အချက်အလက်တွေကို ခိုးယူပြီး ပိုက်ဆံ လိမ်လည်တောင်းရမ်းနေတဲ့ အကြွေးကုမ္ပဏီပိုင်ရှင် နှစ်ဦးပါ။ သူတို့နှစ်ဦးဟာ သာမန်စာပို့အကြောင်းကြားပြီး တောင်းရမ်းကြတာမျိုးမဟုတ်ဘဲ အကြွေးဝယ်ကတ်ကိုင်ဆောင်သူတွေရဲ့ အလုပ်ဖုန်းတွေကို ခဏခဏဆက်မယ် မိသားစုဝင်တွေကိုလည်း နှောင့်ယှက်မယ် ယုစ္စအဆုံး ပိုက်ဆံပေးရင်ပေး မပေးရင် ...
movie

Collection (2021)

2021
Cloverfield (2008) 7.0
Cloverfield (2008) Cloverfield (2008) IMDb - 7.0/10_______Rotten - 77%Cloverfield (2008) အညွှန်းကိုတော့ ဒီကားကိုကြည့်ဖြစ်စေခဲ့တဲ့ Datshin Page မှ အညွှန်းနှင့်မိတ်ဆက်ပေးပါရစေNew York မြို့ရဲ့ ညတစ်ညမှာသူငယ်ချင်းတွေစုပြီး Party လုပ်နေတုန်း အကောင်ကြီးတစ်ကောင် ဘယ်က ဘယ်လိုမှန်းမသိ မြို့ပေါ်ကျလာပါတယ်။ အဲကောင်ကြီးက မြို့ မှာမြင်မြင်သမျှသောင်းကျန်းပြီး မြို့တစ်မြို့လုံးလည်း ဘာတွေဖြစ်နေမှန်းမသိရလို့ အဲသူငယ်ချင်းတစ်စုလည်း တခြားလူတွေနည်းတူ မြို့က ထွက်ပြေးဖို့လုပ်ကြရာမှာ အထဲကတစ်ယောက်က Party မှာ Video နဲ့ မှတ်တမ်းတင်ရင်း သူတို့အဖြစ်အပျက်တစ်ခုလုံးကို မှတ်တမ်းတင်ပါတော့တယ်။— Review —ဒီဇာတ်ကားကိုစကြည့်တုန်းက သယ်ရင်းတစ်ယောက်က ညွှန်းလို့ စကြည့်ဖြစ်တာပါ။ Found Footage Film အမျိုးအစားပါ။ ဒီနေ့ခေတ်မှာ အဲလိုကားတွေခေတ်စားလာတာ ဒီကားကြောင့်ဆိုတာ အသေအချာပါပဲ။ (သူ့လောက်တော့ ကြည့်ကောင်းတဲ့ကားရှားပါတယ်)။ စကြည့်လိုက်ကတည်းက သတိထားမိတဲ့အချက်ကတော့ Perspective တွေပါပဲ။ ဒီဇာတ်ကားတစ်ကားလုံးကို လူတစ်ယောက်ထဲကကင်မရာကိုင်ပြီး ...
movie

Cloverfield (2008)

2008
Poseidon (2006) 5.7
Poseidon (2006) Poseidon (2006)______IMDb - 5.7/10ခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Poseidon ဆိုတဲ့ဇာတ်ကားလေးပါ ။ MS Poseidon ဆိုတဲ့ အပျော်စီးသင်္ဘောဟာ အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်သန်းနေခဲ့ပါတယ် ။ ဒီသင်္ဘောပေါ်မှာ အရင်က နယူးရော့ခ်မြို့အုပ်ဟောင်းဖြစ်ခဲ့တဲ့ ရောဘတ်ရယ် ၊ သူ့သမီးဂျနီဖာရယ် ဂျနီဖာရဲ့ကောင်လေးခရစ်ရှန်ရယ် လိုက်ပါလာခဲ့ကြပါတယ် ။ သင်္ဘောပေါ်မှာ နှစ်သစ်ကူးပွဲတော်ကျင်းပနေချိန်မှာ ပင်လယ်ပြင်တစ်နေရာကို ဗဟိုပြုပြီး ငလျင်လှုပ်ရာကနေ ကြီးမားလှတဲ့ ဆူနာမီ လှိုင်းလုံးကြီးကြောင့် သင်္ဘောဟာ တိမ်းမှောက်ခဲ့ရပါတယ် ။ အားလုံးနီးပါးသေဆုံးပြီး အသက်ရှင်ကျန်ရစ်သူ ခြောက်ယောက်ရှိခဲ့ပါတယ် ။ သူတို့ဟာ သူတို့အသက်ဆက်ရှင်နိုင်ဖို့ ဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့ ကြိုးစားကြပါတယ် ။ သူတို့တွေ နောက်ဆုံးမှာ အသက်ဆက်ရှင်ကြမလား ၊ ကယ်ဆယ်မယ့်သူတွေနဲ့ရော တွေ့ရပါ့မလားဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် ဇာတ်လမ်းကောင်းလေးပါလို့ ညွှန်းပေးချင်ပါတယ် ။ ဒီရုပ်ရှင်မှာ လူသားဆန်မှု ၊ တစ်ကိုယ်ကောင်းဆန်မှုတွေကို တွေ့ရပြီး အသက်နဲ့ မေတ္တာတရား တကယ်တမ်း ယှဉ်ပြိုင်လာတဲ့အခါမှာတော့ .......... (ဘာသာပြန်သူကတော့ ကိုစည်သူထက်ပါ)File Size : (701 MB) Quality : Bluray ...
movie

Poseidon (2006)

2006