Channel Myanmar

Michael Nouri

The Proposal (2009) 6.8
The Proposal (2009) The Proposal (2009)IMDb Rating (6.8 )Ryan Reynolds နဲ့ Sandra Bullock တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒရမ်မာရိုမန့်ဟာသကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...နာမည်ကျော်စာအုပ်တိုက်တစ်ခုမှာ ဦးစီးဦးဆောင်လုပ်ကိုင်နေတဲ့ မာဂရက်ဆိုတဲ့ မမကြီးဟာ စမတ်ကျကျနေတတ်ပေမယ့် ဘော်ကျော့ပုံစံတွေကြောင့် သူမရဲ့လက်ထောက်ဖြစ်သူ အန်ဒရူးကစလို့ တစ်ရုံးလုံးက မကြည်ကြပါဘူး...ဒီလိုနဲ့ သူ့လုပ်ငန်းအခြေအနေကြောင့်ရယ် အမေရိကန်နိုင်ငံမှာ ဆက်လက်နေထိုင်ဖို့ Visa အခက်အခဲဖြစ်လာတာရယ်ကြောင့်အမေရိကန်နိုင်ငံသားဖြစ်တဲ့ သူမရဲ့ လက်ထောက်ဖြစ်သူ အန်ဒရူးနဲ့ လက်ထပ်ဖို့ကြံစည်ပါတော့တယ်.....မိန်းကလေးက ယောကျာ်းလေးကို ပြန်ပြီး လက်ထပ်ခွင့်တောင်းမယ့်ပုံစံရဲ့နောက်ကွယ်ကအလိမ်တွေ အရှုပ်ထုတ်တွေကြားထဲ မိသားစု၊ ချစ်ခြင်းမေတ္တာတွေကိုရှာဖွေတွေ့ရှိသွားမလားဆိုတာ.......။ဝါရင့်သရုပ်ဆောင်တွေမလို့ ပရိတ်သတ်ကို တောက်လျှောက်ဆွဲခေါ်သွားမှာပါ။ File size…(2 GB )/(1 GB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:47:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

The Proposal (2009)

2009
My Favorite Girlfriend (2022)
My Favorite Girlfriend (2022) My Favorite Girlfriend (2022)ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ Drama, Comedy ကားကောင်းလေးဖြစ်တဲ့ My Favorite Girlfriend ပါ။ဇာတ်လမ်းအကျဥ်းကတော့ ကွန်ရတ်ဆိုတဲ့ကောင်ချောလေးဟာ တစ်နေ့မှာ စားဖိုမှူးဖြစ်ချင်သူဆိုတော့ စားသောက်ဆိုင်တစ်ခုမှာ တောက်တိုမယ်ရဝင်လုပ်နေသူတစ်ယောက်ပါ။ သူဟာ သိပ်ဇီဇာကြောင်လွန်းတော့ ဘယ်မိန်းကလေးနဲ့မှ ကြာကြာမတွဲဖြစ်ပါဘူး။ တွဲလိုက်တဲ့သူတိုင်းကိုလည်း ဘာမဟုတ်တဲ့အကြောင်းပြချက်လေးတွေနဲ့ လမ်းခွဲပါတယ်။ ပလေးပါတယ်။တစ်နေ့သူ့အလုပ်က သူဌေးက တောက်တိုမယ်ရခိုင်းရင်း မိန်းကလေးတစ်ယောက်နဲ့ ဆုံဖြစ်စကားပြောဖြစ် ဖုန်းနံပါတ်ပေးကြပြီး ရင်းနှီးသွားကြတယ်။ အဲဒီမိန်းကလေးနဲ့ date လုပ်ရင်း မိန်းကလေးဟာ ရုတ်တရက် တခြားမိန်းကလေးစရိုက်အသွင် ပြောင်းလဲသွားပါတယ်။ ဒါကိုသူကတော့ နောက်နေတယ်ထင်ပြီး အမှုမဲ့အမှတ်မဲ့ နေလိုက်ပါတယ်။ ကောင်မလေးကလည်း အလန်းဆိုတော့ ကွန်ရတ်ခမျာ ကြွေဆင်းပြီး စိတ်ဝင်စားပါတော့တယ်။ဒုတိယအကြိမ်ကောင်မလေး ထပ်စရိုက်ပြောင်းချိန်မှာတော့ ဒါဟာ သာမန်မဟုတ်ဘဲ စရိုက်ကွဲစိတ်ရောဂါရှိနေမှန်း သိလိုက်ရပါတော့တယ်။ ဒီလို စရိုက်အမျိုးမျိုးကွဲနေတဲ့ မိန်းကလေးကို ကွန်ရတ်တစ်ယောက် ဘယ်လိုကြောင်မလဲ၊ ဘယ်လိုကူညီမလဲဆိုတာတွေကို ဟာသဆန်ဆန်ရိုက်ကူးထားတဲ့ ဒရာမာကောင်းလေးမို့ လက်မလွှတ်ဖို့ ...
movie

