Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Michael Badalucco
8.5
Léon: The Professional (1994)
Leon: The Professional (1994) IMDb: 8.5/10 Genre: Action, Crime, DramaThe Fifth Elementတို့ Lucyတို့ La Femme Nikitaတို့လို Annaတို့လို အက်ရှင်ကားတွေကို ရိုက်ခဲ့တဲ့ ပြင်သစ်ဒါရိုက်တာ Luc Bessonရဲ့ နာမည်အကျော်ဆုံးရုပ်ရှင်လို့ ပြောရမယ်။ဒီရုပ်ရှင်က ကောင်းသောနာမည်ကျော်ခြင်းရော မကောင်းသောနာမည်ကျော်ခြင်းရော နှစ်ခုလုံးကို ရရှိခဲ့တဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ မကောင်းသောနာမည်ကျော်ခြင်းကတော့ သိကြသလိုပဲ ၁၃နှစ်ကလေးနဲ့ သံယောဇဉ်ထက်ပိုတဲ့အရာတွေကို ရိုက်ပြခဲ့တော့ paedophileဇာတ်တော်တော်ဆန်သွားလို့ပါပဲ။ ဘာပြောပြော Leon: The Professionalဟာ အက်ရှင်စီနီမာမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့သလို အခုထိလည်းကိုးကားနေကျ ရုပ်ရှင်တစ်ခုဖြစ်နေပါပြီ။ မကြာသေးခင်ကထွက်ခဲ့တဲ့ The Boysရဲ့အပိုင်းတစ်ပိုင်းထဲတောင် ထည့်ပြောသွားပါသေးတယ်။ သရုပ်ဆောင်တွေကတော့ Jean Reno, Natalie Portmanနဲ့ Gary Oldmanတို့တွေပါဝင်ထားတယ်။ သုံးယောက်စလုံးက သရုပ်ဆောင်တော်တော်ကောင်းတဲ့ ဒိတ်ဒိတ်ကြဲတွေချည်းပဲ။ဇာတ်ကတော့ Leonဆိုတဲ့ ကြေးစားလူသတ်သမားတစ်ယောက်ရှိတယ်။ သူ့နာမည်အတိုင်း ပရော်ဖက်ရှင်နယ် မတရားကျတဲ့ ကြေးစားလူသတ်သမားပေါ့။ မြန်တယ်။ တိကျတယ်။ မလိုတာမလုပ်ဘူး။ မဆိုင်တာ ဝင်မပါတတ်ဘူး။ ဒီလိုနဲ့ သူနေတဲ့တိုက်ခန်းမှာ မိသားစုတစ်စုကို ...
movie
Léon: The Professional (1994)
1994
7.5
Teenage Mutant Ninja Turtles: Mutant Mayhem (2023)
Teenage Mutant Ninja Turtles: Mutant Mayhem (2023)~ IMDb - 7.5/10, Rotten Tomatoes - 97% ~2023 ထွက် လိပ်နင်ဂျာကာတွန်းကားအသစ်ရပါပြီ။ လိပ်နင်ဂျာကာတွန်းတွေက ဖန်တရာတေအောင်ထွက်ပြီးသားဖြစ်ပေမဲ့ ဒီတစ်ခါ ကာတွန်းရုပ်ရှင်ကိုတော့ တမူထူးခြားတဲ့ ကာတွန်းစတိုင်နဲ့ ဖန်တီးထားပါတယ်။ 3-D CG Animation နည်းနဲ့ အလင်းအမှောင် လှုပ်ရှားမှုတွေကိုဖန်တီးထားပါတယ်။ Spider-Man: Into the Spider-Verse ဟာ ကာတွန်းရုပ်ရှင်လောကကို အသစ်တီထွင်ဖို့ တစ်ခေတ်ဆန်းပေးခဲ့တာပါပဲ။ ဒါရိုက်တာ Jeff Rowe ကလည်း ဆရာကြွက်နေရာမှာ သရုပ်ဆောင်ဖို့ ဂျက်ကီချန်း၊ စူပါဖလိုင်းနေရာမှာ သရုပ်ဆောင်ဖို့ Ice Cube, ရော့စတက်ဒီနေရာအွက် ဂျွန်စီနာ တို့ကို တစ်ယောက်ချင်း လိုက်ဖိတ်ခေါ်ခဲ့တာပါ။ ဇာတ်လမ်းကိုလည်း အရင်ပါနေကျ ဗီလိန်ရှရက်ဒါကိုပါ မထည့်ဘဲ မြူးတန့်အချင်းချင်း တိုက်ပွဲအနေနဲ့ ...
movie
Teenage Mutant Ninja Turtles: Mutant Mayhem (2023)
2023
4K HEVC
8.2
Raging Bull (1980)
Raging Bull (1980) ==============IMDb Rating - 8.2/10 Directed By Martin ScorseseGoodfellas, The Irishman, Taxi Driver, The Wolf of Wallstreet The Departed, Shutter Island, Gangs of New York, king of Comedy ဒီရုပ်ရှင်တွေကို မိတ်ဆွေကြိုက်တယ်ဆိုရင်တော့ Martin Scorseseကိုသိမှာပါ။ အကောင်းဆုံး Gangsရုပ်ရှင်တွေဟာ သူ့လက်ကထွက်လာတယ်ဆိုကြပါတယ်။Raging Bullကို Martin Scorseseရဲ့ ဒုတိယအကောင်းဆုံး ရုပ်ရှင်လို့တော့ ဝေဖန်ရေးသမားတစ်ချို့က ဆိုပါတယ်။ ပထမကတော့ Goodfellasပါ။မာတင်နဲ့ ရုပ်ရှင်ကိုးကားရိုက်ဖူးတဲ့ Robert De Niroနဲ့ Joe Pesciကိုပဲသုံးထားပြီး အီတာလျံအမေရိကန် လက်ဝှေ့သမား ဟာသပညာရှင်အကြောင်းကိုရိုက်ထားတာပါ။ မာတင်သေချာသိတဲ့ သူတို့အီတာလျံနွယ်တွေရဲ့ အကြောင်းပဲမို့ သူ့ကားတွေရဲ့ အငွေ့အသက်ကို အပြည့်အ၀ရမှာပါ။Gangsကားလို့တော့ ပြောမရပေမယ့် သူရဲ့ Gangsကားတွေလို Brotherhoodsအငွေ့အသက် အပြည့်သုံးထားပါတယ်။Raging Bullဟာ Biography,Drama ,Sport အမျိုးအစား အဖြူအမဲရုပ်ရှင်ပါ။ဒီတော့ တစ်ချို့အတွက်ကတော့ အတော်လေး ပျင်းစရာကောင်းပါလိမ့်မယ်။ ဇာတ်လမ်းကတော့ 1949မှာ ကမ္ဘာ့ မစ်ဒယ်ဝိတ်ချန်ပီယံဖြစ်ခဲ့တဲ့ အီတာလျံအမေရိကန် ဘောက်စင်သမား တစ်ယောက်ဖြစ်တဲ့ ဂျိတ်လာမော့တာရဲ့ဘ၀ အနိမ့်အမြင့်အတက်အကျတွေအကြောင်းပါပဲ။ ဘာမှထူးထူးခြားခြားပါမှာမဟုတ်သလို ထမင်းစားရင်းလေး အပျင်းပြေကျော်လိုက်ရစ်လိုက် ကြည့်မယ်တွေးပြီးကြည့်မယ်ဆိုရင်တော့ စားလက်စထမင်းပန်ကန်ထဲပါ မျက်နှာစိုက် အိပ်ပျော်သွားနိုင်ပါတယ်။ရုပ်ရှင်တစ်ပုဒ်ကို စီးကရက်တစ်လိပ် ကော်ဖီတစ်ခွက်နဲ့ အေးအေးဆေးဆေး ခံစားပြီးကြည့်မယ်ဆိုရင်တော့ အတော်ကြည့်ကောင်းမယ့် ရုပ်ရှင်ပါပဲ။ လူတိုင်းရဲ့ဘ၀ဟာ စိတ်၀င်စားစရာ ဇာတ်ကြောင်းတစ်ခုတော့ရှိကြတာကိုး။ရုပ်ရှင်ဟာ ...
movie
Raging Bull (1980)
1980
7.7
O Brother, Where Art Thou? (2000)
O Brother, Where Art Thou?(2000) IMDb....7.7/10_______Rotten - 77% အဲဗရက် ဒယ်လ်မာ နဲ့ ပိဒ်တို့ တို့ သူငယ်ချင်း (၃)ယောက်ဟာ ခပ်ဆိုးဆိုး ဘော်ဒါတွေ.... တစ်ရက်တော့အမှုတစ်ခုကြောင့် ၃ယောက်လုံးထောင်ကျသွားတယ်.... ဒါပေမယ့် ထောင်မကျခင်တုန်းမှာ ရတနာတွေကို သူတို့ဖွက်ထားနိုင်ခဲ့တယ်.... ဒီရတနာတွေကြောင့် သူတို့ (၃)ယောက်ဟာ ထောင်ကထွက်ပြေးပြီး ရတနာတွေကိုရှာဖွေဖို့ကြိုးစားကြတော့တယ်.... သူတို့ ထောင်ကလွတ်မြောက်မလား...ဖွက်ထားတဲ့ရတနာတွေရောပြန်တွေ့မလား.... ဒီကြားထဲ သူတို့ထောင်ပြေးလုပ်နေစဉ်ကာလအတွင်းမှာ ရင်ဆိုင်ရတဲ့ အန္တရယ်ပေါင်းစုံကိုလည်း ကျော်လွှားနိုင်ပါ့မလားဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး........ ဒီကားက IMDb 7.7, Rotten Tomatoes 77% ရရှိထားပြီး လူ(၃)ယောက်စရိုက် ၃မျိုးနဲ့ ထွက်ပြေးစဉ်ကာလတစ်လျှောက် လူတွေရဲ့သဘော မနောတွေ အာဏာရူးတဲ့သူတွေအကြောင်း သူငယ်ချင်းမေတ္တာတရားတွေအကြောင်းကို ဟာသလေးတွေနှောပြီး ပညာသားပါပါလေးရိုက်ကူးပြထားတာပါ...အတင်းကလိထိုးရယ်ခိုင်းတဲ့အကွက်တွေလုံးဝမပါပဲ တွေးတွေးပြီးပြုံးနေရတဲ့အခန်းမျိုးတွေပါ... 1930 ခုနှစ်လောက်က အမေရိကန်တောင်ပိုင်းရဲ့ ကျေးလက်ဒေသ အလှအပတွေကို တစ်ဝကြီး ရှုစားရမှာဖြစ်တဲ့အပြင် Cinematography ပိုင်းကလည်းပြောစရာမလိုအောင် လှပတဲ့ ရှုခင်းတွေ ကို ခံစားရမှာဖြစ်ပါတယ်... မင်းသားကြီးတွေကလည်း နာမည်ကြီးမင်းသားတွေဖြစ်တဲ့ George Clooney, John Turturro, Tim Blake Nelson တို့ဖြစ်ပါတယ်... Comedy,Drama ကားကောင်းတစ်ခုဖြစ်သလို Folk ...
movie
O Brother, Where Art Thou? (2000)
2000