My Favorite Girlfriend (2022)

2022
Finding Forrester(2000) 7.3
Finding Forrester(2000) Finding Forrester(2000) IMDb….7.3,,,Rotten….74 Finding Forrester(2000) ဇာတ်ကားကိုကြည့်ပြီးတဲ့အချိန်မှာ ကျွန်တော် Good Will Hunting (1997)ဇာတ်ကားကို သွားသတိရနေတယ်… တစ်ခုခုတော့ဆက်နွယ်နေရမယ်ဆိုပြီး စုံစမ်းကြည့်တော့…(၂)ကားလုံးရဲ့ ဒါရိုက်တာက Gus Van Sant ဖြစ်နေတယ်… ဆိုတော့ Good Will Hunting (1997) ကိုကြည့်ဖူးတယ်ဆိုရင်  ဒီကားက သဘောတရားတော့တူပေမယ့် ပေးချင်တဲ့ Message တွေတော့အတော်များများကွဲပါတယ်…(၂)ကားလုံးက ခမ်းနားတဲ့အလှတရားတွေပိုင်ဆိုင်ထားကြပါတယ်.. လူမဲကောင်လေးတစ်ယောက်ရှိတယ်..သူ့နာမည်က ဂျမား…ဆင်းရဲတဲ့အပြင် အဖေနဲ့အမေကလည်းကွဲနေရှာတယ်…မအေနဲ့အကိုနဲ့အတူနေတယ်… ကျောင်းတက်တယ်..သူငယ်ချင်းတွေနဲ့ဘတ်စကတ်ဘောဆော့တယ်…စာအုပ်တွေဖတ်သလို နုတ်စာအုပ်လေးတွေထဲမှာလည်း သူ့အမြင်လေးတွေချရေးလေ့ရှိတယ်… သို့ပေမယ့် ဒီလူမဲလေးဟာ သူမတူတဲ့ ဦးဏှောက်တော့ရှိတယ်…တစ်ခါလောက်ဖတ်ဖူးရုံနဲ့မှတ်မိသလို ဥာဏ်ကြီးရှင်တစ်ယောက်လို ဖြန့်ကျက်တွေးတောနိုင်စွမ်းလည်းရှိတယ်.. ဒီကောင်လေးက တစ်ဦးတည်းအထီးကျန်လျှို့ ဝှက်စွာနေထိုင်နေတဲ့ အဖိုးကြီး ဝီလီယမ် ဖော်ရက်စတာနဲ့ ခင်မင်မိတယ်…တစ်ချိန်ထဲမှာပဲ သူ့ရဲ့အရည်အချင်းကြောင့်  ပုဂ္ဂလိကကျောင်းက ရွေးချယ်ခဲ့တဲ့အတွက် စိန်ခေါ်မှုအသစ်တွေစတင်ကြုံတွေ့ပါတော့တယ်.. ကိုင်း စပွိုင်လာ မလုပ်သင့်ဆုံးဇတ်ကားစာရင်းထဲမှာပါလို့ ဒီလောက်ပဲတော်ပါရစေနော်.. ဒီကားကို  ကျွန်တော်တို့ ဂျိန်းစ်ဘွန်းမင်းသားကြီး  Sean Connery  နဲ့ Rob Brown က အဓိက သရုပ်ဆောင်ထားပါတယ်.. ဆုပေါင်း(၅)ဆုလည်း ရရှိခဲ့သလို အခြားဆု(၁၃)ဆုလည်း ဆန်ကာတင်စာရင်းဝင်ခဲ့တယ်… ဇတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Aye Mon Kyaw ဖြစ်ပါတယ်… File Size : (1.15GB) and (425 ...
movie


2000